လုပ်ပိုင်ခွင့်လော ခံစားခွင့်လော

buu kyoaFebruary 26, 20121min864

မြန်မာနိင်ငံ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့  နယ်၊ မိုင်းသော်အရှေ့  ကျေးရွာအုပ်စု၊ တောင်နီရွာသည် တိုင်းရင်းသားပေါင်းစုံနေထိုင်သော ရွာတစ်ရွာဖြစ်ပါ သည်။ ယခင်က ရ.ယ.ကဥတ်ကထ၊ ယခုကျေးရွာအုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင်နေသော ဦးလှသော်သည် ကျေးရွာသချိုင်းမြေ၊ လမ်းမြေများကို ရောင်းချပြီး ကိုယ်ကျိုးစီးပွားအတွက် ကိုယ်ထူကိုယ်ထဈေး အမည်ခံကာ ရေလုပ်ငန်းနှင့် ပျားမွေးမြူရေးပိုင် RC အဆောက်အဦးနှင့် ပိုင်နက်နယ်မြေ (၉.၇၅)ဧကအတွင်းရှိ သစ်ဆိမ့် ပင်၊ သရက်ပင်များဖြိုဖျက်ခုတ်လှဲရု် ဈေးဆိုင်ခန်းများ ဆောက်လုပ်ခဲ့ပါသည်။

ဈေးဆောက်လုပ်ရာတွင် အများပြည်သူများအား အသိပေးမှုမရှိခြင်း၊ တစ်စုတစ်ဖွဲ့ဖြင့် တိုးတိုးတိတ်တိတ်ဆောင်ရွက်ခြင်း၊ ဈေးအင်္ဂါနှင့်ညီညွတ်အောင် မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် ညှိနှိုင်းမှုမရှိခြင်းတို့ကြောင့် ဆိုင်ခန်းများဝယ်ယူရောင်းချသူများ မရှိခဲ့ပါ။ ၎င်းကိုယ်ထူကိုယ်ထဈေး မအောင်မြင်သောကြောင့် အုပ်ချုပ်ရေးမှူးလုပ် ပိုင်ခွင့်ကိုသုံးကာ ကျေးရွာသူ/သားများကို အငြိုးထားဆက်ဆံလျှက်ရှိပါသည် ၎င်းလုပ်ရပ်ကြောင့် စိုက်ပျိုးမြေများဆုံးရှုံခြင်း၊ ရပ်သူရပ်သားများစိတ်ဝမ်းကွဲပြားခြင်း လိုင်စင်စီရ စည်ပင်မှ ဈေသည်/ဈေးဝယ်များ ကျီးလန့်စာစားဖြစ်နေရခြင်းတို့သည် မလိုလားအပ်သော ကိတ်စ များကို အတင်းဆောင်ရွက်နေခြင်း၊ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုရု ်မိမိခံစားပိုင်ခွင့်အတွက်သာ ဆောင်ရွက်နေခြင်းဖြစ်သဖြင့် ရပ်တန်းက ရပ်ပေးပါရန် DVB မှတစ်ဆင့် နိင်ငံတော်အကြီးအကဲများသိစေရန် တင်ပြအပ်ပါသည်

4 comments

  • ဟဲ့ပလုတ်တုတ် DVBဆိုပါလားကွယ်။
    ကျေးရွာဥက္ကဠကိုပြောတာလားဗျာ။ကျေးရွာနဲ ့ရပ်ကွက်တွေအတွက် ဥပဒေထွက်လာပါပီ။
    ထိရောက်အောင်သာတိုင်ကြပါဗျား။

  • ကိုရင်မောင်

    February 26, 2012 at 7:59 pm

    မန်းလေးကဇက်ပါကွယ် DVB မဟုတ်ပါဘူး…

  • Harumoto

    February 26, 2012 at 10:09 pm

    လိပ်စာ မှာလာတာနေမှာ..
    ဂေဇက်က ဒါမျိုး ကူညီပါသလား
    ကူနိုင်ရင် ကူပေးကြပါဗျာ…။
    အသစ်လေးမို့ အမှားပြင်ပေးပြီး
    ဖိတ်ခေါ်ကြပါစို့။

  • etone

    February 27, 2012 at 3:31 pm

    DVBက …. မန္တလေးဂေဇက်ကို ဝင်ဝင်ဖတ်နေဟန်ရှိပါတယ် .. … ။ဒါကြောင့် … ဒီကတဆင့်တောင်းဆိုလာတာဖြစ်ပါလိမ့်မယ် ….
    ပထမဆုံးအကြိမ် နာရေးကူညီမှုအသင်းကို လှူချင်စိတ်ဖြစ်လာတုန်းကလည်း DVB ကနေရိုက်ပြတင်ဆက်ခဲ့တာ ကြည့်ခဲ့ရလို့ပါပဲ …
    ဒါ့ပြင် … DVB က .. အလျဉ်းသင့်လျှင် သင့်သလို … ဂေဇက်က တချို့ ပို့စ်တွေကိုလည်း ထောက်ပြ ဖတ်ပြတတ်ပါသေးတယ် …. ။

Leave a Reply