ကျားရဲလည်းသေ တောလည်းကြေ

KingFebruary 25, 20121min2328

မိုးအတိတ်မှာ
စိုးထိတ်ခဲ့တဲ့
မင်းရဲ့အကြင်နာ
ဆောင်းအကူးမှာ
မပြောင်းဘူးလို့ပဲ
ငြင်းခဲ့ ငြင်းခဲ့
နွေအရောက်မှာ
ဗွေဖောက်ခဲ့တဲ့
မင်းရဲ့သစ္စာကြောင့်
နွေဦးအလယ်မှာ
ခြေဦးတည်စရာမရှိ
အခုတော့လည်း မောင့်ရဲ့ဘဝ
ကျားရဲလည်းသေ တောလည်းကြေခဲ့ပြီပေါ့ …

8 comments

  • ဪ … မင်း မင်း ..
    ငါ့ အသည်းကို ခွဲရက်လေခြင်း …
    အသည်းအထက်က မင်း …
    သစ္စာကို ဖျာလို ခေါက်တဲ့ မင်း …

    အဟဲ .. ကျနော်လည်း ဝင်ပွားသွားပါတယ် ကိုကင်းရေ …. 😀

  • windtalker

    February 25, 2012 at 2:18 pm

    နွေဦးမှာ လေအရူးကြောင့်
    ခပ်မှောင်မှောင်ဖြစ်ခဲ့ရတာလား
    ပုလင်းထောင်တဲ့ မင်းကောင်
    အကျဉ်းထောင်မှာ ဝင်းပြောင်

  • kotun winlatt

    February 25, 2012 at 3:14 pm

    နွေးးဦးးးမှာ ထန်းရေမူးးကာ
    ဆြာပေတစ်ယောက်…
    ယိုင်ကာမှောက်…..
    (ဟဲ..ဟဲ..)
    အဲ့တာက ဆြာပေ့ အတွက်…
    _____________________
    ကျားရဲလည်းသေ တောလည်းကြေခဲ့…
    ကိုကင်းးအတွက်…
    ဘယ်သူရက်စက်ခဲ့တာလဲဟယ်….
    ဒါ..ကိုခပ်ကင်းးကင်းးးအတွက်…

  • စိန်ပေါက်ပေါက်

    February 25, 2012 at 3:18 pm

    အရင်နှစ်က
    မကြည့်ဖြစ်ခဲ့လို ့
    ဒီတစ်နှစ်မှာ
    အပီကစ်မယ် ကြံကာမှ
    မင်းကောင်ကို
    တင်းအောင်လုပ်ပြီး ဝီစီမှုတ်သွားရက်လေသူရေ
    နောင်နှစ်မှာ
    ပြန်ဆုံဖြစ်ရင်တောင်
    မင်းစီးမဲ့ကား..
    ဝေါင်ဝေါင်ရှေးပါရစေတော့ကွယ်

    • windtalker

      February 25, 2012 at 3:23 pm

      ကျားကြောက်လို ့ပေါက်ဖော် အားကိုး
      ပေါက်ဖော် ခေါ်တော ထက်ဆိုး

  • ကိုကင်းရေ ကဗျာလေးအားပေးဖတ်ရှုပြီးပွားသွားပါတယ်။
    ဒီနေရာလေးမှာ ကပြောင်းသွားတာလို ့ရေးတာလား၊ပြောင်တာလားခင်မျာ။

    “”ဆောင်းအကူးမှာ
    မပြောင်ဘူးလို့ပဲ”

  • ခပ် KING ကင်း

    February 25, 2012 at 9:33 pm

    @ မဟာရာဇာ အံစာတုံး ရေ
    မရခင်က သစ္စာကို ဖျာလိုထိပ်မှာတင်
    ရပြီးတော့ ချနင်းတဲ့ မိန်းကလေးနဲ့ တွေ့ခဲ့ပြီထင်ပါ့ … 😆

    @ ကိုပေရေ
    အကျဥ်းထောင်မှာ ဝင်းမပြောင်တဲ့ရက်ရှိပါတယ်
    နိုင်ငံခြားကလူတွေလာစစ်ရင် … 😛

    @ kotun winlatt
    ဘယ်သူရက်စက်သလဲဆိုတော့ ပြန်ပြောပြဖို့ တော်တော်ခက်လိမ့်မယ် … 😛

    @ ကပေါက်ဖော်
    အရင်နှစ်က
    မကြည့်ဖြစ်ခဲ့လို ့
    ဒီတစ်နှစ်မှာ
    အပီကစ်မယ် ကြံကာမှ
    မင်းကောင်ကို
    တင်းအောင်လုပ်ပြီး ဝီစီမှုတ်သွားရက်လေသူရေ
    နောင်နှစ်မှာ
    ပြန်ဆုံဖြစ်ရင်တောင်
    မင်းစီးမဲ့ကား..
    ဝေါင်ဝေါင်ရှေးပါရစေတော့ကွယ်

    ကဗျာလေးအတွက်ကျေးဇူးပဲ
    အခုလည်း မှုတ်မယ့်အသံ မကြားချင်သူမို့
    သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရင်း လမ်းပဲလျှောက်တော့မယ် … 🙂

    @ မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
    ဟူးးးးးးးးးးးးး နာမည်ရေးရင်းနဲ့ တော်တော်ညောင်းသွားပြီ ….
    း ပေါက် ကျန်ခဲ့လို့ပါ …
    အမှားပြင်လို့
    နှစ်ပါးခွင်မှာ
    စုံချင်ပါတယ် … ဟိုက် … မှားကုန်ပီ …. 😆

  • aye.kk

    February 26, 2012 at 7:11 am

    သုံးနဲ့လေးက…
    သစ္စာပျက်ယွင်း..
    ချစ်ခြင်းကြေမွ..
    ပျက်စီးရသည်..
    နှစ်ဦးဘဝ..
    အတိတ်ကံ၏ဝဋ်ကြွေးတည်း။

Leave a Reply