မင်္ဂလာပါ ခင်ဗျာ ။
သောကြာနေ့ အတွက် ကျွန်တော်ရွေးခြယ်ခဲ့တဲ့ မိုချင်ဂလာဘတ် ဟာ ၄၅မိနစ်မှာ ၁-၀ ဖြင့် ဦးဆောင်ခဲ့လို့  ၊ ပြန်အိပ်မလို့ ရှိသေး ၊ ၅၆ မိနစ်မှာ ဟမ်းဘတ် က တစ်ဂိုးပြန်သွင်းသွားခဲ့လို့ ၊ စိတ်ပျက်လက်ပျက် အိပ်ရေးပျက် ခဲ့ရပါတယ် ။ သည်ကနေ့ စနေည မှာ အကောင်းဆုံးဖြစ်မယ် လို့ တွေ့ ရှိမိတာလေးတွေကို ရေးတင်လိုက်ပါပြီ ။
ပွဲစဉ်များနဲ့ အချိန်များမှာ
ပရီးမီးယားလိဂ်
9.30 ချဲဆီး(၅) – ဘော်တန်(၁၉)
9.30 နယူးကာဆယ်(၆) – ဝုဗ်(၁၈)
9.30 ကျူပီအာ(၁၆) – ဖူဟမ်(၁၂)
9.30 ဝက်ဘရွန်း(၁၄) – ဆန်းဒါးလန်း(၉)
9.30 ဝီဂန်(၂၀) – အက်စတွန်ဗီလာ(၁၅)
12.00 မန်စီးတီး(၁) – ဘလက်ဘန်း(၁၇)
ဘွန်ဒက်လီဂါ
9.00 အော့ဘတ်(၁၇) – ဟာသာဘာလင်(၁၅)
9.00 မိန့် ဇ်(၁၃) – ကိုင်ဇာစလော့တန်(၁၆)
9.00 ကိုလုံး(၁၄) – လီဗာကူဆင်(၆)
9.00 စတုဂတ်(၁၀) – ဖရိုင်းဘတ်(၁၈)
9.00 ဝုဘတ်(၉) – ဟော့ဖန်ဟိမ်း(၁၁)
12.00 ဝါဒါဘရီမင်(၅) – နုရင်ဘတ်(၁၂)
စီးရီးအေ
11.30 ဂျီနိုအာ(၁၂) – ပါးမား(၁၆)
2.15 အေစီမီလန်(၁) – ဂျူဗင်တပ်(၂)
လာလီဂါ
11.30 ဘက်တစ်(၁၂) – ဂီတာဖေး(၁၄)
11.30 ရေဆင်း(၁၈) – ဂီဂျွန်(၁၉)
1.30 မာလာဂါ(၉) – ဇာရာဂိုဇာ(၂၀)
3.30 အက်စ်ပန်ညို(၅) – လီဗန်တေး(၇)
…………………………………………….
