ကျွန်တော် ရောက်ရှိခဲ့သော ရွှေတိဂုံ။

black chawFebruary 25, 20124min22018
DSC05178

မနေ့က ည ၈ နာရီလောက် ရွှေတိဂုံဘုရား နှစ် ၂၆၀ဝ ပြည့်ပွဲတော်ကြီး ရှိရာသို့ သွားဖြစ်ပါတယ်။ ဦးဝိစာရလမ်းတစ်လျှောက် ကားတန်းရှည်ကြီးကြားက ကြပ်တည်းစွာနဲ့ ရွှေတိဂုံဘုရားလမ်းဘက်မုခ်ဘက်သို့ ရောက်အောင် သွားခဲ့ပြီး ဘုရားပေါ်ကို ည ၉ နာရီလောက်မှာ ရောက်ပါတယ်။ ဘုရားပေါ်မှာ လူတော်တော်များတာ သတိထားမိပါတယ်။ ရောက်တဲ့အခိုက် ရန်ကုန်နဲ့ ဝေးနေကြသူတွေအတွက် ဓါတ်ပုံလေးတွေ ရိုက်ဖြစ်ပါတယ်။ ထုံးစံအတိုင်း ရွှေတိဂုံပွဲ ဆိုတော့ ရွှေတိဂုံစေတီတော်ကြီးပုံတွေ ဖူးရပါမယ်။ ကိုစိန်သော့ရဲ့ လက်ချာတွေ အောက်မှာ အရင်ပုံတွေနဲ့ ရိုက်ချက်မတူအောင် ကြိုးစားရိုက်ခဲ့ပါတယ်။

မတူအောင် ကြိုးစားရိုက်ထားတဲ့ ရွှေတိဂုံ။
အောင်မြေဘက်က ဖူးရတဲ့ ရွှေတိဂုံ။
သပိတ်မှောက် ကျောင်းသားခေါင်းဆောင်တွေရဲ့ နာမည်တွေ ရေးထိုးထားတဲ့ ကျောက်စာတိုင်။
မြန်မာလို ရေးထိုးထားတဲ့ ကျောင်းသားခေါင်းဆောင်များ စာရင်း။
အင်္ဂလိပ်လို ရေးထိုးထားတဲ့ ကျောင်းသားခေါင်းဆောင်များ စာရင်း။
ရုရှား စာနဲ့လည်း ရေးထားတယ်လို့ ထင်တယ်။
ပြင်သစ်လိုရေးထားတယ်လို့ ထင်တယ်ဗျ။
ဒိန်းမတ် ကလာတဲ့ သားအဖနှစ်ယောက်။ (အမေ ဘာလို့ ပါမလာသလဲလို့ မေးမလို့ ကြံပေမယ့် စပ်စုတယ်ထင်မှာစိုးလို့ မမေးဖြစ်လိုက်ပါ။ သားအဖ နှစ်ယောက်တည်းဆိုတော့ တစ်ခုခုတော့ လိုနေပါတယ်ဗျာ။ ချာတိတ်လေးရဲ့ အမေရှိမှ ရှိသေးရဲ့လား။ စာနာတဲ့ အတွေးလေးပါဗျာ။
ဒိန်းမတ် သားအဖ ရဲ့ အပြုံး။
နောက်တစ်မျိုးရိုက်ချက်နဲ့ ရွှေတိဂုံ။
တံခွန်တိုင် နဲ့ ဆလိုက်မီး။
ရွှေတိဂုံ။
ရွှေတိဂုံ ၂။
အောင်မြေမှာ စည်စည်ကားကား။

18 comments

  • water-melon

    February 25, 2012 at 10:54 am

    ဦးဦးဘလက်ရေ
    ကူးသွားသွားပါတယ်နော့
    မရောက်နိုင်ပေမဲ့ ဓာတ်ပုံလေးတွေကြည့်ပြီး စိတ်ဖြေရတော့မယ်

