သတိ သရဲခြောက်နေသည်

သတိ

သရဲခြောက်နေသည် … ဗြဲ

 

မနေ့ကပေါ့ …. ။ ကျနော် အံစာတုံး အလုပ်ကနေ အိမ်အပြန်ခရီးမှာ ငေးမိငေးရာ၊ တွေးမိတွေးရာ တွေးရင်းငေးရင်းနဲ့ ပြန်လာခဲ့တယ်။ လမ်းခုလတ် အရောက်မှာ သောက်စည်းကမ်းမရှိတဲ့ လူတစ်ယောက်ကောင်းမှုကြောင့် လမ်းပေါ်မှာ ပက်လက်လန်နေတဲ့ ငှက်ပျောခွံကို ကျနော့် ခြေထောက်က မျက်စိမှောက်ပြီး တက်နင်းမိပါလေရော … ။ ငှက်ပျောခွံပေါ် နင်းမိရာက အစပြုလို့ ကျနော် ချော်လဲကျခဲ့တယ်။ ဒီထက်ဆိုးတာကတော့ နောက်စေ့နဲ့ ကတ္တရာလမ်းနဲ့ မိတ်ဆက်ပြီး တစ်ခေါင်းလုံး မှောင်မိုက်သွားခဲ့တာပါပဲ … ။

ကျနော် အရာရာကို ထင်ထင်ရှားရှား ပြန်မြင်လာတဲ့အချိန်မှာတော့ အင်တာနက်ဆိုင် တစ်ခုရဲ့ ရှေ့မှာ ရောက်နေပြီ။ အဲဒီဆိုင်က ကျနော် သုံးနေကျ အင်တာနက်ဆိုင်။ အိတ်ကပ်ထဲ ငုံ့ကြည့်လိုက်တော့ ရေက နှစ်ပုလင်း သုညတစ်လုံးလျော့ ပါလာတယ်။ အိုကေ ..။ ဆိုင်ထဲ ကျနော် လှမ်းဝင်လိုက်တယ်။ အဲဒီ အချိန်မှာပဲ အသံပြဲကြီး တစ်ခုက ထွက်ပေါ်လာပါတယ်။

“ဟေ့ … ဘယ်ကကောင်လဲကွ .. ကျူးကျူးကျော်ကျော်”

ကျနော် ဟိုဟိုဒီဒီ လျှောက်ကြည့်တယ်။ ငါ့ကို အော်တာ ဘယ်ကောင်လဲကွပေါ့။ အဲဒီလို ကျနော် ဟိုကြည့်ဒီကြည့် ကြည့်နေတဲ့အချိန်မှာပဲ “ဝုန်း” ဆိုပြီး အသံကြီး ကြားလိုက်ရတော့ … အောင်မငီး … ကြီးလိုက်တဲ့ အကောင်ကြီး … ရုပ်ကလည်း ဆိုးလိုက်သပ …။ ဒီအကောင်ကြီးလည်း မြင်လိုက်ရော နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်ဆိုပြီး ပြေးဖို့ နောက်အလှည့် … ။ ဟိုက် .. သွားပြီ .. ။ ကျနော့် ခြေထောက်ကို အဲဒီ အကောင်ကြီးက ဖမ်းဆွဲထားတာဗျို့။ ကျနော်လည်း ကြောက်ကြောက်လန့်လန့်နဲ့ ကျုံးအော်တော့တာပေါ့။

“အောင်မငီး .. ကယ်ကြပါဦးဗျို့ … ။ ဘယ်က အကောင်တုံးဗျို့… ။ ကယ်ကြပါဦး .. ”

“ဟေ့ကောင် .. မအော်နဲ့၊ မင်းအော်လည်း ဘယ်သူမှ ကြားမှာဟုတ်ဘူး” … တဲ့ ။ သူပြောမှ ကျနော်လည်း ပတ်ဝန်းကျင် သတိထားမိသွားတယ်။ ဟုတ်ပါ့။ ဘယ်သူမှ ဘာမှ မသိတဲ့အတိုင်း။ အင်တာနက်ဆိုင် ကောင်တာထိုင်နေတဲ့ ကောင်မလေးကလည်း အေးဆေးပဲ။ အင်တာနက် သုံးနေတဲ့ လူတွေကလည်း အေးဆေးပဲ။ ဟိုက် .. ဘာလဲဟ။ ဒီလောက် ရုန်းရင်းဆန်ခတ် ဖြစ်နေတာကို ဘာမှ မသိကြတဲ့အတိုင်းပါပဲလား … ။