ကျူပီအာ(၁၆) – ဖူဟမ်(၁၂)
ကျူပီအာ ပရီးမီးရီးယားလိဂ်၂၅ပွဲကန်အပြီး ၅ နိုင် ၊ ၆ သရေ ၊ ၁၄ ရှုံး ၊ ရဂိုး၂၇ ပေးဂိုး၄၄ ၂၁မှတ်
ဖူဟမ် ပရီးမီးယားလိဂ်၂၅ပွဲကန်အပြီး ၇ နိုင် ၊ ၉ သရေ ၊ ၉ ရှုံး ၊ ရဂိုး၃၁ ပေးဂိုး၃၆ ၃၀မှတ်
ကျူပီအာ အခုပွဲမကန်ခင် ကစားခဲ့တဲ့ငါးပွဲမှာ ရှုံး ၊ ရှုံး ၊ သရေ ၊ ရှုံး ၊ နိုင်
ဖူဟမ် အခုပွဲမကန်ခင် ကစားခဲ့တဲ့ငါးပွဲမှာ နိုင် ၊ ရှုံး ၊ သရေ ၊ ရှုံး ၊ နိုင်
ကျူပီအာ ၏ ဖြစ်နိုင်ဖွယ်ကစားသမားများမှာ
ဂိုး Kenny
နောက် Young, Ferdinand, Gabbidon, Taiwo
လယ် Mackie, Barton, Buzsaky, Wright-Phillips
ရှေ့ Zamora, Macheda
ဖူဟမ် ၏ ဖြစ်နိုင်ဖွယ်ကစားသမားများမှာ
ဂိုး Stockdale
နောက် Kelly, Senderos, Hangeland, Riise
လယ် Etuhu, Murphy
လယ် Ruiz, Dempsey, Dembele
ရှေ့  Pogrebnyak
ပထမအကျော့ ဖူဟမ် အိမ်ကွင်းတွင် ကန်ခဲ့တုန်းက ဖူဟမ် က ၆-၀ ဖြင့် နိုင်ခဲ့သည် ။
ကျူပီအာ နိုင်ပွဲမရှိသည်မှာ တစ်လကျော်ခဲ့ပြီ ဖြစ်သည် ။
ကျူပီအာ နောက်ဆုံးကန်ခဲ့သော ၆ ပွဲမှ စုစုပေါင်း ၄ မှတ် သာ ရရှိခဲ့ပြီး ဖူဟမ် ကတော့ ၁၀ မှတ် ရရှိခဲ့သည် ။
ယခု ကျူပီအာ တိုက်စစ်မှူး “ ဇာမိုရာ ” မှာ ၊ ပရီးမီးယား ပထမပိုင်းတုန်းက ဖူဟမ်ကစားသမားဖြစ်ခဲ့ပြီး ၊ ဖူဟမ် က ကျူပီအာ ကို ၆-၀ ဖြင့် နိုင်ခဲ့သော ပွဲတွင် ဖူဟမ် ဘက်မှ ကျူပီအာ ဘက် သို့ ဂိုးသွင်းနိုင်ခဲ့သည် ။
ယခုပွဲတွင် နှစ်သင်းစလုံး ကစားသမားချင်း မကွာလှပေ ။
အာရှဘူကီများက ယခုပွဲကို ဒဲ့ ဖွင့်ထားသော်လည်း ၊ သည်ဘက် ဈေး မှာ ကျူပီအာ သရေ ဆိုလျှင် ၂၀% ရှုံး ဖွင့်ထားသည် ကို တွေ့ ရသည် ။
ဖူဟမ် ကို ခေါ်ထားခြင်းဖြစ်ကြောင်း သိသာလှသည် ။
ဖူဟမ်အနေဖြင့် သည်ပွဲနိုင်လဲ ဘာမှ အခြေအနေ ထွေထူးပြောင်းလဲမှု ရှိမှာ မဟုတ်သော်လည်း ကျူပီအာ အနေဖြင့်မူ တန်းဆင်းဇုန် မှ လွတ်ကင်းရန် အနိုင်လိုအပ်နေသည် ။
ပြီးခဲ့သော အပတ်တုန်းက ဖူဟမ် က ခြေစွမ်းမာသော စတုတ် ကို အိမ်ကွင်းတွင် နိုင်ခဲ့ပြီး ကျူပီအာ က ဘလက်ဘန်း အိမ်ကွင်းတွင် ၃-၂ ဖြင့် ရှုံးခဲ့သည် ။
ယခုပွဲသည် သရေကျရန် ၄၀% ရှိပြီး အနိုင်ဆိုပါက
