“ပိုက်ဆံရှိရင် အားလုံးအဆင်ပြေတယ်” စိန်ဝင်းထွန်းတော့မဟုတ်ဘူး ရှမ်းပြည်သားထင်တာ မှားတာရှိရင်ခွင့်လွှတ်နော်

အရှေ့အလယ်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်အား မကြာသေးမီကာလအတွင်း ပဏာမအပစ်အခတ်ရပ်စဲခဲ့သောရွက်စစ်အဖွဲ့မှ အလျော်ပေး၍

လွဲပြောင်းယူမည်ဟုကြားသိခဲ့ရသည်။ ထို့အတွက်စစ်ဋ္ဌာနချုပ်အား နမ့်စန်မြို့အနီးအနားဝန်းကျင်ဖြစ်သော အမှတ်၉ရွာဘက်သို့ပြောင်းရွေ့နေရာ

ချထားမည်ဟုလည်းသတင်းရရှိခဲ့သည်။ နမ့်စန်မြို့နယ်၏မြို့နယ်ခွဲဖြစ်သော ခိုလမ်မြို့နယ်တွင် စစ်တိုင်းဌာနချုပ်ဖွင့်လှစ်ပြီး တစ်နှစ်ခန့်အကြာ၌

ပဏာမအပစ်အခတ်ရပ်စဲခဲ့သောရွက်စစ်အဖွဲ့မှ ၎င်းတို့နယ်မြေအဖြစ်သတ်မှတ်ပေးရန်နှင့် ခိုလမ်မြို့နယ်တွင်ဆောက်လုပ်ခဲ့သော အရှေ့အလယ်ပိုင်းတိုင်း

စစ်ဌာနချုပ်ရှိအဆောက်အဦများ၏ကုန်ကျစားရိတ်ကို တွက်ချက်ပေးပြီးငွေချေပေးမည်ဟုလည်း နမ့်စန်မြို့နေပြည်သူများထံတွင်သတင်းများ

ထွက်ပေါ်ခဲ့သည်။

အဆိုပါအရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အားပြောင်းလဲဖွင့်လှစ်ပေးမည့် အမှတ်၉ရွာပတ်ဝန်းကျင်းအနီးတွင်လည်း လွန်ခဲ့သောနှစ်နှစ်ခန့်က

စက်မှုဇုန်အဖြစ်သတ်မှတ်ထားသောမြေနေရာများတွင်လည်း ယခုနှစ်ဧပြီလ၌ နမ့်စန်မြို့အတွင်းတွင်လုပ်ကိုင်လျက်ရှိသော စက်မှုလုပ်ငန်းများ

ပြောင်းရွေ့လုပ်ကိုင်ရမည်ဖြစ်သည့်အတွက် အဆိုပါမြေနေရာများတွင် အလျားပေ၈၀xအနံပေ၆ဝရှိသည့်မြေကွက်များမှာ လည်းဈေးနှုန်းသုံးဆခန့်မြင့်တက်လာကြောင်း

စက်မှုလုပ်ငန်းများလုပ်ကိုင်လျက်ရှိကြသော ပြည်သူများထံမှကြားသိရသည်။ ထိုသို့ဈေးနှုန်းများမြင့်တက်ခဲ့သော်လည်း ဝယ်လိုသူအများအပြား ရှိခဲ့သည်ဟုလည်းကြားသိရသည်။

 

7 comments

  • Harumoto

    February 26, 2012 at 10:23 pm

    သတင်း ရေးတာ နားလည်အောင် အတော် ဖတ်ယူရတယ်။
    ရေးပါ.. ကောင်းပါတယ်။ရေးတာများလာရင် ဘယ်လိုရေးသင့်တယ်ဆိုတာ
    သိလာမှာ.. ရေးနေဘို့ဘဲ လိုတယ်။
    အဆင်မပြေတာတွေ ရွာထဲက ကျွမ်းကျင်သူတွေ ဝေဖန်ပြောဆိုပြီး သင်ပေးလိမ့်မယ်။
    ကြိုဆိုပါတယ်။

  • ရှမ်းပြည်နယ်မှာ တိုင်းစစ်ဌာနချုပ်အနေနဲ့ ဖွင့်လှစ်ထားတာတိုရင် ရပခ(အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်- တောင်ကြီး)၊ ရမခ (အရှေ့မြောက်တိုင်း စစ်ဌာနချုပ်- လားရှိူး) နဲ့ တသခ( တြိဂံဒေသ တိုင်းစစ်ဌာနချုပ်- ကျိုင်းတုံ) တို့ပဲ ရှိတယ်လို့ သိထားတာပါ။ အနီးစပ်ဆုံးဆိုရင် လပခ (အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် – မန္တလေး)ဆိုတာပဲ ရှိပါတယ်။ ခုအိုက်ပီးပြောသွားတဲ့ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ဆိုတာ ဘယ်တုန်းက ဖွင့်လိုက်တာလဲ သိချင်ပါတယ်။