ဒါနဲ့ ကျနော်လည်း မရုန်းတော့ဘူး။ ကြောက်ကြောက်နဲ့ နောက်ပြန်လှည့်ကြည့်လိုက်တယ်။ အဲဒီအကောင်ကြီးက ကျုပ်ကို စူးစူးကြီး ပြန်ကြည့်တာဗျ။ ပြီးတော့ ကျနော့်ကို မေးတယ်။

အကောင်ကြီး ။ ။ မင်းက ဘယ်ကကောင်တုံး၊ မင်းက ဘာကိစ္စ ငါ့နယ်ထဲ ဝင်လာရတာတုံး
ကျနော် ။ ။ ကျနော် … အင်တာနက်သုံးဖို့ လာတာပါဗျာ
အကောင်ကြီး ။ ။ ဘာ … မင်းက အင်တာနက်သုံးဖို့ လာတာဟုတ်လား
ကျနော် ။ ။ ဟုတ်
အကောင်ကြီး ။ ။ ဟား … ဟား … ဟား … မင်းကိုမင်း ဘာကောင်ထင်နေတုံးကွ
ကျနော် ။ ။ အာ … ဘာဆိုင်လို့တုံး။ ဘာကောင်ဖြစ်ဖြစ် ပိုက်ဆံပေးပြီး သုံးမှာပဲ၊ ဘာဖြစ်လို့လဲ …
အကောင်ကြီး ။ ။ ဟား … ဟား … ဟား …. မင်းကိုမင်း ပြန်ကြည့်စမ်းပါဦး၊ မင်း ဘာကောင်တုံးဆိုတာကို …

ကျနော့်ကိုယ် ကျနော် ပြန်ကြည့်လိုက်တယ်။ ဘာမှ ထူးခြားပါဘူး။ မထူးခြားတဲ့အတိုင်း မထူးခြားဘူးလို့ ပြန်ပြောလိုက်တယ်။ အဲဒီအခါ အကောင်ကြီးက ကျနော့်လက်ကို ဆွဲပြီး အင်တာနက် ကောင်တာက ကောင်မလေးနားကို ခေါ်သွားတယ်။ ကောင်မလေးနားလည်း ရောက်ရော ရှက်လိုက်တာဗျာ။ ပြောမနေပါနဲ့တော့။ အဟဲ … ကောင်မလေးက အနီးကပ် ငေးကြည့်မိတော့လည်း အချောသား …။

“ဟေ့ကောင် … ဘာတွေ့လဲ” … တဲ့။ အကောင်ကြီးက မေးတော့ “ချောတယ်” လို့ ကျနော်က ပြန်ဖြေလိုက်တယ်။ “ဟေ့ကောင် မင်းကို အဲဒါ မေးနေတာ မဟုတ်ဘူး၊ မင်း ဘေးနား ရှိနေတာကို ဒီကောင်မလေး သတိထားမိလား ဆိုတာကို ကြည့်ခိုင်းတာကွ” ။ အဲ .. ဟုတ်သားပဲ။ ကျနော်က သူ့ဘေးနား ဒီလောက်ကပ်နေတာတောင် မသိတဲ့အတိုင်းပဲ။ ဒီတော့ ကျနော်လည်း အကောင်ကြီးကို အဲဒီအတိုင်း ပြန်ပြောလိုက်တယ်။ အဲဒီအခါ အကောင်ကြီးက … “အေး … မင်း သရဲဖြစ်သွားပြီ” …. တဲ့။

သွားပြီ … သွားပြီ … ကျနော် သရဲ ဖြစ်သွားပြီ … တဲ့။ အမေရေ … အနော့ကို ကယ်ပါဦး ခင်ဗျ… ဟီး … ဟီး .. ။ ကျနော် ငိုပြီ … ငိုပြီ … ကောင်မလေးနားမှာ ရင်ထဲရှိသမျှ ဖွင့်ဟပြီး မျက်ရည်အိုင်ထဲမှာ ပက်လက်မျှောနေပေါ့။ အသည်းကွဲလို့ ဟုတ်ဘူးနော်။ သရဲ ဖြစ်သွားပြီဆိုလို့။ အကောင်ကြီးပြောတာ ဟုတ်လည်း ဟုတ်လောက်ပါတယ်။ ကျနော် ဒီလောက် ဖြစ်ပျက်နေတာကို ဘယ်သူမှ ဘာမှ မသိသလိုပါပဲ။ တွေးလေတွေးလေ ဝမ်းနည်းစရာ ကောင်းလေပါပဲဗျာ … အဟီး .. ဟီး .. ဟီး .. ။

