“ရှင်းပြပေးပါဦး အရပ်ကတို့ရေ နားမလည်နိုင်လောက်အောင် ဒိတ်အောက်သွားလို့ပါ”

ကျောင်းသူ/ကျောင်သားတွေကြားထဲမှာ ကြားနေရတဲ့သတင်းလေးပါ။ ဒါပေမယ့်ကောလဟာလမဟုတ်ပါဘူး။

လာမယ့် ၂ရရက်နေ့မှာစတင်ဖြေဆိုမယ့် အတန်းတင်စာမေးပွဲကို ၂၉ရက်နေ့မှာပြီးဆုံးမယ်လို့ကြားသိရပါတယ်။ အတန်းတိုင်းပါတဲ့ဗျာ။

တစ်ရက်ကိုနှစ်ဘာသာဖြေရမယ်လို့ကြားသိရပါတယ်။ ဒီသတင်းလေးကိုကြားသိရတဲ့အချိန်မှာကျွန်တော်တောင် အံဩသွားပါတယ်။

ဟောဗျာမြန်မာနိုင်ငံပညာရေးကအဲဒီလောက်တောင်တိုးတက်နေပြီလား။ တစ်ရက်ကိုနှစ်ဘာသာဖြေဆိုနိုင်တဲ့စွမ်းရည်တွေတောင်

မြန်မာကျောင်းသားလူငယ်များဆီမှာရှိကြပြီလား။ ကျွန်တော်တို့လက်ထက်တုန်းကတော့ အတန်းတိုင်းအတန်းတိုင်းကို တစ်ရက်တစ်ဘာသာသာ

ဖြေဆိုပြီးအောင်လာတာမို့ ကိုယ့်ထက်ငယ်ရွယ်ကြသော ယနေ့ခေတ်ကျောင်းသားလူငယ်များဟာ တစ်ရက်ကိုနှစ်ဘာသာဖြေဆိုပြီးအောင်ကြ

တော့မှာဖြစ်တဲ့အတွက် ကိုယ့်ထက်ထူးချွန်ကြတဲ့ကလေးတွေပါလား မြန်မာ့လူ့စွမ်းအားအရင်းအမြစ်တွေ ဒီလောက်တောင်မှပဲတိုးတက်ဖွံ့ဖြိုးနေပြီလား။

ကိုယ့်ကိုယ်ကိုအရင်ပြန်မေးရင်းဆန်းစစ်နေမိပါတယ်။ မြန်မာနိုင်ငံရဲ့ပညာရေးစနစ်ကြီးတကယ်ကိုပြောင်းလဲသွားပြီပဲလို့တောင် ယောင်အော်မိပါ

သေးတယ်။ ကလေးတွေပြောကြတာတော့ အစ်ကိုကြီးထင်သလိုမဟုတ်ဘူးတဲ့ မေးခွန်းပေါက်ကြားလို့ သိပြီးသားတွေပဲ အမှတ်ပြည့်ရကြမှာပဲ

ဆိုပြီး တစ်ရက်ကိုနှစ်ဘာသာဖြေဆိုခိုင်းတယ်လို့ပြောပါတယ်။ ကျွန်တော်ဒီသတင်းကိုကြားသိရတာ အတော့်ကိုပဲအံ့ဩမိပါတယ်။

ကျေးဇူးပြုပြီး ရွာသူရွာသားများသိပြီးပြီဆိုရင်လဲ ကျွန်တော့်ကိုပြန်ဖြေပေးကြပါဦး ကျွန်တော်များခေတ်နောက်ကျနေပြီလားလို့။ မြန်မာတစ်နိုင်ငံ

လုံးဒီလိုတစ်ရက်နှစ်ဘာသာစနစ်နဲ့ပဲဖြေဆိုကြတာလား ။ ကျွန်တော့်ကိုသတင်းပေးရာအရပ်ဖြစ်တဲ့ ရှမ်းပြည်တောင်ပိုင်း၊လွိုင်လင်ခရိုင်ထဲက

နမ့်စန်ဆိုတဲ့မြို့လေးတစ်မြို့သာဒီစနစ်ကို ကျင့်သုံးဖြေဆိုကြတာလား ပညာရေးဝန်ကြီးကကောဒီကိစ္စကိုသိရှိခွင့်ပြုပြီးသားလားဆိုတာ ဝိုင်းဝန်း

