ဖြစ်ရပ်မှန်(၂)

ComputerFebruary 25, 20121min528

ဒီတစ်ခါပြောချင်တာလည်းအခွန်ငွေကိစ္စပါပဲ။
ဒါကျတော့အခွန်ရှောင်တာ။လိမ်တာ။
လှိုင်သာယာကအထည်ချုပ်စက်ရုံတစ်ခုမှာဝန်ထမ်းတွေရဲ့လစာကိုအမှန်မပြပဲအခွန်ဆောင်နေတာပါ။
အဲဒီကဝန်ထမ်းတစ်ဦးဆို သူအမှန်တကယ်ရတာကလစာ၈၀၀၀ဝိ၊ ဒါပေမယ့်အခွန်ရုံးကိုပြတော့၂၅၀၀ဝိ၊
ဝန်ထမ်းဆီကအခွန်ငွေ၂၆၀ဝိ၊ဖြတ်တယ်။လောလောဆယ်ဝန်ထမ်းအတွက်တော့အခွန်ဆောင်ရသက်သာ
တာပေါ့။နိုင်ငံတော်အတွက်တော့အခွန်ငွေအများကြီးနစ်နာသွားပြီ။အဲဒီအပြင်ဝန်ထမ်းမှာကြုံလာရမယ့်
နစ်နာမှုကအကြောင်းတစ်စုံတစ်ရာရှိလို့ဝန်ထမ်းကိုထုတ်ပယ်တဲ့အခါအဲဒီဝန်ထမ်းရမယ့်နစ်နာကြေးက၊
၃ဆဆိုရင်လစာရင်း၈၀၀၀ဝိရဲ့၃ဆမဟုတ်ပဲ၊၂၅၀၀ဝိရဲ့၃ဆသာရရှိမှဖြစ်တယ်။
အစိုးရ၊အလုပ်ရှင်နဲ့ဝန်ထမ်း(၃)ဦးမှာနစ်နာမှုမရှိတာကတော့အလုပ်ရှင်(၁)ဦးတည်းပါပဲ။
ဒါကြောင့်ဒီကိစ္စကိုလည်းဝိုင်းစဉ်းစားဖြေရှင်းပေးကြပါဦးလို့၊

8 comments

  • kyeemite

    February 27, 2012 at 10:05 am

    တကယ်တော့ လစာကိုအမှန်အတိုင်းပြပြီး အခွန်ကိုလည်း အမှန်အတိုင်းဆောင်သင့်ပါတယ်…
    ဆောင်နေရတဲ့ အခွန်အခကြီးနေတာကို နိုင်ငံတော်အကြီးအကဲတွေဆီ တင်ပြပြီး ခေတ်နဲ့လျှော်
    ညီတဲ့ နှုံးထားဖြစ်အောင် ပြုပြင်ပေးဘို့ တောင်းဆိုတာကတပိုင်းပေါ့ဗျာ..
    လစာကိုအမှန်အတိုင်းမပြတာကတော့..စဉ်းစားကြည့်ရင် ဝန်ထမ်းအတွက်ပိုနစ်နာပါတယ်…

  • Davit

    February 27, 2012 at 10:51 am

    ကျွန်တော် Company လုပ်သက် 12 နှစ်ရှိပါပြီ…ဒါကြားထဲမှာ ကိုယ်ကနေ အခွန်ဆောင်ရတယ်ဆိုတာ တစ်ခါမှမကြားဖူးပါဘူး… ပြီးခဲ့တဲ့ 2 နှစ်လောက်က နောက်ဆုံးလုပ်ခဲ့တဲ့ Company မှာတောင်လစာကNet ကို 230,000 ရတဲ့အချိန်တုန်းကတောင် အခွန်ဆိုတာကို ကိုယ့်လစာထဲကမဆောင်ခဲ့ဖူးပါဘူး…. ဒီ Company ရောက်မှ လစာရင်းက 30000 ရပြီး အခွန်က 7900 ဆောင်ရတယ်… ဒါပေမဲ့ တစ်ခြားရက်မှန်တာတို့ Level အလိုက်တို့Means Allowance နဲ့ပေါင်းပြီး Net က 140,000 နီးပါးလောက်ကျန်တယ် …….