ငိုရင်း … ငိုရင်းနဲ့ ကျနော့်ရဲ့ ဝမ်းနည်းမှုတွေဟာ မျက်ရည်ထဲ ရောပါသွားလို့ထင့်။ နည်းနည်းတော့ အပူလျော့သွားသယောင်။ အဲဒီအခါမှာ အကောင်ကြီးကို ပြန်ကြည့်မိတော့ … အဲဒီ အကောင်ကြီးက ကျနော့်ကို ကြည့်လို့ဗျာ။ ဒီတစ်ခါ စူးစူးကြီး ကြည့်တာ ဟုတ်တော့ဘူးရယ် … ။ စင်းစင်းလေး ကြည့်နေတာ။ ဂရုဏာ မျက်ဝန်းနဲ့ပေ့ါ။ ကျနော့ ငိုနေတာကြည့်ပြီး သနားသွားလို့ ထင်ပါတယ်။

ထားပါတော့ … ။ ကျနော် သရဲ ဖြစ်သွားကြောင်း သေချာပြီးတဲ့နောက် မထူးပါဘူးဆိုပြီး သရဲ ဘဝမှာပဲ ပျော်ပျော်နေဖို့ ဆုံးဖြတ်လိုက်တယ်။ အခု ကျနော် ရောက်နေတာကလည်း ကျနော် ပျော်မွေ့တဲ့ အင်တာနက်ဆိုင်ဆိုတော့ အေးဆေးပေါ့။ သို့ပေသိ အကောင်ကြီးနဲ့ နည်းနည်းတော့ ညှိရတယ်ဗျ။ အကောင်ကြီးကို ကျနော်က ပြောရတယ်။

“အတိုကြီး … အတိုကြီးက အရမ်းချောတာပဲ။ သဘောလည်း ကောင်းမယ် ထင်တယ်နော်”
“ညီလေးရယ် … ပထမတော့ မင်းကို ငါ့နယ်ထဲ ဝင်လာရမလားဆိုပြီး ဒေါသထွက်ထွက်နဲ့ ကိုင်ပေါက်ချင်နေတာ။ အခုတော့ အခုတော့ … ဒီလို မဟုတ်ပါဘဲ … လေးဆယ်ကျော် ငါးနှစ်အတွင်းမှ … ပြန်ဆုံကြတယ် .. ငယ်ချစ်ဦးရယ် …. အဲ … ဟုတ်ပါဘူး … အခုတော့ .. ညီလေးငိုတာ မြင်ရပြီး ညီလေးကို သနားသွားပြီ”
“အတိုကြီး … ညီလေးကို သနားရင် … ဒီမှာ နေခွင့်ပြုပါလားဟင်”
“အေး … နေချင်ရင် ငါ့နေရာကို မျှပေးပါတယ် ညီလေးရယ်… ။ ဒါပေမယ့် တစ်ခုတော့ ကတိပေးရမယ်”
“ပြော … အတိုကြီး ချောချော”
“ညီလေး ဒီကလူတွေကို နှောက်ယှက်ဘူးလို့ ကတိပေးရင် ညီလေး နေနိုင်တယ်”
“အာ … စိတ်ချ … ပေးတယ် … ညီလေး နေတော့မယ်နော် အတိုကြီး”
“အေး .. အေး” … တဲ့။

ဒီလိုနဲ့ အရုပ်ဆိုးဆိုး သရဲကြီးကို ခွင့်တောင်းပြီး ငှက်ပျောခွံ တက်နင်းမိရာက သရဲဖြစ်ခဲ့ရတဲ့ ကျနော် အံစာတုံး ဟာ အဲဒီ အင်တာနက် ဆိုင်မှာ သရဲကြီးနဲ့အတူ နေခွင့် ရလိုက်ပါတယ်။ အင်တာနက်ကတော့ အားတဲ့အလုံး ဝင်သုံးပဲ။ အဟဲ … ပိုက်ပိုက်လည်း ပေးစရာ လိုတော့ဘူး။ အခုတော့ အနိပ်ပဲဗျို့။ အခုပို့စ်ကိုလည်း သရဲဘဝက အင်တာနက်သုံးရင်း တင်လိုက်ခြင်း ဖြစ်ပါကြောင်း ……….. ။

