သရဏဂုံအား ချဉ်းကပ်ခြင်း


        သရဏဂုံအား ချဉ်းကပ်ရာတွင် လူနှင့်လူ့ပတ်ဝန်းကျင်၌ ထာဝစဉ်သက်ဆိုင်နေသော ဗုဒ္ဓဘုရားရှင်၏အမြင်ကို လူသားတိုင်းနှင့်

သက်ဆိုင်စေခြင်းသာလျှင်ဖြစ်၏။

ဗုဒ္ဓံသရဏံဂစ္ဆာမိ

ဓမ္မံသရဏံဂစ္ဆာမိ

သံဃံသရဏံဂစ္ဆာမိ ….လို့ကြားဖူးမှာပါ။

အဲဒီမှာ…

          ဗုဒ္ဓံဆိုတဲ့ ဗုဒ္ဓကိုညွှန်ပါဆိုလျှင် မြတ်စွာဘုရားကိုဆိုပြီးပြောကြသလို ဗုဒ္ဓံ- သက်တော်ထင်ရှား သဗ္ဗညုမြတ်စွာဘုရားကိုလို့

နားလည်ထားကြသလို ဒီလိုပဲ ပြောနေကြတာပါပဲ။

          တကယ်တော့ ဗုဒ္ဓဆိုတာက သိသူသာလျှင်ဖြစ်ပါတယ်၊ ဘာကိုသိတာလည်းဆိုရင်တော့ လူတွေမှာ

လူသားတွေမှာလာရောက်ကပ်ငြိတတ်တဲ့ ပျက်စီးခြင်း ဆိုးဝါးခြင်း အနှစ်သာရမရှိခြင်းလို့ဆိုသော

ဒုက္ခနဲ့ အဲဒီဒုက္ခဖြစ်ကြောင်း သမုဒယကိုသိပါတယ်။ပြီးတော့ အဲဒီလိုလူမှာ လာရောက်ကပ်ငြိနေတဲ့ ဒုက္ခကနေ

လွတ်ရာဖြစ်တဲ့ နိရောဓကိုသိတယ်။ အဲဒီလို ဒုက္ခကနေ လွတ်မြောက်ဖို့ရယ်..ဒုက္ခဖြစ်ကြောင်း သမုဒယကိုပယ်နိုင်စေတဲ့

တစ်ကြောင်းထဲ တစ်ခုတည်းသောလမ်းဖြစ်တဲ့ မဂ္ဂင်ရှစ်ပါးလို့ဆိုသော မဂ္ဂကိုသိပါတယ်။

ချုံပြောရရင် အရိယသစ္စာလေးပါးကို သိသူပေါ့။

ဒါက ဗုဒ္ဓဆိုတဲ့ သိသူရဲ့ သူသိမြင်ခြင်းဆိုင်ရာကိုပြောခြင်းပါ။

သရဏံဆိုတာကတော့ အဲဒီအရိယသစ္စာလေးပါး သိသူကိုသာ အားထားရာ ကိုးကွယ်ရာဟူ၍လို့ ဆိုကြပါတယ်။

ဒါလောက်ပါပဲ…..,။

ဂစ္ဆာမိဆိုတာကတော့ အဲဒီအရိယာသစ္စာလေးပါးသိသူကိုသာ ဆည်းကပ်ပါ၏လို့ ဆိုကြပါတယ်။ ပုံအပ်တယ်လို့တောင်

ပြောလို့ရတဲ့သဘောပါ။

အဲဒီတော့……..

        ဗုဒ္ဓံသရဏံဂစ္ဆာမိ…ဆိုခြင်းမှာက.. အရိယသစ္စာလေးပါးသိသူကို ကိုးကွယ်ရာ အားထားရာဟူ၍

ဆည်းကပ်ပုံအပ်ပါ၏လုို့ အဓိပ္ပါယ်ရမှာပါ။

        ဓမ္မံကိုကြည့်ရင်လည်း ဓမ္မဆိုတဲ့ တရားတော်မြတ်လို့ဆိုကြပါတယ်။ အဲဒီတရားက ဘာလဲ မေးစရာရှိလာပါတယ်။

