စဉ်းစားကြစေလိုပါတယ် ( ၁၂ )

Foreign ResidentFebruary 27, 20122min43655

စဉ်းစားကြစေလိုပါတယ် ( ၁၂ )

 

အဘ ဒီ Post လေးကို ရေးဖြစ်တာက

ဆရာ ” pazflor ” ရဲ့

” ပြောမဆုံးမဲ့ ဇာတ်လမ်းတစ်ပုဒ်-၁ ” Post မှာ

ဝင်မန့်ရင်း ပက်ပက် စက်စက် ကို ရှည်သွားလို့ပါကွယ် ။

 

အဲတော့ အဲဒီ Post နှင့် တွဲဖတ်မှ

ဇတ်ရည်လည်မှာ ဖြစ်ပါတယ် ။

ရွာသူားတို့ သည်းခံ ကြပါအုန်းကွယ် ။

 

အဘ ကြိုပြောထားပါရစေကွယ် ။

အဘ လည်း တစ်ဦးချင်း Personal ခံစားချက် အနေနှင့် ဆိုရင်

မိန်းကလေးတွေပဲဖြစ်ဖြစ် ၊ မိန်းမကြီးတွေပဲဖြစ်ဖြစ် ၊

လိင် ကိစ္စ ရှုပ်ထွေးတာကို မ ကြိုက်ပါဘူး ။

 

အဘ မှာလည်း တသက်လုံး ပေါင်းဖို့ စဉ်းစားထားတဲ့

လက်ရှိ ဂုဏ်သရေရှိ မိန်းမ နှင့် ပါကွယ် ။

မိန်းမတွေ ရှုပ်တာ ဘယ်ကြိုက်ပါ့မလဲ ။

 

အဘ လည်း နိုင်ငံတကာလှည့် သင်္ဘောလိုက်နေတာပဲ ၊

နိုင်ငံတကာမှာ ကိုယ့်မြန်မာ အမျိုးသမီးတွေ ပုံရိပ်လှတာပဲ ၊

မြင်ချင် ကြားချင်တာပေါ့ ။

 

ဒါပေမယ့်

အဘကတော့ အဘ မကြိုက်တာနှင့်ပဲ ၊

အဘ အတွက် အကျိုး မရှိတာနှင့်ပဲ ၊

တခြား သူတပါးရဲ့ ရပိုင်ခွင့် အခွင့်အရေးကို

တိုက်ရိုက်သော် လည်းကောင်း ၊

သွယ်ဝိုက်ပြီးသော် လည်းကောင်း ၊

တားဆီး ချုပ်ချယ်တာကို လက်မခံပါဘူး ။

 

ဟိုးရှေးရှေးက ၊

ထင်ရှားတဲ့ ဘဲအိုကြီး တစ်ယောက် ပြောခဲ့တဲ့

ထင်ရှားတဲ့ စကားတစ်ခွန်း ရှိသလိုပေါ့ ။

 

” သင့် ရဲ့ အယူအဆ ကို ကျွန်တော် လက်မခံပါဘူး ။

ဒါပေမယ့် ၊ အဲဒီ သင့် ရဲ့ အယူအဆ ကို လွတ်လပ်စွာ တင်ပြခွင့်ကိုတော့

ကျွန်တော် အသက်ပေးပြီး ကာကွယ်သွားပါမယ် ” တဲ့ ။

 

” ယောက်ျား နဲ ့မိန်းမ အိမ်ထောင်မပြုခင် ဆက်ဆံကြရင်

ဘယ်သူ ့ဘက်က နစ်နာမယ်ထင်ပါသလဲ “

 

အင်းးးး လူ့အသိုင်းအဝိုင်းကြီး မှာ တရားမျှတ တဲ့ အတွေးအခေါ်တွေ ရှိကြမယ် ဆိုရင် ၊

ဘယ်သူမှ နစ်နာစရာ မရှိပါဘူး ။

ယောက်ျား လဲ လူပဲ ကာမဂုဏ် ခံစားချင်မှာပဲ ။

မိန်းမ လဲ လူပဲ ကာမဂုဏ် ခံစားချင်မှာပဲ ။

လူ လူ ချင်း တန်းတူ အခွင့် အရေး ပေးရမှာပဲလေ ။

 

ဒါကြောင့် အမျိုးသမီး အခွင့်အရေး တောင်းဆိုတဲ့ အဖွဲ့တွေက

ယောက်ျား အများစုကြီး ရဲ့ အပျိုစင် ကိုမှ တန်ဖိုးထားတဲ့ အကျင့်ဆိုး ကြီးဟာ

အမျိုးသမီး တွေရဲ့ တန်းတူညီမျှစွာ ကာမဂုဏ် ခံစားခွင့်ကို

သွယ်ဝိုက်ပြီး ချုပ်ချယ်ရာ ရောက်တဲ့အတွက်

အဲဒီ အပျိုစင် ကိုမှ တန်ဖိုးထားတဲ့ ဓလေ့ဆိုး ကြီးကို

ပယ်ဖျက်ဖို့ စွန့်လွှတ်ဖို့ အမျိုးသမီး ထုကြီးက တောင်းဆိုနေကြပါတယ် ။

 

ဟိုး ရှေးခေတ်ကတော့ ကိုယ်ဝန် ရှိလာရင် ၊ သားသမီး ရှိလာရင် ၊

အမေ တစ်ယောက်ထဲ စောင့်ရှောက်ရန် ခက်ခဲတဲ့ အတွက် ၊ တားမြစ်ခဲ့ကြတာပါ ။

အခုက ကိုယ်ဝန် မရအောင် တားနိုင်တဲ့ ဆေး ၊ စံနစ်တွေ ပေါ်လာပြီဆိုတော့ ၊

တားမြစ်စရာ မလိုတော့ပါဘူး ။ ကျန်းမာရေး ပညာတော့ ပေးရမှာပေါ့နော် ။

 

” အမေရိကန်သမ္မတဟောင်း ကလင်တန်

နည်းနည်းသောင်းကျန်းမိလို နာမည်ပျက် သိက္ခာကျရတာ ၊

သူတို ့လူပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာ ဘယ်လိုမြင်ကြမလည်း ၊

ဘယ်လိုသဘောထားလည်း

အားပေးအားမြောက်တော့ မလုပ်ကြဖူးလို ့ထင်ပါတယ် “

 

သမ္မတ ကလင်တန် က Oral Sex အထိ လို့ကြားတယ် ၊

နည်းနည်း Sexual Harassment အဆင့်ကို မကတော့ပါဘူး ။

ဒီထက် များချင်ရင်တော့ Sadomasochism ကိုသွားဖို့ ၊

Porno Movies ရိုက်ဖို့ပဲကျန်ပါတော့တယ် ။

 

