အကျော်ဇေယျ

ကထူးဆန္းFebruary 25, 20121min19912

http://moemaka.com/2012/02/21131/

အရီးလတ်ရဲ့ ကာတွန်းညွှန်းမှု့ ကျေးဇူး နဲ့ မိုးမခ စာမျက်နှာ ရောက်သွားပြီး ကျျွန်တော် တသက်လုံး မသိဘဲ အမှတ်မှားနေတာလေး တစ်ခု သွားတွေ့တာနဲ့ ရွာသူားများလည်း ကျျွန်တော့်လို အမှတ်မှားသူများ ရှိမလားဆိုပြီး ဒီ မိုးမခ က link လေးတင်ပေးလိုက်ပါတယ် ။
ဆရာ သန်းဝင်းလှိုင်ရဲ့ ရေးသားချက်ဖြစ်ပါသည် ။
အကျော်ဇေယျလား အကျော်ဒေးယျလား နဲ့ အခြားမှားတတ်သည်များရေးသား ထားပါသည် ။ ဖတ်ရှုသင့်သည်ဟုထင်ပါသည်။

တလောက မိုးမခဘလော့တွင် စာရေးသူ၏ `သမိုင်းတကွေ့မှ အကျော်ဇေယျ အမျိုးသမီးများ´ စာအုပ် ကြော်ငြာကို တင်ထားရာ၊ အင်တာနက်ပရိသတ်အများစုက `အကျော်ဇေယျ´ အသုံးအနှုန်းကို မှားသည်ဟု ထင်မြင်မိကာ `အကျော်ဒေးယျ´ သာ ဖြစ်သင့်သည်ဟု မှတ်ချက်ပြုထားကြသည်။ မူလက ပြန်လည်မရှင်းလင်းလိုသော်လည်း ဝါရင့်သတင်းထောက်ကြီးများ၊ စာရေးဆရာကြီးများကိုယ်တိုင်ကပါ အမှတ်မှားနေသည့်အတွက် မျိုးဆက်သစ်လူငယ်များ အကျိုးကို မျှော်တွေး၍ ပြန်လည်ရှင်းလင်းတင်ပြအပ်ပါသည်။

ကျော်ကြားထင်ရှားခြင်း၏ အဓိပ္ပါယ်ကို မြန်မာစာပေ၌ `အကျော်ဇေယျ´ ဟူသော ဝေါဟာရကို သုံးနှုန်းကြပါသည်။

အကျော်ဇေယျ အနေနဲ့ မကြားဖူးခဲ့ ဘဲ အကျော်ဒေးယျ အနေနဲ့ သာ သိရှိခဲ့တာပါ။

ဒဿနိကဗေဒလား ဒဿနဗေဒလား
ပဉ္စငါးပါး
မိဘုရားလား မိဖုရားလား
နတ်ပြည်စံသည်လား နတ်ရွာစံသည်လား

သိချင်လျှင် အောက်ပါ link မှာ ဖတ်ရှုနိုင်ကြောင်းပါ။

http://moemaka.com/2012/02/21131/

ဆရာ သန်းဝင်းလှိုင် အားလည်း ကျေးဇူးတင်ပါကြောင်း။
အရီးလတ်အားလည်း ကျေးဇူးတင်ပါကြောင်း။

12 comments

  • စိန်ပေါက်ပေါက်

    February 25, 2012 at 11:46 am

    ကျနော်တော့ အကျော်ဇေယျ ပဲ ကြားဖူးတာဂျ
    ဘာပဲဖြစ်ဖြစ် အရီးလတ်ကော.ကထူးဆန်းကော..ဆရာသန်းဝင်းလှိုင်ကော ကျေးဇူးပါ….

    • htoosan

      February 25, 2012 at 12:14 pm

      ဒါကြောင့် စိန်ပေါက်ပေါက် ပညာရှိကဝိ ဖြစ်နေတာကိုး …..