ဒါကလည်းအရိယသစ္စာလေးပါးသိသူရဲ့ သူသိခြင်းဆိုင်ရာ ဟောပြောချက် ဆိုဆုံးမချက် ဖွင့်ဆိုချက်တွေကိုပဲ

ပြောခြင်းဖြစ်ပါတယ်။ ဒါကြောင့်ဓမ္မံသရဏံဂစ္ဆာမိကိုပြောပါဆိုရင် အရိယသစ္စာလေးပါးသိသူ ဗုဒ္ဓရဲ့

ဟောပြောချက် ဖွင့်ဆိုချက် ဆိုဆုံးမချက်ဓမ္မတွေကို ကိုးကွယ်ရာ၊ အားထားရာဟူ၍ ဆည်းကပ်ပုံအပ်ပါသည်လို့

ဖွင့်ဆိုရနိုင်မှာပါ။

        သံဃာဆိုတာကြည့်လိုက်ပါအုံး…။ သံဃာဆိုတာ အရိယသစ္စာလေးပါးသိသူ ဗုဒ္ဓရဲ့ ဟောပြောချက် ဆိုဆုံးမချက်..

ဖွင့်ဆိုချက်တွေအတိုင်းကျင့်ကြံနေထိုင်ပြုမူနေတဲ့သူလို့ ဖြစ်ပါတယ်။ ဒါဆိုရင် သံဃံသရဏံဂစ္ဆာမိဆိုတာက

အရိယသစ္စာလေးပါးသိသူ ဗုဒ္ဓရဲ့ ဟောပြောချက်ဆိုဆုံးမချက် ဖွင့်ဆိုချက်တွေအတိုင်း ကျင့်ကြံနေထိုင်

နေတဲ့သူအား ကိုးကွယ်ရာ အားထားရာဟူ၍ ဆည်းကပ်ပုံအပ်ပါ၏လို့ ဖွင့်ဆိုရင်ရနိုင်မှာပါ။

ကဲ…. အခုမှ…. စမှပါ။ သရဏဂုံဘယ်လိုမြဲမလဲလို့ ချဉ်းကပ်ကြရအောင် ဆိုတော့…..

ဥပမာ..လူတစ်ယောက်ဟာ ကင်ဆာရောဂါတစ်ခုကို သေချာပေါက် ခံစားနေရပြီ ဆိုကြပါစို့ (ဒုက္ခပေါ့…)။

ဘာကြောင့်သမုဒယဖြစ်သလဲ… ဒါက မဖြစ်မနေ စမ်းစစ်ရမယ့် ကိစ္စပါ။ အဲဒါကို ပယ်နိုင်ရင်တော့

ကင်ဆာရောဂါပျောက်ကင်းပြီပေါ့..(နိယောဓ)။ အဲဒီ ကင်ဆာရောဂါဒုက္ခနဲ့ဒုက္ခဖြစ်ကြောင်း (သမုဒယ) ကိုပယ်သတ်ပြီး

ရောဂါကင်းကင်း နေနိုင်မယ့် နည်းလမ်းကတော့ (မဂ္ဂ…ပေါ့)….။ ဒါပါပဲလို့ဆိုရင်….

ဟုတ်ပါတယ်။ ကင်ဆာရောဂါတစ်ခုရဲ့ ဒုက္ခ၊ သမုဒယ၊ နိရောဓ၊ မဂ္ဂဆိုတဲ့ သစ္စာ လေးပါးသိသူဗုဒ္ဓဆိုတာကတော့

ဆရာဝန်မှလွဲပြီး..တစ်ခြားဖြစ်နိုင်စရာ လုံးဝမရှိနိုင်ပါ ဘူး။ ကင်ဆာရောဂါကို ခံစားဘူးသူရော..မခံစားဘူးသူပါ…

အဲဒီကင်ဆာရောဂါပျောက်ချင်ရင်..မဖြစ်ချင်ရင် အဲဒီရောဂါရဲ့ ဖြစ်ပေါ်မှုအခြေအနေ၊

ဖြစ်ရခြင်းအကြောင်း၊ ဖြစ်ခြင်းမှလွတ်ကင်းရာနဲ့ ဖြစ်ခြင်းမှ လွတ်မြောက်အောင်သွားရာလမ်းလို့ဆိုတဲ့ဆောင်ရန်၊

ရှောင်ရန်တွေကို ကျင့်သုံးရမှာမဟုတ်ပါလား။ဒါဆိုရင်တော့ အခုဥပမာပေးခဲ့တဲ့  ကင်ဆာရောဂါကို 

ကျမ်းမာရေးဆိုင်ရာနဲ့ပတ်သက်ပြီး သရဏဂုံမြဲချင်ရင်တော့….