  • poeaung6

    February 27, 2012 at 11:33 am

    ကျွန်တောလည်း အခွန်မဆောင်ရဘူးဗျ company ကဆောင်ပေးတာ ဒါပေမယ့် လစာကိုတော့ လျှော့ထားတာပေါ့ မှုရင်းလစာ ၂၃၀၀၀၀၊ အခွန် မှာ ၆၀၀၀၀၊ တဲ့ ကဲဘယ်လိုလည်း

  • bluerose

    February 27, 2012 at 4:16 pm

    သိတော့ဝူးနော်
    အမှန်အတိုင်းဆောင်ပြန်တော့လည်းအခွန်မခကဈေးကြီးနေတာလေ
    အထက်ကနေအခွန်ကိုအပြည့်ဆောင်ချင်အောင်အရင်ဆုံး
    လျှော့ပေးသင့်တယ်လို့ထင်တယ်
    လုပ်ငန်းရှင်နဲ့အလုပ်သမားတွေဘက်ကစပြီးအမှန်အတိုင်းဆောင်ပြီးမှ
    လျှော့ပေါ့ဖို့တောင်းဆိုတာထက်အစိုးရကအရင်လျှော့ချပြီး
    စည်းကမ်းနဲ့အညီလုပ်ဖို့controlပေးတာကပိုကောင်းမယ်ထင်ပါတယ်

  • Green Rose

    February 27, 2012 at 10:39 pm

    ဒီ computer လေးက တကယ့် computer စစ်စစ်လေးနော်… data တွေပဲလာလာလက်ခံနေတယ်..
    ပြန်မေးတော့တော့ မဖြေဘူး.. virus မဝင်အောင် သတိထားဦးနော်.. တော်ကြာ သိမ်းထားတဲ့ data တွေ ကုန်သွားဦးမယ်။
    Green Rose က စက်ရုံနာမည် သိရင် ကူညီမလို့ မအားတဲ့ကြားထဲက ဝင်ဝင်ကြည့်နေတာ.. ပထမ post မှာ မေးထားတာ ပြန်လည်းမဖြေဘူး.. ဖြစ်ရပ်မှန်လို့ နာမည် တပ်ထားပြီး.. သတင်းပေးတာက တိလည်း မတိကျဘူးနော်… သူများတွေ ပြန်ဖြေတာတွေကိုချည်းပဲ သိမ်းသိမ်းသွားတယ်။
    တကယ် လိုအပ်ရင် တကယ် ကူညီမှာပါ…

  • Green Rose

    February 27, 2012 at 10:40 pm

    ဒီ computer လေးက တကယ့် computer စစ်စစ်လေးနော်… data တွေပဲလာလာလက်ခံနေတယ်..
    ပြန်မေးတော့ အဖြေမရဘူး.. virus မဝင်အောင် သတိထားဦးနော်.. တော်ကြာ သိမ်းထားတဲ့ data တွေ ကုန်သွားဦးမယ်။
    Green Rose က စက်ရုံနာမည် သိရင် ကူညီမလို့ မအားတဲ့ကြားထဲက ဝင်ဝင်ကြည့်နေတာ.. ပထမ post မှာ မေးထားတာ ပြန်လည်းမဖြေဘူး.. ဖြစ်ရပ်မှန်လို့ နာမည် တပ်ထားပြီး.. သတင်းပေးတာက တိလည်း မတိကျဘူးနော်… သူများတွေ ပြန်ဖြေတာတွေကိုချည်းပဲ သိမ်းသိမ်းသွားတယ်။
    တကယ် လိုအပ်ရင် တကယ် ကူညီမှာပါ…

    • Davit

      February 28, 2012 at 1:05 pm

      အာ………ဖြေလို့ရမလားဗျ…..ဖြေချင်တာယားနေတာပဲ…. ရုံးကလူကြီးတွေလည်း ဒီဆိုဒ်ကိုဝင်ဝင်ကြည့်တယ်လေဗျာ …… ဒါကြောင့် Green Rose ရဲ့ မေလ်းလေးဖြစ်ဖြစ်ထားခဲ့ပေးပါလို့ပြောတာပေါ့… ကျွန်တော့်မေလ်း 3 ခုလောက်ကို ရုံးကအကုန်သိလို့ဗျ ……..

  • Computer

    February 28, 2012 at 6:42 pm

    Green Rose ရဲ့စေတနာကိုအလေးထားပါတယ်။ဒီPostလေးဟာဘယ်သူကိုမှနစ်နာစေလိုတာမရှိပါဘူး။
    နစ်နာနေတဲ့ဝန်ထမ်းတွေအခွင့်အရေးတွေပြန်ရလာဖို့၊နိုင်ငံတော်နဲ့ကုပ္မဏီကသက်ဆိုင်သူတွေသိရှိပြီး
    ဆင်ခြင်နိုင်ဖို့၊မဟုတ်တာလုပ်တဲ့သူတွေ့ရင်ထိရောက်စွာအရေးယူနိုင်ဖို့တစ်ဖက်တစ်လမ်းကနေထောက်ပြခြင်း
    ဖြစ်ပါတယ်။
    နောင်လည်းစုဆောင်းထားတဲ့Dataလေးတွေဖေါ်ပြသွားဦးမှာပါ။

Leave a Reply