စုံစမ်းပေးကြပါလို့ တောင်းပန်အဆိုပြုလိုက်ရပါတော့တယ်။ တကယ်သာမြန်မာတစ်နိုင်ငံလုံးက သူငယ်တန်းမှနဝမတန်းအထိကျောင်းသူ

ကျောင်းသားတွေတစ်ရက်နှစ်ဘာသာ သာဖြေဆိုကြရမယ်ဆိုရင်တော့ အင်း…………………………………။

မြန်မာ့လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်မြင့်မားလာပြီလို့ဆိုရတော့မှာပါပဲခင်ဗျာ။

 

ရှမ်းပြည်သား(တောင်ပိုင်း)

 

21 comments

  • Swal Taw Ywet

    February 25, 2012 at 10:42 pm

    Dear Brother,
    Don’t worry.
    They used this method long time ago.
    Some time, they asked in Questions only for 10 marks.
    After that the teacher multiply by 10 to get in 100.
    This is the fastest examination on the world.
    And 100 % will pass in the result.
    It meant- the teachers are super super best special.
    AMAZING!!!!!.

    with respect,
    Swal Taw Ywet.

  • ဟုတ်ပါတယ် စွယ်တော်ရွက်ပြောသလိုပါဘဲ။
    ဒီစနစ်ကို စတင်ကျင့်သုံးလာတာ ၁၉၉၈-၉၉ပညာသင်နှစ်ကနေ ယနေ ့ထိဘဲလေ။
    တနိုင်ငံလုံးကျောင်းတွေမှာ ဖြေဆိုရတာပါ။Chapter end test လို ့ခေါ်တယ်ဗျ။
    တခါစစ်ရင် ၂၅ မှတ်ဖိုးပေါ့ဗျာ။လေးကြိမ်စစ်လိုက်တယ်။ဆိုတော့ (၂၅*၄=၁၀၀)ဆိုပြီး
    ရာခိုင်နှုန်းနဲ ့တွက်ယူတာပေါ့။သင်ခန်းစာဆုံးတတ်မြောက်မှုစစ်တယ်ဆိုပြီး စစ်တာပါ။
    ခုတခေါက်စစ်လို ့ပါပြီးသား သင်ခန်းစာတွေနောက်တစ်ကြိမ်မှာ မလိုအပ်တော့ဘူးပေါ့။
    အဲတော့ သင်ခန်းစာတွေက မေ့ပြစ်လိုက်၊အသစ်ဖတ်လိုက်နဲ ့ဆယ်တန်းရောက်တော့
    အခက်တွေ ့ရောပေါ့။

  • MaMa

    February 25, 2012 at 11:16 pm

    ကိုယ့်တုန်းကတော့ စာမေးပွဲတစ်ခါဖြေရင် ၂ပတ်လောက်ကြာတယ်။
    ဘာသာတစ်ခု ဖြေပြီးတိုင်း ၁ရက် ၂ရက်ပိတ်တယ်။
    စစချင်းတော့ စာမေးပွဲရက်ကို မြန်မြန်ကုန်စေချင်လွန်းလို့ ရက်ကြာတာကို မကြိုက်ဘူး။
    နောက်တော့ အကျင့်ဖြစ်သွားလို့ တစ်ဘာသာလောက် ဆက်တိုက်ဖြေရရင်ကို မကြိုက်တော့ ပြန်ဘူး။
    ခုတော့လည်း တစ်ရက် ၂ ဘာသာ ဖြေရမယ်ဆိုတော့……..
    အင်းးးးးးး မြန်မာ့ပညာရေးအဆင့် မြင့်သွားတယ် ထင်ပါရဲ့။

  • Khin Latt

    February 25, 2012 at 11:17 pm

    ကိုရှမ်း ရေ
    အရီး တို့ တုန်းက ရှစ်တန်း အစိုးရစစ် – တစ်နေ့ နှစ်ဘာသာ ဖြေရတယ် လား မသိဘူး။
    ဒါမှ မဟုတ် ဘာသာ နှစ်ခုပေါင်း ဖြေ ရတာလားမသိဘူး။ 🙄
    မှတ်မိတာကတော့ – သိပ္ပံ နဲ့ သချင်္ာ(၂) ဆိုပြီး ပေါင်းထားလို့ စာတွေ ပြန်နွှေးရတာ မနိုင်တာတော့ မှတ်မိတယ်။
    ဒါပေမဲ့ တကယ် စာကျေ နေရင်တော့ မြန်မြန်ပြီး မြန်မြန်အေးရောပေါ့။
    အဓိကကတော့ စာမေးပွဲ မတိုင်ခင် ကလေးတွေ စာဘယ်လောက်တတ်လဲ က ပိုအရေးကြီးပါတယ်။