        ဗုဒ္ဓံ(ဗုဒ္ဓ)- ကျမ်းမာရေးဆိုင်ရာသိသူဖြစ်တဲ့ ဆရာဝန်ကိုသရဏံ(သရဏ) ကိုး ကွယ်ရာ၊ အားထားရာဟူ၍

ဂစ္ဆာမိ-ဆည်းကပ်ပုံအပ်ရမှာသာလျှင်ဖြစ်ပါတယ်။

  ဓမ္မံ(ဓမ္မ)-ဆိုလျှင်လည်း ကျမ်းမာရေးဆိုင်ရာ သိသူ(ဗုဒ္ဓ)ဖြစ်တဲ့ ဆရာဝန်တွေရဲ့ ပြောဆိုချက်၊ ဆိုဆုံးမချက်တွေကိုသာ

သရဏံ(သရဏ)- ကိုးကွယ်ရာ၊ အားထားရာဟူ ၍၊ ဂစ္ဆာမိ- ဆည်းကပ်ပုံအပ်ရမှာဖြစ်ပြီး…

သံဃံ(သံဃာ)– ဆိုရာ၌လည်း ကျမ်းမာရေးဆိုင်ရာသိသူ ဆရာဝန်(ဗုဒ္ဓ)ရဲ့ ပြော ဆိုချက်၊ ဆိုဆုံးမချက်ဓမ္မအတိုင်း တစ်သွေမတိမ်း

လိုက်နာဆောင်ရွက်နေသူများကို သရဏံ- ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ- ဆည်းကပ်ပုံအပ်ရမှာဖြစ်ပါတယ်။

ဒါဆိုရင်တော့…ကျမ်းမာရေးဆိုင်ရာမှာ သရဏဂုံမြဲသူဖြစ်ပြီလို့ ဖွင့်ဆိုရနိုင်မှာပါ။ အဲဒီကျမှ..မကျမ်းမာခြင်းဒုက္ခအပေါ်မှာ၊

မကျမ်းမာခြင်းကိုဖြစ်စေတဲ့ သမုဒယတွေကို မြင်နိုင်လာပြီး၊ နိယောဓဆိုတဲ့ ကျမ်းမာခြင်းသို့ရောက်ရှိရန်၊ ကျမ်းမာခြင်းဆိုင်ရာ

နည်းလမ်းတွေ(မဂ္ဂ)နဲ့ ကိုယ်တိုင်လျှောက်လှမ်းနိုင်တဲ့သူတစ်ယောက်အဖြစ် သရဏဂုံမြဲသူ (တစ်နည်း) သောတာပန်(တနည်း) ….

ကျမ်းမာခြင်းဆိုင်ရာမှာကျွမ်းကျင်သူ ဖြစ်သွားပါ ပြီလို့ ဖွင့်ဆိုရနိုင်မှာပါ။

ကဲပါ…မိတ်ဆွေ….။ ဘယ်လို သရဏဂုံမြဲချင်ပါလဲ….။ နိုင်ငံရေးလား၊ စီးပါွးရေး လား။ ပညာရေးလား…။

ဆိုင်ရာသိသူ(ဗုဒ္ဓ)နဲ့…သိသူ(ဗုဒ္ဓ)ရဲ့…ဟောပြောချက်၊ ဆိုဆုံးမချက်( ဓမ္မ)တွေရဲ့ အပေါ် ယုံယုံကြည်ကြည်နဲ့၊ ကျင့်သုံးနေ

