1 မန်းလေးကျုံး အနောက်ဘက်ဒေါင့်မြင်ကွင်း

2 ရေပြင်မှာထင်ကျန်နေသော........................

 

3 ကျုံ့းအတွင်း အဝေးမြင်ကွင်း

4 ရေအရိပ်နဲ့နန်းမြို့ရိုး

5 မြောက်ဘက်က အာဠ၀ီတံတားကို လှမ်းမြင်ရတာလေ

6 ကျုံးရေပြင်ထဲကို သစ်ပင်လေးတွေရေသောက်ဆင်းနေတယ်လေ

7 ဒီ နန်းမြို့ရိုးကတော့ ဘယ်ဒေါင့်ကကြည့်ကြည့်လှနေတာပါဘဲ

 

8 ပြည့်စုံလှပသောမြင်ကွင်းလေးပါ အမြဲအမှတ်ရနေစေတဲ့မြင်ကွင်းပါ

9 အနောက်ဘက်ကျုံးမြင်ကွင်း ထန်းပင်ညိုညိုက မြိုရိုးပေါ်မှာ

10 အာဠ၀ီတံခါး နဲ့ကျုံ့းရေပြင်

11 အာဠ၀ီတံတား

12 ဂန္တ၀င်ဆန်သော ကျုံးနဲ့မြို့ရိုးအလှ

“မန္တလေးက ရှေးအမွေ အပိုင်းနှစ်”

 

ကျုံးဘေးမှာမွေးခဲ့ ကြီးပြင်းခဲ့တဲ့ကျနော်တို့က သူများနဲ့တွေ့ရင်

“ငါတို့က ရွှေနန်းတော်ခြေကန်မွေးတဲ့ကောင်ကွ”လို့အသားလွတ်ကြွယ်တတ်ပါတယ်။

ကျနော်တို့ငယ်ငယ်က နွေအခါပူရင် ကျုံးနံဘေးက တည်ပင်(ရန်ကုန်ကတော့ ရေတမာလို့ခေါ်၏)

ပင်အောက်မှာ သွားဆော့။

အဲဒီတုံးက ကျုံးကမြေသား။

ညဆိုရင် ကျုံးဘေးက ရေစစ်ကန်ပေါ်၊ရေခပ်ဘို့ထိုးထားတဲ့ တံတားလေးပေါ်သွားထိုင်။

အင်မတန်မှလွမ်းစရာကောင်းသောအချိန်တွေပါ.

နောက်တော့ ကွန်ကရစ်ဘောင်နဲ့အစားထိုးတော့ သဘာဝအလှပျက်စီးသွား။

အခုတော့ မပျက်သေးလို့ ကျန်နေ အစားမထိုးရသေးတာလေးတွေကို

တင်ပေးလိုက်ပါရဲ့။

 

ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့အတွေးပါးပါး

(27-2-2012)

 

 

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။