    ကျွန်မ နေတဲ့ အရပ်မှာ ကလေးတွေ စာမေးပွဲ ဆိုတာ ၂တန်း၊ ၆တန်း၊ ၉တန်း နဲ့ အထက် မှာဘဲ ရှိတယ်။
    ဒါတောင် ၂တန်း၊ ၆တန်း မှာ ဘယ်နေ့ စာမေးပွဲ စစ်မယ် ဆိုတာ မိဘများကို အသိပေး ရန်မလိုပါ။
    ဒီအတိုင်း မေးခွန်းတွေပေး ပြီး ဖြေခိုင်း လိုက်တာပါဘဲ။
    ဒီစနစ်မှာလဲ အားနည်းချက်တွေ ရှိတာပါဘဲ။

    • htoosan

      February 26, 2012 at 7:24 am

      အခု ISM အပြင်ကျောင်းမှာလည်း စာမေးပွဲရယ်လို့ သတ်သတ်မှတ်မှတ် မရှိဘဲ ကျောင်းတက်ရင်းဘဲ ဘယ်နေ့ test ရှိတယ် ဆိုပြီး စစ်သွားတာဘဲ။ တစ်နှစ်သုံးခါလောက် လုပ်သွားပြီး grade A+ A- A , B+ etc စသဖြင့် ပေးသွားပြီး နှစ်ကုန်မှာ အားလုံးပြန်ပေါင်းတာဘဲ ။ ပြီးမှ အတန်းတက်သင့်တယ် မတက်သင့်ဘူးဆိုတာ ဆုံးဖြတ်တယ် ။ အတန်းမတက်သင့်ဘူးဆိုတာ တော့ တော်တော် နည်းပြီး တက်ခွင့် မရရင် မိဘတွေနဲ့ ကျောင်းနဲ့ ပြဿနာ ဖြစ်တော့တာဘဲ။ ကျောင်းက တင်းခံရင် နောက်ဆုံး တစ်ခြားကျောင်း သွားပြောင်းထားပြီး အတန်းတက်ယူကြတာ တွေ့ရတယ်။

      အရီးလတ် တို့ အန်တီပဒုမ္မာ တို့ ခေတ်က ၄၊၈၊၁ဝ အစိုးရစစ်ဖြစ်ပြီး သူများကျောင်းမှာလည်း စာမေးပွဲ သွားဖြေရတယ် ။ ကိုယ့်ကျောင်းကိုယ် မဖြေရဘူး။ ၈ တန်းမှာ နှစ်ဘာသာ ဖြေရပြီး မိဘတွေက ထမင်းဘူးလေးတွေ နဲ့ လာစောင့် ကြွေးကြရတယ် ။

  • the best

    February 26, 2012 at 12:09 am

    Posted by ရှမ်းပြည်သား (တောင်ပိုင်း)
    မြန်မာနိုင်ငံရဲ့ပညာရေးစနစ်ကြီးတကယ်ကိုပြောင်းလဲသွားပြီပဲလို့တောင် ယောင်အော်မိပါ

    ရှမ်းပြည်သားရေ….
    မြန်မာနိုင်ငံရဲ့ပညာရေးစနစ်ကြီးတကယ်ကို မ ပြောင်းလဲပါ ။
    အရင်အခြေအနေအတိုင်း ပျက်ယွင်း နေပါတယ်။

  • padonmar

    February 26, 2012 at 12:48 am

    ကျွန်မလည်း ရှစ်တန်းတုံးက တစ်နေ့ ၂ဘာသာဖြေရပါတယ်။ တစ်ဘာသာဖြေပြီး ထမင်းစား လွှတ် နောက်တစ်ဘာသာ ထပ်ဖြေရပါတယ်။
    စာကျေတော့ အခက်အခဲမရှိပါဘူး။
    ကြုံတုံးကြွားရရင် ခြောက်ဘာသာလုံး ဂုဏ်ထူးတောင်ထွက်ခဲ့သေးတယ်။
    ပြောချင်တာကတော့ စာမေးပွဲဆိုတာ ဖြေခါနီးမှ ကပ်တွန်းပြီးဖတ်ရတာ မဟုတ်ပါဘူး။
    စာတစ်ကယ်တတ်ရင် စာမေးပွဲဖြေမယ့်ည အိပ်ပျော်သွားတောင် ဖြေနိုင်ပါတယ်။
    ကျွန်မတို့ ဆေးကျောင်းမှာ နောက်ဆုံးနှစ် အပိုင်းခ စာမေးပွဲဟာ ဆေးကျောင်း တက်ခဲ့တဲ့ တစ်လျှောက်လုံးက စာတွေ ထည့်မေးပါတယ်။
    တစ်ည ဖတ်ရုံနဲ့ ဘယ်လိုမှ မအောင်နိုင်ပါ။
    ကလေးများကိုလည်း စာမေးပွဲအောင်ရုံ မသင်ပဲ စာတတ်အောင်သင်လာခဲ့ရင် တစ်နေ့ စာမေးပွဲ ၂ခု မက ဖြေရလည်း အေးဆေးနေမှာပါ။

