ဒုက္ခသည် စခန်းတွင်းအခြေအနေ ပြောကြားသူများအား စခန်းတာဝန်ခံ အချို ့ကအန္တရာယ်ပေး

guestktyJune 5, 20101min560

ဒုက္ခသည် စခန်းတွင်းရှိ အခြေအနေ များ ကို သတင်းဌာန များ ကိုပြောပြသော သူများ အား
စခန်း တာဝန်ရှိ သူများ မှ လုံခြုံရေး အတွက် ဆိုကာ လိုက်လံ ရှာဖွေ ဖမ်းဆီး နှိပ်စက် မှု များ
ပြုလုပ်နေ သောကြောင့် စခန်း တွင်း ရှိ ဒုက္ခသည် အများ စု မှာ စိုးရိမ်ထိတ်လန် ့နေကြသည်။

မဲဆောက်မြို့တောင်ဘက်ရှိအုန်းပြန့်ကရင်ဒုက္ခသည်စခန်း အတွင်းမှ မိသားစုတစု စခန်းအနီး တောင်ယာစိုက်ခင်းဟောင်းမှ ပိုးသတ်ဆေးဖြန်းထားသော ဟင်းသီးဟင်းရွက် စားပြီး ဖခင်နှင့် သမီးတို့သေဆုံးပြီး မိခင်ဖြစ်သူမှာ စခန်းတွင်း AMI ဆေးရုံးတွင် ကုသနေရကြောင်း သတင်းထုတ်လွှင့်အပြီး အုန်းပြန့်ဒုက္ခသည်စခန်းတွင်းလက်ရှိအခြေအနေကို စခန်းတွင်းနေထိုင်သူအချို့မှ Freedom News Group သို့ သူတို့၏ စိုးရိမ်ပူပန်မူများကို ပြောပြပါသည်။

စခန်းတွင်းဖြစ်ပေါ်နေသော အခြေအနေများကို နိုင်ငံတကာမှသိရှိစေရန် မီဒီယာသို့တင်ပြလို သော်လည်း စခန်းအုပ်ချုပ်ရေးကော်မတီမှ တင်းတင်းကြပ်ကြပ်ပိတ်ပင်ထားကြောင်း၊ သတင်းဌာနများသို့ ပြောကြားသူများကို ပြင်းပြင်းထန်ထန် အရေးယူဖို့လိုက်လံစုံစမ်းကြောင်းများကို ဇုန် အေတွင်နေထိုင်သော ကျမ္မာရေးဝန်ထမ်းတဦးမှပြောပြပါသည်။ ‘ မယ်လဒုက္ခသည်စခန်းတွင် သွေးလွန်တုတ်ကွေး၊ ဝမ်းရောဂါ စသောရောဂါများဖြစ်ပွားလာပါက သတင်းမီဒီယာများသို့ စခန်းပြောရေးဆိုခွင့်ရှိသူမှ ချက်ခြင်းသတင်းထုတ်ပြန်မှုရှိသောကြောင့် နိုင်ငံတကာအင်ဂျီအိုများမှချက်ခြင်းကူညီဖြေရှင်းပေးသဖြင့် စခန်းသူစခန်းသားများ သက်သာမှုရရှိကြောင်း “ ပြောပြပါသည်။ ယ္ခုကဲ့သို့ ပိုးသတ်ဆေးဖြန်းထားသော ဟင်းသီးဟင်းရွက်များစားသုံးမှုသေဆုံးရကြောင်းကို စခန်းကော်မတီမှ စခန်းသူစခန်းသားများ သိစေရန် ကြေညာသတိပေးခဲ့သော်လည်း ရေဒီယို အသံလွှင့် အစီအစဉ် တစ်ခုတွင် တွင် စခန်းတွင်းအခြေအနေများကို ပြောပြခဲ့သော ဘုန်းကြီးတပါးနှင့် အခြားသူများကိုစခန်းအုပ်ချုပ်ရေးမှလိုက်လံစုံစမ်းနေမှုကိုမိမိနားမလည်ကြောင်း၊ပြောကြားခဲ့သောဘုန်းကြီးတပါးနှင့်အခြားဖြေကြားသူများကို သတင်းထောက်မှ နာမည်များထုတ်ဖေါ်မပြောပြ၍ ထိုသူများသက်သာရာရကြောင်းများကိုအဆိုပါကျမ္မာရေးဝန်ထမ်းကပြောပြပါသည်။