ထိုင်တတ်တဲ့သူ(သံဃာ)ဖြစ်ဖို့ပဲ လိုအပ်ပါတယ်။

ဆိုတော့……

               ဂေါတမမြတ်စွာဘုရားလို့ နာမည်တွင်ခဲ့တဲ့ သိဒ္ဓတ္ထရဲ့…ဗုဒ္ဓအဖြစ်ဟာ ဘာမှမ ဟုတ်ပါလား…

ပါးပါးလေးပါလို့ဆိုလိုတာ….မဟုတ်ကြောင့်တော့ အထူးသတိပေးပါရစေ။

သိဒ္ဓတ္ထမင်းသား…ဘုရင်အဖြစ်ကနေစွန့်ပြီး…တောထွက်တရားရှာရာကနေ ရရှိခဲ့တဲ့သိမြင်မှုက..

လူသားအားလုံးအတွက်ကတော့အနှိုင်းမဲ့ပါ။ ဘာကြောင့်လဲဆိုရင်…လူမှုရေးလို့ဆိုအပ်တဲ့ လူ့အမှုအရေးတွေမှန်သမျှ…

(နိုင်ငံရေး၊ စီးပါွးရေး၊ ကျမ်းမာရေး၊ ပညာရေး) တွေကိုကျဆုံးအောင်…နှိပ်စက်တတ်တဲ့ အကြောင်း..သမုဒယ။

ကျဆုံးနေတဲ့ အခြေအနေ… ဒုက္ခ။ ကျဆုံးခြင်းမှလွတ်ရာ.. နိရောဓ။ ကျဆုံးခြင်းမှလွတ်ရာလမ်းဖြစ်တဲ့..မဂ္ဂ….ဆိုသော…

အရိယသစ္စာလေးပါးကို ဘယ်သူရဲ့အကူအညီမှမလိုပဲ ကိုယ်တိုင်ထိုးထွင်းသိမြင်ခဲ့သူဖြစ်လို့ပါပဲ…။

အဲဒီတော့…

သိဒ္ဓတ္ထမင်းသားတဖြစ်လဲမှ..လူသားတိုင်းနဲ့ဆိုင်ရာ..မလွတ်မြောက်၊ မငြိမ်းချမ်းမှု ဒုက္ခ…။ မလွတ်မြောက်၊

မငြိမ်းချမ်းရခြင်းရဲ့အကြောင်း..သမုဒယ။လွတ်မြောက်၊ ငြိမ်း ချမ်းရာ..နိရောဓ။ လွတ်မြောက်၊  ငြိမ်းအေးဖို့အတွက်

လမ်းကြောင်း..မဂ္ဂ…ဆိုတဲ့ အရိယသစ္စာလေးပါးကို သိမြင်သူ(ဗုဒ္ဓ)အဖြစ်ကတော့ အနှိုင်းမဲ့ပါပဲ…။

အဲဒီလို… သိဒ္ဓတ္ထမင်းသား…(အရိယသစ္စာလေးပါးသိသူ) ဗုဒ္ဓရဲ့အဖြစ်မျိုးကို ရချင်၊ ရောက်ချင်သူများ..အနေနဲ့ကတော့..

အဲဒီသိသူ(ဗုဒ္ဓ)ရဲ့..ပြောကြားချက်၊ ဆိုဆုံးမ ချက်တွေကို သိအောင်လုပ်ပြီး…လိုက်နာ၊ ကျင့်ကြံ၊ နေထိုင်ရမှဖြစ်ပါတယ်..။

ဆိုလို တာက….လူသားတွေမှာ ကပ်ငြိနေတဲ့…မငြိမ်းချမ်းမှုဒုက္ခကိုမြင်ပြီး..ဒုက္ခဖြစ်ကြောင်း သမုဒယကိုပယ်ခွာနိုင်လို့…

ငြိမ်းချမ်းရာ..နိရောဓကို…ရောက်ဖို့လမ်းကြောင်း..မဂ္ဂဆိုတာ ဒါပါလားလို့..သိမြင်နိုင်ဖို့..သိသူ(ဗုဒ္ဓ)ကိုတော့ …

ပထမအနေနဲ့ရှာရမှာဖြစ်ပါတယ်။ အခုနေကတော့…

            သိဒ္ဓတ္ထမင်းသားတဖြစ်လဲ(ဗုဒ္ဓ)ဟာ…သက်ရှိထင်ရှားမရှိတော့ပေမယ့်… သူ့ရဲ့ဓမ္မ(စစ်စစ်)တွေကို ရှာဖွေပြီး..