    • စိန်ပေါက်ပေါက်

      February 26, 2012 at 1:35 pm

      ကိုကိုကြာကွ
      ဗယာဘို
      😀

  • ရှမ်းပြည်သား (တောင်ပိုင်း)

    February 26, 2012 at 9:01 am

    အန်တီကြာပြောတာလည်းမှန်တာပါပဲဗျို့ ကျွန်တော်တို့အပါအဝင်မြန်မာတစ်နိုင်ငံလုံးကကျောင်းသားအများစု
    အိမ်သာတက်ခါနီးမှ အိမ်သာတွင်းတူးကြတာများပါတယ်။ စာမေးပွဲနီးမှစာကျက်ကြတာများပါတယ်။
    တစ်နေ့စာတစ်နေ့လုပ်မှ စာကြေတယ်ဆိုရင်တော့ စာကြေမှအတန်းတက်ခွင့်ရမယ့်ကျွန်တော်တို့လည်း
    graduate/degree holder တို့တောင်ဖြစ်လာမှာမဟုတ်ပါဘူး ကျွန်တော်လည်းရှင်းရှင်းဝန်ခံရမယ်ဆိုရင်
    စာမေးပွဲနီးမှစာကျက်တဲ့ကျောင်းသားမျိုးပါ အန်တီကြာပြောတာစဉ်းစားမိမှ ကိုယ့်ကိုယ်ကိုတောင်ရှက်မိပါတယ်။
    ဒါပေမယ့်အန်တီပြောသလိုစာမကျက်၊စာမသင်ပဲ စာမေးပွဲကိုဖြေဆိုကြတဲ့ကျောင်းသား/သူတွေ တကယ်ပဲ
    ပညာကိုလေ့လာလိုက်စားခြင်းမပြုပဲ ဘွဲ့ရများဖြစ်လာကြရင်တော့ ကျွန်တော့်လိုဟိုမေးဒီမေးဘုမသိဘမသိ
    ကိုယ်လိုလူတွေထွက်လာမှာပဲရင်လေးမိပါတယ်ဆိုတဲ့အကြောင်းပြောကြားရင်းဝန်ခံလိုက်ပါတယ်
    ရွာသားတို့ရေ………………..။
    နောင်ဒီလိုအမှားလေးများပြောမိဆိုမိကြရင်လည်း သွန်သင်ပေးကြပါဦးဗျာနော ကိုနာဂကြီးတို့အရီးလတ်တို့
    ရေ။

  • မွန်မွန်

    February 26, 2012 at 3:07 pm

    အောင်မယ်လေး
    ွှအဲဒီလို ၄ နဲ့အမြှောက်ကောင်လို့ တစ်မှတ်ပဲ လျော့တာကနေ လေးမှတ်တောင်ကွာသွားတယ်။

    အဓိကတော့ မေးခွန်းပေးပြီးဖြေခိုင်းကြတာပေါ့။ ကောင်းပါတယ်။ ဆယ်တန်းတောင် မေးခွန်းပေါက်နေတာ ကျန်တဲ့အတန်းတွေတော့ အေးဆေးပေါ့။

    ဘာမှ စိတ်မပူပါနဲ့ ရှမ်းပြည်သားရေ။ တစ်ရက်ကို နှစ်ဘာသာတောင် ဖြေရတာဆိုတာ့ ဆယ်တန်းမှာ စာမေးပွဲမကြောက်တဲ့သူတွေ ဖြစ်သွားမှာပါ။