(မှတ်ချက်။ ။ ကျနော် ငှက်ပျောခွံ တက်နင်းပြီး လဲကျသွားသည့်အချိန်တွင် ကျနော်ရဲ့အတွေးက အင်တာနက်ဆိုင်က ကောင်မလေးဆီ ခဏလေး ရောက်သွားတဲ့အချိန် ဖြစ်ခဲ့လို့ အင်တာနက်ဆိုင်မှာ သရဲလေး သွားဖြစ်ခဲ့ခြင်း ဖြစ်ပါကြောင်း …. ။ ကျနော့်ရဲ့ ခပ်ကြောင်ကြောင် စာများကို ဖတ်ရှုတဲ့အတွက် ကျေးဇူး အထူး တင်ရှိပါကြောင်း … ။)

ခင်မင်စွာဖြင့်
အံစာတုံး

The End

33 comments

  • water-melon

    February 25, 2012 at 10:08 am

    အဲဒီတောင်မလေးက “သူမ” များဖြစ်နေမလား ဟင်
    တိုကြီး အံ
    အနောက သရဲတော့မဖြစ်ချင်ဘူး
    နတ်သားလေးဖြစ်ချင်လို့ ငှက်ပျောသီးခွံလိုက်ရှာပြီး တက်နင်းအုန်းမှ 😆

  • စိန်ပေါက်ပေါက်

    February 25, 2012 at 10:32 am

    ယုံဘူး
    သရဲဖြစ်ကြောင်း ရပ်ကွက်ထောက်ခံစာ၊ရဲစခန်းထောက်ခံစာ၊မှတ်ပုံတင်၊ဘဝကူးလက်မှတ်ပြ နိုင်မှယုံမယ်
    ဒါဗျဲ

    • မဟာရာဇာ အံစာတုံး

      February 25, 2012 at 12:05 pm

      သရဲက မနေ့ကမှ ဖြစ်တာဆိုတော့ အစမ်းခန့်ကာလပဲ ရှိသေးတယ်လို့ ပြောရမယ် …
      အဲဒါကြောင့် သရဲ တရားဝင် လက်မှတ်ရတဲ့နေ့ကျမှ ပြမယ်နော် ..
      အခုတော့ ဟုတ်ဟုတ် မဟုတ်ဟုတ် ယုံထားလိုက်ဦး ..
      နောက်ပီး အီးအီးလည်း သွားပါလိုက်ဦး .. 😀

      • စိန်ပေါက်ပေါက်

        February 25, 2012 at 12:15 pm

        သွားပါစရာလိုဘူးလေ
        တိုက်တန်မ လက်ချောင်ပေးထားတာချိဒယ်..
        ဖင်အောက်မှာ အိမ်သာခွက်ခံထားပြီးသားလေ..
        ဗျစ်..ဗစ်..ဘတစ်စ်..

        • TITAN

          February 25, 2012 at 12:34 pm

          ကောင်မဂျုတ် တအားသောင်းကျန်းမနေနဲ့
          သူညားပေးဒါက အိမ်သာခွက်တင် ၊ ရေမပါဘူး ဟွန့်
          (စကားမစပ် ။။နံဒယ် ၊ရေလောင်းအုံး)
          လစ်ပီတော်ရေ …………………… 😆

  • bluerose

    February 25, 2012 at 10:36 am

    ကိုယ့်ဟာကိုသရဲအဖြစ်ခံပြီးပို့တယ်ဗျို့
    သရဲရေးတဲ့စာကိုဖတ်ဖူးပြီ
    သရဲရေအရမ်းကောင်းတာပဲနော်
    အမျှမဝေပေးတော့ဘူးသိလား
    ကျွတ်သွားရင်စာမရေးတော့မှာစိုးလို့လေ:P

    • မဟာရာဇာ အံစာတုံး

      February 25, 2012 at 12:09 pm

      သရဲကို ကျွတ်သွားမှာစိုးလို့ အမျှမဝေဘူး .. တဲ့။
      သရဲ ဘဝက ကျွတ်ပြီး နတ်ပြည်ရောက်ရင်လည်း အနော်က စာတွေ ရေးဦးမှာပါဗျာ ..
      နတ်ပြည်ဆိုတော့ ကွန်နက်ရှင် ပိုကောင်းမယ်ထင့် ..

