အတိုဆုံးဝတ္ထု

htet wayFebruary 27, 20123min15319

                    ရန်ကုန်ထွက်မယ့် ကားဂိတ်တွင် ကားမထွက်မှီ လူတွေ ဂိတ်တွင်စုရုံးနေကြသည်။( မြင်ကွင်း)

 အရူးတစ်ယောက် ပုဆိုးစုတ်  အကျင်္ ီမပါနဲ့  ထိုင်နေပြီးလက်တါင်နို့ဆီခွက်တလုံးကိုင်ကာ အော်နေသည်။

             ရွှေ့နေကြပြီ       ရွှေ့နေကြပြီ   …….. ပြောင်းနေကြပြီ …ကျန်နေကြပြီ…….(အရူးမှ မပြတ်အောင်အော်နေ)

တရားရုံးဝန်ထမ်း ။။          ။သောက်အရူးဘာတွေအော်နေလဲမသိဘူး ဒီမှာ အဆင်မပြေရတဲ့ ကြားထဲ မိန်းမက ငွေပေးတာနည်းလို့ အကပ်မခံ

လူတွေကလည်း နည်းနည်း အခွင့်အရေးရတာနဲ့ သောက်ချိုးတွေပြောင်းကုန်ပြီ။

ဈေးသည်။        ။ ရန်ကုန်က ကုန်စိမ်းယူရောင်းရတာလည်း အရင်လို မကိုက်တော့ဘူး ေငွေတိုးပေးရတာလည်းမှန်အောင်ပေးနေတာတောင်

အငမ်းမရတောင်းနေတယ် လေဖြတ်ပြီသေမယ့်ဟာတွေ………………..

ကားပိုင်ရှင်။           ။နောက် ကားတစ်စီးတော့ ဝယ်ဖို့ စီစဉ်ထားပြီ   ခရီးသည်တွေ အဆင်ပြေရေးပေါ့ ကားကောင်းဆိုတော့ ၅၀ဝတော့ အရင်ထက်ပိုယူမယ်

သူတောင်းစား။            ။ အရင်လိုမပေးကြတော့ ဘူး လူတွေ အကြင်နာတရားတွေ ခေါင်းပါးကုန်ပြီထင်တယ်။

ဆိုက္ကားသမား။          ။ အားအားရှိဆိုက္ကားသမားကိုချည်း ပြောနေကြတာပဲ  မပြေလည်တော့လည်း ရသလို လုပ်ရတာပေါ့ ခရီးတိုလည်း ပတ်နင်းပြီး

ခရီးရှည်ဈေးတောင်းမိတာပါ။

  ဝန်ထမ်းကောင်မလေး။         ။ရန်ကုန်ကို သူဋ္ဌေးနဲ့ သွားရမှာလေ မတတ်နိုင်ဘူးဟယ် ထားရာနေစေရာသွား ဘဝပါ သူ့ အလုပ်လုပ်နေရတာကိုး

ဂိတ်မှူး။           ။ ကားပိုင်ရှင်တွေ အေးချမ်းပါစေ ကြီးပွားပါစေ ဒီအလုပ်လေးမြဲပါစေ ခရီးသည်တွေ များများသွားလာနိုင်ပါစေ

ရှေ့နေ  ။             ။လူတွေ ကျန်းမာပါစေ အမူတွေဖြစ်နိုင်ပါစေ ရှေ့နေငှားနိုင်တဲ့လူတွေ ရှိပါစေ။

ရဲသားကြီး  ။           ။ အလုပ်ထွက်စာတင်ထားပါတယ်ဗျာ။ အင်း တရားဘက်ကိုပြန်လလိုက်မလားလို့ မိန်းမကတော့ နေ့ပြန်တိုးလေးဘာလေးပေးမယ်ပြောတာပဲ

လယ်သမား။       ။ပဲဈေးကလည်းကျနေ ကြွေးကလည်းတင်နေ အခု ရန်ကုန်မှာ အလုပ်သွားလုပ်နေတဲ့ သမီးက ဘာဖြစ်လဲမသိပါဘူး မှာလို့ သွားရအုံးမယ်

ဆောင်းပေါ်ပေးလေးတော့ ယူလာရတာပေါ့

           (       ဒီအချိန်တွင်  ကားထွက်ရန်ခရီးသည် များတက်ပါရန် ဂိတ်မှူးမှ ပြော)

 အုံနာ ။   ။ စာရင်းအရတော့ ခုံကမပြည့်သေးဘူး ကားပြိုင်တွေများလို့ ထင်တယ်။မင်းတို့ စည်းရုံးရေး နည်းတယ် လူတွေကို လိုက်ခေါ်လေ

အထုပ်နဲ့ ခရီးသွားမယ့်ပုံပေါက်ရင် အတင်းဆွဲ။ကြားလား

စပါယ်ယာ။         ။ ဟုတ်ကဲ့ ဘောစိ

ဂိတ်မှူး။          ။ရှေ့ခုံက ဟို လူအတွက်နော် အိမ်ရှေ့ရပ်ပြီးခေါ်လိုက် စောင့်ဆိုလည်း စောင့်လိုက် ကောင်းကောင်းမွန်မွန်ဆက်ဆံ  သဘောပေါက်တယ်နော်…….။

     ( ပြောင်းလဲလည်း မင်းမပြောင်းနဲ့ ဘယ်တော့မှ မပြောင်းလဲနဲ့ အချစ်ရယ်)

အရူးမှ နို့ဆီခွက်ကိုခေါက်ရင်း သီချင်းအော်ဆို (    ရွှေ့နေကြပြီ       ရွှေ့နေကြပြီ   …….. ပြောင်းနေကြပြီ …ကျန်နေကြပြီ..)