အဘ အမြင်တော့ ၊

သူတို ့အသိုင်းအဝိုင်းမှာ လည်း အားပေးအားမြောက်တော့ မလုပ်ကြပါဘူး ။

တားပိုင်ခွင့်လည်း မရှိဘူး ။ အရေးလဲ သိပ်မစိုက်ကြပါဘူး ။ မဆိုင်သလို နေကြတာပဲ ။

သမ္မတ က လုပ်တာမို့လို့သာ အရေးစိုက် နေတာပါ ။

 

” သူတို့နိုင်ငံတွေ ကြီးပွားတိုးတက်နေတာ

သူတို ့တွေကြိူးစားလို ့အလုပ်လုပ်လို ့တိုးတက်တာပါလို ့။

လိင်ကိစ္စ လွတ်လပ်တာနဲ ့တင်မရပါ “

 

တပိုင်းတစ်စ ပဲ မှန်ပါတယ် ၊

သူတို့နိုင်ငံတွေ ကြီးပွားတိုးတက်နေတာ ဟာ

သူတို ့တွေ ကြိုးစား အလုပ်လုပ်ချင်စိတ် ရှိအောင်

တွန်းအားပေးနေတဲ့ စံနစ် ကြောင့်ပါ ။

 

တကယ့်ထိပ်ထိပ်ကြဲ လူတော်တွေ ရဖို့ အတွက် ကတော့ ။

တကယ့်ထိပ်ထိပ်ကြဲ လွတ်လပ်ခွင့် ကိုပေးရပါတယ် ။

လိင်ကိစ္စ လွတ်လပ်မှု ဟာလည်း

လွတ်လပ်ခွင့် မြောက်များစွာထဲက တစ်ခုပါ ။

တရားမျှတတဲ့ အတွေးအခေါ် နှင့် ပါတ်ဝန်းကျင် မတည်ဆောက်ပဲ နှင့် ၊

တစ်ပိုင်းတစ်စ လွတ်လပ်ခွင့် နှင့်တော့

တကယ့်ထိပ်ထိပ်ကြဲ လူတော်တွေ ပေါ်ထွန်းလာဖို့ ၊

တကယ့်ထိပ်ထိပ်ကြဲ လူတော်တွေ ကို ဆွဲဆောင်နိုင်ဖို့ ၊

ခဲယဉ်းပါတယ် ။ စိတ်ကူး မယဉ်ပါနှင့် ။

 

ရှင်းရှင်းလေးပါ ၊ ချမ်းသာတာချင်း တူရင်တောင်မှ

အမေရိကန် နှင့် ဆော်ဒီ အာရေဗျ ဘယ်တိုင်းပြည်မှာ

ပညာတတ်တွေ စုပြုံတိုးနေသလဲ ဆိုတာ ။

အရင်းစစ်လိုက်ရင် တရားမျှတမှု ကို အာမခံတဲ့စံနစ် မှာ ကွာသွားတာပါ ။

 

တရားမျှတမှု ဆိုတဲ့ အထဲမှာ

အမျိုးသမီး အမျိုးသား မခွဲခြားပဲ တန်းတူ အခွင့်အရေးရှိမှု နှင့်

အဲဒါကို လှိုက်လှိုက်လဲလဲ လက်ခံတဲ့ အသိုင်းအဝိုင်း ပါတ်ဝန်းကျင် ရှိမှုလဲပါပါတယ် ။

 

စိတ် သိပ်ပူမနေပါနှင့် ။ ဟင်း ဟင်း ။

ဒီလို အတွေးအခေါ်တွေက ခေတ်တိုင်း ဖြစ်နေကြပါ ။

အမြင်မကျယ်သေး ၊ အသိဉာဏ် မပွင့်လင်းသေးတော့လည်း ဒီလိုပါပဲ ။

 

အရင်ခေတ်က ဂစ်တာတီးရင် ဆံပင်ရှည်ထားရင် Rock သီချင်း ဆိုရင်

လမ်းသရဲ ဆိုပြီး ရှုံ့ချကြ ၊ ပါတ်ဝန်းကျင်က လက်မခံကြ သလိုပေါ့ ။

နောက်တော့လည်း ဒါဟာ သူ့ရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်မှန်း သိသွားတော့လည်း ၊

နောက်ဆုံးတော့ လက်ခံလိုက်ကြရသလိုပါပဲ ။

 

အခုကိစ္စကလည်း အဲဒီလိုပါပဲ ။

မိန်းကလေးက ” သူတစ်ပါး ” ကို စော်ကား မုဒိန်း မကျင့်သရွေ့ ၊

မိန်းကလေးက ” ပါတ်ဝန်းကျင် ” ကို စော်ကားတဲ့အပြုအမူ မလုပ်သရွေ့ ၊

( ဥပမာ – လူမြင်ကွင်းမှာ အဝတ်ချွတ်ပြီး ကားပြ မနေသရွေ့ )

 

အဲလိုတွေ မလုပ်သရွေ့ကတော့ ၊

မိန်းကလေးက သူ့ရဲ့ ကိုယ်ပိုင် ပစ္စည်း အစစ် ( ကိုယ်ပိုင် ပစ္စည်း အစစ် ) ကို ၊

သူ့ စိတ်ကြိုက် အကြိမ်ကြိမ် အခါခါ သုံးတာ ( မီးပဲ ပွင့်ပွင့် ပေါ့လေ ) ။

 

မိန်းကလေးက သူ့ရဲ့ အရွယ်အလျောက်

( ဒီ အရွယ်လေးပဲ အကောင်းဆုံး ခံစားလို့ ရတာကိုး )

ကာမဂုဏ် အရသာကို အကြိမ်ကြိမ် အခါခါ ခံစားလိုစိတ်ရှိတာ ၊

 

အဲဒီ မိန်းကလေး ရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်ပါ ၊

တနည်းပြောရရင် သူ့ရဲ့ အခြေခံ လူ့အခွင့်အရေးပါ ။

 

နောက်ဆုံး တစ်ခု ထပ်ဖြည့်စရာကတော့ ။

မိန်းကလေး တွေကို မြှောက်ပေးနေတာလည်းမဟုတ်ပါဘူး ။

” တားမြစ်ဖို့ ” အထိကတော့ မသင့်ပါဘူး လို့ပဲ ပြောချင်တာပါ ။

အစွန်းတရား အထိသွားကြမယ့် မိန်းကလေး တွေ အတွက်ကတော့ ၊

အဘ က မတားပါဘူး ၊ တားခွင့် လည်း မရှိပါဘူး ။

 

