နှူးဘာ ဒါ့ပုံ

ムラカミFebruary 27, 20121min16419

 

ဒီရက်ပိုင်း …ကံမကောင်း…(ကံဆိုတာ မရှိဘာဘူး လို့ သဂျီး ကတော့ ပြောသား ….)

ကံဆိုတာ မရှိဘူးဆိုရင် …အနှီ မရှိတာ ဂျီး မကောင်းဘူး ပေါ့ဗျာ …

ဘယ့်နှယ့် …ကြောင် မဲလုံး ဒါ့ပုံရိုက်လာမိပါတယ်…

ကြွက်ကလေး သေသွားရှာဒယ် …. ပကျွတ် ..သနားထှာကွယ်…..

၃နှစ်တောင်ရှိဘီ …အဲ့ ကြွက်ကလေး မွေးထားတာ ….

ခုတော့ ရင်ထဲ မကောင်း. ….။ အဲ့ဒါနဲ့ သောက်ကြာနေ့ညက (အဲ့နေ့ဆို သောက်တာ ကြာတယ်

အဟုတ်……) ကြွက်မြီးတို တကောင် သွားဝယ်ခဲ့ရတယ်….

ပိုက်ပိုက် ပြတ်ပါတော့မယ် ဆိုမှ …. ခွီးတဲ့မှ ပဲ …။ကြွက်မရှိရင် ဘယ့်နှယ့် လုပ်မတုန်း…။

အဲ့ဒါနဲ့ …အနုမြူ အပျော့ ကထုတ်တဲ့ ကြွက်မြီးတိုလေး တစ်ကောင် သုံးပြီး

အောက်က ပုံလေး၅ပုံ ပြန်တို့ ထားကြောင်းပါ….။

ခင်တဲ့

ဂီ

 

 

ဒန်တန့်တန် …..

 

 

 

 

 

 

 

19 comments

  • water-melon

    February 27, 2012 at 7:55 am

    အမလေး တိုကြီးဇာကလည်း
    အနော် တစ်ယောက်လုံးရှိပါတယ်
    ဘာပစ္စည်းဖြစ်ဖြစ်ပျက်ရင်ယူခဲ့ လူကလွဲလို့ပေါ့
    ပြန်ကောင်းအောင်ပြင်ပေးမယ် 😀

  • kyeemite

    February 27, 2012 at 8:52 am

    ရိုက်ချက်တွေကတော့ ထုံးစံအတိုင်း ရှယ်ပါဘဲ..ကြွက်မြီးတိုလေးကိုကြိုက်သဗျို့…သင့်ခရုပါ ဂီ…

    • စိန်ပေါက်ပေါက်

      February 27, 2012 at 10:15 am

      ကြိုက်ရင် ယူစေဗျား….

  • ကိုဂီရေနှူးဘာ ဓါတ်ပုံလေးတွေ အားပေးသွားတယ်ဗျ။ဒါနဲ ့အကိုရေ…..

    Prince of Pennsylvania (PoP)ဆိုတော့လေ POP ဆိုတာက ကျောက်ပတ်တီး
    (plaster of Paris )မဟုတ်လားဗျို ့။
    ဟီးးး နောက်တာပါဗျ

  • pooch

    February 27, 2012 at 12:19 pm

    သစ်ခွ ဆိုတဲ့ စကားလုံးက ဂရိဘာသာစကားက ဆင်းသက်လာတာဆိုပဲ။ ကမာ္ဘပေါ်မှာ ရှိသမျှသက်ရှိ မျိုးစိတ်တွေ ဖြစ်တဲ့ လူ၊ တိရိစာ္ဆန်၊ အပင်တွေ စတဲ့ထဲကမှ သူက အဆင့်မြင့်ဆုံး သက်ရှိပါတဲ့လေ။ နေ၊ လေ ၊ ရေ ကို သုံးစွဲရာမှာလည်း သူက အနည်းဆုံးလို့ လည်း ပြောကြပြန်တယ်။

    နောက် သစ်ခွတွေ သိပ်ချစ်ဖို့ ကောင်းတာတခုက သူက သူကပ်တွယ်ပြီး ပေါက်ရောက်နေထိုင်နေရတဲ့ အပင်က ဖြစ်စေ ၊ ကျောက်ဆောင်က ဖြစ်စေ ဘယ်တော့မှ အစာအာဟာရ ကို မယူပဲ ကိုယ်တိုင်ရှင်သန်ဖို့ ကိုယ့်အစာကို ကိုယ့်ဖာသာ ချက်လုပ်တယ် ဆိုတာလေးပါ။