ရန်ကုန်ထွက်မယ့်ကားကြီးကတော့ တအိအိမောင်းထွက်နေပါပြီ။

ဝန်ခံချက်။            ။ပို့မော်ဒန်လည်း မဟုတ် မော်ဒန်လည်းမဟုတ်ပါ ။ စိတ်ရူးပေါက်၍ ထင်ရာရေးသောအတိုဆုံးဝတ္ထုသာဖြစ်ပါကြောင်း။

19 comments

  • memeseku

    February 27, 2012 at 9:05 am

    အတိုဆုံးဝတ္ထု
    မနေ့ကကျနော်…အဘွားအိမ်သို့သွားသှ်…. အဘွားမရှိပါ…
    🙂 🙂

  • water-melon

    February 27, 2012 at 9:06 am

    ကြိုက်တယ် ကိုကရဝေးရေ
    စိန်ပေါက်။ ။ဒီနေ့ ဘီအီးရေချိန်မကိုက်သေးဘူး ထပ်ချမှ
    အံဇာ ။ ။ဒီနေ့ ရှောက်သီးဆေးပြားမရောင်းရသေးဘူး
    ဖရဲ ။ ။ဒီနေ့ ဈေးဦးမပေါက်သေးဘူး လာဘ်ခေါ်မှ လာနော်လာနော် စက်တွေပြင်တယ်။
    ကြီးမိုက် ။ ။ဒီနေ့ အကြော်ရောင်းမကောင်းဘူး အရင်နေ့က ဆီနဲ့ပြန်ကျော်မှ။
    သူဂျီး ။ ။ ရွာသားတွေထဲက အခွန်တိုးကောက်မှ အထက်က ခိုင်းနေပြီ။
    မောလိုက်တာ ရေတစ်ခွက်လောက် 😀

  • Prince of Pennsylvania (PoP)

    February 27, 2012 at 9:12 am

    Fortunately, i got a chance to kiss her….
    Unfortunately, it was a dream…
    😀
    Regards,

  • htet way

    February 27, 2012 at 9:36 am

    ကိုယ့်ဆရာတွေက ကိုယ့်ထက် အတိုဆုံးရေးတာတော်နေကြပါတယ်
    အားပေးပါတယ် ဆက်ရေးပါ

  • bluerose

    February 27, 2012 at 10:49 am

    အတိုဆုံးဝတ္တု
    မနေ့ကလိုပဲလွမ်းနေဆဲပါ….
    😛

  • စိန်ပေါက်ပေါက်

    February 27, 2012 at 10:52 am

    အဟဲ..လက်တွေ ့ဘဝ သရုပ်ဖော်လေးပေါ့
    ကောင်းပါလေ့..

    ဖျဲသီး။ ။ သဂျီး ရာထူးတိုးပေးပါ
    စိန်ပေါက်ပေါက်။ ။ သဂျီး တစ်သိန်းလောက် ချီးဘာ
    ကြီးမိုက်။ ။ ကြီးမှ မိုက်သလို ငယ်ငယ်ကလဲ မလိမ္မာဘူး
    မောင်ပေ။ ။ သဂျီး အောက်ကပဲ ထိုင်ရိုက်ပါ ကျိန်းသေပေါက်နိုင်မယ်
    သဂျီး။ ။ ခွီးဖြစ်နေကြတာလား

  • ဆူး

    February 27, 2012 at 11:55 am

    ီသမီး။ ။မုန့်ဖိုးများများ ရရင် ကောင်းမယ်။
    မိန်းမ။ ။ အိမ်ကဟာကြီး ဒီနေ့ ပိုပါလာရင် ကောင်းမယ်။
    ယောကျား။ ။ ပိုက်ဆံက သိပ်လည်း မပါဘူး အိမ်ရောက်ရင်တော့ မိန်းမ ဆူတော့မှာပဲ။

  • Prince of Pennsylvania (PoP)

    February 27, 2012 at 12:00 pm

    အတိုဆုံး ဝတ္တု -၁
    ကပ္ပီယကြီး ဦးမှောင်ချော သည် စိတ်ပုတီးကြီး လည်ပင်းဆွဲကာ ပေါက်ဖော်မ၏ ဘီအီးဆိုင်အတွင်းမှ
    ဒယိမ်းဒယိုင် ထွက်လာလေသည်။

