အမျိုးသမီးတို့၏ ကာယိန္ဒြေအချက်ပေး ကာကွယ်ရန် အင်္ဂါနေ့တိုင်း ဝီစီဝေပါပြီ

နွယ်ပင်February 25, 20121min41225

ရန်ကုုန်မြို့မှာပြေးဆွဲနေတဲ့ အမျိုးသမီး သီးသန့်ယာဉ်လိုုင်းတွေကိုု အမျိုးသမီးထုုက သဘောကျကျေနပ်တဲ့ အတွက် တိုုးချဲ့ပြေးဆွဲသွားဖိုု့ရှိနေပါတယ်။
အမျိုးသမီးတို့၏ ကာယိန္ဒြေအချက်ပေး ကာကွယ်ရန် အင်္ဂါနေ့တိုင်း ဝီစီဝေပြီ ဆိုတဲ့ အကြောင်းကိုလည်း ပေါ်ပြူလာ သတင်းမှာအခုလိုဖော်ပြထားပါတယ်။

Whistle for help အစီအစဉ်အရ အပတ်စဉ် အင်္ဂါနေ့တိုင်း ရန်ကုန်မြို့တွင်း လူစည်ကားရာ အရပ်များတွင် ဝီစီနှင့် အသိပေး စာစောင်များကို
ဝေငှနေကြောင်း အခရာ အမျိုးသမီးအဖွဲ့မှ သိရသည်။ ရန်ကုန်မြို့တွင်း ဘတ်စကားယာဉ်များတွင် အမျိုးသမီးများအပေါ် ကာယိန္ဒြေနှာင့်ယှက်မှုကို
ရပ်တန့်ရန် ရည်ရွယ်၍ ဖေဖော်ဝါရီ ရ ရက်နေ့မှ စတင်ကာ ဝေငှခြင်းဖြစ်ကြောင်း ယင်းအဖွဲ့မှ သိရသည်။ ကာယိန္ဒြေ နှောင့်ယှက်ခံရမှုသည်
အမျိုးသမီးများ အတွက် ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ခြင်းကြောင့် အမျိုးသမီးများ အနေဖြင့် ယခုကဲ့သို့ နှောင့်ယှက် ခံရပါက နှုတ်ဆိတ်မနေဘဲ
ဝီစီဖြင့် အကူအညီတောင်းရန် လိုအပ်ပြီး အမျိုးသားများကလည်း အကူအညီပေးရန် လိုအပ်ကြောင်း အခရာ အမျိုးသမီးအဖွဲ့မှ ဒါရိုက်တာတစ်ဦးက
ပြောသည်။ “ခရာမှုတ်တာ၊ မမှုတ်တာကတော့ ကိုယ်ပိုင်အခွင့်အရေးပါ။ ခရာမမှုတ်ဘဲ ဒီအတိုင်း ငြိမ်ခံနေမလား၊ အနည်းဆုံးတော့ ဒီအပြုအမူတွေ
တန့်သွားပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။ အမျိုးသမီးများ သီးသန့်ယာဉ်လိုင်း ပြေးဆွဲပေးရန် စတင်လှုံ့ဆော်ခဲ့သူ ဒေါ်ကေခိုင်အောင်ခင်က ယခုအစီအစဉ်သည် မလိုလားအပ်သော ပြဿနာများ ဖြစ်လာနိုင်ခြေ ရှိသော်လည်း အမျိုးသမီးထု၏ ကာယိန္ဒြေကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ခြင်းကြောင့် ကြိုဆိုရမည်ဟု ဆိုသည်။