    ဒါကြောင့်မို့ လည်း ဆရာငြိမ်းကျော်က သစ်ခွလို သစ်ပင်ကို မှီပြီးမရှင်သန်လိုတဲ့ သူ၊ အမှီအခိုကင်းကင်းနဲ့ ဘဝကို လျှောက်လှမ်းချင်တဲ့ သူ၊ ကိုယ့်အားကိုယ်ကိုးပြီး ဘဝကို အောင်မြင်ချင်တဲ့သူ အဲ့လို သစ်ခွနဲ့တူသော အမျိုးသမီးတယောက်ရဲ့ အကြောင်းကို

    ” အပြာရောင်သစ်ခွပွင့်ရဲ့ သမိုင်းအစ” ဆိုပြီး ဝတ္ထုတပုဒ်ရေးဖူးတယ်။

    ဒါနဲ့ depressive ဖြစ်နေတဲ့ punk လူငယ်တယောက်ရဲ့ ဟစ်ပီလေဒီ အသစ်က ဘယ်သူများပါလိမ့် 😀

    • Prince of Pennsylvania (PoP)

      February 27, 2012 at 1:19 pm

      ဘာကျောရာလဲဟင်.. လိုက်မမီလို့ဘာ..
      သများက ပန့် မဟုတ်ပါဝူးချင့်…??

      • pooch

        February 27, 2012 at 1:31 pm

        prince of pennsylvania ဆိုတဲ့ကားထဲမှာ ကီနူးရိဗ်က ပန့်လူငယ်တယောက်လို သရုပ်ဆောင်ပြီး ဟစ်ပီ အမျိုးသမီးနဲ့ အကြောင်းကို ရိုက်ထားတဲ့ ဟာသကားဆိုလားလို့ ..
        တကထဲမှ မသိချင်ရင် မသိတော့ပြန်ဘူး။

        နာမည်ကြီး အတည်ပေါက် ယူသုံးထားပြီး …
        ရူးချင်ယောင်ဆောင်နေတယ်…………
        မာကတ်တာတွေများ တတ်လည်း တတ်နိုင်ပါ့တော်.. 😀

        just kidding…

        • Prince of Pennsylvania (PoP)

          February 27, 2012 at 1:44 pm

          အဟမ်း …
          မူရင်း ယူစ့်စေ့ချ် က စပြောမှ ဇာတ်ရည်လည်မယ်ချင့် ….
          မဲမဲဘုတို ဆိုတဲ့ ဘိရုမာ အဆိုတော်မလေး လေးဖက်ထောက်ပြီး ဆိုသွားတဲ့…
          နောက်နောက်နောက် တခေါက် ..ထပ်မလာနဲ့ …ဆိုတဲ့ မူရင်းသီချင်း
          (အမေဒစ်ကင်န် နိုင်ငံတော်သီချင်းလို့ကို ခေါ်နိုင်တဲ့ ဟဲဗီးပေါက်သချင်း..အဲ့သီချင်းရလား သဂျီး)
          နော့ကင်းအွန်သည် ဟဲဗန်းဒိုး …ဘော့ဘ်ဒိုင်လန်… (ဂျော့ဘုစု ဆိုလား ဘာဆိုလား ဟိုလူဂျီး သိပ်ကြိုက်တဲ့အဆိုတော်..)
          ကော့ဒ် ပရိုဂလက်ရှင်း ၃ခုထဲနဲ့ လှအောင်ရေးသွားတာ…
          (ရှုပ်ကုန်ဘာဘီ…)

          အနှီသီချင်း ကို ဘယ်သူကပြန် ရီဖားလုပ်ပြီး မုဒ် သွင်းပီ းနောက်ထပ်
          မော်ဒန်ကလပ်စစ်ဖြစ်မယ့် သီချင်း …ရေးသလဲဆိုတော့ ဂျွန်ဘွန်ဂျိုဘီ..

