ပြည်သူ့အကျိုး အတွက် တင်ပြဆောင်ရွက်ပေးဖို့ ပြည်သူ့ကိုယ်စားလှယ် သို့

the bestFebruary 25, 20121min1064

ငွေကြေးဖောင်းပွမှု နှင့် ကုန်ဈေးနှုန်း ကြီးမြင့်မှု ကို လာမည့် ဘဏ္ဍာရေးနှစ်အစတွင်

အလျှင်အမြန် မဖြစ်မနေ ကန့်သတ်ထိန်းချုပ်ရေး အဆိုကို

ပြည်သူ့ကိုယ်စားလှယ် တစ်ဦးအနေဖြင့် ပြည်ထောင်စုလွှတ်တော်သို့

အဆို တင်သွင်းတင်ပြပေးပါရန် လေးလေး စားစား အကြံပြု တောင်းဆို အပ်ပါတယ်။

4 comments

  • လစာငွေတိုးမယ့် ကိစ္စကို ဦးရွှေမန်းကတော့ ဒါဟာမဲဆွယ်တာမဟုတ်ကြောင်း၊ပြည်သူတွေရဲ ့အခက်အခဲကိုဖြေရှင်း
    ပေးမှာမို ့လို မဖြစ်ဖြစ်အောင်ဆက်လုပ်သွားမယ်ဆိုပါလား။the best တောင်းဆိုတာလေးလဲ ကြားနိုင်ပါစေ ဆုတောင်း
    ပေးပါတယ်ဗျာ။

  • the best

    February 26, 2012 at 5:36 pm

    နိုင်ငံဝန်ထမ်းများ၏ လုပ်ခ၊ လစာစရိတ်နှင့် ချီးမြှင့်ငွေများ တိုးမြှင့်ပေးတာ နဲ.ဝန်ထမ်းများ ကိုယ့်ဂုဏ်၊ကိုယ့်သိက္ခာ နှင့်အညီနေထိုင် စားသောက်နိုင်မလား။
    ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက တာဝန်ခံမှာလား။
    ငွေကြေးဖောင်းပွမှု နှင့် ကုန်ဈေးနှုန်း ကြီးမြင့်မှု ကို အလျှင်အမြန်မဖြစ်မနေကန့်သတ်ထိန်းချုပ်နိုင်ရင်
    နိုင်ငံဝန်ထမ်းများ၏ လုပ်ခ၊ လစာစရိတ်နှင့် ချီးမြှင့်ငွေများကို မဖြစ်မနေတိုးမြှင့်ပေးပါ။အကောင်းဆုံး နှင့် စိတ်အချရဆုံးပါဘဲ ။
    အမှန်အတိုင်းပြောရရင် ဌာနများမှအမြင့်ဆုံး ဝန်ထမ်းများ အကျင့်ပျက် လာဘ်ပေး လာဘ်ယူဆန်သည့် ပြုမူဆောင်ရွက်ခြင်းများကို ပြုမူလာကြတာကြောင့် ဌာနများမှ ဝန်ထမ်းများ… ဝန်ထမ်းမဟုတ်သော နိုင်ငံသားများကလည်း
    အကျင့်ပျက်သော အကျင့်ကိုပျက်စေသော ပြုမူဆောင်ရွက်ပေးမှု၊ ဖန်တီးမှုများ မလုပ်လိုသော်လည်း လုပ်ကြရတာပါ ။
    လုပ်ခ၊ လစာစရိတ်တိုးမြှင့်ပေး ပြီးရင် စည်းကမ်း နှင့် ဥပဒေအပြန်အလှန် ထိန်းကျောင်းကြမယ်ဆိုရင်
    နိုင်ငံသားအားလုံး စိတ်ဓာတ်နှင့် စည်းကမ်းကောင်း ပြီး လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားသော နိုင်ငံသားများ ဖြစ်လာနိုင်ပါတယ်။

  • the best ရေ တလောက ရွာထဲမှာဘယ်သူမန် ့တာလဲ မမှတ်မိတော့ပေမယ့် သူကွန်မန် ့လေးကိုစိတ်ထဲစွဲနေမိတယ်။
    သူပြောသွားတာက တော့ လစာတွေကိုအာဆီယံ စံနှုန်းတိုင်းတိုးဖို ့တော့ပြောနေကြတယ်ပေါ့၊ဝန်ထမ်းတွေရဲ ့အရည်အချင်း
    ကို အာဆီယံစံနှုန်းတိုင်းပြောင်းလဲ ကျင့်သုံးဖို ့မပြောကြပါလား တဲ့ဗျား။
    သူ ့ထင်မြင်ချက်လေးကိုက မှတ်သားစရာ၊စဉ်းစားစရာပါ

  • the best

    February 26, 2012 at 11:22 pm

    “လစာတွေကိုအာဆီယံ စံနှုန်းတိုင်းတိုးဖို ့တော့ပြောနေကြတယ်ပေါ့၊ဝန်ထမ်းတွေရဲ ့အရည်အချင်းကို အာဆီယံစံနှုန်းတိုင်းပြောင်းလဲ ကျင့်သုံးဖို ့မပြောကြပါလား တဲ့ဗျား။”

    လစာတွေကို အာဆီယံ စံနှုန်းတိုင်းတိုးဖို ့ ဘယ်လိုမျှ မဖြစ်နိုင်ပါ။

    မြန်မာ နိုင်ငံ အနေဖြင့် လာမည့် ၂၀၁၅ ခုနှစ်တွင် ရောက်ရှိမည့်
    အာဆီယံနိုင်ငံများ လွတ်လပ်စွာ ကုန်သွယ်ခွင့်စီမံချက် (AFTA) တွင်
    နိုင်ငံအချင်းချင်း ကူးလူး အလုပ်လုပ်ကိုင်ပါက
    မြန်မာ နိုင်ငံသားများ နစ်နာမှု များ မရှိစေရန်အတွက်
    နိုင်ငံဝန်ထမ်းများ ကို အာဆီယံနိုင်ငံ စံနှုန်းအတိုင်း ကျင့်သုံးဖို ့
    နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့်အရည်အချင်းများ အဆင်သင့်ဖြစ် ပြီ လား။
    အဆင်သင့်ဖြစ်တယ်ဆိုရင်တိုးပေးနိုင်ပါတယ်။

Leave a Reply