ပေါ်ပြူလာဂျာနယ်

မှတ်ချက် ။ သစ်ထူးလွင်မှဖော်ပြသည် ။

25 comments

  • water-melon

    February 25, 2012 at 12:29 pm

    သများတိို့ကရော ဝီစီမှုတ်ရမှာလားရှင့်
    ထောက်ရေးသမား အံဇာကြီးလာနေပြီ
    ရွှီး ရွှီး ရွှီး ရွှီး
    ချီးပန်းမင်းသား စိန်ပေါက် လာကိုင်နေတယ်ရှင့်
    ရွှီး ရွှီး ရွှီး ရွှီး
    အချိန်မစီးသေးတဲ့ ကြီးမိုက် ချောင်းကြည့်နေပါတယ်ရှင့်
    ရွှီး ရွှီး ရွှီး ရွှီး

    စိန်ပေါက်ရေ ဝီစီရောင်းရအောင်ဟေ့
    ရွှီး ရွှီး ရွှီး ရွှီး :mrgreen:

    • ရွှီး ရွှီး ရွှီး …
      ဟောဒီမှာ ဝီစီတွေ ဝယ်ကြဦးမလား …
      နောက်မှ နောင်တမရကြနဲ့ .. မကုန်ခင် ဝယ်ထားကြနော် …
      ရာဇဝင် အထောက်တော် ဗြဲသီး က ဒီဝီစီ ပါမှ ကြောက်တာနော် …
      😀

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 25, 2012 at 12:37 pm

    မြန်မာ့အမျိုးသမီးတိုင်း ဝီစီမှုတ်တတ်ရမည်

  • TITAN

    February 25, 2012 at 12:54 pm

    အယ်…. အရမ်းကြီး မမှုတ်ရဘူးနော်
    များက တုန်တတ်တယ် ရင် ရင် (နှလုံးရောဂါကို ပြောပါတယ်) ဟီးးးး :smile

  • ဇောက်ထိုး မိုးမျှော် သခင် ကိုယ်တော်

    February 25, 2012 at 1:43 pm

    အဟမ်း…… ယွာ ထဲက ဝါသနာပါသူများ သတိထားကြလော့ ၊
    လက်ရှောင်ကြလော့ ၊
    အဖြစ်က မနှစ်ကနှင့်မတူတော့ပြီ တကား။
    (အရမ်းကြီးမှုတ်မှာ ဖြစ်သောကြောင့်တည်း)

  • windtalker

    February 25, 2012 at 2:44 pm

    သည်ကိစ္စ ကို ပေါက်ဖော် တို ့ကမ်းဂျီး တို ့ကို သတိပေးဦးမှပါဘဲ ။
    သူရို ့က ဘာမှ လက်မကမြင်းတတ်ပေမယ့် ၊ မကြာခဏ အထင်မှားခံရတာကလားရယ် ။

  • စိန်ပေါက်ပေါက်

    February 25, 2012 at 3:09 pm

    များတို ့လဲ ဝီစီ သွားတန်စီဦးမှ
    အပေါ်က ပြောင်စပ်စပ်နဲ ့လူကြီးက သိပ်ယုံရတာမဟုတ်ဘူး..ရုပ်ကို ကြည့်ပါလား… 😆

    ရွှီး..ရွှီး..ရွှီး..ဗျစ်စ်…ဗျစ်စ်..ဗစ်စ်.

  • chityimhtoo

    February 25, 2012 at 4:20 pm

    ဝီစီမမှုတ်နဲ့….နှဲမှူတ်ရမှာ…..ဝီစီမှူတ်တဲ့ကောင်ကိုဝိုင်းထိုးကွာ…..:P

  • memeseku

    February 25, 2012 at 5:33 pm

    သောက်သုံးမကျတဲ.ချီးဘရိန်းနဲ. သောက်သုံးမဝင်တဲ့အစီအစဉ်…..