အဲဒီဓမ္မ(တရား)ဆိုတဲ့..ပြောဆိုချက်၊ ဆိုဆုံးမချက် တွေကို… တွေ့အောင်၊ သိအောင်လုပ်ပြီး…

သရဏံ- ကိုးကွယ်ရာ..အားထားရာဟူ၍၊ဂစ္ဆာမိ- ဆည်းကပ်ပုံအပ်ရမှဖြစ်ပါတယ်ပေါ့….။

ကဲ….ကိုယ်က..ဘာကိုသိပြီးတော့..ဘာတွေကို အောင်မြင်ချင်တာလဲ…။ သူဘာသာရပ်ဆိုင်ရာ..သရဏဂုံတွေရှိနေကြပါ

တယ်ဆိုတာကတော့…တင်ပြ ပြီးခဲ့ပါပြီ..။ ဖြန့်ကျက်၊ တွေးဆပြီး ကို်ယ်ဖြစ်ချင်တဲ့…အောင်မြင်သူ၊ ကျော်လွှားသူတစ်ယောက်. ..

(သိသူဗုဒ္ဓ)ဖြစ်အောင်..(ကျမ်းမာခြင်းဆိုင်ရာ..အရိယာအဖြစ်ရောက်အောင်)

ဘယ်လို…သိသူ(ဗုဒ္ဓ)ကို သရဏံ- ကိုးကွယ်ရာ၊ အားထားရာဟူ၍၊ ဂစ္ဆာမိ- ဆည်းကပ်ရမယ်။

        ဘယ်လိုသိသူ(ဗုဒ္ဓ)ရဲ့..ဆိုဆုံးမချက်၊ ပြောဆိုညွှန်ပြချက် (ဓမ္မ)တွေကို၊ သရဏံ-ကိုးကွယ်ရာ၊

အားထားရာဟူ၍၊ ဂစ္ဆာမိ- ဆည်းကပ်ရမယ်။

        ဘယ်လိုသိသူ(ဗုဒ္ဓ)ရဲ့..ဆိုဆုံးမချက်၊ ပြောဆိုညွှန်ပြချက်(ဓမ္မ)တွေအတိုင်း.. လိုက်နာ၊ ကျင့်သုံး၊

နေထိုင်သူ(သံဃာ)ကို…

သရဏံ- ကိုးကွယ်ရာ..အားထားရာဟူ၍၊ ဂစ္ဆာမိ- ဆည်းကပ်ရမယ်ဆိုတာ…အရေးတကြီး..လိုအပ်ပါကြောင်း……

ချစ်ခြင်းအားဖြင့်တင်ပြရင်းမှ…..

7 comments

  • chityimhtoo

    February 26, 2012 at 10:52 am

    Thanks….really tks

  • kai

    February 26, 2012 at 12:27 pm

    စကားလုံးတွေနဲ့ရှုပ်နေတာကို.. နားလည်လွယ်အောင် ဖြည်ပြ..ရှင်းပြသွားတယ်လို့.. မြင်မိပါတယ်..။
    သာဓုပါခင်ဗျား..။