  • မွန်မွန်ရေ တက္ကသိုလ်ဝင်တန်းမှာ မေးခွန်းပေါက်ခဲတယ်နော်။တခြားစာသင်တန်းတွေကို သာအစိုးရက
    သတိလျော့နိုင်ပါတယ်။တက္ကသိုလ်ဝင်တန်းကိုတော့ စေ့စပ်စွာစစ်နေကြပါ။စာခိုးချနေတာတို ့၊မေးခွန်းလွှာ
    ပေါက်ကြားတာတို ့ဆိုရင် ချက်ခြင်းအရေးယူတယ်နော်။ဒါပေမယ့် လုံးဝကြီး သန် ့ရှင်းတယ်လို ့မဆိုလိုပါ
    ဘူးနော်။

  • ရှမ်းပြည်သား (တောင်ပိုင်း)

    February 26, 2012 at 8:40 pm

    ဝေးလံခေါင်သီတဲ့နေရာမှာဆိုရင်တော့ မဆိုနိုင်ဘူးဗျို့ ကိုနာဂရေ…..
    လွန်ခဲ့တဲ့နှစ်တွေက ဒီလိုမျိုးမေးခွန်းပေါက်ကြားတဲ့ဖြစ်ရပ်တွေရှိခဲ့တယ်နော်။
    ပုဂ္ဂိုလ်ရေးအရတော့နာမည်တော့မဖော်နိုင်လို့ခွင့်လွှတ်ပါနော့်…။
    မမွန်ပြောတာတစ်ချို့ကလည်းမှန်သင့်သလောက်မှန်တယ်ဗျ

  • ငပွကြီး

    February 26, 2012 at 11:13 pm

    တစ်ရက် ၂ ဘာသာ လောက်တော့ ဘာဟုတ်သေးတုံး …ပျင်းတောင် ပျင်းသေးတယ်..
    ၇.၂.၂၀၁၂ အင်္ဂါနေ့ က ပုသိမ်တက္ကသိုလ် မှာ ၁ ရက်ထဲ ရ ဘာသာ(အချို့ဌာန ၅ ဘာသာ) တောင်စာမေးပွဲစစ်ခဲ့သေးတာ…(အမေစု ပုသိမ်လာသောနေ့)
    ပါချုပ် ဒေါက်တာညွန့်ဖေ လုပ်တာလေ ..
    (ရာဇဝင် တလျျှောက် ဒီလိုစာမေးပွဲမျိုးမကြားဖူးဘူးလို့ ရှေ့မှီနောက်မှီတွေပြောပါတယ်)
    ဘယ်သူကခိုင်းလို့လုပ်တာလဲတော့ မသိဘူး သေချာတာကတော့ ကျောင်းပိုင်မြေပေါ်မှာ ကျကျနန အဆောက်အဦဆောက်ပြီး လက်ဖက်ရည်ဆိုင် အကြီးကြီးဖွင့်ထားသော…သူပါ
    ဒါပေမယ့် အဲဒီစာမေးပွဲ ဖြေလာတဲ့ ကျောင်းသူတစ်ယောက် ပြောချက်အရ
    ဆရာမက ခုံပေါ်ကိုစာအုပ်တင်ပြီး မကူးဖို့ ပြောကြောင်း..
    ကူးတာ အသံ မဆူကြဖို့ ပြောကြောင်း…

  • အင်း ကိုငပွကြိီးရေ….. ကူးနေတာကို အသံမထွက်အောင်ကူးပါဆိုတော့လဲ…..။
    ဟူးးးမလွယ်ပါလားဗျာ။အမေစုတို ့ကဒီကိစ္စကို ရွေးကောက်ပွဲကော်မရှင်ဆီကနေ
    ထိရောက်တဲ့ အရေးယူမှုပြုဖို ့တောင်းဆိုခဲ့တယ်ဆိုတာက ခုထိမထူးသေးဘူးလားဗျ..????

  • ငပွကြီး

    February 27, 2012 at 9:21 am

    ဒါတင်ဘယ်ကမတုံးဗျ.. အမေစုပုသိမ်လာတဲ့နေ့က ပိတ်ဆို့ရေးတွေ တွဲရေးခွဲရေးတွေလဲ များမှများ..
    ဒီပို့စ်နဲ့မဆိုင်လို့ မပြောတော့ပါဘူးဗျာ..