ဆက်လက်ပြီး စခန်းတွင်းနေထိုင်ထိုင်သူများကို ဆက်လက်စုံစမ်းမေးမြန်းကြည့်ရာ စခန်းတွင်းတွင်လူဦးရေ ၃သောင်းနီးပါးစာရင်းရှိသော်လည်း ၂၀၁ဝခုနှစ်တွင် UNHCR အသိအမှတ်ပြုခြင်းမခံရသေးသောလူသစ်(ဒုက္ခသည်အသိအမှတ်ပြုရန် စောင့်ဆိုင်းနေသူ ) ဦးရေ သိသိသာသာလျော့သွားကြောင်း

လက်ရှိမြန်မာနိုင်ငံရေးအခြေအနေအကျပ်အတည်းများကြောင့်စားဝတ်နေရေးအဆင်မပြေမှုများ ကြောင့် တတိယနိုင်ငံ သို့အလွယ်တကူထွက်ခွာခွင့်ရသော ထိုင်းနိုင်ငံနယ်စပ်ရှိ ဒုက္ခသည်စခန်းများသို့ မြန်မာနိုင်ငံအနှံအပြားမှာ မြန်မာနိုင်ငံသားများ သည် ၂၀ဝရ၊ ၂၀၀၈၊ ၂၀၀၉ ခုနှစ်များတွင်

ဝင်ရောက်ခဲ့ကြသည်။ ထိုသူသူများသည် UNHCR အသိအမှပြုခံရပြီးလျင် အမေရိကန်၊နော်ဝေ၊ ဩစတေးလျ၊ စသော နိုင်ငံများသို့အခြေချနေထိုင်ကြရန် ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာကြခြင်း ဖြစ်သည်။ထိုသူများရောက်ရှိလာချိန်မှစပြီးစခန်းတွင်း လာဘ်ပေးလာဘ်ယူမှုများဖြစ်ပေါ်လာသည်ဟု ၉နှစ်ကျော်ဒုက္ခသည်စခန်းတွင် နေထိုင်သူဒုက္ခသည်တဦးကပြောပြသည်။ “သူတို့ကငွေကြေးတတ်နိုင်ကြတယ်၊ စခန်းရုံးကသူတွေကိုလည်းပိုင်ကြတယ်။” သူတို့က ဘယ်သူတွေလည်းဟု မေးမြန်းကြည့်ရာ ရန်ကုန်နဲ့ မိုးကုတ် လာကြတဲ့ ဗမာ၊ဂေါ်ရခါးတွေ ဘန်ကောက်ကနေဆင်းလာကြတဲ့ မွန်တွေ လည်းပါတယ်။ လို့ရှင်းပြပါတယ်။

အခုတော့ လူသစ်ကအရမ်းနည်းသွားပါပြီ။ အုန်းပြန့်ဒုက္ခသည်စခန်းမှာ UNHCR က လတ်တလောအခြေအနေမှာ ဒုက္ခသည်အသိအမှတ်ပြုခြင်းဆောင်ရွက်မှု အစီအစဉ် မရှိသေးကြောင်း၊