MG မှာပဲ ၊ သိပ်မကြာလှခင်ကပဲ ၊ ထင်ရှားတဲ့ ဆရာဂီ ပြောခဲ့တဲ့ ၊

ထင်ရှားတဲ့ စကားတစ်ခွန်း ရှိသလိုပေါ့ ။

” တနေ့ သေကြရမည် မသေခင် လုပ်ချင်တာလုပ်ကြ

ဒါပေမယ့် ကိုယ်စိုက်တာ ကိုယ်ရိတ်သိမ်းရမည် ” တဲ့ ။

 

P S ;

အဘ အမေ ၊ ညီမ ၊ မိန်းမ ၊ သမီး ဆိုရင်လည်း

အဘ ဒီအယူအဆ ပဲ ရှိမှာဖြစ်ပါတယ် ။

တော်သေးဘီ ။

 

အဘ F R ။

55 comments

  • htet way

    February 27, 2012 at 11:18 am

    အဘ ခင်ဗျား
    “တရားမျှတမှု ဆိုတဲ့ အထဲမှာ
    အမျိုးသမီး အမျိုးသား မခွဲခြားပဲ တန်းတူ အခွင့်အရေးရှိမှု နှင့်
    အဲဒါကို လှိုက်လှိုက်လဲလဲ လက်ခံတဲ့ အသိုင်းအဝိုင်း ပါတ်ဝန်းကျင် ရှိမှုလဲပါပါတယ် ။”
    ဒီအချက်ကို ထောက်ခံပါတယ်လေးစားပါတယ်။
    ကိုယ့်လမ်းကို ကိုယ်လျှောက်နေကြတာပါ။ ကိုယ်လမ်းမှာကိုယ်ဆရာပါ။ကိုယ်ကျင့်တရားကို
    ဘယ်လိုကျင့်မူဆောက်တည်ကြသလဲဆိုတဲ့ စာမေးပွဲတစ်ခု က ဘဝစာမျက်နှာပါပဲ။
    အပျိုစင်ဆိုတဲ့ လိုလားမူစနစ်ကြီးကတော့ အရိုးစွဲနေပါပြီ။ဒီခောတ်မိန်းကလေးအများစုက
    အပျိုစင်ကိစ္စကို တန်ဖိုးမထားချင်တာပါ။ ချစသူနှစ်ယောက်ချစ်ကြတယ် ၃နှစ်ကြာတော့
    အကြောင်းကြောင်းကြောင့်ဝေးသွားတယ် ။ကောင်လေးက ကောင်မလေးကို မင်းနစ်နာတယ်ကွာ
    ဆိုတော့ မနစ်နာပါဘူး တဲ့ ။
    ဒီဘက်မှာတော့ သိပ်ရှုပ်တဲ့ ကာမကိစ္စတွေ များမြောင်တဲ့ အမျိုးသမီးဖြစ်စေ အမျိုးသားဖြစ်စေ
    လူတွေက အထင်သေးကြတာပဲ။လွတ်လပ်ခွင့်နဲ့ ကိုယ်သဘောထားဆိုပေမယ့် အပေါ်မှာ ပြောသလို
    ကိုယ်စိုက်တာကိုယ်ရိတ်ရမယ်လေ။

    ကာမ ဆန္ဒကတော့ ဓါတ်ကြီးလေးပါးနဲ့ ဖွဲ့ စည်းထားတဲ့ လူတိုင်းမှာရှိတယ် အားကြီးတာရယ်
    အားငယ်တာရယ်ဒါပဲကွာတယ်။
    သတိနဲ့ ဒီစိတ်ကို ထိမ်းနိုင်မှ ပါးအောင်လုပ်နိုင်မှ တော်ရာကျပါမယ်လို့ ဆိုချင်ပါတယ်။
    မိန်းမတစ်ယာက်ပြီးတစ်ယောက်ယူတဲ့ သူငယ်ချင်းတိုင်းရင်းဆေးဆရာတစ်ယောက်ကို
    ဝိုင်းပယ်တာတွေ့ရပါတယ်။ကာမနောက်လိုက်တဲ့ လူဟာ တန်ဖိုးကျတာပါပဲ။
    အဘဆောင်းပါးရဲ့ ရည်ရွယ်ချက်ကို ကျွန်တော် သဘောပေါက်ပါတယ်
    စိတ်ထားကြီးမြတ်မူ အတွက် လေးစားပါတယ်။
    ကျွန်တော်ရဲ့ တွေးထောင့်မှားနေရင်လည်း ခွင့်လွတ်ပါခင်ဗျား ။အဘကျန်းမာပါစေ။

  • memeseku

    February 27, 2012 at 11:25 am

    အဘ… အပြည်.အဝထောက်ခံပါတယ်…
    ဒါပေမယ်… အောက်က ကမန့်တွေမှာတော.မတူတဲ.အတွေးတွေကိုဖတ်ရဦးမှာပါပဲ
    ဒါတွေက မြန်မာနိုင်ငံမှာပဲ…ကိုယ်လုပ်စရာအလုပ်မရှိလို့.အားအားယားယား…ထိုင်ပြောနေကြတာပါ
    ကိုယ်လုပ်ချင်တာကိုယ်လုပ်… ကိုယ်ကျင့်တရားမထိခိုက်ရင်ပြီးတာပါပဲ… ဘာသာရေးကတော့တပိုင်းပါ..
    လိင်ကိစ္စုကိုအားပေးတာမဟုတ်ပါ… ကိုယ့်အခွင့်အရေးကို ကာကွယ်လို့ခြင်းသာဖြစ်ပါသှ်။
    ခင်မင်စွာဖြင်.