  • စိန်ပေါက်ပေါက်

    February 25, 2012 at 11:24 am

    ကိုချောရေ မိုက်တယ်ဗျို ့
    ဗဒါဗို 😀
    လက်မထောင်ပြီး အားပေးသွားပါတယ်…

  • နွယ်ပင်

    February 25, 2012 at 11:34 am

    ဦးဘလက်ရဲ့ ပုံတွေကိုကြည့်ပြီး ရွှေတိဂုံဘုရားကိုတောင် ချက်ခြင်းသွားဖူးချင်စိတ်ပေါ်လာပြီ
    မနက်ဖြန်ကျရင်တော့ အလုပ်လည်းပိတ်တာနဲ့ ရွှေတိဂုံဘုရားကို သွားဖြစ်အောင် သွားဖူးဦးမယ်
    ပုံတွေအတွက်ကျေးဇူးပါ ……….

  • ခပ် KING ကင်း

    February 25, 2012 at 11:38 am

    ကိုကြီးဘလက်
    အပျိုကြီးဖက် ….
    မဒမ်ဘလက်က နှက်
    ဂွပ် ဂွပ် ဂွပ် …. 😛
    ချစ်လို့စတာ စိတ်အဆိုးနဲ့ …
    ရိုက်ချက်တွေကြိုက်တယ်ဗျို့ ……

  • kotun winlatt

    February 25, 2012 at 11:39 am

    ဦးးးဦးးးဘလက်တို့က စာရေးပဲကောင်းတာလားလို့..
    ဒါ့ပုံရိုက်တာလဲ ဂွတ်တာပါပဲလားးးးး
    အားးကျတယ်ဗျာ…အားးကျတယ်.. ပိုက်ပိုက်ချိရင်
    ကင်မရာ တစ်လုံးတော့ဝယ်ပီးးးးးး
    ဒါ့ပုံလေးးးးးတွေ ရိုက်ဦးးးမှပဲ….

  • Diamond Key

    February 25, 2012 at 11:42 am

    ကိုချောရေ၊ လက်မတစ်ချောင်းဗျို့။ ပုံလေးတွေနဲ့ ဖူးရပြီး လာချင်လိုက်တာဗျာ 😀

  • Harumoto

    February 25, 2012 at 12:11 pm

    ဝေဖန်စရာမရှိအောင် ကောင်းပါတယ်..
    သတိမထားမိတဲ့ ဒေါင့်တွေက ရိုက်ချက်လေးလှပါတယ်

  • ချစ်ရင်ထူးနှစ်

    February 25, 2012 at 12:24 pm

    အားပေးသွားပါတယ် ကို ဘလက် ကျွန်တော်ကတော့ မရောက်နိုင်သေးလို့ ပုံတွေထဲကပဲ ဖူးနေရတော့တယ်….. အသစ်အဆန်းပုံလေးတွေ ထပ်ရိုက်ပေးပါနော်
    စောင့်မျှော်နေပါ့မယ်

  • ဆူး

    February 25, 2012 at 1:21 pm

    သွားမယ် သွားမယ် နဲ့ ရောက်ကို မရောက်သေးဘူး။
    တစ်ယောက်တည်းလည်း မသွားချင်တော့ လူ စု နေတာ ဟိုလူကမအားလို့ စောင့်ပါအုန်း.. ဒီလူက မအားလို့ စောင့်ပါအုန်းနဲ့.. ဓါတ်ပုံတွေ နဲ့ပဲ ရောက်သေးတယ်။

  • windtalker

    February 25, 2012 at 2:31 pm

    ဘုရားဒါယိကာ အစ်ကိုကြီး ကုသိုလ်ကောင်းမှုကြောင့်
    အားရပါးရ ဖူးမျှော်ကြည်ညိုရပါ၏ ။
    သာဓု သာဓု သာဓု ပါ ခင်ဗျား ။
    စကားမစပ်
    ပေါက်ဖော် တို ့ပြောနေတဲ့ ၊ အရေးတော်ပုံ အောင်ပါစေ ။