      ဟေ့ .. ဗြဲသီး …
      ငါလည်း အဖော်ရအောင် မင်းဆီကို ငှက်ပျော်ခွံ တစ်ခု လှမ်းပို့လိုက်မယ် သိလား …
      ကိုယ့်ဟာကိုယ် တက်နင်းပြီးသာ လာခဲ့တော့ … 😀

  • Harumoto

    February 25, 2012 at 11:18 am

    ရွာထဲ မလဲ e ခေတ်စားရာကနေ
    သရဲ ခေတ် သို့ကူးပြောင်းနေကြောင်း….
    သရဲက ကောင်မလေး မျက်နှာ ကိုကြည့် တာ တော့ မဟုတ်လောက်ဘူး ထင်တယ်..း)

  • kotun winlatt

    February 25, 2012 at 11:34 am

    သရဲခြောက်နေသည်…ဆိုတော့
    သရဲက အခြောက်ကိုဆိုလိုတာလားးလို့..ဟဲ..
    တကယ်ကျတော့ သရဲရေးသောစာပါလားးးကွယ်ရို့…..
    ဂွတ်ထ..ဂွတ်ထ…ဂွတ်ထ…

    • အယ် .. သူက တစ်မှောက်
      သရဲကြောင်း ပြောပါတယ်ဆိုနေမှ ဟို ခြောက် ကို သွားမြင်နေသေး …
      တကယ်တဲ ပြောလိုက်ချင်ဘူး …
      စိန်ပေါက် စတဲ့ အခြောက်က ပြီးပြီးတော့ဘူး ..
      ဟွန့် .. များက စိတ်ချိုးလိုက်မှာနော် .. ဘာမှတ်လဲ ..
      😀

  • ဆူး

    February 25, 2012 at 11:37 am

    သရဲ ဆိုတာ ဘာလဲ.. သဂျီး သွားမေးလိုက်အုန်းမယ်။ ပြီးမှ ဆက်ပြောမယ်။

  • ခပ် KING ကင်း

    February 25, 2012 at 11:49 am

    သရဲဆိုတာ
    သ သ နေတဲ့ ရဲ ကို ပြောတာပါ
    ဆီလေးစိုရွှဲအောင်လိမ်း …. ဟိုကြေးကောက် ဒီကြေးကောက်နဲ့ လူတွေလန့်နေရတဲ့သူပေါ့ … 😛
    (အဲဒါ သူကြီးကြောင့် … မတူအောင်ရှာကြံပြောရတယ် .. ဟူးးးးးး)

  • နွယ်ပင်

    February 25, 2012 at 11:51 am

    ကိုအံစာတုံးတစ်ယောက်တောင် သရဲဖြစ်သွားရှာပြီကိုး
    ဒါပင်မယ့် သူ့ခမျာရွာကို အတော်သံယောဇဉ်ကြီးရှာသား
    ဘဝပြောင်းတာတောင် ရွာထဲဝင်ပြီးပိုစ့်တင်ရှာတယ်
    အမျှမပေးတော့ပါဘူးလေ စာတွေမရေးနိုင်မှာစိုးလို့ ……… 🙂

  • aye.kk

    February 25, 2012 at 12:04 pm

    ကိုအံစာတုံးရေ..
    ကိုယ်တိုင်သရဲခြောက်တာ..
    ပြောင်မြောက်ခဲ့ဘူးသဖြင့်..
    အဟုတ်သရဲအထင်ခံရဘူးတာကို..
    ပြန်စဉ်းစားရင်းတနုံ့နုံ ့တွေးပြီး..
    တစိမ့်စိမ့်အူနာလောက်အောင်ရယ်ရသည်..။(သတိရသွားလို့ပါ)

    • အမအေးရေ ..
      ကျနော်လည်း ကလေးတွေကို သရဲ ခြောက်ခဲ့ဖူးတယ်ဗျ။
      တော်တော်တော့ ရီရသား .. ။
      ဒီရွာက သဂျီး ကတော့ ကြောက်တတ်ဘူးထင့် …
      ဘယ်လို ပြောပြော၊ ဘယ်လို ခြောက်ခြောက် ကြောက်ကို မကြောက်တတ်တာ ..
      အဲဒါကြောင့် အခု ကိုယ်တိုင် သရဲလုပ်ပြီး ခြောက်ကြည့်တာဗျို့ .. 😀

