ဗေဒင်ပေါ်ကျွန်တော်တို ့မည်မျှယုံကြည့်သင့်ပါသလည်း?

sandawchainFebruary 27, 20121min864

မြတ်စွာဘုရားမပွင့်မီ အချိန်ကတည်းက ဗေဒင်ပညာရပ် မှော်အတတ်

ဂမ္ဘီရ ပညာရပ်များစွာထွန်းကားခဲ့ပြီးဖြစ်သည်။

သို ့သော်လည်းဗေဒင်ကိုမည်မျှယုံသင့်မယုံသင့်  နေ ့စဉ်ဘဝတွင်မည်မျှပါဝင်သက်ရောက်မှုရှိနေသည်ကိုတော့ သိသူနည်းနေသေး၏။

စာရေးသူသိသလောက်ပြန်လည် မျှဝေချင်သည်။

 

လူတစ်ယောက်၏ ရှင်သန်ရပ်တည်ရေးအတွက် လိုအပ်ချက် ၄ခုရှိလေသည်..ကံ၊ စိတ် ၊ ဥတု နှင့်အာဟာရ၄ခုလုံးကောင်းစွာ

မျှတမှုရှိပါမှ လူတစ်ယောက်ကောင်းစွာ အသက်ရှင်ပြီး မိမိတို ့လိုရာကိုဆောင်ရွက်နိုင်မည်ဖြစ်သည်ကိုတော့

အားလုံးအကြမ်းအား ဖြင့် သိရှိနိုင်လေသည်။

 

သို ့သော်လည်း ထိုအချက်လေးချက်လုံးမှာ မြန်မာစကားလုံးမူရင်းများမဟုတ်ကြပေ။ ပထမဆုံး ကံ ကို

ဖွင့်ဆိုရာတွင်ပင်များစွာ အခက်တွေ ့စေနိုင်လေသည်။ ကံကို အကြမ်းအားဖြင့် ပြောကြည့်မည်ဆိုပါက

မိရိုးဖလာလက်ခံလေ့ရှိသော အတိတ်ကံ ပစ္စုုပ္ပန်ကံ နှင့် အနာဂတ်ကံဟုယခုဘဝ ကိုပြောမည်လော။

သို ့မဟုတ်ပဲ ရှေးဘဝနောက်ဘဝကံ မဖြစ်သေးသည့်ကံများ

ကိုပြောချင်လည်းပြောနိုင်သည်။ မည်သို ့ပင်ပြောပြော

ထိုကံများသည်မိမိတို ့ပိုင်ပိုင်နိုင်နိုင်ကိုင်တွယ်နိုင်လိမ့်မည်ဟုမထင်မိပေ။

မိမိတို ့ပိုင်နိုင်စွာချက်ချင်းလက်ငင်း ကိုင်တွယ်ပြုပြင်နိုင်သောကံ၊

ပြောင်းလည်းရနိုင်သောကံလည်းမဟုတ်သဖြင့် အငြင်းအခုံဖြစ်စေနိုင်ပြီး

အချည်းအနှီး အချိန်ကုန်ရုံသာ ရှိပေလိမ့်မည်။ လက်တွေ ့ကျကျသုံးသပ်ပါက ထိုကဲ့သို ့ မဆိုပဲ

မည်သူမျှလည်းမငြင်းနိုင် သဘာဝယုတိ္တလည်းကျသောကံ၃ပါးသာရှိသည်ကိုတွေ ့နိုင်သည်။

ထိုကံသုံးပါးမှာ ကာယကံ၊ ဝစီကံ နှင့်မနောကံတို ့သာဖြစ်သည်။

မိမိတို ့နေ ့စဉ်နှင့်အမျှ အချိန်နှင့်အမျှ ပြုလုပ်နေသော  ကံဖြစ်ကြောင်းကောင်းစွာသိမြင်နိုင်သည့် အပြင်

ကံသုံးပါးကောင်းအောင်ပြုပြင်စိတ်ရှိသူတိုင်း အချိန်နေရာမရွေး လူမျိုးဘာသာမရွေး မိမိတို ့ဘာသာ

ပြုပြင်စီရင် တည့်မတ်နိုင်သောကံ၃ပါးလည်းဖြစ်ပေသည်။

ထိုကံသုံးပါးမှာ မိမိကိုယ်တိုင်ဆင်ခြင်ဉာဏ်ဖြင့် သုံးသပ်ပြီး ပြုပြင်မှသာလမ်းမှန်ကိုရောက်အောင် တည့်မတ်နိုင်မည်ဖြစ်သည်၊

ပြုပြင်လိုစိတ်မရှိက မိမိတို ့ကိုမည်သူကမျှဘယ်လောက်ပင်ပြောစေကာမူ

ကျွဲပါးစောင်းတီးမျှသာဖြစ်ပေလိမ့်မည်။

 