  • မဟာရာဇာ အံစာတုံး

    February 25, 2012 at 11:57 am

    အနော်ကတော့ အကျော်ဇေယျလား၊ အကျော်ဒေးယျလား သိဘူး။
    သို့ပေသိ အနော့ ပတ်ဝန်းကျင်က တတ်သိတဲ့ လူတွေကို မေးကြည့်ပါဦးမယ် …
    သိရင် လာပြောမယ် ..
    အခုတော့ လစ်ပြီဗျို့ …

  • windtalker

    February 25, 2012 at 2:20 pm

    အကျော်ဇေယျ ဖြစ်ဖြစ် အကျော်ဒေးယျ ဘဲ ဖြစ်ဖြစ်
    အကြော်ပေးလာရင်တော့ အမုန်းဆွဲပစ်လိုက်ဘာ ကိုကိုထူး

    • htoosan

      February 25, 2012 at 3:14 pm

      ရေသန့်ဘူးထည့်ထားတဲ့ ဆီနဲ့ကြော်ထားမှာ စိုးလို့စားဘူး .. 😀

  • အကျော်ဇေယျဆိုလို ့ဒါလေးသွား သတိရတယ် ကိုထူးဆန်းရေ….

    “ဗာရာမည်ခေါ် သည်ပြည်တော်မှာ၊အကျော်ဇေယျ၊ခေါင်မှာစွဲအောင်၊မွဲတေလှတဲ့၊နှမကိုယ်ငယ်”
    ဦးပုညရဲ ့ရေသည်ပြဇာတ်ပါ။ဟီးးး

  • ကိုရင်မောင်

    February 25, 2012 at 8:49 pm

    ကျနော်သိချင်တာလဲရှိသေးတယ်(လူပါးဝတယ်)ဆိုတဲ့စကားက
    ရေးတော့ လူဝါးဝတယ် လို့ရေးထားတာတွေ့ရပါတယ်
    ဦးသာဓုရဲ့–သာဓုလူဝါးဝတယ် ဆိုတဲ့စာအုပ်ဖတ်ဘူးလို့ပါ…
    ဘာကြောင့်လူဝါးဝတယ်လို့ရေလဲဆိုတာ
    သိယင်ပြောပြပေးစေချင်ပါတယ်…..

    • htoosan

      February 25, 2012 at 9:24 pm

      ဗျို့ မမရေ ကူပါဦး ။

      • MaMa

        February 25, 2012 at 10:18 pm

        ကိုထူးဆန်းရေ-
        သိသလောက်ကတော့ အကျော်ဇေယျ လို့ပဲ သိထားပါတယ်။
        ကိုသန်းဝင်းလှိုင်ရဲ့ စာပေနှံ့စပ်ကျွမ်းကျင်မှုကိုတော့ ဩချလောက်ပါတယ်။
        လူပါးဝတယ် က အမှန်လို့ ထင်ပါတယ်။
        ဦးသာဓုရဲ့–သာဓုလူဝါးဝတယ် လို့ ရေးတာကတော့
        ယဉ်ကျေးအောင် နည်းနည်းပေါ့အောင် တမင်ရေးလိုက်တာလို့ ထင်ပါတယ်။

        • MaMa

          February 25, 2012 at 10:23 pm

          ကိုထူးဆန်းရေ-
          sorry ပါ။
          ကော်မန့်ရေးပြီးမှ မြန်မာစာ စာလုံးပေါင်းသတ်ပုံကျမ်းကို ကြည့်လိုက်တော့
          လူဝါးဝ လို့ ရေးထားတာတွေ့ရတယ်။
          လူပါးလူနပ်လို့ ရေးတာကို သိထားတော့ လူပါးဝ တယ်လို့ပဲ ထင်မိတာ။

  • htoosan

    February 26, 2012 at 8:09 am

    ကျေးဇူးပါ မမ ရေ။ ကျွန်တော် က မကြွမ်းကျင်တဲ့သူမို့ ကိုရင်မောင်ကြီး မေးလိုက်တော့ အဖြေမရှိပါဘူး ။
    ဒါဆိုရင် … လူးပါးဝ တယ် ဆိုတာနဲ့ လူဝါးဝ တယ် ဆိုတာလည်း အဓိပ္မါယ် မတူဘူးဘဲ။

  • kyeemite

    February 27, 2012 at 2:35 pm

    အကျော်ဇေယျတော့မသိပါဘူး..ကျော်ဇေတော့ ကျုပ်ဆီကပိုက်ဆံ..ချေးသွားပြီး
    ခုထိပြန်မဆပ်သေးဘူးဗျို့ ..တွေ့ရင်ပြောပေးကြပါအုံး…

Leave a Reply