အလှမ်းမဝေးပေါင်၊ မန္တလေးတောင်

Diamond KeyFebruary 27, 20124min23716

မန္တလေးနဲ့ ပတ်သက်တဲ့ သီချင်း၊ စာပေ၊ ရုပ်ရှင်၊ ပန်းချီ၊ ဓါတ်ပုံ မထွေထွေမှာ အမြဲပါတတ်တဲ့၊ မန္တလေး နဲ့ အမြဲတွဲမြင်ကြားရတဲ့ မန္တလေးတောင်ကိုတော့ လူတိုင်း မြင်ဖူးသိဖူး၊ ရောက်ဖူးကြမှာပါ။

ဧရာဝတီ မြစ်ပြင်ဆီက၊ လှမ်းမျှော်တွေ့ရ၊ အလှမ်းမဝေးပေါင် မန္တလေးတောင်

ဟိုတုန်းကဆိုရင် ခြင်္သေ့ကြီးနှစ်ကောင်က ကြိုနေတဲ့ တောင်ဖက်စောင်းတန်း လှေကားထစ်ကလေးတွေ ကနေ တောင်ပေါ်ကို တက်ခဲ့ကြပြီး အခုတော့ တောင်တက်ကားလမ်းကနေ ကားလေးတွေ၊ ဆိုင်ကယ်လေးတွေနဲ့ပါ တောင်ထိပ် ရင်ပြင်တော်ဆီ တက်လို့ရနေပါပြီ။

လာမယ်ဆို စောင့်မယ်၊ တောင်ခြေဆီက ခြင်္သေ့ကြီးနှစ်ကောင်

အဲဒီ တောင်တက်လမ်းကလေးက မနက်စောစော နဲ့ ညနေပိုင်းတွေမှာ မန္တလေးသူ၊ မန္တလေးသားတွေ ကျန်းမာရေးအတွက် တောင်တက် လမ်းလျှောက်ရာ နေရာလေးတစ်ခု အဖြစ်တောင် စည်ကားနေပါပြီ။

 

ကျန်းမာရေး အတွက် လမ်းလျှောက်ထွက်မည်၊ သာယာလှသည် တောင်ထိပ်ဆီ။

တောင်တက်လမ်းမှာ ကိုယ်လက်လှုတ်ရှား အားကစား

ခုတော့ ကမ္ဘာမှာ လည်ပတ်ချင်စရာ အကောင်းဆုံးနိုင်ငံတွေ စာရင်းဝင် မြန်မာရဲ့ မန္တလေးက မန္တလေးတောင် ကတော့ ကမ္ဘာလှည့် ဧည့်သည်တွေရဲ့ မန္တလေးအလှ နဲ့ Sunset ကို ရှုစားစရာနေရာကောင်း တစ်ခု ဖြစ်နေပါပြီ။ ညနေခင်းတိုင်းမှာဆိုရင် Sunset ကြည့်လာကြတဲ့ ဧည့်ပို့ကားတွေ ရပ်စရာနေရာ မရှိလောက်အောင်ပါပဲ။ ဒါကြောင့် ဘာကို သတိရမိသလဲဆိုတော့ နိုင်ငံခြားက Cable Train, Cable Car၊ ကောင်းကင်ရထားလေးတွေလိုများ မန္တလေးတောင်မှာ ရှိမယ်ဆိုရင် တောင်အောက်ကနေ တောင်ပေါ်ကို မန္တလေးမြို့အလှ ညိမ့်ညောင်းစွာ ခံစားရင်း သက်သက်သာသာနဲ့ ဧည့်သည်တွေ  ရောက်နိုင်မယ်လို့ တွေးလိုက်မိပါတယ်။

နေရာလွတ်လေး ရှိနေသေးရင်၊….. တစ်စီးလောက် ရပ်မည်၊ တောင်တော်ဆီ

မန္တလေးတောင်ပေါ်ကို လာရောက်တဲ့ ပြည်တွင်းပြည်ပ ဧည့်သည်တွေကလည်း များမှများပါ။

ခုဆိုရင် မန္တလေးက နိုင်ငံခြားဘာသာစကား လေ့လာနေသူတွေအတွက် မြန်မာ့ဧည့်သည်တွေကို နှတ်ဆက်ကြိုဆိုရင်း နိုင်ငံခြားသားတွေနဲ့ လက်တွေ့ စကားပြော လေ့ကျင့်စရာ နေရာကောင်းလေးတစ်နေရာ အဖြစ်လည်း ဖြစ်လို့နေပါတယ်။

မန္တလေးတောင်ပေါ်ကနေ တွေ့ရတဲ့ Sunset အလှကတော့ မမေ့ရက်စရာပါ။ ခုချိန်ကတော့ နှတ်ဆက်ဆောင်းညနေခင်း ရဲ့ အလှတရားများပါပေ။

နေမင်းကြီး မန္တလေးတောင်ရဲ့ အနောက်ယွန်းယွန်းဆီက စစ်ကိုင်းမင်းဝံတောင်တန်းတွေ အောက်ကို ငုတ်လျှိုးပျောက်သွားမှပဲ စိန်သော့လည်း မန္တလေးတောင်ပေါ်က ပြန်ဆင်းလာခဲ့ပါတယ်။ ရွာထဲအတွက်တော့ ဦးပေါက်ကြီးက Sunrise ၊ သော့လေးက Sunset ၊ တစ်ချိန်စီရောက်ခဲ့တဲ့ မန္တလေးတောင်ပေါ့လေ။