  • စိန်ပေါက်ပေါက်

    February 27, 2012 at 11:37 am

    မဆီမဆိုင် ဝင်ပြောရရင်
    အဝှာမ တစ်ယောက် သူ ့အဝှာနဲ ့သူ အဝှာပြုစားတာ ရဲက ဆပ်ကြေးကောက် ပိုက်ဆံတောင်း ထောင်ချမယ်လုပ်တော့
    “ဟမငေး.. ကို ့အဝှာတောင် ကိုယ်မပိုင်တဲ့ ဘဝပါကလား” ဆိုတာလေး သတိရမိပါရဲ့

    တစ်ခုပွါးပါရစေ..ဗျို ့

    မိန်းမကလဲ သူ ့အဝှာ သူ ့ဘာသာ အဝှာပြုချင်သလို ပြုပါစေ
    ယောက်ျားကလဲ သူ ့ဘာသာ ရွေးချယ် ယူခွင့်ရှိတယ်
    အဝှာပိုးစိုးပက်စက်ပြုထားလို ့ အဝှာတစ်ခါမှတောင် မတစ်ခါဖူးလို ့ မင်းဘယ်သူ ့ကိုယူ .ဘယ်သူ ့ကို မယူနဲ ့ ဆိုပြီး သွားလုပ်လို ့မရ
    ကိုယ့်ရွေးချယ်ခွင့်နဲ ့ ကိုယ်ပဲမို ့ကြားထဲက ဝင်ပြီး မိန်းမဆိုတာဘယ်လိုနေ ယောက်ျားဆိုတာ ဘယ်လိုနေ ဝင်လုပ်နေမိရင်
    အခန် ့မသင် အမြင်ကတ်ခံရတာပဲ ရှိမယ်ထင်တယ် အဘရေ

    အဘခံယူချက်နဲ ့ အဘ နှစ်သက်တဲ့ အမျိုးသမီး ရွေးချယ်ယူ သလို
    အဘခံယူချက်နဲ ့မတူတဲ့ လူကလဲ သူသဘောကျ နှစ်သက်မဲ့ အမျိုးသမီး ရွေးယူသွားမှာဖြစ်ပါကြောင်း
    အဲဒလောက်ပဲ သိလို ့..အဲဒလောက်ပဲ ပွါးခဲ့တာပါရယ်လေ

  • Prince of Pennsylvania (PoP)

    February 27, 2012 at 12:16 pm

    တိန်…
    လူဇိုး … သူ့ဟာသူရေးချင်တာရေးပီး
    သများ မိုတို ယူသုံးတယ် …

    စိတ်ထိခယက်တွားဘီ ….
    အာဟိ….

    နောက်တာပါဗျာ ….
    ဦးလေးဖော နဲ့ သဘဘောထဲဖြစ်ပါကြောင်း
    လက်မ တချောင်းထောင် သွားပါကြောင်း

    ခင်တဲ့
    ပီအိုပီ

  • blackchaw

    February 27, 2012 at 1:10 pm

    ကို FR ကြီးရေ။
    ဝင်ဖတ်ပြီး အားပေးသွားပါတယ်ဗျာ။
    FR ကြီး ကိုးကားလိုက်တဲ့ ဂီဂီ့ စကားကိုပဲ
    ထပ်ကိုးကားပါရစေတော့ ခင်ဗျာ။
    တနေ့ သေကြရမည် မသေခင် လုပ်ချင်တာလုပ်ကြ
    ဒါပေမယ့် ကိုယ်စိုက်တာ ကိုယ်ရိတ်သိမ်းရမည်
    သိတ်ကောင်းတဲ့ စကားလေးပါ။
    လုပ်ချင်ရာလုပ်ပြီးရင်တော့
    ဖြစ်လာသမျှဟာ ကိုယ့်တာဝန်ပဲ ဆိုတာကိုပဲ
    ထပ်ပြောချင်ပါတယ်။
    လုပ်ချင်ရာ မလုပ်ကြခင်
    ဘာတွေ ဘေးထွက်ဆိုးကျိုးရှိနိုင်တယ်ဆိုတာလေးတော့
    ငယ်ရွယ်သူတွေကို တတ်နိုင်သလောက် လမ်းပြပေးသင့်တယ်
    ဆိုတာလေးတော့ နည်းနည်း အထွန့်တက်ခဲ့ပါရစေ ဗျာ။
    :mrgreen: :mrgreen: :mrgreen:

    • Foreign Resident

      February 28, 2012 at 4:20 am

      ” လုပ်ချင်ရာ မလုပ်ကြခင် ၊
      ဘာတွေ ဘေးထွက်ဆိုးကျိုးရှိနိုင်တယ်ဆိုတာလေးတော့ ၊
      ငယ်ရွယ်သူတွေကို တတ်နိုင်သလောက် လမ်းပြပေးသင့်တယ် ”

      မှန်ပါတယ် ကို blackchaw ရေ ။
      ဒါပေမယ့် အဘ မှာ လူငယ်တွေကို လမ်းပြပေး နိုင်လောက်အောင် တော့
      ဝမ်းစာ ပညာ နှင့် သဘာ မရှိသေးပါဘူးကွယ် ။

      အဲ ပါးပါးလေး ဥပမာ ပြရရင်တော့ ။
      အဘ ၃ရ နှစ် ၊ ကပ္ပတိန် ဖြစ်ပြီးမှ
      ( အခြေခိုင်ပြီလို့ နဲနဲလေး ယူဆမိတော့မှ )
      စိတ်အလိုလိုက်ပြီး မိန်းမယူမိပါတယ် ။

      အဘ စိတ်ရင်း အတိုင်း ဆိုရင်တော့ ၊
      အသက် ၁၆-၂ဝ နှစ်သားထဲက မိန်းမ ယူချင်တာပါ ၊
      မှန်တာပြောရရင် ၊
      အဲဒီ ၁၆-၂ဝ နှစ်သား အရွယ်က မိန်းမ အလိုချင်ဆုံး အရွယ်ပါ ။

      သူငယ်ချင်းတွေထဲက ၊ စိတ်အလိုလိုက်ပြီး
      ၁၆-၂ဝ နှစ်သား အရွယ်ကတည်းက မိန်းမယူမိတဲ့ သူတွေကို
      ( အများစုက ) မြောင်းထဲမှာ ယက်နေတာ တွေ့ရတာပဲ ။

      အခုမှ အဘ သူတို့ကို သနားရမှာလားဟင် ။
      မသနားပါဘူးကွယ် ။
      ဒီဘဝကို သူတို့ဖာသာ ရွေးချယ်ခဲ့တာ မဟုတ်လား ။