  • ရွှေဘိုသား

    February 25, 2012 at 5:52 pm

    အင်းဒီကိစ္စကလည်းအမျိုးကောင်းသားတွေအတွက်တော့ မလိုလားအပ်တာတွေဖြစ်နိုင်တယ်ဗျ
    ကားကျပ်တဲ့အချိန်အထင်လွဲခံရပြီး ကောင်မလေးကမှုတ်လိုက်လို့ကတော့သေပြီဆရာပဲ ဒီထက် အစိုးရက ကားတွေကိုတိုးပြီးဆွဲသင့်တာပေါ့ဗျာ ဒါမှ ကားချောင်နေရင် အချောင်သမားတွေလည်း မလုပ်သာတော့ဘူး
    ကျပ်သ၍တော့ အနည်းနဲ့အများဖြစ်နေကြအုံးမှာပဲ

  • Shwe Tike Soe

    February 25, 2012 at 8:10 pm

    တော်ပြီး ဘက်စ်ကားအကြပ်တွေမစီးတော့ဘူး ရုံးကို လစာတိုးတောင်းတော့မယ်…. တော်ဘာ ဘုမသိဘမသိ နဲ. ဝီစီမှုတ်ခံရမှဖြင့် အဟင့်
    အဲဒါကြောင့် ရုံကလူကြီးတွေကို လစာတိုးပေးခိုင်းမယ်….. တက်ကစီပဲစီးတော့မယ်..ဟေ့ဟေ့

  • MaMa

    February 25, 2012 at 8:20 pm

    ရုံးချိန်မှာ အမျိုးသမီး သီးသန့်ယာဉ်လိုင်းဆွဲပေးတာကို ထောက်ခံတယ်။
    အနည်းဆုံး အမျိုးသားတွေနဲ့ အပြိုင် အမျိုးသမီးတွေ ကားတိုးတက်ရတာ သက်သာသွားတာပေ့ါ။
    ဝီစီမှုတ်တဲ့ ကိစ္စကတော့ ဘယ်ဉာဏ်ကြီးရှင်ကများ စတင်တီထွင်လိုက်တယ် မသိ????? 🙁

  • ခပ် KING ကင်း

    February 25, 2012 at 9:22 pm

    သူတို့က အားတိုင်းယားတိုင်းမှုတ်နေရင် ဒုက္ခပဲ
    အမျိုးသားသီးသန့်ကား (မာမီတွေအတွက်က သက်သက်စီး) ပြေးဆွဲပေးပါဗျို့
    စီအိုင်အေ ကေဂျီဘေ မော့ဆက် စသုံးလုံးတို့ အချင်းအချင်းအပြိုင်ဖိုက်ကြပေါ့ဗျာ ….. 😛

  • nigimi77

    February 26, 2012 at 1:53 am

    သားတို ့လည်း ဝီစီပီပီ တွေ လိုတယ်

    ပြောများ မပြောလိုက်ချင်ဘူး

    ကလပ် ကိုများ ယောင်လို ့တော့ မသွားလိုက်နဲ ့

    ငယ်ပါတောင် ပြန်ပါလာသလား စမ်းကြည့်ရတယ်

    ဝိုင်းဆွဲလိုက်ကြတဲ့ အမျိုးသမီးတွေ

  • cobra

    February 26, 2012 at 1:03 pm

    သူတို့မှုတ်တိုင်းကျွန်တော်တို့ကခံရတော့မှာလား
    ဘာမှတောင်ရှင်းပြခွင့်မရတော့ဘူးလား
    အလကားသူများကို ဝင်ရိုက်မယ့်သူတွေကလည်းရှိသေးတယ်။
    ဟူးးးးးးးး မတွေးရဲစရာပဲ……..။

