“မန္တလေးက ရှေးအမွေ အမှတ်နှစ်”

1 မန်းလေးကျုံး အနောက်ဘက်ဒေါင့်မြင်ကွင်း
2 ရေပြင်မှာထင်ကျန်နေသော........................

 

3 ကျုံ့းအတွင်း အဝေးမြင်ကွင်း
4 ရေအရိပ်နဲ့နန်းမြို့ရိုး
5 မြောက်ဘက်က အာဠဝီတံတားကို လှမ်းမြင်ရတာလေ
6 ကျုုံးရေပြင်ထဲကို သစ်ပင်လေးတွေရေသောက်ဆင်းနေတယ်လေ
7 ဒီ နန်းမြို့ရိုးကတော့ ဘယ်ဒေါင့်ကကြည့်ကြည့်လှနေတာပါဘဲ

 

8 ပြည့်စုံလှပသောမြင်ကွင်းလေးပါ အမြဲအမှတ်ရနေစေတဲ့မြင်ကွင်းပါ
9 အနောက်ဘက်ကျုံးမြင်ကွင်း ထန်းပင်ညိုညိုက မြိုရိုးပေါ်မှာ
10 အာဠဝီတံခါး နဲ့ကျုံ့းရေပြင်
11 အာဠဝီတံတား
12 ဂန္တဝင်ဆန်သော ကျုံးနဲ့မြို့ရိုးအလှ

“မန ္တလေးက ရှေးအမွေ အပိုင်းနှစ်”

 

ကျုံးဘေးမှာမွေးခဲ့ ကြီးပြင်းခဲ့တဲ့ကျနော်တို့က သူများနဲ့တွေ့ရင်

“ငါတို့က ရွှေနန်းတော်ခြေကန်မွေးတဲ့ကောင်ကွ”လို့အသားလွတ်ကြွယ်တတ်ပါတယ်။

ကျနော်တို့ငယ်ငယ်က နွေအခါပူရင် ကျုံးနံဘေးက တည်ပင်(ရန်ကုန်ကတော့ ရေတမာလုို့ခေါ်၏)

ပင်အောက်မှာ သွားဆော့။

အဲဒီတုံးက ကျုံးကမြေသား။

ညဆိုရင် ကျုံးဘေးက ရေစစ်ကန်ပေါ်၊ရေခပ်ဘို့ထိုးထားတဲ့ တံတားလေးပေါ်သွားထိုင်။

အင်မတန်မှလွမ်းစရာကောင်းသောအချိန်တွေပါ.

နောက်တော့ ကွန်ကရစ်ဘောင်နဲ့အစားထိုးတော့ သဘာဝအလှပျက်စီးသွား။

အခုတော့ မပျက်သေးလို့ ကျန်နေ အစားမထုးိရသေးတာလေးတွေကို

တင်ပေးလိုက်ပါရဲ့။

 

ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့အတွေးပါးပါး

(27-2-2012)

 

 

 

 

18 comments

    • TITAN

      February 28, 2012 at 9:26 am

      လေးပေါက်ရေ
      အဲ့ဒီပုံတွေကိုဘယ်ဆိုဒ်နဲ့တင်ရတာလဲဗျ
      ကျနော်တင်တော့ ဘယ်ဆိုဒ်နဲ့တင်တင် ပုံသေးတွေပဲဖြစ်နေလို့ ဘယ်လိုလုပ်ရမလဲဆိုတာ
      ပြောပြပေးပါအုံး
      ခင်တဲ့
      TITAN

  • ကျနော်က 640×480 large size နဲ့တင်တာပါ။
    ပိုပြီး သိချင်ရင် ပေါက်ကျော်မ (ခ) စိန်ပေါက်ပေါက် ကိုမေးပါ။
    သူက ကျနော့ ဆရာပါ။

  • TITAN

    February 28, 2012 at 10:09 am

    မိပေါက်ရေ
    ပြောပါအုံးအေ့ ဘယ်လိုတင်ရမှာလဲအေ့ ❓

    • water-melon

      February 28, 2012 at 4:22 pm

      မိပေါက်ချီးပန်းနေတယ်အေ့
      မအံတင်ထားတဲ့ ပို့စ်တစ်ပုဒ်ရှိတယ်
      ပြန်ဖတ်ကြည့်လိုက် ရက်ပိုင်းရှိသေးတာ
      ပုံကို ဆိုက်ကြီးရင် ချုံလိုက်လေ
      လေးပေါက် တင်တာက 640×480 large size
      ပုံတင်တဲ့နေရာမှာ ဆိုက်ရွေးလို့ရတယ် 640×480 က အဆင်ပြေဆုံး
      ကျန်တာတွေက သိပ်အဆင်မပြေဘူး
      မချီးပန်းလာရင် မေးလိုက်ပေါ့

  • ဟုတ်တယ်ဗျ ကိုစိန်ပေါက်ပေါက်ကဘဲ ကျနော့်လဲသင်ပေးသွားတာပါ။
    သူ ့မေးကြည့်ပါ။medium size နဲ ့ဆိုရင်နည်းနည်းတော့သေးပါတယ်။
    Resolution လျှော့ပါ။left side မှာထားပြီး တပုံချင်းတင်လို ့ရပါတယ်။
    ကြိုးစားကြည့်ပါ။
    ကိုပေါက်ရေ မပျက်စီးသေးတဲ့ အလှလေးကို ဝင်လေ့လာသွားတယ်
    ဗျ။