၂၀၁ဝ ရွေးကောက်ပွဲပြီးလျင် ဒုက္ခသည်များနေရပ်ပြန်ပို့မည်ဟု သတင်းများထွက်ပေါ်နေခြင်း၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူတွင် UNHCR မှ ဒုက္ခသည်အသိအမှတ်ပြုလုပ်ငန်းများ စတင်နေသော ကြောင့် မလေးရှားနိုင်ငံသို့ထွက်ခွာသွားကြကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းတဦး ကပြောပြပါတယ်။ “ တကယ်ကို ငွေတတ်နိုင်တဲ့သူတွေဘဲဗျာ၊ဒီဒုက္ခသည် စခန်းကနေ ဘတ်ငွေ တယောက်ကို ၂၅၀၀ဝ ဆီအကုန်ခံပြီး မလေးရှားကိုသွားကြတာဗျ။ “ ကျွန်တော်တို့က မဲဆောက်တောင် စခန်းက ခွင့်လက်မှတ်နဲ့ အလည်သွားရင် ကားခ အသွား ဘတ် ၈၀၊ အပြန် ဘတ်၈ဝ မတတ်နိုင်ပါဘူးဗျာ။ “ ဒီမှာက နိုင်ငံရေးလုပ်ပြီးထွက်ပြေးလာတဲ့သူတွေအများကြီးဗျ။ ဘယ်မှာ ဘယ်အဖွဲ့မှာ လုပ်ခဲ့ကြတာလည်းတော့မသိရဘူး စက်တင်ဘာအရေးအခင်းကို တကယ်ပါဝင်

ခဲ့သူတွေထက်တောင် တိတိကျကျပြောနိုင်ကြတယ်။ တချို့ဆို စက်တင်ဘာမှတ်တမ်းခွေတွေ၊အလွတ်ရအောင်ကြည့်ထားကြတာ။ နောက်တချို့ က ထောင်သမိုင်းတောင်ကျေညက်အောင်လေ့လာထားကြတယ်။ ကျွန်တော်ရပ်ကွက်မှာ ၂၀၀၉ တုန်းက လူဦးရေ ၁၀၀ဝနီးပါးရှိတယ်။ အခု၃၀ဝတောင်မပြည့်ချင်တော့ဘူး။ကျွန်တော်တို့ကတော့ပြေးစရာငွေလည်းမရှိ၊မြေလည်းမရှိပါဘူးဗျာ၊တကယ်လို့ UNHCRအသိအမှတ်ပြုအစီအစဉ်စရင်လူသစ်တွေကပြန်ပြည့်လာမှာပါဘဲ။ဟု အဆိုပါနိုင်ငံရေး အကျဉ်းသားဟောင်း ကပြောပြပါတယ်။

ဒုက္ခသည်အသိအမှတ်ပြုခံရပြီး အမေရိကန်နိုင်ငံမှ လက်နက်ကိုင်အဖွဲ့တွင်ပါဝင်ပါတ်သက်ခဲ့သော ကြောင့် အမေရိကန်အခြေနေထိုင်ဖိုကငြင်းပယ်ခံထားရသူတဦး က လက်ရှိစခန်းတွင်းအခြေအနေ ကို နာနာကျည်းကျည်းရှင်းပြပါတယ်။” အခုစခန်းထဲမှာနေရတာဘာမှကို

အဆင်မပြေတော့ဘူး၊ အရင်တုန်းကအဆင်မပြေပေမယ့်နေလို့ရတယ်။ အခု စခန်းဝန်းကျင်မှာ ထင်းတွေခုတ်လို့ တောကပြုန်းပြီ၊ တောင်ပေါ်ကကျလာတဲ့ ရေတွေကို လိုက်လေးတွေလုပ်ထားပြီး သုံးနေတာ မနှစ်ကထိအဆင်ပြေတယ်။ အခုအဲဒ်အိုက်လေတွေခမ်းသွားပြီ။ ARC ကပေးတဲ့ရေကလည်း အခုမလောက်ဘူး။ နောက်ပြီးရေကမသန့်လို့ ယားနာတွေလည်း ပေါက်နေကြတယ်။ “

“ စခန်းမှာရွေးကောက်ပွဲပြီးလို့ အုပ်ချုပ်ပြောင်းလို့ကောင်းမလားထင်ပါတယ်။ နအဖထက်ဆိုးနေပြီဗျ။

