တရုတ်ရှေးဟောင်း ဗုဒ္ဓဘာသာကျောင်းနှင့် မြန်မာပြည်၏ ပထမအကြီးဆုံး ပြည့်စုံချမ်းသာ အန်းကုန်းရုပ်ပွားတော်ကြီး

BurmaFebruary 24, 20121min1094

စတင် တည်ဆောက်စဉ်က သစ်တိုင် ၊ အုပ်ကြွပ် မိုး အဆောက်အဦး ဖြစ်ခဲ့ပါသည်။ 1900 ပြည့်နှစ်တွင် ” စန်ဇူးချပ် ၊ ပိုင်ဝမ်စိုင် ” တို့က မတည်ပြီး ပထမအကြိမ် ကျောင်းတော်ကြီးအား အသစ်မွမ်းမံ ပြုပြင်ခဲ့ရာ ကျောင်းဆောင်အတွင်း အနုစိပ် လက်ရာများကို လှပစွာ သစ်ထွင်း လက်ရာများနှင့် တန်ဆာ ဆင်ကာ တိုက်ကျောင်းအဖြစ် တည်ဆောက်ခဲ့သည်။ (“စန်ဇူးချပ် ၊ ပိုင်ဝမ်စိုင်” ဆိုသည်များ မြန်မာမှုပြုထားခြင်းဖြစ်ပြီး တရုတ်နာမည်အစစ် မဟုတ်ကြောင်းပါ) ၊ ထိုခေတ် ငွေစင် ဒဂါင်္း (10570 ကျပ် 50 ပြား) ကုန်ကျကာ ရေတွင်းအတွက် “ဒေါ်ရွှေခက်” မှ လှူဒါန်းပြီး ငွေ 200 ကုန်ကြောင်း ကျောက်စာ ရေးထိုးခဲ့ပါသည်။ အင်္ဂလိပ်မင်း အုပ်ချုပ် စဉ် ကာလ “ပိုင်ကွမ်မေ” ၏ လျှောက်ထားချက်အရ သာသနာမြေအဖြစ် စာရင်းရေးသွင်း မှတ်တမ်းတင်ထားပါသည်။ ( စာအုပ်အတွင်းတွင် ပိုင်ဂွမ်မေ ဟုရေးထားသော်လည်း ဂွမ် ဆိုသည်မှာ တရုတ်အသံထွက်မရှိသဖြင့် အနီးစပ်ဆုံး “ကွမ်” ဟုယူထားပါသည်။) ဒုတိယကမ္ဘာစစ်အတွင်း မသမာသူများ ခိုးယူသောကြောင့် ရှေးဟောင်း သမိုင်းဝင်း တရုတ်ပိဿာချိန် 108 ပိဿာရှိ သံခေါင်းလောင်းနှင့် ပန်းဆွဲ အနုလက်ရာ မြောက်များစွာ ဆုံးရှုံးခဲ့ရပါသည်။ 1962 ခုနှစ်တွင် ပိုင်ချူစွေ ခေါင်းဆောင်ပြီး ကျုံပျော်မြို့ ခဲတောင် စက်ပိုင် ဦးရင်းနားမှ မ တည်ကာ ဒုတိယအကြိမ် အကြီးစား ပြုပြင်ခဲ့သည်။ 1986 ခုနှစ် ဇန်နဝါရီလ 17 ရက်နေ့မှ စကာ သာသနာပြုဆရာ ဦးမင်းလွင် (ခ) ယန်ဝမ်ဟို နှင့် ပိုင်ကျင်လင်း တို့ဦးဆောင်ကာ အုတ်တံတိုင်းပေါ်ထပ်ဆင့် တည်ဆောက်ခြင်း ၊ အများကောင်းမှုဖြင့် စေဝေ ဘုရားကျောင်းတော်ကြီးကို တည်ထားခြင်း အလှည့်ကျ ပွဲတော် ကျင်းပရေး ကြိုးပမ်းခြင်း လုံကျင်း မင်္ဂလာခမ်းမ တည်ဆောက်ခြင်း 2000 ပြည့်နှစ်တွင် ဖုလင် မူလဘုရားကျောင်းဆောင် အားရှေ့မျက်နှာ အားဖွင့် လှစ်ပြီး ကျောင်းဆောင်သစ်ငုံဆောင်ခြင်းတိ ု့ ပြုလုပ်ခဲ့ပါသည်။ နှစ်စဉ်ဘုရားပွဲကို တရုတ်နှစ်သစ်ကူးပြီး နှစ်ဆန်း 7 ရက်နေ့မှ 9 ရက်နေ့ အထိ 3 ရက်တိုင်တိုင် ကျင်းပပါသည်။ ကျောင်းတော်ကြီးသည် မြန်မာပြည်ရှိ တရုတ်ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံ အားလုံးကို ရှေးမူ မပျက် ထိန်းသိန်းထားသော သမိုင်းဝင် ရှေးဟောင်း တရုတ်ဗုဒ္ဓဘာသာကျောင်းတော်တစ်ခုကြီးဖြစ်ပါသည်။ ကျောင်းတော်ကြီးတစ်ခုတွင် တရုတ်ပြည် အန်ဟွေး ပြည်နယ်မှ 1900 ပြည့်နှစ်တွင် ပင့်ဆောင်လာသော ဗုဒ္ဓမြတ်စွာဘုရား