  • ba gyi

    February 25, 2012 at 2:10 pm

    ကောင်မကလေးစွဲပြီး ၊ခဏကလေး သွားပြီး သရဲဖြစ်ရသတဲ့၊
    ကျွတ် ကျွတ် ကျွတ် — ဖုတ်မဝင်တာ ကံကောင်းကွယ်ရို့။
    နို့ မဟုတ်ရင် ဩဇာရွက်တွေ ၊ ဖိနပ်ပြောင်းပျံတွေ ကူမှရတော့မယ် တော်သေး– ဟေး ဟေး။

    • ဗျို့ .. ဒေါ်စိန်ထွား ..
      ခင်များ ဒီတစ်ခါ ဖုတ်ဝင်လို့ကတော့ မပူနဲ့တော့ဗျို့ …
      အခု ဒီမှာ ကျုပ်ဆရာတွေ့ထားပြီ …
      ဘကြီး ဆရာ … ဆရာ ဘကြီး တဲ့ဗျ …
      သူက ဖုတ်နိုင်တယ် .. တဲ့ …
      😀

      • windtalker

        February 25, 2012 at 2:41 pm

        သူ က ဘဂျီး ဆိုတော့ ၊ ဗဟု သုတ စွယ်စုံ ရနေဘီလေ
        တွေ ့ရာဖုတ် လက်ညှိုးထိုး နိုင် တာကလား ။

        • စိန်ပေါက်ပေါက်

          February 25, 2012 at 4:04 pm

          အဲသလိုဆို များလဲ ဘဂျီး ဖြစ်ချင်လိုက်ပါဘိ
          စကားမစပ် လက်ညှိုးပဲထိုးနိုင်မှာရားဟင် 😯

  • Harumoto

    February 25, 2012 at 3:31 pm

    သရဲ ကခြောက်တယ် ဆို..
    သရဲ အထီးဖြစ်ဖြစ် အမဖြစ်ဖြစ် ဖြစ်သင့်တာပေါ့.
    သရဲ ဆို ကျားကျားယားယား ရှိသင့်တာပေါ့။
    အခုတော့ ရီရတယ် သရဲက ခြောက်လို့တဲ့…ဂွီးးးးး

    ဧကန်တ ရွာသားတွေနဲ့ ပေါင်းပီး ခြောက်သွားတာနေမှာ..
    း)

    • အေးဗျ ..
      ကျနော်လည်း ဟို ၃ ယောက်နဲ့ပေါင်းပြီး … အဟီး .. ကြောတော့ဘူး …
      ခြောက်အဖွဲ့ ခေါင်းဆောင် မာမီပေါက် ကြားသွားရင် လွယ်ဘူးရယ် …
      ပြီး .. အခု ဗြဲသီးမ လည်း ပေါ်လာပြီ …
      ဒီမာမီနှစ်ယောက် တွေ့တွားရင် လွယ်ဘူး …
      ဒီတော့ .. ဒီတော့ … များလည်း လစ်ပီတော့ … 😀

      • water-melon

        February 25, 2012 at 4:14 pm

        ဘယ်ကိုလစ်မှာလဲဟင်
        သများက မာမီမဟုတ်ပါဘူး
        ချစ်စရာကောင်းတဲ့ အခြောက်မလေး ဖရဲပါ။
        တိုတိုလူဆိုး ကြီးမိုက်နဲ့တိုင်ပြောပြီး ကုန်းကုန်းလုပ်ခိုင်းလိုက်မယ် :mrgreen:

  • chityimhtoo

    February 25, 2012 at 6:43 pm

    မှတ်ပလားဟဲ့အံစာတုံးရဲ့…အဲ့ဒီ့ငှက်ပျောသီးခွံငါပစ်ထားတာ….

  • venus lay

    February 25, 2012 at 7:06 pm

    အံစာတုံးရေ…အမျှ..အမျှ..အမျှ..

  • kai

    February 26, 2012 at 12:41 pm

    Ghost ရုပ်ရှင်ကားထဲကလိုပဲ…
    ခပ်ဆင်ဆင်လေးပေါ့..