      တော်သေးဘီ ၊ ပါးပါးလေး ပြောတာပါ ။

  • pooch

    February 27, 2012 at 1:12 pm

    အဘဖောရေ ကျမလည်း ပညာပေးဆိုတာ ဆိုတဲ့ ပိုစ့်လေး ရေးလိုက်မိသေးတယ် ဟိုတလောက အားပေးပါအုန်း။

    http://myanmargazette.net/98780/creative-writing

  • chityimhtoo

    February 27, 2012 at 3:04 pm

    လူ့သဘောသဘာဝဆိုတာ ဘယ်လိုမှတားဆီးလို့မရပါဘူး။ဒါကိုအပစ်လို့လည်းမမြင်သင့်ပါဘူး။လူတွေရဲ့စိတ်ထဲမှာရှိတဲ့ ချောင်ပိတ်နေတဲ့ အတွေးတွေကိုလည်း ရိုက်ချိုးသင့်ပါတယ်။
    မိုးပေါ်မှာလည်းငှက်ကလေးတွေမနက်ပိုင်းဆို ပွတ်ကျည့်ပွတ်ကျည့်နဲ့ မိတ်လိုက်နေကျတယ်။ရေထဲ
    မှာလည်း ငါးလေးတွေရေသတ္တဝါတွေသူ့သဘာဝနဲ့သူ ပျော်မြူးနေကျတယ်။ကုန်းပေါ်ကကျုပ်တို့ လူသား
    တွေချစ်ရည်လူးတော့နှာဘူးလို့ပြောကျတယ်။ဟုတ်သေးပါဘူး။လုံးဝဟုတ်သေးပါဘူး။အဘဖော
    စကားကိုတော့ ထောက်ခံသဟ။

  • amatmin

    February 27, 2012 at 4:38 pm

    အဘရေ..
    တားမြစ်တယ်ဆိုတာ ကြီးကကြားမိရင်တော့ နားခါးစရာကြီးပေါ့.
    ဒါပေမဲ့ အဘရယ်..လုပ်သင့်.မလုပ်သင့်ဘူးဆိုတာ ခွဲခြားပြပေးထားတော့
    မမှားသင့်တာတွေ မမှားဘူးထင်တယ်ဗျာ..
    … ကြားခဲ့မိတာလေး ပြန်ပြောချင်တယ်ဗျ..
    တမြန်နေ့က ကော်ဖီဆိုင်မှာ ထိုင်နေတုန်း နောက်နားက တက္ကသိုလ်ဒုတိယနှစ်တက်နေတဲ့(သူတို့စကားအရ)
    ကောင်လေး၃ယောက်.အချင်းချင်းပြောနေတာလေးက…
    ဒဂုံတက္ကသိုလ် ဂုဏ်ထူးတန်းတက်နေတဲ့ ကောင်မလေးက
    သူတို့ထဲက ကောင်လေးတယောက်ကို မိန်းကလေးအိမ်သာမှာချိန်းပြီးတွေ့ကြပါတယ်တဲ့..
    သူတို့ပြောစကားတွေအရ.လူမိသွားပေမဲ့ အတော်ပျော်ခဲ့ကြပုံပါပဲ.. ရှက်စရာဆိုပြီးပြောနေကြတာမဟုတ်ပါဘူး.
    ဒီတော့ ဒီကိစ္စက လူငယ်တွေကြားမှာ ရှက်စရာလို့ မမြင်ကြတော့တာ အမှန်ပါပဲ..
    နေရာရွေးချယ်မှုကိုတောင် ဥပဒေကြောင်းအရ ဝိုင်းစဉ်းစားနေကြသေး 🙂
    …ကျနော် အမြင်အတိုင်းဆို.. သူတို့ကိုယ်ပိုင်ပစ္စည်းကို ကြိုက်သလို အသုံးချကြပါ မတားပါဘူး..
    သို့သော်..မြည်းတဲ့လူတွေများပြီး တကယ်မဝယ်ဖြစ်လို့ ပုပ်သိုးမသွားအောင်ရယ်..
    ကိုယ်ပိုင်ပျျိးခင်းလေးမှာ ကြုံသလိုအပင်စိုက်မိမှာထက် ဘာပင်စိုက်ရင်တော့ ဖြစ်နိုင်လောက်တယ်ဆိုတဲ့
    အသိလေးတွေကိုဝင်အောင်တော့ နည်းလမ်း ပြပေးကြရမှာပဲ..

    • Foreign Resident

      February 28, 2012 at 3:03 am

      ” မြည်းတဲ့လူတွေများပြီး ၊ တကယ်မဝယ်ဖြစ်လို့ ပုပ်သိုးမသွားအောင်ရယ် ”

      အဲဒီ ” မိန်းကလေးဟာ ရောင်းကုန် ၊ ငယ်တုန်း လှတုန်း ဈေးတင်ပြီး ရောင်းမှ ”
      ဆိုတဲ့အယူအဆ ကို ( တပိုင်း တစ မှန်သော်ငြားလည်း ) အဘ မကြိုက်တာပဲ ။

      မိန်းကလေး တွေရဲ့ ဘဝ ကို သွယ်ဝိုက်ပြီး တန်ဖိုးချလိုက်တဲ့ အယူအဆ ပဲ ။
      မိန်းကလေး တွေဟာ ယောက်ျားလေး တွေ တန်ဖိုးထားမှ ၊ တန်ဖိုးရှိရမယ့် ဘဝ လား ။
      မိန်းကလေး တွေဟာ သူ့ဖာသာသူ ဆိုရင်ကော တန်ဖိုး မရှိတော့ဘူးလား ။
      မိန်းကလေး တွေဟာ ကိုယ့်ခြေထောက်ပေါ် ကိုယ် မရပ်နိုင်ဘူးလား ။

      အဘ မိန်းမ မယူဖြစ်ခင်က ၊ ငါ့ဘဝမှာ မိန်းမ မဖြစ်မနေ ယူရမယ်လို့ မစဉ်းစား ခဲ့ဘူး ။
      ချစ်တာ တွေ့တယ် ဆိုရင် ယူမယ် ။ ချစ်တာ မတွေ့ဘူး ဆိုရင် မယူဘူး ။ ဒါပဲ ။
      မိန်းမ မယူတဲ့အတွက်လည်း ၊ အဘ ဘဝ ဘာမှ တန်ဘိုးကျစရာ မရှိဘူး ။
      အဘ ရဲ့ ကိုယ်ပိုင် အရည်အချင်း သည်သာလျှင် ၊ အဘ ရဲ့ တန်ဖိုး အမှန်ပဲ ။

      မိန်းကလေး တွေကကော ဒီလို ဘဝ မျိုး ရပ်တည်မှုမျီုး မဖြစ်နိုင်ဘူးလား ။
      နိုင်ငံခြား မှာတော့ ဖြစ်နိုင်တာပဲ ။ ဖြစ်နေတာပဲ ။
      မြန်မာ မိန်းကလေး တွေက သတ္တိ မရှိကြဘူးလား ။ အရည်အချင်း မရှိကြဘူးလား ။