    အာဟိ…
    ကိုယ့်ပြန်မဆော်ခင် လစ်မှ…
    ဒက်ဂလောက်..ဒက်ဂလောက်..
    😀

  • kai

    February 27, 2012 at 1:26 pm

    အတိုဆုံးဝတ္ထု
    =
    အဘ~
    နွားတရှဉ်းရောင်းလို့ရတဲ့ ဒေါ်လာမြန်မြန်ပို့လိုက်ပါ။
    သမီးယောက်ျား သားအိမ်ထုတ်ရမည်။

    သမီး
    ဂွမ်းပုံ

  • kyeemite

    February 27, 2012 at 3:05 pm

    မီစိန်ပေါက်..
    ရောက်ရာအရပ်ကပြန်လာပါ..
    အားလုံးခွင့်လွှတ်သည်။
    မဒမ်စိန်ပေါက်
    Ps:နင်ယိုတဲ့ချေးတွေလည်း ငါဆေးထားပြီးဘီ..
    နင့်ဘီအီးကြွေးလည်း အံဇာမ တကျီကျီလာတောင်းလို့ဆပ်ထားပီးဘီ။

  • zawgyi min

    February 27, 2012 at 3:59 pm

    ကျုပ်လည်း ကြားလိုက်တယ်ဗျ။ ရန်ကုန် – မန်းလေး ခရီးစဉ် မှာ ကားတစ်စီးစီကို အမြ` ရှေ့ ၂ခုံ ချန်ခိုင်းတယ်ဗျ။ ကားချိန်နီးလို့ သူတို့ မလိုက်မှ ရောင်းခွင့်ရှိတယ်လို့ ကားလိုင်း တစ်ခုကပြောတယ်။

  • ဆရာထက်ဝေးရဲ့ အတိုဆုံးဝတ္ထုကို
    ကျနော်လည်း ဖတ်ရှု အားပေးသွားပါတယ် ခင်ဗျာ …

    ကျနော့်အထင်ပြောရရင် ပွိုင့်တစ်ခုမှာရှိတဲ့ လူသားတွေရဲ့ အနေအထားကို သက်ဆိုင်ရာ ရှုထောင့်တွေအလိုက် ရေးပြထားတာလို့ ထင်မိပါတယ် … ။ သဘောကျမိတယ် ခင်ဗျ …

  • htet way

    February 27, 2012 at 6:37 pm

    ဆရာ မဟာရာဇာအံစာတုံး
    မဟာကြီးမြတ်ခြင်း ရာဇ အစိုးရခြင်း ပီသပါပေတယ်
    မှန်လိုက်တာဗျာ။

  • ဆရာထက်ဝေးရေ….အတိုဆုံးဝတ္တုပေမယ့် ထောင့်စေ့အောင်ဖေါ်ပြသွားတာ
    လေးစားစရာပါ။အားပေးဖတ်ရှုသွားတယ်နော် ဆရာ။
    ဆရာထက်က စိတ်ရူးပေါက်လို ့ရေးတယ်ပြောပေမယ့် တကယ့်ကို စဉ်းစားစရာသရုပ်မှန်
    ကွက်တိတွေပါဗျား။

  • MaMa

    February 27, 2012 at 10:49 pm

    RIT ကာတွန်းဘောက်စ် အလွမ်းပြေ- ဟာသ

    လောဂရစ်သမ်ကြီး ကျကွဲပါသဖြင့် ငွေပို့လိုက်ပါ အမေ။ 😆

  • surmi

    February 28, 2012 at 12:44 am

    သို.
    အဘ
    မန်းဂေဇက်က အသင်းဝင်ကြေးနှစ်သိန်းပေးရမယ်တဲ.။
    ရောင်းချပေါင်နှံပြီးအမြန်ပို.လိုက်ပါ။
    ရက်လွန်ရင်ဒဏ်ကြေးပါပေးရလိမ်.မယ်။

  • blackchaw

    February 28, 2012 at 12:53 pm

    ဆရာထက်ရေ။
    အရူးအော်နေတာလေးက တစ်ခုခုကို ပြောနေသလိုပဲဗျာ။
    ( ရွှေ့နေကြပြီ ရွှေ့နေကြပြီ …….. ပြောင်းနေကြပြီ …ကျန်နေကြပြီ..)
    တစ်ခုပဲလွဲသွားတယ်လို့ထင်ပါတယ် ဆရာထက်ရေ။
    အတိုဆုံး ဝတ္ထုဆိုတဲ့ ခေါင်းစဉ်ကြီးနောက်ကို
    ဖတ်သူတွေက စုပြုံပြီးပါသွားတယ်လို့ ထင်ပါတယ်။
    ကျွန်တော်တောင် စိတ်ပုတီးကြီး လည်ပင်းဆွဲပြီး
    ပေါက်ဖေါ်မ ရဲ့ ဘီအီးဆိုင် ရောက်သွားသေး ဟေးဟေး။
    ပြေးနိုင်မှလွတ်မယ် ဂီဂီ မရေ။
    😆 😆 😆

  • marblecommet

    February 29, 2012 at 12:40 am

    အခုမှပဲ ရောက်ဖြစ်တော့တယ် ဆြာထက်ရေ့

Leave a Reply