တရားစီရင်းရေးတွင် လာဘ်ပေးရန် မလိုကြောင်း ဧရာဝတီတိုင်းဒေသကြီးမှကြော်ငြာ

htet wayFebruary 24, 20121min13718

တရားစီရင်ရေး တွေ အရင်လိုမဟုတ်ပြောင်းလဲနေ ပြီ ဖြစ်ကြောင်း ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့ ၂၀၁၂ထုတ် ရန်ကုန်တိုင်းမ်စာစောင်တွင် ဖတ်ရပါသည်

ဧရာဝတီတိုင်း တရားသူကြီးချုပ်ရုံးမှ လာဘ်ငွေတောင်းခံပါက ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ၊အမူများကိုဥပဒေနှင့်အညီမှန်မှန်ကန်ကန်ဆုံးဖြတ်ပေးမည်

ဖြစ်ကြောင်း လာဘ်ငွေပေးရန်မလိုကြောင်း၊ တရားသူကြီးချုပ်ရုံးဖုန်းဝ၄၂-၂၂၁၅၈သို့တိုင်ကြားနိုင်ကြောင်းတွေ့ရှိဖတ်မှတ်ရပါသည်။

ဧရာဝတီတိုင်းတရားလွတ်တော်က ဤသို့ တရားစီရေးရေးကဏ္ဍပြောင်းလဲရာနယ်တရားရုံးများလည်း ဤသို့ ကြော်ငြာများကပ်၍ ပြောင်းလဲမူများစတင်

သည်ကို မြင်ချင်ကြားချင်မိပါသည်။မကြာမှီလာမည်ဟု ထင်ရပါသည်။

မှတ်ချက်။      ။ မြန်မာတိုင်းမ် ( ၁၆.၂ ၂၀၁၂)  စာ၂၃ မှရေးသူ ငြိမ်းချမ်းကို၏သတင်းကို ဖတ်ပြီးထပ်ဆင့်တင်ပြခြင်းဖြစ်သည်။

18 comments

  • Khin Latt

    February 24, 2012 at 9:13 pm

    ဟိုး အရင်က လဲ လာဘ်ပေး ရမယ် လို့ ပြောထားတာမှ မဟုတ်တာ။ 🙂

    ဘာဘဲဖြစ်ဖြစ် အကောင်းဖက် ကို ပြောင်းလာတာတွေ ကို ကြိုဆိုပါတယ်။
    သတင်းလေး အတွက် ကျေးဇူးပါ ဆရာထက် ရှင့်။

  • memeseku

    February 24, 2012 at 11:00 pm

    တရားစီရင်ရေးတွင် လာဘ်ပေးရန်မလို..
    သို့သော်.. ပေးလျင်ပိုကောင်းသှ်။
    မှတ်သားကြပါကုန်။

  • ဆရာထက်ရေ ကြားရတာ ကိုယ့်နားကိုယ်မယုံနိုင်ဖြစ်မိပါတယ်။
    မင်္ဂလာရှိတဲ့ သတင်းပါဘဲ။လာဘ်ပေးလာဘ်ယူပျောက်ဖို ့အရေးတကြီးလိုနေတယ်လေ။
    ပြည်သူတွေရဲ ့စိတ်တွေထဲမှာ အမှုတစ်ခုဖြစ်ရင် ဘယ်သူ ့ဘယ်လောက်ပေးရမယ်၊ဒီလူ
    ဘယ်လောက်ပေးရမယ်ဆိုပြီး ကြိုတင်တွက်ချက်နေကြတော့ ကြားလို ့မကောင်းဘူးပေါ့။
    ခုလိုဆိုတော့ တယ်လီဖုန်းလေး မပျက်ပါစေနဲ ့ဘဲဆုတောင်းရတော့မယ်။