    စကားမစပ်.. ဒီရွာထဲ.. သရဲအနေနဲ့ရေးတာဘယ်နှယောက်ရှိလည်း.. ပြောပြပါလား..။ 🙂
    သရဲအချင်းချင်း.. သိမှာပေါ့..။ 😕

  • htet way

    February 26, 2012 at 9:03 pm

    ဟာ …. သရဲ သရဲ
    သရဲက စာရေးတယ်
    ဦးဦးပါလေရာရေ…သရဲတဲ့ဗျား
    သရဲ ဖြစ်ကြောင်းမှတ်ပုံတင်ပြ
    သေခါနီး အသက်ထွက်တာ ဘယ်အကြောကလည်းမှန်ေအောင်ပြော
    သရဲဆိုတော့ သဘက်ကို သိလား ဘလက်ကို သိလား….ဟာ ဟ
    ဒေါက်တာဒေါ်ပဒုမ္မာကိုတွေ့ရင်ပြေးပေတော့ ကားထဲမှာ တရားခွေ အမြဲဖွင့်တယ်
    ကိုရင်စည်သူကိုတွေ့ရင် သင်း အမည်းလုပ်ခံရလိမ့်မယ်
    ပျောက်နေတဲ့ ကမ်းကြီးနဲ့တွေ့ရင် ခြေမန်းကွင်းစွပ်ပြီးခိုင်းစားလိမ့်မယ်

  • koaung

    February 27, 2012 at 4:26 pm

    ကိုအံစာတုံးခင်ဗျား
    အရင်ကအိုင်းဖိုင်းမှာဒေါင်းတာဖရီးရပြီး အခုပိုက်စံပေးမှဒေါင်းလို့ရပါတယ် ဒီပြင်ဘယ်နေရာကဒေါင်းလို့ရပါသလဲခင်ဗျား
    ဖြစ်နိုင်ရင် ညွန်ကြားပေးပါဦးဗျာ လေးစားလျှက်

  • koaung

    February 27, 2012 at 4:28 pm

    ဆောရီးဗျိုး မြန်မာဖွန့်ဖော်ဂျီတော့ (ကျန်ခဲ့လို့)

    • စိန်ပေါက်ပေါက်

      February 27, 2012 at 4:48 pm

      ကျနော်..မေးလ် ပို ့ထားတယ် အူးအောင်ရ
      မြန်မာဖောင့်လိုချင်တယ်ပြောပြီး မြန်မာလို ရေးပြနေတော့ ဘာကိုဆိုလိုမှန်း သိပ်နားမလည်လို ့ဗျ
      ifile.it,mediafire က ဒီမှာ ဖရီးဒေါင်းလို ့ရတယ် ဗျာ
      ကိုအောင်က ဘာလိုချင်တာလဲ မသိ

  • ကျနော် နှစ်ခါတင်ပြီးပြီ ကွန်မန့်က တက်မလာဘူး .. ။
    ဟင်း .. စိတ်တိုလာပြီနော် … အခု ထပ်တင်တယ်ဗျာ .. ဘာဖစ်လဲ … 😀
    ___________________________________
    ကိုပေါက်ဖော်ရေ …
    ကိုအောင်က ဇော်ဂျီဖောင့် အင်စတော်လာ လိုချင်တာလို့ ထင်တယ်ဗျ ..
    အခု ရေးပြထားတာကလည်း အခြား စက်တစ်လုံးက သုံးပြီး ရေးထားတာလား သိဘူး …

    အခု ကျနော် ဇော်ဂျီဖောင့် တိုက်ရိုက် ဒေါင်းလို့ ရမယ့် လင့်ကို လုပ်ထားပါတယ် … ။ အောက်က လင့်ပါပဲ … ။ အရှေ့က အိတ်ချ်တီတီပီ တော့ ခံလိုက်ပေါ့ဗျာ .. ။ အဲဒီလင့်ကြောင့် ကွန်မန့် မတက်တာလားလို့ဗျို့ … ။

    anzartone.freezoka.net/wp-content/uploads/2012/02/ZFK-EG-W.zip

    ___________________________

  • alinsett

    January 22, 2016 at 5:49 pm

    အခုနေ…အံစရာကြီး သရဲ လာခြောက်ရင် ကောင်းမှာ….

    :k:

Leave a Reply