  • Mလုလင်

    February 26, 2012 at 1:22 pm

    မျက်မှန် ကြီးတကားကား နဲ့ ကြည့်မရဘူး ဟယ်။ မှုတ်တယ် ဟယ်၊ မှုတ်တယ် ဟယ် ဆိုလို့ကတော့ … မိန်းမ တွေထဲမှာထဲ အောက်တန်းကျတဲ့သူမရှိဘူးလို့ ပြောလို့မရသလို ယောက်ျားတိုင်းလဲ အောက်တန်းကျတာ မဟုတ်လေတော့ကာ .. ပြန်ရှင်းပြ လို့ရသည်ထားဦး။ အလုပ်နောက်ကျမယ်.. တခြား မလိုလားအပ်တဲ့. ကြန့်ကြာမှုတွေ ရှိလာနိုင်တယ်။ အဓိက နေရာကို ထိတယ် လို့ တရားလို ကဆိုလိုက်တာနဲ့ ပုဒ်မ ၃၇၆ ထိ ဆွဲကြီးလိုက်လို့ ရတာမို့ … ဘယ်လိုတွေဖြစ်လာမယ်ဆိုတာ စိတ်ဝင်တစား နဲ့ စောင့်ကြည့်ရမှာပါပဲ။ အင်း .. လိုင်းကားတိုးစီး မှအလုပ်သွားအလုပ်ပြန် မှန်၊ ရက်မှန်ကြေးရမှာ ထမင်းနပ်မှန် မှာမို့ … အရင်က စပယ်ယာ့မျက်နှာ ကြည့်ပြီး သူ့အလိုကျ စီးခဲ့ရတာကနေ .. ခုတော့ ဘယ်သူများ ထမှုတ်မလဲ ရယ်လို့ သူရို ့ မျက်နှာ ကြည့်ပြီး . စီးရတော့မှာပါပဲ …..
    လေးစားဖို့ နဲနဲခက်နေတဲ့
    Mလုလင်

  • Mical David ko Jar Yit

    February 26, 2012 at 4:48 pm

    အမ်မလေးလေး ယောင်လို့ အမှုတ်ခံရရင်ဖြင့် ပြေးမလွတ် ဂွိကနဲ မိခံရတော့မှာပါလား
    ကြောက်ကြောက်နဲ့ လမ်းလျှောက်ဖို့ရာကလည်း ခရီးက ဝေး သနဲ့
    အထင်မှား အမြင်မှားရင်ဖြင့် အမျိုးကောင်းသားတို့ ရေတိမ်နစ်ကြရတော့မဲ့ အဖြစ်
    အောင်မငှီးးးးးးးးးးးးးးးးးးးးးး

  • Readermaung

    February 26, 2012 at 6:15 pm

    ဝီစီဆိုလို့… သတိရတာလေးတခုက
    ကျောင်းတက်တုန်းက သူငယ်ချင်းတွေစုပြီး
    ပုဂံညောင်ဦးပုပ္ပါးဘက်ဘုရားဖူးသွားကြတာ…
    ဘုရားဈေးတန်းကမြေနဲ့လုပ်တဲ့ချိုးရုပ် ဝီစီလေးတွေသဘောကျပြီး
    ဝယ်လာကြတာ……. အပြန်ကားပေါ်တက်ခါနီးတော့ ကားသမားကြီးကို နောက်ခန်းက ဝီစီမှုတ်သံကြားရင်
    ကားရပ်လိုက်နော်လို့ပြောခဲ့တာ…
    လမ်းမှာ ဘေးနားကသူငယ်ချင်းတယောက်အိပ်နေတာတွေ့တော့
    အမြင်ကပ်တာနဲ့ နားနားကပ်ပြီးဝီစီမှုတ်ထည့်လိုက်တာ…. (ကားသမားကိုပြောထားတဲ့စကားလည်းမေ့သွားပြီလေ)…. 😛
    နောက်ကဝီစီမှုတ်သံကြားတော့ ကားသမားကလည်းယောင်ပြီးကားရပ်လိုက်တာ…
    ကားကကုန်းဆင်းကြီး….ကံကောင်းလို့မသေကြတယ်…
    အတူပါလာတဲ့ လူကြီးတွေဆူတာခံလိုက်ရတာလည်းမပြောနဲ့တော့….
    အမှတ်တရပါပဲ……….
    ပြောချင်တာက …… ကားပေါ်မှာမျက်လုံးလေးမှေးပြီးငိုက်နေတဲ့လူတွေရင်
    ကိုယ်လို အသည်းယားပြီးဝီစီမှုတ်နှိုးချင်တဲ့လူမပါဘူး…..ပြောနိုင်ဘူးလေ…
    အဲဒါဆိုရင်ရော……… 😕