  • ဦးဦးပါလေရာ

    February 25, 2012 at 12:08 am

    ဒါကတော့ ကောင်းပါတယ်။
    အရင်က တချို့နေရာတွေမှာ ဘယ်လောက်ကုန်မယ် စသည်ဖြင့် ဗြောင်နီးပါးတောင်းတာရှိတော့ အဲဒါတွေတော့ တန့်သွားမှာပေါ့။
    ဒါပေမယ့် လာဘ်ပေးလာဘ်ယူအများစုမှာ ယူတဲ့သူက တောင်းတာမဟုတ်ဘူး။ ပေးတဲ့သူကသာ (ပေးဘို့လိုအပ်တဲ့အတွက်) နည်းမျိုးစုံတီထွင်ပြီးပေးတာ ဖြစ်ပါတယ်။
    ဒါကြောင့် ဒီကြော်ငြာလောက်နဲ့တော့ လာဘ်ပေးလာဘ်ယူ မပပျောက်နိုင်ပါဘူး။ ပေါက်ဈေးမရှိလို့ ဈေးပိုပေးရတာတောင်ဖြစ်သွားနိုင်ပါတယ်။

    ဥပမာ – ဒီလိုကြော်ငြာကြည့်ရင်ကော ?

    xxxxx ရုံးမှ လာဘ်ငွေတောင်းခံပါက ဆက်သွယ်တိုင်ကြားနိုင်ကြောင်း
    အခြားနည်းဖြင့် အဂတိလိုက်စားလျှင်လည်းတိုင်ကြားနိုင်ကြောင်း၊
    တိုင်ကြားချက်မှန်ကန်ပါက တိုင်ကြားသူကို ဥပဒေအရ လုံခြုံစွာအကာအကွယ်ပေးမည့်အပြင်
    အတိုင်ခံရသူရဲ့ အိမ်မြေပစ္စည်းတွေကို နိုင်ငံပိုင်သိမ်းပြီး တိုင်သူကို တဝက်ခွဲပေးမည်ဖြစ်ကြောင်း….
    😀 😀 😀

  • padonmar

    February 25, 2012 at 1:17 am

    ဆရာထက်
    လာဘ်ပေး ရန်မလို ဖြစ်နေပါအုံးမယ်။

    • မမပဒုမ္မာပြောသလိုပေါ့ဗျာ။လာဘ်ပေးရင်ဖြင့် ရန်မလိုတော့ပါဘူးလားလို ့ပါခင်မျာ။
      ဧရာဝတီတိုင်းက အစပြုပြီးတော့ တိုင်နှင့်ပြည်နယ်အားလုံးက ပါခုလိုပွင့်လင်းလာ
      ရင်သိပ်ကောင်းမှာဘဲဗျာ။

  • kai

    February 25, 2012 at 5:22 am

    မီဒီယာပွင့်လင်းလာတာဟာ.. ဒီမိုကရေစီလမ်းကို.. တဝက်ရောက်တာပါပဲ..
    ကျန်တာ.. အကုန်မီဒိယာက ဆက်သယ်သွားမှာပါ…။

    ဆိုတော့…
    တရားသူကြီးချုပ်ရုံးတိုင်တဲ့စာတိုင်း.. မီဒီယာတခုကို… ကော်ပီပေးသွားသင့်ပါတယ်..။
    အဲဒီလိုနဲ့.. တရားရေးမဏ္ဍိုင်ကို.. မီဒီယာ(စတုတ္ထမဏ္ဍိုင်)က ထိန်းကြောင်း မြှင့်တင်ပေးသွားမှာဖြစ်ပါတယ်..။