ရုပ်ပွားတော် 1 ဆု ကွမ်ယင်မယ်တော် 1 ဆူ၊ ကွမ်တေ့ရာ ကုန်းရုပ်ပွားတော် 2 ဆူ ၊ ပို့စင်တိုက်တီ ဆေးဝိဇ္ဇာ 1ဆူ ၊ ဟော့ရာကုန်း 1 ဆူနှင့် အခြားရုပ်ပွားတော်များစွာရှိပါသည်။ နှစ်စဉ်တရုတ်ရိုးရာ နှစ်ကူပူဇော်ပွဲအခမ်းအနားများတွင် အသုံးပြုသည့် 1828 ခုနှစ်ပါ ပိုးချည်မျှင်များဖြင့် ထိုးထားသော တရုတ်ဝိဇ္ဇာ ရှစ်ပါးပုံတော်များ ပါသည့် ရှေးဟောင်း နဖူးစီး လိုက်ကာ တစ်ခုလည်းပါရှိသည်။ ထိုပပြင် ရှေးနှစ်ပေင်း 100 ၊ 200 သက်တမ်းရှိ အဓိဌန် ဝါးမြစ်များလည်းရှိပါသေးသည်။ ထူးခြားချက်မှာ မြန်မာပြည်တစ်ပြည်လုံးတွင် ပထမအကြီးဆုံးသော ပြည့်စုံချမ်းသာ အန်းကုန်းရုပ်ပွားတော်ကြီးလည်း ရှိနေပါသည်။ ပြည့်စုံချမ်းသာ အန်းကုန်းရုပ်ပွားတော်ကြီးကို 2002 ခုနှစ် ဇန်နဝါရီလ 2 ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ရာ 2005 ခုနှစ် မတ်လ 9 ရက်နေ့တွင် ပြီးမြောက်ခဲ့ပြီး ကျပ်သိန်းပေါင်း 200 ကုန်ကျခဲ့ပါသည်။ ဧရာဝတီတိုင်းနှင့် ငါးသိုင်းချောင်းမြို့၏ ကျက်သရေဆောင်ဖြစ်တော်မူသော ပြည့်စုံချမ်းသာ အန်းကုန်းရုပ်ပွားတော်မြတ်ကြီးကို 2005 ခုနှစ် နိုဝင်ဘာလ 13 ရက် ၊ တနင်္ဂနွေတွင် တိုင်းခရိုင်မြို့နယ် အရာရှိများ ၊သာသနာ ရေးဆိုင်ရာ အဖွဲ့အစည်းများ ၊ နိုင်ငံတဝှမ်းမှ အလှူရှင်များ စုံညီစွာ ဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ ရုပ်ပွားတော်ကြီးတည်ဆောက်နေစဉ်တွင် 2003 ခုနှစ် ရုပ်ပွားတော်၏ လက်ယာဘက် အနီးတွင် သဘာဝအလျောက် ပေါက် ရောက်နေသော သဘောင်္ပင် ၏ အသီးများအတွင်းမှ အန်ကုန်းရုပ်ပွားတော်များ ထိုင်နေသကဲ့သို့ အမြုတေပုံများ 3 ကြိမ်တိုင်တိုင် ပေါ်ထွက်ခဲ့ပါသည်။ (ဓာတ်ပုံရရှိနိုင်ရန် ကြိုးစားလျက်ရှိနေပါသည်။) အန်းကုန်းရုပ်ပွားတော်သည် ရုပ်ပွားတော်သည် ဉာဏ်တော်အမြင့်ပေ 60 ရှိပါသည်။ မျက်ခုံးတော် 9 ပေ ၊ မျက်လုံးတော် 7 ပေ ၊ နားတော် 7 ပေး ၊ နှာခေါင်းတော် 7 ပေ ၊ ပါးစပ်တော် 7 ပေ ၊ ကမ္ဘာလုံးတော်အတွင်း အချင်း (ခေါင်းပွ) 3 ပေ၊ ကမ္ဘာလုံးတော် အမြင့်လုံးပတ် 51/2 ay ၊ ပုတီးခေါင်းစကျင်ကျောက်ပြား (21/2) ပေ ၊ ပုတီး တစ်လုံးလျှင် ပတ်လည် 2 ပေစီ ရှိပြီး ရုပ်ပွားတော် အောက်ခံအခြေပေ 100 ပတ်လည်ရှိပါသည်။ အန်ကုးန်ရုပ်ပွားတော်သည် တရုတ်ရိုးရာ ယဉ်ကျေးမှု အရ သရုပ်ဖော် ထားသော ရုပ်ပွားတော် တစ်ဆူ ဖြစ်ပေသည် အရိမေတ္တဘုရား ပွင့်တော် မူသော ကာလ တွင် လူ နတ် ဗြဟ္မာ သတ္တဝါအားလုံးခံစား စံစားရမည် အကျိုးတရားကိုဖော်ညွှန်းထားပါသည်။ Ref from : (ငါးသိုင်းချောင်းမြို့ အနန္တဂုဏ လောက မာရဇိန် စေတီတော်မြတ်ကြီး နှစ်၁၀ဝ ပြည့် အထိမ်းအမှတ် မဂ္ဂဇင်းမှ)။