    • စိန်ပေါက်ပေါက်

      February 26, 2012 at 6:22 pm

      အဲလိုဆိုရင်တော့ တပြီချရာပေါ့ဂျာ
      ဪ..ဝီစီ..ဝီစီ
      ဘာတွေ သောက်တလွဲကြားရဦးမလဲ မြင်ယောင်မိပါသေးတယ်..ဝီစီရယ်

  • three colors

    February 26, 2012 at 6:48 pm

    အမျိုးသမီးသီးသန့်ကားများ ကားကျပ်ချိန် မနက်ပိုင်း နဲ့ညနေပိုင်းများတွင် အစီးရေ တိုးဆွဲပေးပြီး အမျိုးသမီးများ စောင့်စီးနိုင်ဘို့ အချိန်ကိုကျေညာ၍အတိအကျ ပြေးဆွဲ ပေးသင့်ပါတယ်။

  • “ဘီလူးကြီး”ogre

    February 26, 2012 at 7:44 pm

    ဝီစီကို ငယ်ငယ်တုန်းက“ ပီပီ”လိုခေါ်သဗျ
    “ ပီပီ” မပါတဲ့ မမ တွေဆိုရင် အခြော်တကောက်လို့ ထင်မှာစိုးရတယ်နော်
    ထူးပါပေ့ ဆန်းပါပေ့ မြန်မာပြည်ရယ် 🙂 🙂

  • ဟယ် ကိုဘီလူးကြီးပြောလိုက်မှ ဟုတ်နေပြန်ပီ။ဒါလဲ ပြဿနာဗျ။
    ဟိုတစ်မျိုးကောင်းမလား၊ဒီတစ်နည်းကောင်းမလား အစမ်းသုံးတဲ့
    နည်းလမ်းတွေ အသုံးများတာ မြန်မာပြည်ပါဗျ။အတည်တကျမရှိ၊
    ပြဿနာရဲ ့ဇာစ်မြစ်ကိုမရှာဘဲ မယောင်ရာဆီလူးနေကြ၏။

  • MaMa

    February 26, 2012 at 8:13 pm

    တွေးကြည့်မိသလောက်တော့ မိန်းကလေးတွေထဲမှာ အလကားနေရင် အမြင်ကပ် ပုဒ်မနဲ့ မှုတ်ဖို့နေနေသာသာ ဝီစီမှုတ်ဖို့ သတ္တိရှိတဲ့လူတောင် ခပ်ရှားရှားဖြစ်မယ်ထင်တယ်။
    တကယ်သာ သတ္တိရှိတဲ့လူဆိုရင် ဝီစီမှုတ်စရာတောင် မလိုဘူး။
    ကိုယ့်ကိစ္စ ကိုယ့်ဖာသာ အသံမထွက်ပဲ ရှင်းနိုင်တဲ့နည်းတွေ အများကြီး ရှိနေတာပဲ။

  • etone

    February 27, 2012 at 11:01 am

    ဝီစီတွေ အလကားဝေနေဒယ်ဆိုပါလား …. သွားပါပြီ … လမ်းလည်ခေါင် ဝီစီရောင်းမယ့်ကိစ္စတော့ … ကုန်ပါပြီ ကုန်ပါပြီ … ဟွန် ့ 😥

    အဲ့ဒီဝီစီမှုတ်ရမှာတောင် … ရှက်နေမယ့်လူ ရှိလျှင် ရှိနေဦးမှာ 😀

    ဝီစီမှုတ်လိုက်မှ .. တကားလုံး သိပြီး .. လူသိရှင်ကြားဖြစ်ကုန်မယ် ….ဝီစီမမှုတ်ပဲ .. တကိုယ်တော် ကြိတ်ဖြေရှင်းတာကမှ ဟုတ်တုတ်တုတ်… :mrgreen:

Leave a Reply