  • kokothandar

    February 25, 2012 at 11:12 am

    ရပါတယ်မပေးကြပါနဲ့ ကျုပ်တို့ကလဲ အမြင့်ဆုံးပြစ်ဒဏ်ပေးရုံဘဲပေါ့ လို့ ပြောသံကြားရသလိုပါဘဲ
    တရားလို တရားခံတို့ ရဲ့ရှေ့နေတွေနဲ့ မတရားသူကြီးတို့လုပ်စားလာကြတာ နှစ်ငါးဆယ်ကျော်ခဲ့ပြီလေ
    စစ်အာဏာရှင်တွေထားခဲ့တဲ့ ဆိုးမွေကိုသူ့မွေးစားသားတွေ တိုက်ဖျက်မယ်ဆိုတာ for show
    လူကြားကောင်းအောင်ပြောတာ လား
    အဲဒီလူတွေမပေးနဲ့ ငါ့ပေးလို့ပြောတာလား
    kai ရေ ထိန်းကျောင်း အသုံးအနှုန်းက တိရစာ္ဆန်ကိုသုံးတာနော် စောက်ကြပ်ကြည့်ရှု့ဖေါ်ထုတ်ဆိုတာက
    စကားလုံး ရှည်ပေမဲ့နားထောင်လို့ကောင်းပါတယ်

  • စိန်ပေါက်ပေါက်

    February 25, 2012 at 11:23 am

    စောင့်ကြည့်ကြတာပ အပြောနဲ ့ အလုပ်ညီပါစေ လို ့ပြောလိုက်ပါတယ် 😀
    ဖုန်းနံပတ်လေးတွေ မှတ်ထားကြပါ

  • kokothandar

    February 25, 2012 at 11:29 am

    စောင့်ကြပ်လို့နားလည်ပေးပါခင်ဗျာ သတ်ပုံမကျွှမ်းလို့ပါ

  • ကြောင်ကြီး

    February 25, 2012 at 12:53 pm

    တရားရုံးမှ ဥပဒေနှင့်အညီ ဆုံးဖြတ်ပေးဖို့ လာဘ်ငွေပေးရန် မလိုဂျောင်း..
    ဆေးရုံတွင် လူနာကုတင်ဖိုး အပိုငွေပေးရန် မလိုဂျောင်း…
    ရဲစခန်းတွင် အမှုဖွင့်၊ အမှုပိတ်ရန် အခကြေးငွေပေးရန် မလိုဂျောင်း…
    ကျောင်းအပ်ရာတွင် ကုလားထိုင်စားပွဲခုံဖိုးပေးရန် မလိုဂျောင်း…
    အစိုးရရုံးကိစ္စများတွင် ပြက္ခဒိန်ဝယ်၊ အလှူငွေထည့်ရန် မလိုဂျောင်း…
    ဖုံးပျောက်လျင် ဆသရအား ဖုံးအသစ်လိုင်းပြန်ချိတ်ခ လာဘ်ထိုးရန် မလိုဂျောင်း…
    ….မလိုဂျောင်း….မလိုဂျောင်း…မလိုဂျောင်း…..
    အထက်ပါ မလိုဂျောင်းများ ထုတ်ပြန်ကြေငြာရန် ရံပုံငွေလိုအပ်နေဂျောင်း…ထို့ကြောင့် အများပြည်သူထံမှ ထည့်ဝင်ကြေးများ ကောက်ခံမည်ဖြစ်ဂျောင်း….

  • blackchaw

    February 25, 2012 at 7:34 pm

    ဆရာထက်ရေ။
    ချက်ခြင်းကြီးတော့ စင်းလုံးချောကြီး မရနိုင်ဘူးထင်ပါတယ်။
    တစ်နေ့တစ်လံ ပေါ့ဗျာ။
    ပြောင်းပြန်ကြီးသွားနေရင်တော့
    ဒီဘဝ ပုဂံ ရောက်ချင်မှ ရောက်မှာဗျ
    တည့်တည့် သွားဖို့ လမ်းပြပေးကြမှ လမ်းမှန်ကိုရောက်မယ်လို့
    ိထင်မြင်ယူဆမိကြောင်းပါ။