      By the way ၊ စကား အတင်းစပ် ။
      တက္ကသိုလ် ဂုဏ်ထူးတန်း တက်နေတဲ့ အရွယ်ဟာ
      ရည်းစား နှင့် ချိန်းတွေ့ယုံတင် မကဘူး ၊ ယောက်ျားယူလို့တောင် ရနေပြီပဲ ။
      ရည်းစား နှင့် ချိန်းတွေ့တဲ့ ကိစ္စကလည်း ၊ ရှက်စရာကိစ္စလို့ အဘလဲ မထင်ပါဘူး ။
      ဒါ ပုံမှန် သဘာဝပဲဟာ ။

      အေး ဘယ်ရည်းစားကို ကြိုက်သင့်တယ် ဆိုတာကတော့ ၊
      ကိုယ်ဖာသာ ကိုယ့် ရဲ့ အခြေအနေ ပေါ်မူတည်ပြီး ၊
      နှလုံးသား နှင့် ဦးနှောက် မျှ ဆုံးဖြတ် ။

      အဘ တုန်းကတော့ ၊
      ကပ္ပတိန်ဖြစ်ပြီးမှ ယူတာဖြစ်တဲ့ အတွက် ၊
      ကိုယ့်ခြေထောက်ပေါ် ကိုယ် ၊ ခိုင်ခိုင်မြဲမြဲ ရပ်နိုင်ပြီး ဖြစ်တဲ့အတွက် ၊
      နှလုံးသားကို ဦးစားပေးနိုင်တဲ့ အခြေအနေ ဖြစ်နေတဲ့ အတွက် ၊
      ကိုယ်ချစ်တာပဲ ကိုယ်ရွေးခဲ့တယ် ။ သူဋ္ဌေးမ ကိုမှ ရွေးယူစရာ မလိုခဲ့ဘူး ။

      ထားပါ ၊ ဘဝ ပေး အခြေအနေ တွေပေါ်မူတည်ပြီး ဆုံးဖြတ်ကြတာပေါ့ ။
      အပေါ်မှာ ပြောခဲ့သလိုပဲ ၊
      ကိုယ်စိုက်တာ ကိုယ်ရိတ်သိမ်းရမည် ။
      ကိုယ်ဖြစ် ကိုယ်ခံ ။ ကိုယ်ညံ့ ကိုယ်ခံ ။

  • chityimhtoo

    February 27, 2012 at 7:36 pm

    အင်းအရင်တုန်းကဆို မိန်းခလေးတွေအပျိုရည်ပျက်ရင်သတ်တောင်သေကျတယ်ဗျ။ခုခေတ်ကျတော့
    ကောင်မလေးတွေ၉တန်း ၊၁ဝတန်းဘဲရှိသေးတယ်တစ်ယောက်နဲ့ တစ်ယောက်ပြောလိုက်ရင် ငါ့ကိုဘယ်လို
    နမ်းတာ ဘယ်လိုချစ်ကျတာ၊ဂုဏ်ယူပြီးပြောနေကျတာ။အဲ့လိုမျိုးပြောစရာမရှိတဲ့ ကောင်မလေးဆိုရင်လည်း
    အားကျမခံ ထားဘို့စိတ်ကူးနေကျပြန်ရော…

  • chityimhtoo

    February 27, 2012 at 7:36 pm

    အင်းအရင်တုန်းကဆို မိန်းခလေးတွေအပျိုရည်ပျက်ရင်သတ်တောင်သေကျတယ်ဗျ။ခုခေတ်ကျတော့
    ကောင်မလေးတွေ၉တန်း ၊၁ဝတန်းဘဲရှိသေးတယ်တစ်ယောက်နဲ့ တစ်ယောက်ပြောလိုက်ရင် ငါ့ကိုဘယ်လို
    နမ်းတာ ဘယ်လိုချစ်ကျတာ၊ဂုဏ်ယူပြီးပြောနေကျတာ။

  • yuiio

    February 27, 2012 at 10:09 pm

    အဘပြောတဲ့ ဆေးက ကောင်းတော့ ကောင်းပါတယ် ။ဘယ်သူတွေအတွက်ပိုကောင်းသလဲဆိုတာလည်း အဘပဲပိုသိမှာပါ။နောက်ပြီး ဘေးထွက်ဆိုးကျိုးတအားများတယ်လို့ ကျွန်တော်ယူဆပါတယ်။ စိတ်ဆိုတာက အထိမ်းအကွပ်ပါမှ ကောင်းတယ်လို့ ကျွန်တော်မြင်ပါတယ်။ ခံစားလိုတာကို စိတ်ရှိသလိုခံစားစေတဲ့ အယူအဆမျိုးကိုတော့ လုံးဝကို လက်ခံလို့မရပါ။ ခံစားချက်ကို ထိမ်းချုပ်မှုမှ မရှိတော့ရင် ဖောက်လွှဲဖောက်ပြန်တွေ အကုန်ဖြစ်သွားနိုင်ပါတယ်။ အလိုလိုနေရင်း ဖောက်ပြန်နေတဲ့ စိတ်ကို ကျွန်တော်တို့ ဒီအတိုင်းမထိမ်းချုပ်ဘဲ လွှတ်ထားသင့်ပါသလား။

  • yuiio

    February 27, 2012 at 10:13 pm

    အဲ့လိုမှမထိမ်းထားရင် ကျွန်တော်တို့ ကိုယ်ကျွန်တော်တို့ အဲ့ဒီအပိုင်းမှာ ကိုယ့်ကိုယ်ကို အကြည်အညိုမဲ့သွားနိုင်ပါတယ်။ ကိုယ့် ကိုယ်ကျင့်သိက္ခာကိုမှ မကြည်ညိုနိုင်တော့ရင် ကျွန်တော်တို့ ဘာတွေဖြစ်သွားကြမလဲ။ လူတွေအားလုံးထဲမှာ ကိုယ့်ကိုယ်ကို အကြည်အညိုကင်းနိုင်လောက်အောင် အထိမ်းအချုပ်မဲ့တဲ့သူတွေက ပိုပြီး ကြောက်စရာကောင်းတယ်လို့မြင်ပါတယ်။

    • Foreign Resident

      February 28, 2012 at 3:30 am

      ကို yuiio ရဲ့ ။

      နားလည်မှု လွဲနေပုံရတယ် ။
      အဘ ပြောတဲ့ အထဲမှာ
      စိတ်ကို လွှတ်ထားပါ ။ ချည်ထားပါ ။ တစ်ခုမှ မပါဘူး ။

      သူတစ်ပါး ရဲ့ အခြေခံ အခွင့်အရေးကို
      တိုက်ရိုက်သော် လည်းကောင်း ၊
      သွယ်ဝိုက်ပြီးသော် လည်းကောင်း ၊
      တားမြစ်တာဟာ မသင့်တော်ဘူး လို့ ပြောတာပါ ။