တန်းဆင်းဇုန်မှ လွတ်အောင်ရုန်းနေသည့် စိတ်ဓါတ်ပိုကောင်းသည့် ““ ကျူပီအာ ”” ကိုဘဲ ရွေးခြယ်ရမည် ဖြစ်သည် ။
……………………………………………………
အက်စ်ပန်ညို(၅) – လီဗန်တေး(၇)
အက်စ်ပန်ညို လာလီဂါ၂၃ပွဲကန်အပြီး ၉ နိုင် ၊ ၆ သရေ ၊ ၈ ရှုံး ၊ ရဂိုး၂၆ ပေးဂိုး၂၇ ၃၃မှတ်
လီဗန်တေး လာလီဂါ၂၃ပွဲကန်အပြီး ၉ နိုင် ၊ ၅ သရေ ၊ ၉ ရှုံး ၊ ရဂိုး၃၂ ပေးဂိုး၃၄ ၃၂မှတ်
အက်စ်ပန်ညို အခုပွဲမကန်ခင် ကစားခဲ့တဲ့ငါးပွဲမှာ သရေ ၊ ရှုံး ၊ သရေ ၊ နိုင် ၊ ရှုံး
လီဗန်တေး အခုပွဲမကန်ခင် ကစားခဲ့တဲ့ငါးပွဲမှာ ရှုံး ၊ ရှုံး ၊ သရေ ၊ ရှုံး ၊ ရှုံး
ပထမအကျော့ လီဗန်တေး အိမ်ကွင်းတွင် တွေ့ တုန်းက လီဗန်တေး က ၃-၁ ဖြင့် နိုင်ခဲ့သည် ။
လက်ရှိအချိန်တွင် ၂ သင်းစလုံး ခြေစွမ်းပျက်နေကြပြီး ၊ လီဗန်တေး က ပိုဆိုးသည် ။
အထူးသဖြင့် လီဗန်တေး နောက်တန်းသည် စုတ်ပြတ်နေပြီး ပြီးခဲ့သောငါးပွဲတွင် ပေးဂိုး ၁၅ဂိုး ရှိသည် ။
သည်နှစ်သင်းတွေ့ ဆုံခဲ့မှုများမှာ
Sep 25, 2011 Levante 3 – Espanyol 1
Mar 6, 2011 Levante 1 – Espanyol 0
Oct 24, 2010 Espanyol 2 – Levante 1
May 4, 2008 Levante 1 – Espanyol 1
Dec 15, 2007 Espanyol 1 – Levante 0
အက်စ်ပန်ညို အနေဖြင့် သည်ရာသီခြေအရ ချန်ပီယံလိဂ် ဝင်ခွင့်ရရန် အထူးကြိုးစားခဲ့သည် ကို တွေ့ ရသည် ။ လက်ရှိတွင်လည်း အဆင့်၎ နေရာမှ ဘီဘာအို နှင့် ရမှတ်တူနေသဖြင့် ၊ ယခုလို ခြေစွမ်းအကျပိုင်းရောက်နေသည့် လီဗန်တေး လို အသင်းမျိုး ကို အိမ်ကွင်းတွင် ကန်ရချိန်မှာ အနိုင်၃မှတ် ကို သေချာပေါက် ရှာဖွေမည် ဖြစ်သည် ။
အာရှဘူကီများ၏ ဖွင့်ဈေးမှာ အက်စ်ပန်ညို တစ်ဂိုးဆိုလျှင် ၅၀% အမြတ် ဖြစ်သော်လည်း ၊ သည်ဘက် ဖွင့်ဈေးမှာ အက်စ်ပန်ညို တစ်ဂိုးဆိုလျှင် ၄၀% သာ အမြတ် ရမည် ဖြစ်သည် ။
လေ့လာမှုအရ အက်စ်ပန်ညို တစ်ဂိုးအသာနှင့် နိုင်မည် ဟု ခန့် မှန်းထားကြသည် ကို တွေ့ ရသည် ။
မည်သို့ ပင် ဖြစ်စေကာမူ ယခုပွဲအတွက်
““ အက်စ်ပန်ညို ”” ကို ရွေးခြယ်လိုက်ပါသည် ။ တစ်ဂိုးတော့ အနည်းဆုံးပြတ်ပါမည် ။
……………………………………………..
……. အားလုံး အောင်မြင်ပါစေ …….

About မောင် ပေ

မောင် ပေ has written 396 post in this Website..