  • MaMa

    February 25, 2012 at 7:58 pm

    ဆရာထက်ရေ-ကိုယ်တွေ့နေရလောက် အခင်းအကျင်းတိုင်းမှာတော့ အရင်အတိုင်းပါပဲ။ 🙁

  • the best

    February 26, 2012 at 1:01 am

    လာဘ်မစားတဲ့ နိုင်ငံ့ဝန်ထမ်း ရှာကြည့်ပါ ။ နည်းလမ်းမျိုးစုံသုံးပြီး ရှာကြည့်ပါ ။

    တွေ့လျှင် တရားသူကြီးချုပ်ရုံး ဖုန်းဝ၄၂-၂၂၁၅၈သို့ တိုင်ကြားပါ ။

    ဝန်ထမ်းများ လာဘ်စားသည်ကို တွေ့လျှင် အရေးယူခံရမည် ။
    လာဘ်စားသူ အရေးယူခံရမည် မဟုတ် ။
    တွေ့သူ အရေးယူခံရ မည် ။

  • htet way

    February 26, 2012 at 3:37 pm

    ကျွန်တော်က တော့ ဦးဦးပါလေရာပြောသလို
    တိုင်ကြားသူကို လုံခြုံစွာ ကာကွယ်ပေးမူကိုလိုချင်ပါတယ်
    အခု နယ်ရုံးတွေမှာ……………………………………..။
    မှတ်ချက်တွေကောင်းပါတယ် အစိုးရအဖွဲ့ က တစ်ဦးဦးဖတ်ကြည့်ရင်
    အကျိုးဖြစ်မယ်ထင်ပါတယ်။
    တကယ်ကို ပြောင်းလဲကြရင်ဖြင့် ပြည်သူချစ်သော ဝန်ထမ်းများဖြစ်ပြီး
    သားစဉ်မြေးဆက် ကောင်းသတင်းတွေမွှေးနေမှာပါ။

  • Mical David ko Jar Yit

    February 26, 2012 at 4:37 pm

    ခေါက်ရိုး ဆိုတာကြီးကလဲ ရှိနေဦးမှာ သေချာပါကြောင်း
    တိုင်သူ ပြဿနာတက်မည် ဟု ထင်မြင်မိပါကြောင်း
    စောင့်ကြပ်ကြည့်ရှု လေ့လာသင့်ပါကြောင်း
    ခု အပင်စိုက် အခု အသီးစား၍ မရသေးဟုလည်း ထင်မိပါကြောင်း

  • “ဘီလူးကြီး”ogre

    February 26, 2012 at 7:51 pm

    “လာဘ်ပေးရန်မလို” လား….
    “လာဘ်ပေး….ရန်မလိုလားဗျ”
    ရုံးမှာမပေး ရမှာလား
    အိမ်မှာလိုက်ပေးရင်ရော လာဘ်ပေးတာ မဟုတ်ဘူးမှတ်လား
    နေရာပြောင်းပြီး..ဖန်ကြအုံးမှာပါပဲ….
    ဒါမြန်မာစတိုင် ဖြစ်နေပြီလေ

  • htet way

    February 26, 2012 at 8:29 pm

    ခက်တာက အမူသည်က လွတ်ရာလွတ်ကြောင်းပေးတာပဲ
    အိမ်လည်းလိုက်ပေးကြတာပဲဒီတော့ လာဘ်ကိစ္စက ဖြစ်နေတာပဲ မယူရင်လည်း ဖြစ်တယ်
    ဒါဆိုပျောက်သွားနိုင်တယ်
    ပေးသူရှိလည်း ယူသူမရှိရင် မပျောက်ပေဘူးလား။ပန်းတနော်မှာ နွားအမူနဲ့ အဖမ်းခံရတဲ့ လူတစ်ယောက်အာမခံရလာတယ်
    မြို့ပြန်လာပြီးရှုပ်တော့တာပဲ ဟိုရုံး-ဝင်ဒီရုံးထွက်နဲ့ ဟိုတိုင် ဒီတိုင်လုပ်နေတယ်
    ဒီလို တရားခံမျိုးတွေအတွက် လည်း ……………….။
    အခုအပင်စိုက်လိုက်ပြီ ကျွန်တော်အသီးမျှော်ပါ့မယ်

Leave a Reply