      အဲ တစ်ခုတော့ရှိတယ် ၊
      ပညာတတ် လူတော် တွေ ပေါ်ထွန်းစေချင်ရင်တော့ ။
      သူတို့ နေချင် ၊ နေနိုင်မယ့် ၊ တရားမျှတပြီး ၊
      မတရား ချုပ်ချယ်မှု ကင်းရှင်းတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးရမယ် ။

      အဲဒီ မတရား ချုပ်ချယ်မှု ကင်းရှင်းတဲ့ ပတ်ဝန်းကျင် ဆိုတဲ့ အထဲမှာ ၊
      အမျိုးသမီး အမျိုးသား မခွဲခြားပဲ တန်းတူ အခွင့်အရေးရှိမှု လဲပါတယ် ။
      ” မိန်းကလေး မို့လို့ အိမ်ထောင် မပြုခင်မှာ အပျိုစင် ဖြစ်ရမယ် ” လို့ပြောတဲ့ စကားဟာ ။
      Gender Discrimination ပဲ ။
      ရှင်းရှင်းပြောရရင် အဲဒါ မတရားမှုပဲ ။

  • ဦးဦးပါလေရာ

    February 27, 2012 at 10:46 pm

    ကိုဖေါရင်းရေ
    ကျုပ်လဲ ဝင်မန့်မလို့ စာစီရင်း ရှည်သွားပါတယ်။
    “ဘယ်ဘက်လက်နဲ့ရိုက်တဲ့ပုံပြင်” ကို လိုက်အားပေးပါဦး။ 🙂
    (ပြောသာပြောရ ဒီကွန်နက်ရှင်နဲ့ ပိုစ့်တင်လို့ တက်ပါ့မလားမသိ 🙁 )

  •  
    ဒါကြောင့် အမျိုးသမီး အခွင့်အရေး တောင်းဆိုတဲ့ အဖွဲ့တွေက
    ယောက်ျား အများစုကြီး ရဲ့ အပျိုစင် ကိုမှ တန်ဖိုးထားတဲ့ အကျင့်ဆိုး ကြီးဟာ
    အမျိုးသမီး တွေရဲ့ တန်းတူညီမျှစွာ ကာမဂုဏ် ခံစားခွင့်ကို
    သွယ်ဝိုက်ပြီး ချုပ်ချယ်ရာ ရောက်တဲ့အတွက်
    အဲဒီ အပျိုစင် ကိုမှ တန်ဖိုးထားတဲ့ ဓလေ့ဆိုး ကြီးကို
    ပယ်ဖျက်ဖို့ စွန့်လွှတ်ဖို့ အမျိုးသမီး ထုကြီးက တောင်းဆိုနေကြပါတယ် ။
    _________________
    ကိုFRကြီးကို အားပေးထောက်ခံသွားတယ်ဗျာ။

  • pazflor

    February 28, 2012 at 12:24 am

    အခုလို ကျွန်တော်ရေးခဲ့တဲ့ post လေး ကို တကူးတက ဝေဖန်ထောက်ပြပေးတဲ့ အတွက် ကျေးဇူးပါဘဲ အဘရေ။ အဘနဲ ့ကျွန်တော်နဲ ့ အမြင်မတူတဲ့ အချက်လေးတွေတော့ ရှိတယ်ဗျ။ နောက်တစ်ပတ်လောက် ဆိုရင်တော့ ရေးဖြစ်လောက်မယ်ထင်ပါတယ်ဗျ။ (စကားမစပ် ကျွန်တော့်နာမည်ကို ့ လေးစားတဲ့ အမှတ်နဲ ့ခေါ်ဝေါ် ပေးတာ လက်မခံ ရဲကြောင်းပါခင်ဗျာ၊ အဘရဲ ့တူ၊ညီ တစ်ယောက်လို ဘဲ ခေါ်ပေးပါဗျ။)

  • surmi

    February 28, 2012 at 1:07 am

    အဘရေ ..။
    ဒီကအမျိုးသမီး အကျဉ်းထောင်မှာ မုန်လာဥတို. ၊ခရမ်းသီးတို. လက်ဝယ်မထားရဆိုပြီး
    စည်းကမ်းထုတ်ထားတယ် ၊ သူတို.လည်းလွတ်လပ်ခွင်.ရသင်.တာပေါ.နော။။
    (ဗိုက်ဆာလျှင် စားဖို.ဖြစ်သည်)

  • Khaing Khaing

    February 28, 2012 at 11:38 am

    ဘဘ FR ဖတ်သွားပါတယ်…မမှတ်သွားပါဘူးရှင့်.. ဂီပြောတဲ့ တစ်နေ့သေကြရမယ် မသေခင်လုပ်ချင်တာလုပ်ကြဆိုတာ ကောင်းတဲ့ဘက်ကိုပဲတွေးသင့်တယ် ထင်ပါတယ်…. မကောင်းတာတွေ လုပ်ပြီး အသေမကောင်းတော့ဘယ်လိုလုပ်မလဲ…..ဘဘ

    • Foreign Resident

      February 28, 2012 at 5:06 pm

      သမီး Khaing Khaing ရေ

      အဘ ပြောတဲ့ အထဲမှာ ” မကောင်းတာ ” လုပ်ရမယ့်အကြောင်း တစ်ခုမှ မပါပါဘူးကွယ် ။
      ( လိင်ဆက်ဆံတာကို မကောင်းမှုလို့ ယူဆမိရင်တော့ ၊
      သမီး မိဘတွေကော ၊ အဘ မိဘတွေကော အကုန် မကောင်းတဲ့သူတွေ ဖြစ်ကုန်ပါပြီ )

      တရားမျှတမှု ၊ လူ့အခွင့်အရေး နှင့် လူလူချင်း တန်းတူညီမျှမှု ဆိုတာတွေကို ၊
      မှန်မှန် ကန်ကန် နားလည် သဘောပေါက်သွားအောင် ရှင်းပြချင်တာပါကွယ် ။
      သမီး နားမလည် လက်မခံနိုင်သေးရင်တော့ ၊ အဘ ရှင်းပြတာ အားနည်းလို့ ဖြစ်မှာပါကွယ် ။