          ဟဲဟဲ… ဗမာသီချင်း ရှိသပေါ့ …ကိုကိုပုတို့ဆီက အဆိုတော်ကြီး ကိုဃကြီး(ဟယ်ရီလင်း..)
          ဆိုသွားတဲ့…. ဒါအောင်မြင့်ဦးလား ဒါဦးမြင့်အောင်လား ..ဆိုတဲ့ အဆိပ်ငွေကြေး
          (သျှီ ပြန်ဆိုထား..)

          မောထှာ …အဲ့သီချင်းတွေက ဘာကိုညွှန်းသလဲဆို ..ဝိုင်းဝိုင်းဝက်စ် ခေတ်က
          တောပုန်း ဓါးပြ ကလေးမျက်နှာနဲ့ လူသတ်သမား ဘီလီသည်ကစ်ဒ် ကိုပြောတာ ….

          ပန်ဆယ်လ်ဗေးနီးယား ဆိုတဲ့အရပ်မှာ သမ္မတအိမ်တော်.. ရှိတယ်..

          သတင်းဖြစ်အောင်လုပ်နိုင်သူ နျူးစ်မိတ်ကာ ပေါ့ဗျာ …ပရင့်ဇ်အော့ဖ် ပင်န်ဆယ်လ်ဗေးနီးယား
          ရဲ့ ဆိုလိုရင်းကတော့….

          မောထှာ ….
          ၁၉၉ဝ လောက်က ထွက်တဲ့ ယန်းဂန်းစ် ၁- ၂ မှာ ရှာကြည့် လို့ရပါရဲ့…

          😀

          ဂေးနေတဲ့ …ကီယာနူး ရိဗ် ကိုတော့ ချဉ်ပါတယ်အေ…

          ခင်တဲ့
          ဂီ

        • pooch

          February 27, 2012 at 1:59 pm

          အဲ့ဒီ ဝိုင်းဝိုင်းဝက် ကို ပြန်ဆိုထားတဲ့ အခု Joanna Wang ရဲ့ သီချင်းခွေ တခွေလုံးလည်း ဂွတ်တယ်တော်ရေ..

          သိပါဘူးတော် လိုင်းပြောင်းပြီး မဂီဖြစ်နေလို့ ကီနူးများ မျက်စိကျသွားသလားလို့ ….
          မှားတဲ့အခါလည်း မှားပေမပေါ့…

          သီးခံပါ မယ်ဂီ သီးခံပါ ။ သီးခံခြင်းသည် အောင်မြင်ခြင်းတဲ့။ 😀

        • Prince of Pennsylvania (PoP)

          February 27, 2012 at 2:28 pm

          သည်းခံဘာဒယ် သည်းခံဘာဒယ်…
          ဂေးဒွေထိလို့ဆိုပီး (ဂေးပိတ်သတ်)ဟိုမောင်လေး မီးဒုတ်လာရှို့မှာလည်း
          ကြောက်ရသေး….
          😀

  • blackchaw

    February 27, 2012 at 12:41 pm

    ဂီဂီ့ ကြွက်လေးက မိုက်တယ်ဗျာ။
    ပုံလေးတွေ ကြည့်ပြီး တစ်ခုခု ကို သတိရသလိုမျိုး ခံစားရပါတယ်။
    ဘာမှန်းတော့ ပြောတတ်သေးဘူး။
    ပြောတတ်တဲ့အခါကျရင် ထပ်ပြောမယ်ဗျာ။
    :mrgreen: :mrgreen: :mrgreen:

    • စိန်ပေါက်ပေါက်

      February 27, 2012 at 12:46 pm

      ဪ..
      အဲဒိ တစ်ခုခုဆိုတာ မတွေ ့မိပါကလားနော်.. 😀

    • Prince of Pennsylvania (PoP)

      February 27, 2012 at 1:03 pm

      MPS ကဆြာတယောက် စပိုက်ဒါ အော့ချစ် ပုံ
      မာခုလို ရိုက်ထားတာတွေ့လို့ လိုက်ရိုက်ကြည့်တာပါဂျာ
      (တူလည်းတူဘူး) မစားရမသောက်ရ ၃၀ဝ ကုန်သွားဘီ ..နှမြောထှာ…
      :'(

      သများဆို ထေ့ချင် ငေါ့ချင်ဂျဒယ်…ဟွန့် လူဇိုးဂျီးဒွေ…

      ကြွက်က မရှိမဖြစ်ခည …
      ဒီဇိုင်း ပိုင်း ဒါ့ပုံပိုင်းက ကြွက် စုတ်ရင် သိပ်လက်ပေါက်ကပ်တာ..ခည..