နောက် စိတ်ဆိုသည်မှာလည်း မြင် ကြား အနံ ့ အရသာ အထိအတွေ ့အစရှိသည့်အာရုံငါးပါးကို သိမှတ်ခံစား တုန် ့ပြန်နိုင်စွမ်းရှိသော အရာဖြစ်ပေသည်…စိတ်ဖောက်ပြန်သူ၊ စိတ်ကျန်မာရေးချို ့တဲ့နေပါကလည်းလူတစ်ယောက်တာဝန်ကို ကောင်းစွာထမ်းဆောင်နိုင်မည်မဟုတ်။

စိတ်ကျန်းမာရေးမကောင်းပါကလည်း စိတ်ရောဂါကုဆရာဝန်ထံတွင်သွားရောက်ပြီး

ပျောက်ကင်းအောင်းကုသနိုင်သေးသည်။ ရှေးအခါက ပယောဂဆရာများမှာ သက်ဆိုင်ရာနည်းဖြင့်စိတ္တဇကို

ကိုကု သပေးပုံတို ့ကိုလည်း ကြားခဲ့ဖူးသည်။ ယခုခေတ်တွင်တော့စိတ်ရောဂါကုထုံးများလည်း

တိုးတက်လာပြီဖြစ်ရာ ပယောဂဖြင့်လည်းကုစရာလည်းမလိုတော့ပေ။

 

ရာသီဥတုမကောင်းဥပမာပူလွန်းလျှင်အေးမြသော ရေကန်အနီး သို ့မဟုတ် သစ်ပင်ရိပ်အောက်တွင်သွားရောက်နေနိုင်သလို အေးလွန်းလျှင်လည်း

စောင်ခြုံပြီးနွေးထွေးစွာနေနိုင်သေးသည်။ မိမိကိုယ်တိုင် မျှတအောင်နေထိုင်နိုင်သည်။

ဗေဒင်ပညာရပ်ဟူသည် ရာသီဥတု ပထဝီအရပ်မျက်နှာတို ့ကိုခြုံငုံသုံးသပ်ပြီး ဖြစ်ရပ်တို ့ကို

စနစ်တကျမှတ်တမ်းမှတ်ရာပြုလုပ်ခဲ့သော ပညာဟုလည်း တစိတ်တဒေသဆိုနိုင်သည်။

ထို ့ပြင်ဗေဒင်ပညာရပ်ကိုစနစ်တကျလိုက်စားတတ်မြောက်ပြီး

အသက်မွေးဝမ်းကြောင်းပြုနေသောသူများလည်း မိမိတို ့နိုင်ငံတွင် မနည်းလှပေ။

အာဟာရကိုယခင်ကတည်း ရိုးရာတိုင်းရင်း ဆေးဆရာတို ့က ကောင်းစွာ ညွှန်ကြားလေ့ရှိသည်။

အပူစာ အအေးစာ ရာသီစာအသီးအနှံ ဟင်းသီးဟင်းရွက်များကို မည်သို ့မည်ပုံကျန်းမာအောင်းအချိုးကျနစွာစားသောက်ရမည်ကိုညွှန်ကြားလေ့ရှိသည်။

အာဟာရဖြင့်လည်းမိမိတို ့၏ ခန္ဓာကိုယ်ကျန်မာအောင် မျှတစွာစားသောက်နိုင်ပေသည်။

 

နိဂုံးချုပ်ဆိုရလျှင် လူတစ်ယောက်ပီပီပြင်ပြင် ရှင်သန်ရပ်တည်နိုင်ရေး အတွက်

ကံ၊ စိတ်၊ ဥတုနှင့် အာဟာရ လေးခုစလုံး ညီညွှတ်မျှတစွာဖြစ်နေဖို ့လိုသည်ကိုမမေ့သင့်။

ထိုအချက်လေးချက်လုံးတစ်ချက်လျှင် ၂၅% အကြမ်းအားဖြင့်နေရာယူထားပြီးဖြစ်လေသည်။

ဗေဒင်ကိုလုံးဝယုံစရာ မလိုဟုလည်း လက်လွတ်စပယ် မဆိုသင့်။

ထို ့ကြောင့်စာရေးသူတို ့သည် ရာနှုန်းပြည့်မှန်ကန်သောဗေဒင်ပင်ဖြစ်လင့်ကစား  ၂၅%သာ ယုံအပ်ပေသည်။