စိန်သော့

16 comments

  • စိန်ပေါက်ပေါက်

    February 27, 2012 at 10:56 am

    တစ်ကယ်ကြီးကို တက်ချင်လာပြီ အူးစိန်တော့ရေ
    ဂယ်ပဲဗျာ..ဂယ်ကို တက်ချင်လာတာ..မနဲစိတ်ထိန်းထားရတယ်..
    ဟူး….
    မော၏တာ…တက်တောင်မတက်ရသေးဘူး..ဟောဟဲ

    • Diamond Key

      February 27, 2012 at 11:40 am

      ဟဲ့ ………. မိဖရဲတို့ ………. လာကြပါအုံးဟ ………. ခြေမချိုး၊ ခြေမချိုး …. နှာနှပ် ….ပေးကြအုံး … 😛 အောင်မလေး …… မော၏တာ…သူတောင် မတက်ရသေးဘူး..ဟောဟဲ ၂ :mrgreen:

  • etone

    February 27, 2012 at 11:03 am

    အဲ့ဒီအလှမ်းမဝေးတဲ့ မန္တလေးသွားချင်လွန်းတာ … တကြွကြွဖြစ်နေတာ … အခုထိအချိန်ညှိလို့ …အဆင်မပြေသေးဘူး … ။
    ဓါတ်ပုံတွေကြည့်ပြီးပဲ .. အရင်လည်ရတော့တယ် … ကျေးဇူးပါ ဦးစိန်သော့ရေ …
    မတ်လထဲမှာ … ပိတ်ရက်တွေရှိတယ် … ပိတ်ရက်ခံပြီး ရုံးလစ်သွားလျှင် မဆိုးဘူးပဲ 😛 😛

    • Diamond Key

      February 27, 2012 at 11:44 am

      လာမယ် ဆိုလို့ စောင့်နေတယ်လေ … မန်းတောင်ခြေက ခြင်္သေ့ကြီးတွေ။ 😀

    • Diamond Key

      February 27, 2012 at 1:05 pm

      မန္တလေးကို ဖိတ်ခေါ်နေပါတယ် ကိုသန်းထွဋ်ဦးရေ။ 😀

  • ချာလီဂဇက်ဒလဝမ်

    February 27, 2012 at 12:30 pm

    ဒါ့ပုံလေးတွေ ကြည်တောက်နေတာပဲ ၊ ကိုယ်တွေ သွားခဲ့တုန်းက ဒီလောက် ရှုခင်း
    မကောင်းဘူး ထင်တာပဲ ၊ ကင်မရာကောင်းတာပဲ ဖြစ်မှာ ၊
    အဲ ပီးတော့ ကိုစိန်သော့ ရဲ့ ပညာလဲ ကောင်းတာလဲ ဖြစ်မှာ ။

    • Diamond Key

      February 27, 2012 at 1:12 pm

      ရာသီဥတု အချိန်အခါနဲ့လည်း ဆိုင်ပါလိမ့်မယ်၊ ကျွန်တော်တို့ ဓါတ်ပုံရိုက်သူတွေက ဆောင်းအကုန်ကာလတွေ၊ Jan ၊ Feb တို့မှာ Sunset ပုံရိုက်ရင် အလှဆုံးလို့ ဆိုပါတယ်။ 😀

  • blackchaw

    February 27, 2012 at 12:35 pm

    ကိုသော့ ကြီး ရဲ့ နေဝင်ချိန်ကို ခိုက်တယ်ဗျာ။
    တကယ်ပြောတာပါ။
    လက်မလေး တစ်ချောင်းထောင်ပြီး အားပေးသွားပါတယ် ဗျာ။
    အတင်းကြီးကို ဆရာမွေးတဲ့
    တပည့်
    ဘလက် :mrgreen: :mrgreen: :mrgreen:
    ——————————————————————–

    • Diamond Key

      February 27, 2012 at 1:16 pm

      အယ် 😯 .. အတော်လုပ်ပါ ဆြာချောရယ် 🙂

  • ကိုသော ခင်ဗျားနဲ့ကျနော် မနက်ငါးနာရီ တစ်ရက်မန်းတောင်ပေါ်အရှေ့ဘက်ကတက်။
    ညနေငါးနာရီ အနောက်ဘက်ကနေလမ်းလျှောက်တက်မယ်။
    ချိန်းလိုက်တော့ .။
    တွဲဘို့တော့ ဖရဲမခေါ်ခဲ့မယ်။.

    • စိန်ပေါက်ပေါက်

      February 27, 2012 at 1:23 pm

      များလဲ တွဲဘို ့ လိုက်ခဲ့ပါရစေတော့

    • Diamond Key

      February 27, 2012 at 2:18 pm

      လာမဆို…………….. စောင့်မယ် ……………… 😆

  • water-melon

    February 27, 2012 at 4:22 pm

    လာရင်ပြောအုန်းနော်
    ကြိုပြောထားကြပါ
    ပုန်းရအောင်လို့ 😀
    တိုကြီး သော့ရေ အလင်းအမှောင်ကို ကြိုက်တယ်
    အခွင့်ကြုံရင်သင်ပေးပါအုန်း
    မန်းလေးက တပည့်ပေါက်စ မဖရဲ

    • Diamond Key

      February 27, 2012 at 4:54 pm

      ဆံပင်ကောက်၊ ဆံပင်ညှပ်၊ မိတ်ကပ်အတတ် …. နော်မတတ်၊
      မော်ဒယ်လျှောက် ပညာ မသင်ပါ … :mrgreen:

  • windtalker

    February 27, 2012 at 9:55 pm

    ကိုစိန်သော့ရေ
    မရောက်တာကြာပြီ ဖြစ်တဲ့ ညနေခင်းအချိန်ရှူခင်းလေးတွေ ကို ပြန်ကြည့်ခွင့်ရတယ် ။
    ကျေးကျေးဘာဗျား

Leave a Reply