    တစ်ခုတော့ ရှိတယ်ပေါ့လေ.. သူပြောချင်တာ ဒကစ( ဒေသကွပ်ကဲမှု စစ်ဌာနချုပ်) ကိုများ ပြောချင်တာလားမသိ။ သတင်းအနေနဲ့ တင်ထားလို့ ဖတ်ကြည့်ရာမှာ လွဲချော်နေတယ်လို့ မြင်မိပါတယ်။ နမ့်စန်နဲ့အနီးဆုံးမှာတော့ ဒကစ (လင်းခေး) တော့ရှိတာပါပဲ။ လွိုင်လင်တော့ မသိဘူးပေါ့။

    ကိုယ့်ဆရာရဲ့ ဆိုလိုရင်းကိုတော့ နားလည်ဖို့ အတော်ခက်နေပါကြောင်း။

    စကားမစပ်.. တောင်ပိုင်းမှာတော့ နမ့်စန်လွင်ပြင်ကတော့ ကားမောင်းလို့ အကောင်းဆုံးဖြစ်တာကို ပြန်အမှတ်ရမိသေးသဗျာ။

    • ရှမ်းပြည်သား (တောင်ပိုင်း)

      February 27, 2012 at 6:24 pm

      အောက်ကကိုရဲရင့်ပြောတာ အမှန်ပဲဗျို့ ကိုရှူံးရေ……….
      နမ့်စန်လွင်ပြင်အရင်လိုကားမောင်းရမကောင်းတော့ဘူးဗျို့။
      ကျွန်တော်တောင်ကြီးကလာတော့တောင် ချိုင့်တွေခွက်တွေချည်းရှောင်ရလို့ ကားလေးပလက်မလန်တာကံကောင်းပဲဗျ။
      သူငယ်ချင်းမစမှုနဲ့သာလာရတာ လွန်ခဲ့တဲ့ရှစ်လလောက်အထိက လွိုင်လင်အထွက်မှာ
      ပင်လုံစခန်းမှုးကို အာပီဂျီနဲ့ဆော်လွှတ်လိုက်လို့ ကားမီးလောင်ပြီး လူခြောက်ယောက် ပွဲချင်းပြီးရော
      ဗျ။ ဘုရားတစ် တတ နဲ့လာရတယ်ဗျို့ ……….

  • windtalker

    February 27, 2012 at 12:35 am

    အက်စစ် သီချင်းထဲကလိုဘဲ ကွန်မင့်ရေးပါရစေ
    ` ပိုက်ဆံမရှိရင် လူမလုပ်နဲ ့သွား ´

  • YE YINT THU

    February 27, 2012 at 2:37 pm

    ရှူံးနိမ့်မှုများနဲ ့ဆိုတဲ့ သယ်ရင်းရေ

    အထက်ပါပြောင်းရွေ ့သတင်းမှန်မမှန်တော့ မသိပါ။ “ အရှေ ့အလယ်ပိုင်းတိုင်း ”ဆိုတာ လွန်ခဲ့သော တစ်နှစ်ကျော်ကျော် ခန် ့က ရှမ်းပြည်နယ် အလယ်ပိုင်းမှာ အသစ်မံ ဖွင့် လှစ်ခဲ့တဲ့ တိုင်းစစ်ဋ္ဌာနချုပ်အသစ်တစ်ခုပါ။
    လက်ရှိတိုင်မှူး ကတော့ ဗိုလ်ချုပ်မြထွန်းဦး ပါ။

  • ရှမ်းပြည်သား (တောင်ပိုင်း)

    February 27, 2012 at 6:16 pm

    ဟုတ်ပါတယ်ခင်ဗျာ အရှေ့အလယ်ပိုင်းတိုင်းကလွန်ခဲ့တဲ့တစ်နှစ်ခန့်ကဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
    တိုင်းမှူးကလည်းယခင်တိုင်းမှူးပါပဲ ဗိုလ်ချုပ်မြတ်ထွန်းဦးဖြစ်ပါတယ်။
    သူအုပ်ချုပ်တဲ့ဒေသတွေကတော့ကျွန်တော်လှမ်းမှီသလောက်ဆိုရင် နမ့်စန်၊မိုးနဲ၊လင်းခေး၊ကွန်ဟိန်း၊ကျိုင်းတောင်း၊
    လွိုင်လင်၊ပင်လုံ၊မိုင်းကိုင်၊လဲချား၊ကျေးသီး၊မိုင်းရှူး၊မိုင်းပွန်တွေထိပါတယ်ဆိုတာသိရပါတယ်။
    ပြောင်းရွေ့သတင်းကတော့ ကျွန်တော်လဲနားစွင့်ဆဲပါ။ ကျွန်တော်ရေးထားတဲ့သတင်းက အတိအကျတော့
    မဟုတ်ပေမယ့် နမ့်စန်မြို့နယ်တွင်းက ပြည်သူလူထုကြားမှာတော့ အမှန်တကယ်ထွက်ပေါ်နေတဲ့သတင်း
    တစ်ခုပါ သက်သေခံဥပဒေထဲကစကားအတိုင်းပြောမယ်ဆိုရင်တော့ Hear Say ပေါ့
    ကောလဟာလတစ်ခုမဟုတ်တာတော့သေချာပါတယ်။
    ဆွေးနွေးသင်ကြားပေးပါသော ရွာသူရွာသားများကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်လို့ပြောကြားရင်း
    ရှမ်းပြည်သားတောင်ပိုင်း…………….

Leave a Reply