      အန်ကယ်စတိဗ် လတ် မလာခင် ကြွားထားဦးမှ
      မိုက်ဆို အနုမြူအပျော့ က ထုတ်တာပဲဟာ…ခစ်ခစ်….
      😀

      ကျနော့် လက်ပကျွတ်လည်း အသက်ငင်နေပါဘီ ..
      ဒင်းသေမှ … ၁လုံး ဝယ်ပြီး ကိုယ့်ဆြာတို့ ရှာနေတဲ့ တခုခုကို ရိုက်ပြပါတော့မယ်…

      အာဟိ…

  • Khaing Khaing

    February 27, 2012 at 4:39 pm

    ဂီရေ ဓာတ်ပုံလေးတွေက ပန်းပုံလေးတွေအရမ်းလှတယ်..စိတ်ထဲမှာ ရှုပ်နေတာတွေက နည်းနည်းလေးအပန်းပြေသွားတယ် ကျေးဇူးပါ..ဂီတို့ရေးတာတွေ တော့လိုက်မမီဘူး ဂီကနံမည်မျိုးစုံနဲ့ ရွာထဲမှာကျင်လည်နေတယ်နော် တို့မှာရှာလိုက်ရတာ ဂီကိုအားပေးချင်လို့ …..

    ကျန်တဲ့ရွာသူရွာသားတွေ ဂီကိုမနာလိုဖြစ်အောင် ရန်တိုက်ပေးလိုက်တာ

  • snow white

    February 27, 2012 at 7:51 pm

    ပုံလေးတွေလှပါတယ် ဘွဲ့ယူရင်ပန်လို့ရတယ်ပေးပါလားဟိဟိစတာနော် စိတ်ဆိုးနဲ့

    • Prince of Pennsylvania (PoP)

      February 27, 2012 at 8:03 pm

      အင့် အင့် …
      😛

  • windtalker

    February 27, 2012 at 9:50 pm

    နှူးဘာဓါတ်ပုံ
    ဦးလာတက်ခုန်
    အရူးလာ ပေါက်ဖော်စိ
    ပြီးတော့ ဟိုပို ့ဒီပို ့
    နောက်ဆုံးတော့
    ဂေဇက်ကိုရောက် ။
    ……….
    အထက်ပါ စာများသည် ရှေး ကျောက်ခေတ်မတိုင်ခင် ရွှံ ့ခေတ် က လူသားများ ရေးသားခဲ့ပုံ ကို လိုက်တုပြီး ကျွန်ုပ်မှ ကွန်မင့် မန် ့မိခြင်း ဖြစ်ပါကြောင်း….ရယ်ပါလေ

  • MaMa

    February 27, 2012 at 10:44 pm

    အော် ခေတ်မှီတဲ့ ကြွက်များ အမြီးတောင်မပါ ပါလားကွယ်။
    အမြီးမပါတဲ့ကြွက်နဲ့ အမြီးပါတဲ့ကြွက် ဘာတွေများ အားသာချက်ရှိသလဲ သိချင်သား။
    စပိုက်ဒါ အော့ချစ် ပုံ တွေတော့ အားမကျဘူး။
    အိမ်မှာလည်း ပွင့်လို့ သဘာဝအတိုင်းလေးပဲ ကြည့်ရှု့ခံစားလိုက်တယ်။ (ကြုံတုန်းကြွားလိုက်တာ။)
    အမှန်က ဒါ့ပုံဆြာလို မရိုက်တတ်လို့ ။ 😛

  • ba gyi

    February 28, 2012 at 9:48 am

    ဟုတ်ပါ့ မမရေ၊ အမြီးတိုတာမဟုတ်ဘူး၊ အမြီးပါကိုမပါတာဗျား။
    ဂီ ဂီတို့က၊ အသစ်အဆန်းဆို လက်ဦးပြီးသားပါပဲ။
    ဘိုင်ပြတ်တော့မယ်ဆို ဘယ်လောက်တောင်ပေးခဲ့ရဒလည်းအသိဘူးနော်။

Leave a Reply