ဥပါဒါန်ကြောင့် ဥပါဒ်ရောက်တတ်ပေါင်းလည်းမနည်းလှတော့။

ကျန်ရှိသော ကံ၊ စိတ်၊ အဟာရတို ့ကိုလည်း ညီညွှတ်မျှတစွာ နေထိုင်ရန်မမေ့အပ်ပေ။

မိမိသိရှိထားသော ဗဟုသုတတစ်ခုကိုမျှဝေခြင်းသာဖြစ်သည်။

မှတ်ချက် – လွတ်လပ်စွာကွဲလွဲနိုင်ပါသည်။

 

စံတော်ချိန်

၂၇၊ ၄၊ ၂၀၁၂

4 comments

  • memeseku

    February 27, 2012 at 10:30 am

    ပိုက်ဆံပေးရသလောက်သာယုံပါ
    နောက်တာနော်..
    🙂 🙂

  • ဘမျိုး ဘိုးတူ

    February 27, 2012 at 10:52 am

    အပျင်းပြေ သဘော ယုံတာ အဆင်ပြေဆုံး
    ယုံကြည် အားကိုး ပါလျှင် ဘဝ ဆုံး မည်သာ ဧကန်အမှန်

  • aye.kk

    February 28, 2012 at 5:27 am

    ဗေဒင်ပညာနည်းကျယ်စွာ၊ဖွေရှာရှုံ ့ညှိအကျိုးရှိတဲ့..
    တတ်ယောင်ကားတွေ..ဟောနေတာမှန်သမျှ..
    ဘယ်လိုမှန်နိုင်ပါ့မလဲနော်..ဗေဒင်ကျမ်းကိုစီရင်ခဲ့တာက…
    မတလုံးကြေတောင်တွင်းပျော်၊အတုလဆရာတော်ခင်ကြီးပျော်ပါ..
    ဗဟုတအနေဖြင့် ထပ်ဖြည့်ပြောပြလိုတာကပေါ့နော်…..
    ဆရာတော်ကရွှေငွေဖြစ်သော
    အဂ္ဂိရတ်လုပ်ရတ်ကျမ်းကိုစီရင်တော်မူမည်ဟု၊ညအခါဓတ်သွားဓတ်လာ
    စဉ်းစားဆင်ခြင်တွေးတောလျှက်၊သင်္ကန်းကိုခေါင်းမြီးခြုံလျှက်ကြံစည်နေရာ..
    သကြားမင်းမှဆရာတော်အား၊သာသနာတော်ကို
    အမွန်ရှည်စွာထွန်းလင်းတောက်ပအောင်သာအားထုတ်တော်မူပါ။
    သာသနာ၏ဆူးငြောင့်တံကျင်သဘွယ်ဖြစ်သောနည်းလမ်းကိုကြံစည်တော်မူ
    ရန်မသင့်ပါကြောင်းလျှောက်ထားပြီးလျှင်ကွယ်ပျောက်လေ၏တဲ့။
    (အာဒိကပ္ပဒွါဒရာသီနက္ခတ်ကျမ်းတွင်ဖတ်ရှူနိုင်ပါသည်)
    ကျမပြောချင်တာက..
    ဆရာတော်ကိုယ်တိုင်လက်တွေ ့ကျကျစီရင်ခဲ့တာကလောကီလောကုတ္တရာနှစ်ဖြာ
    အကျိုးရည်စူးပြီးကျမ်းကိုစီရင်ခဲ့တာဖြစ်လို့ပါ။ လူတွေအနေနဲ့ကကိုယ့်အကျိုးစီးပွားအဖြစ်ကိုယ်ပိုင်ဥစ္စာ
    သဖွယ်အသုံးချခဲ့ကြလို ့ကျမ်းမလေးနိုင်ပါဘူး (မှန်ကန်မှုမရှိနိုင်တာကိုဆိုလိုချင်တာဖြစ်ပါသည်)
    ကျမကိုယ်တိုင်ကဆရာတော်စီရင်သည့်ဗေဒင်ကျမ်းအား..
    ဆရာတော်ဆိုထားသည့်အတိုင်းလက်တွေ့ကျကျ ့မှန်ကန်မှုရှိမရှိ
    ကိုယ်တိုင်စမ်းသပ်ပြုလုပ်ခဲ့ဘူးသဖြင့်မှန်ကန်မှုရှိကြောင်းတွေ ့ရှိသိခဲ့ရပါသည်။
    သမာဓိမတည်ပဲလုပ်စား၍ကတော့မှန်ကန်မှုမရှိနိုင်ပါ။
    ဆရာတော်စီရင်ရေးသားသည့်ကျမ်းအား
    ကိုယ်တိုင်ကိုယ်ကြစေ့စေ့ငှငှမလေ့လာမဖတ်ရှူ၊မခြုံငုံမိပါဘဲ၊သမာဓိမတည်ပါဘဲ
    ဟောစားပါကမှန်ကန်မှုမရှိနိုင်ပါကြောင်းပြောပြလိုက်ပါရစေ။

Leave a Reply