အရင်ကရပ်ကွက်အတွင်းမှာ ပြသနာဖြစ်ရင် ရပ်ကွက်တွင်းမှာဘဲညှိနိုင်းအဆင်ပြေသွားကြတယ်။

ကြီးတဲ့အမှုငယ်စေပေါ့ဗျာ။ အခုအဲလိုမဟုတ်ဘူး ။ ကျွန်တော်ပြောခြင်တာက စခန်းအုပ်ချုပ်ရေးကော်မတီတခုလုံး
မဟုတ်ပါဘူး။ စခန်းမှာက လူမှုရေးရာ၊ ရိက္ခာဆိုင်ရာ၊ ပညာရေး၊ စခန်းလုံခြုံရေး စသလို ကော်မတီတွေဖွဲ့ပြီး အလုပ်လုပ်ကြတယ်။ ရပ်ကွက်တွေမှာလည်းဒီအတိုင်းဘဲ ဖွဲ ့စည်းထားတယ်။

အခုပြောပြချင်တာက စခန်းအုပ်ချုပ်ရေးမှုး မန်းထွန်းနောင် တက်လာပြီးမှ ဘာပြသနာဖြစ်ဖြစ် ငွေတောင်းလွန်းတယ်။ တခုတော်သေးတယ် ပြီးခဲ့တဲ့နှစ်ကလို ချဲတွေ၊ ဘောလုံးလောင်းကစားတွေ ငြိမ်သွားလို့။ နောက် ၁၆ရပ်ကွက် လုံခြုံရေးမှုး ကိုကိုမောင်ဆိုရင် သူကို တင်ပေးလိုက်မှ တရပ်ကွက်လုံး ဒုက္ခရောက်တော့တာဘဲ။ ဘာအကြောင်းဘဲဖြစ်ဖြစ် စခန်းရုံးအချုပ်ကိုပို့တော့တာဘဲ။

ဧပရယ်ပထမပါတ်တုန်းက ဂေါ်ရခါးလူငယ်တယောက်ကို ကိုကိုမောင်ရဲ့ သူငယ်ချင်း တယောက်အသုံးချပြီး မြင်းဆေး ( ယာဘ ) ဝယ်ခိုင်းတယ်။ ပြီးတော့ထောင်ဖမ်းတယ်။ စခန်းအချုပ်ရောက်တော့ ရောင်းတဲ့သူဘဲဖမ်းပြီး၊ ဝယ်တဲ့သူကို ပြန်လွတ်လိုက်တယ်။ ရောင်းတဲ့သူကို

စခန်း လုံခြုံရေးမှုးက အမှုကလွတ်ခြင်ရင် ဘတ်၉၀၀ဝ ပေးရမယ်တောင်းတယ်။

နောက် ပြီးစခန်းတွင်းမှာ ကိုယ်အိမ်ဧည့်သည်လာရင် ဧည့်စာရင်းတိုင်ရတယ်။ မတိုင်ရင် အရေးယူခံရတယ်။ ပြီးခဲ့တဲ့ ၂ပါတ်လောက်က ၁၆ရပ်ကွက်က အိမ်တအိမ်ကို ကိုကိုမောင်နဲ့အဖွဲ့ က ဧည့်စာရင်းဝင်စစ်ပြီးဖမ်းသွားတယ်ကြားတယ်။နောက်ငွေယူပြီးလွတ်လိုက်တယ်တဲ့ တော်တော်ပေးလိုက်ရတယ် လို့စခန်းထဲမှာသတင်းထွက်နေတယ်။” ကျွန်တော်တို့မှာ သွားစရာကမရှိတော်တော်ကိုဒုက္ခရောက်ကြရတယ်ဗျာ။ စခန်းလုံခြုံရေးမှုးနဲ့ ၁၆ရပ်ကွက် လုံခြုံရေးမှုး ပြောင်းသွားရင် ဒုက္ခသည်စခန်းမှာ ဒုက္ခတဝက်ငြိမ်းသွားမှာပါဗျာ” လို့ပြောပြခဲ့ပါတယ်။

ဧည့်စာရင်းမတိုင်လို့ ဖမ်းပြီးငွေညစ်ခံရတဲ့ ကာယကံရှင်ကို ဆက်သွယ်မေးမြန်းကြည့်ဖို့ကြိုးစား သော်လည်း ထိုမိသားစုမှာ အတော်ကိုကြောက်ရွံနေပြီး ဖြေကြားဖို့ငြင်းဆန်ခဲ့ပါတယ်။