 

ဟိုတုန်းက 2 ခေါက်တင်ဖူးပါတယ်။ Connection ပြသနာကြောင့်  ပုံမပါ ၊ စာမပြည့်စုံလို့ပါ ခု ပုံပါပြီ စာလဲစုံသွားပါပြီ ဘာမားဆိုဖဲ့ချင်သူများ ဒီတစ်ခေါက်တော့ ဖဲ့လို့မရတော့ဘူးပေါ့ 😛 ခံစားကြပါကုန်။

 

4 comments

  • Khin Latt

    February 24, 2012 at 9:55 pm

    ဟေ့ သားပုရေ
    ပြန်တွေ့လို့ ဝမ်းသာပါတယ်။
    ဒီလို ဗဟုသုတ လေး အတွက်လဲ ကျေးဇူးတင်ပါတယ်။
    ငါးသိုင်းချောင်း ကို တစ်ခါမှ မရောက်ဖူးဘူး။

    မင်း တင်တဲ့ ပုံမှာ တစ်ပုံက ဆိုက်ကို ချုံ့ ပေးရမယ်ထင်တယ်။
    စာမျက်နှာ မှာ အတော်ကြီး နေတယ်။
    သူကြီး ကူပေးနိုင်မယ် ထင်ရဲ့။
    စာမေးပွဲ ပြီးမှ မတူတာတွေကို မတူကြောင်း လက်ခံပြီး ဆက်ဆွေးနွေး ကြတာပေါ့။ 🙂

  • memeseku

    February 24, 2012 at 10:57 pm

    တာပူးးးးးး….ရေး…. ညည်းဘယ်ရောက်နေလဲဝေ…….းးးးးးးးးးး…………
    ကို ခင်လတ် ကြီး ညည်းကိုမျော်နေတယ် ဝေ……….
    စာတွေ တင်ပါဦးဝေ……..
    ခင်တယ်ဝေ…

  • ကိုရင်မောင်

    February 26, 2012 at 7:44 pm

    ငသိုင်းချောင်းမြို့မှာရှိတယ်လို့ကြားဖူးနေတာကြာပါပြီ
    ခုမှဘဲမြင်ဘူးတော့တယ်
    ကျေးဇူးဘဲ..အိုburma ရေ

Leave a Reply