  • kyeemite

    February 27, 2012 at 11:16 am

    ကျွန်တော်မှတ်မိသလောက်ကတော့…၈တန်းအစိုးရစစ်ပါ..ကိုယ့်ကျောင်းမှာကိုယ်မဖြေရဘူး..
    သူများကျောင်းသွားဖြေကြရတယ်…တစ်နေ့နှစ်ဘာသာပါဘဲ…ဒါပေမဲ့ မေးခွန်းကတော့ ၁၀ဝဘိုးပါ။

  • minnannawar

    February 27, 2012 at 11:58 am

    တစ်နေ့ ၂ဘာသာစစ်တာ ၈တန်းစာနေးပွဲမှာ တခေတ်ကဖြစ်ခဲ့ဘူးပါတယ်။
    ဒါပေမဲ့ အခုရေကြောင်းဦးစီးဌာနက စစ်နေတဲ့ ရေကြောင်းအရာရှိများအတွက်တော့ တစ်နေ့ ၂ဘာသာအပြင် အောင်မှတ်က တစ်ချို့ဘာသာမှာ ၇၀%ဖြစ်ပြီး၊ တစ်ချို့ဘာသာမှာ ၅၀%ပါ။ ၆ဘာသာကိုအမှတ်က ၁၀၀ဝပါ။ စုစုပေါင်းမှာလဲ ၆၀%ပြန်ရအုံးမှအောင်တာပါ။
    ဒါ့အပြင် လူတွေ့ နှုတ်ဖြေ နဲ့ အချက်ပြဆက်သွယ်ရေးဘာသာပါဖြေရပါတယ်။
    ဒါကြောင့်လဲ အောင်ချက်% အင်မတန်မှ နဲတယ်လို့ဆိုကြပါတယ်။
    အောင်ပြီးသွားလို့အလုပ်ရရင် လခကလဲကောင်းတာကိုး။

  • zawgyi min

    February 27, 2012 at 3:23 pm

    မူလတန်းကနေ ကိုးတန်းအထိတော့ တစ်ရက်နှစ်ဘာသာဖြေနေရတာဗျ။
    ၁ဝတန်းကျတော့ တစ်ရက်တစ်ဘာသာပါပ` ။ဒါပေသိ သူများတွေတော့ ရကြတာတ`့ ဗျာ ဘယ်ကရလို့ရမှန်းတော့မသိဘူး။ ဒ`့ ပါတ`့။နည်းနည်းလေးမှမစောင်းပါဘူးတ`့ဗျာ။D တွေထွက်လိုက်ကြတာ အလကားပေးအတိုင်းပါ။ဒါန`့ ပ` နောက်နှစ်ဖြေတ`့ ကလေးတွေ သနားစရာ အကြပ်ခံလိုက်ရရော။
    နည်းပညာကျောင်းရောက် ပန်းကန်လုံးစီးပြီး အောင်ခ`့ ကြတာပါ။ သွားတော့ ကန်တော့ရသေးတာပေါ့။
    2011 ~2012 မှာတော့ ကျလိုက်ကြတာ သောက်သောက်လ` ။ IELTS နှိပ်စက်လို့တ`့ လေ။
    အခုတော့ နားလည်သွားကြပြီ။ ဒ`့ ထိုး လို့မရတော့ဘူး။ ပတ်ပတ်လည် မှပ` အောင်မှာတ`့လေ။ စာမေးပွ` လည်းကြပ်သွားပြီ။ ဆရာအလုပ်ကလည်း ၁ဝ နှစ် စာချုပ်ရမယ်တ`့လေ။ ဒါန`့ ပ` BE ဘွ`့ ရများ အငြိမ်းစားထိုင်နေကြလေရ`့။

  • myo nyunt

    February 29, 2012 at 12:13 pm

    လက်ရှိပညာရေးစနစ်က စဉ်ဆက်မပြတ်အကဲဖြတ်ပညာရေးစနစ်တဲ့။
    မှန်မှန်ကန်ကန်လုပ်တဲ့ဆရာ၊ဆရာမတွေအတွက်တော့ကျောင်းသားကိုထိန်းချုပ်နိုင်တဲ့စနစ်လို့ခေါ်လို့ရသလို၊
    မမှန်ကန်တဲ့ဆရာ၊ဆရာမနဲ့ကျောင်းသား၊ကျောင်းသူတွေအတွက်တော့လာဘ်ပေးလာဘ်ယူလုပ်လို့ကောင်း
    တဲ့ပညာရေးစနစ်ကြီးပေါ့။
    အတန်းပိုင်ဆရာမဆီကျူရှင်တက်မှ၊လာကန်တော့မှ အမှတ်ကောင်း၊အဆင့်ကောင်းတဲ့ပညာရေးစနစ်ပေါ့။

  • cum min

    June 25, 2012 at 12:37 pm

    hoke tal
    bal lo loke tar la’
    ma phyit thint par buuuu

Leave a Reply