  • ကိုဘလက်ချောရေ သပိတ်မှောက်ကျောင်းသားစာရင်းမှာ သံတွဲသားနှစ်ယောက်ပါတယ်နော်။
    နံပါတ်စဉ်သုံးက (ကိုဘဦး)
    နံပါတ်စဉ်ခုနှစ်က (ကိုဘရှင်)
    သူတို ့တွေဟာ. ကျနော်တို ့သံတွဲမြို ့သားတွေအတွက်နမူနာယူစရာတွေပါ။ခုတော့များ ဘယ်သူ ့ကိုမေးမေး
    မသိတဲ့လူကများသလားဗျာ။ဘယ့်နှယ့်လုပ်ရမလဲ ကိုဘလက်ချောရေ။သမိုင်းကို သမိုင်းထဲမှာချန်ရစ်တာ
    ကောင်းပေါ့မလား။
    ဓါတ်ပုံများအတွက် ကျေးဇူးပါ ကိုဘလက်ရေ။

  • padonmar

    February 25, 2012 at 7:54 pm

    ဘလက်ဆရာ
    အပေါ်ဆုံးပုံ ရိုက်ချက် ဆန်းလို့ ကိုပေါက်တို့လို မှောက်ရက်တွေ ပက်လက်တွေများရိုက်လာသလား။

  • MaMa

    February 25, 2012 at 8:02 pm

    ကိုချောရေ-
    ဆရာကပဲ တော်တာလား။
    တပည့်ကပဲ ကောင်းတာလား။
    မတူအောင်ကြိုးစားရိုက်ထားတယ်ဆိုတာ ပီပြင်တယ်။

  • ဦးဦးပါလေရာ

    February 25, 2012 at 11:10 pm

    တောင်ဘက်မုခ်ကားပါကင်ကို ပိတ်ထားမယ်ထင်မိတာ
    ကိုဘလက် ကားရပ်စရာရှာတွေ့တာ ချီးကျူးပါတယ်။

    အရင်ရောက်ပြီးပေမယ့် ဓါတ်ပုံတွေကြည့်ရတာကို ကြည်နူးစရာပါဗျာ….

  • Burmese or Chinese

    February 26, 2012 at 1:35 pm

    သာဓု သာဓု သာဓု ပါ ခင်ဗျား ။
    ပုံတွေကိုကြည့်ပြီး ရွှေတိဂုံဘုရားကိုတောင် ချက်ခြင်းသွားဖူးချင်စိတ်ပေါ်လာပြီ
    ကျွန်တော်က မရောက်နိုင်သေးလို့ ပုံတွေထဲကပဲ ဖူးနေရတော့တယ်
    အားရပါးရ ဖူးမျှော်ကြည်ညိုရပါ၏ ။
    ဘုရားဒါယိကာ

  • ဒိန်းမတ် ကလာတဲ့ သားအဖနှစ်ယောက်။ (အမေ ဘာလို့ ပါမလာသလဲလို့ မေးမလို့ ကြံပေမယ့်
    စပ်စုတယ်ထင်မှာစိုးလို့ မမေးဖြစ်လိုက်ပါ။ သားအဖ နှစ်ယောက်တည်းဆိုတော့ တစ်ခုခုတော့
    လိုနေပါတယ်ဗျာ။ ချာတိတ်လေးရဲ့ အမေရှိမှ ရှိသေးရဲ့လား။ စာနာတဲ့ အတွေးလေးပါဗျာ။
    ________________________
    ဟုတ်တယ် ကိုဘလက်ချောရေ…ကျနော်လဲ တွေးမိပါတယ်။သူ ့တို ့မှာ အမေတစ်ခုသားတစ်ခုလား
    တွေးမိပါရဲ ့။တကယ်ကို စာနာရပါတယ်ဗျာ။

  • blackchaw

    February 27, 2012 at 4:32 pm

    ကွန်းမန့်လေးတွေ ချီးမြှင့်ပေးကြတဲ့
    water-melon, ကိုပေါက် , စိန်ပေါက်ပေါက် , နွယ်ပင် , ကင်း ,
    kotun winlet , ကိုသော့ , harumoto , ဆူး , မောင်ပေ ,
    မောင်သန်းထွဋ်ဦး , မပဒုမ္မာ , မမ , ဦးပါလေရာ
    chinese or burmese တို့အားလုံးကို ကျေးဇူးအရမ်းတင်ပါတယ်ဗျို့။
    😀

Leave a Reply