  • ba gyi

    February 28, 2012 at 3:59 pm

    ဝင်အားပေးသွားပါဒယ် ကိုပေါက်ရေ။
    အေးချမ်းလိုက်ပါဘိဗျား။

  • Mလုလင်

    February 28, 2012 at 4:35 pm

    ဦးပေါက် ကင်မရာ ဝယ်ပါတော့ဗျာ။ သူကြီးကလဲ ဓာတ်ပုံတွေ ရောင်းပေးမယ် ပြောတယ်။ ဒီလို ရိုက်အားနဲ့ ဆို .. ရှယ်ပဲ … ဒါပေသိ .. ကော့ကော်ကန်ကား ရိုက်တာ တစ်ပုံ ကို ၁၂၀ဝ ရပါကြောင်း …. နေပူထဲလဲ သွားစရာမလို … လမ်းလဲမလျှောက်ရ …. အဲကွန်း လေးနဲ့ 🙁 …. Tele တစ်လုံး နဲ့ တင် ဖြစ်ပြီ … အော် .. ဘွဘွ … တူများတွေများ .. ကောင်းစား ချက် ….
    စိတ်နာနေတဲ့
    Mလုလင်

  • water-melon

    February 28, 2012 at 5:45 pm

    လေးပေါက် နံပါတ် ၂ ပုံက ဘာဖြစ်နေတာလဲ
    သစ်ပင်ပေါ်မှာ အဖြူကွက်လိုလိုပေါ်နေတယ်

  • လုရေ မင်းနဲ့ငါတော့ အိမ်က ဆင်းရခါနီးပြီထင်တာဘဲနော်။
    ဖရဲမ အဲဒါ ဓါတ်မီးတိုင်ဟဲ့။

  • လေးပေါက်ရေ ..
    နံပါတ် ၅ ပုံကလွဲပြီး ကျန်တဲ့ ပုံတွေ အကုန်လုံး ကြိုက်တယ်ဗျ …
    ကျနော် desktop wallpaper အတွက် ယူမလို့ လုပ်လိုက်တော့ ပုံဆိုက်က သေးနေတာကို တွေ့ရတယ်ဗျ …
    ကျနော် လိုချင်တာက 1024 x 768 px ဆိုက်ပါဗျာ .. ။
    လေးပေါက်ဆီမှာ ရှိရင် ပို့ပေးပါလားဗျ … နော့ 😀
    ကျနော့်ရဲ့ အကောင့်က anzartone@gmail.com ပါ။

    • ကြီးမင်းလေးဒေါင့် .. တဲ့ .. ။
      အဟီး … အဲလိုကြီး ခေါ်ပါနဲ့ဂျ .. ဖတ်ရတာ တစ်ညိုးဂျီးပဲ … 😀
      လေးပေါက်ရေ ကျေးကျေးပါ လို့ပဲ ပြောပါရစေနော် ….။

  • pooch

    February 28, 2012 at 7:02 pm

    လေးပေါက် ကင်မရာဝယ်လို်က်ပါတော့ တကယ်ပြောတာ။ ပြိုင်ပွဲလေးဘာလေး ဝင်ရအောင် လို့။
    သူကြီးဆိုဒ်လည်း ဂုဏ်တက်တာပေါ့။ လေးပေါက်လည်း ပင်ပန်းရကြိုးနပ်အောင် ပြိုင်ပွဲလေးတခုလောက်တော့ ဝင်ပြိုင်ကြည့်ပါ့လား။

    ဝယ်စရာပိုက်ပိုက်လိုနေရင် ရှိတာတွေ အကုန်ထုတ်ရောင်းပေါ့။ ပြီးရင် မဒမ်ပေါက်ကျေနပ်အောင် အချော့တော် ဝင်လိုက်ပေါ့။ ဟီး…အလကားနောက်တာပါ :mrgreen:

  • ကင်မရာဝယ်ရန်အတွက်ရောင်းမည်။
    ပထမဦးစွာ ပေါင်180 ရှိသောကိုယ်မှ အသားများလှီးရောင်းပါမည်။
    ဝယ်လိုသူများစာရင်းပေးပါရန်။

  • surmi

    February 29, 2012 at 12:55 am

    အားလုံးကြိုက်တယ် ၊ မကြိုက်တာက ကွန်ကရစ်ဘောင်ဘဲဗျို. ။
    ကွန်ကရစ်ဘောင်လုပ်လိုက်တာရယ် ၊ပုဂံက ဘုရားတွေဆေးသုပ်တာရယ်
    တော်တော်အမြင်ကပ်တယ် ၊။ လုပ်ပုံလုပ်နည်းမှားတယ်ထင်တာဘဲဗျ နော ။

  • kyeemite

    February 29, 2012 at 10:02 am

    မှန်တာပေါ့ ကိုဆာမိရယ်…ကွန်ကရစ်ဘောင်လုပ်အုံးတော့..ဆေးဖြူဖြူဖွေးဖွေး တော့မသုတ်
    သင့်ဘူးဗျ…ခံငြားထည်ဝါမှု့ လျော့သွားတယ်…ရင့်ကျက်မှု့တွေပြောက်သွားသလိုခံစားရတယ်
    ဗျာ…ရှေးဟောင်းပစ္စည်းကိုမထိန်းသိမ်းတတ်ဘဲကိုး…

Leave a Reply