  • ““ကဲ….ကိုယ်က..ဘာကိုသိပြီးတော့..ဘာတွေကို အောင်မြင်ချင်တာလဲ…။ သူဘာသာရပ်ဆိုင်ရာ..သရဏဂုံတွေရှိနေကြပါ
    တယ်ဆိုတာကတော့…တင်ပြ ပြီးခဲ့ပါပြီ..။ ဖြန့်ကျက်၊ တွေးဆပြီး ကို်ယ်ဖြစ်ချင်တဲ့…အောင်မြင်သူ၊ ကျော်လွှားသူတစ်ယောက်. ..
    (သိသူဗုဒ္ဓ)ဖြစ်အောင်..(ကျမ်းမာခြင်းဆိုင်ရာ..အရိယာအဖြစ်ရောက်အောင်)
    ဘယ်လို…သိသူ(ဗုဒ္ဓ)ကို သရဏံ- ကိုးကွယ်ရာ၊ အားထားရာဟူ၍၊ ဂစ္ဆာမိ- ဆည်းကပ်ရမယ်။
            ဘယ်လိုသိသူ(ဗုဒ္ဓ)ရဲ့..ဆိုဆုံးမချက်၊ ပြောဆိုညွှန်ပြချက် (ဓမ္မ)တွေကို၊ သရဏံ-ကိုးကွယ်ရာ၊
    အားထားရာဟူ၍၊ ဂစ္ဆာမိ- ဆည်းကပ်ရမယ်။
            ဘယ်လိုသိသူ(ဗုဒ္ဓ)ရဲ့..ဆိုဆုံးမချက်၊ ပြောဆိုညွှန်ပြချက်(ဓမ္မ)တွေအတိုင်း.. လိုက်နာ၊ ကျင့်သုံး၊
    နေထိုင်သူ(သံဃာ)ကို…
    သရဏံ- ကိုးကွယ်ရာ..အားထားရာဟူ၍၊ ဂစ္ဆာမိ- ဆည်းကပ်ရမယ်ဆိုတာ…အရေးတကြီး..လိုအပ်ပါကြောင်း……””
    ကျေးဇူးပါ မိုးချမ်းမြေ့ရေ။

  • ကြောင်ကြီး

    February 27, 2012 at 2:19 am

    ပညာလွန် အယုတ်တရား စိတ်ထင်တိုင်း ပြောတော့တယ်။ သမာဓိပို အလွန်တရား ပညတ်နောက်လိုက်မဆုံး အာရုံပြုမိတယ်။ သဒ္ဓါလွန် ဆင်ကန်းတောတိုး တဏှာကျွန်ဖြစ်တယ်။ ဝီရိယလွန် ဆန္ဒဇောပိုတယ်။ သတိလွန် ညဏ်ပိတ်တယ်..။ ကိုယ်ဘာပိုသလဲ လိုသလဲ ပြန်ကြည့်…။ အပိုအလိုရှိလို့ လမ်းမဆုံးသေးတာလေ…။ ဆုံးပြီမပြောဂျေး…ရွာနားမြက် ရွာနွားမစားခိုင်းနဲ့…။ 😎

  • မိုးချမ်းမြေ့

    February 28, 2012 at 8:30 am

    အပိုအလိုဆိုတဲ့ အစွန်းနှစ်ပါးအတွက်..သတိပေးတာကိုတော့..ကျေးဇူးပါကိုကြောင်ကြီး..။
    ဒါပေမယ့်…မရှင်းလို့ပါနော်…။ ဘာကို ဆုံးပြီလို့ပြောလို့…ဘာကို ဆုံးရမှာတုန်းခင်ဗျ..။
    ရွာနားကမြက်ဆိုတာလည်း…ရှင်းပေးပါဦး..။

  • ရွှေပြောင်ပြောင်

    March 7, 2012 at 9:45 am

    ဗုဒ္ဓဘာသာရဲ့ သရဏဂုံဆိုတာ တခြားဖြစ်နေတလား။
    ဒါမှမဟုတ် နားလည်မှုတွေခြားနားနေတာလား။

  • မိုးချမ်းမြေ့

    March 23, 2012 at 5:38 pm

    ခေတ်ရေစီးကြောင်းအတိုင်းမှာ လိုက်လျောညီထွေမရှိတော့တာကိုပဲ
    တစ်ယူသန်ဘာသာရေး၊ တစ်ယူသန်ဝါဒလို့ ပြောရမှာမို့ ကာလရဲ့တိုက်စားခြင်းကို
    ံခံနိုင်ရမယ်ဆိုတဲ့ ဗုဒရဲ့တရားတွေက မမှားနိုင်ပါဘူး။
    လက်ရှိအသိတွေက ကာလနဲ့သွေဖီနေလို့သာ ချွတ်ချော်နေတာလို့ပါပဲ။

Leave a Reply