      နောက်တစ်ခုက ၊
      ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းဆိုတာ
      လူကြီးရှေ့မှာ ခေါင်းငုံ့ဖြတ်တာ တစ်ခုတည်း မဟုတ်ပဲ ၊
      အမျိုးသမီး နှင့် အမျိုးသား လူအချင်းချင်းကို တန်းတူအခွင့်အရေးပေးတဲ့ ၊
      Physically အားနည်းတဲ့ အမျိုးသမီး ( Weaker Sex ) ကို
      ပိုဦးစားပေး စာနာတဲ့ အလေ့အထ ဟာလည်း
      ယဉ်ကျေးချင်း တစ်မျိုးဖြစ်ပါတယ် ဆိုတာ ပြောလိုတာပါ ။

      တနည်း အားနည်းတဲ့ အမျိုးသမီးတွေကို
      အားနည်းလို့ဆိုပြီး တန်းတူ အခွင့်အရေး မပေးဘူးဆိုရင်တော့
      အဲဒီ လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုကို အဘ သံသယ ဖြစ်မိမှာပဲ ။

      စဉ်းစားပါအုန်း ။ သမီးရယ် ။

  • ရွှေဘိုသား

    February 28, 2012 at 1:12 pm

    စဉ်းစားကြစေလိုတယ်ဆိုလို့ စဉ်းစားကြည့်ပါတယ် အဘရယ် ဒါပေမဲ့လည်း ယဉ်ကျေးမှုကကိုယ့်ဒေသနဲ့ ဆီနဲ့ရေလိုကွာခြားနေတော့ လူကြီးတွေကတစ်ဝက်ခေတ်လူငယ်တွေကတစ်ဝက်ပေါ့ အဲဒီယဉ်ကျေးမှုကြီးကို ကျနော်လည်းသိပ်တော့သဘောမကျလှဘူးဗျ တောသားမို့လားမသိဘူး ကျနော်ကိုယ်တိုင် မြန်မာမိန်းကလေးတွေထိန်းသိမ်းသင့်တယ်လို့ခဏခဏ ရေးဖူးတယ် ကျနော်ရေးထားတဲ့
    ဆူးပေါ်ဖက်ကျလည်းဖက်ပေါက် ဖက်ပေါ်ဆူးကျလည်းဖက်ပေါက် ဆိုတဲ့ပို့စ်ထဲက ဇာတ်လိုက်ကောင်မလေးလိုမျိုးဆိုရင်တော့ ကျနော်ကတော့ သိပ်သဘောမကျပါဘူးအဘရယ်
    အမြင်တွေပြောင်းတာတော့ကောင်းပါတယ် ငယ်တုန်းနုပျိုတုန်းပြုလုပ်လို့ရတာဆိုတော့လည်းလေ သီချင်းတောင်ရှိတယ်မလား အိုက်တင်ခံတဲ့အပျိုကြီးတွေ အချိန်လွန်ရင်ပုပ်လိမ့်မယ် ဆိုတာကရှိသေးတယ်မလား

    • Foreign Resident

      February 28, 2012 at 5:08 pm

      ကို ရွှေဘိုသား ရေ ၊

      ” ဆူးပေါ်ဖက်ကျလည်းဖက်ပေါက် ၊ ဖက်ပေါ်ဆူးကျလည်းဖက်ပေါက် ”

      ဟင့် ၊ မှန်တာပြောရရင် ဆူးကျိုး မဲ့ခေတ် ကိုရောက်နေပါပြီကွယ် ။

      မယုံမရှိနှင့် ကိုယ်တွေ့ လို့ပဲ ပြောရတော့မှာပေါ့လေ ။
      အဘ အသက် ၃ရ နှစ် ၊ သင်္ဘော ကပ္ပတိန် ဖြစ်ပြီးမှ လက်ထပ်တာဆိုတော့ ။
      အဲဒီ ၃ရ နှစ် မတိုင်ခင်မှာ ( ဆူးလေး မကျိုးသွားအောင် )
      ဘယ်လောက်အထိ လိမ္မာပါးနပ်စွာ ရှောင်တိမ်းခဲ့ရမယ်ဆိုတာ ၊
      မြင်ယောင်ကြည့် ၊ စဉ်းစားသာကြည့်ပေတော့ကွယ် ။

      မယုံရင် ၊ ဥစ္စာပေါ ပညာတတ် အရွယ်ရောက် သားလူပျို ရှိတဲ့ ၊
      အမေတွေကိုသာ မေးကြည့်စမ်းပါ ။

      အင်းးးးး အခု ၊ လက်ထပ်ပြီးတော့လည်း ၊ သိပ်တော့လည်း မထူးလှပါဘူး ။
      အခုအရွယ်ထိကို ရှောင်တိမ်း နေရတုန်း ပါပဲကွယ် ။

      ခုခေတ်ကြီးကိုက ၊ ဆူးချိုးချင်တဲ့ သံမဏိ ဖက်တွေက တယ်ပေါသကိုး ကွယ့် ။
      အဘတော့ အဆဲခံရတော့မှာပဲ ။ 🙂

      • kai

        February 28, 2012 at 5:14 pm

        ဆူးချိုးချင်တဲ့ သံမဏိ ဖက်တွေ..

        Quote of the day! 😮

      • ရှမ်းပြည်သား (တောင်ပိုင်း)

        March 4, 2012 at 9:32 am

        ဆူးချိုးမယ့်သံမဏိဖက်မဟုတ်ဘူးအဘရေ….
        ဒီခေတ်ကြီးက ကျောက်ပြင်ပေါ်ဘဲဥကျလဲဘဲဥကွဲ ၊ ဘဲဥပေါ်ကျောက်ပြင်ကျလဲဘဲဥပဲကွဲတယ်
        ဆိုတဲ့ခေတ်ဗျအဘရ………..
        ဘဲဥကွဲမှာကြောက်သော
        ရှမ်းပြည်သား(တောင်ပိုင်း)

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 28, 2012 at 2:35 pm

    ဟုတ်တော့လည်းဟုတ်တာပေါ့
    စစ်စစ်ကလေးရတော့လည်း ကောင်းဘူးလားဗျာ ဟဲဟဲဟဲ

    • Foreign Resident

      February 28, 2012 at 5:13 pm

      ဟုတ်တာပေါ့ ၊ ကိုအောင်ပုရယ် ။
      အိမ်က Home Minister ကသာခွင့်ပြုမယ်ဆိုရင်
      ကိုအောင်ပု ပြောတဲ့ အဲဒီလို “ စစ်စစ်ကလေး “ မျိုးဆိုရင် ၊
      နောက် သုံးယောက် လောက်တောင် ၊ အဘ က ထပ်လိုချင်သေးတယ် ။
      🙂

  • ba gyi

    February 28, 2012 at 3:12 pm

    အဘရေ၊ ဘကြီးတော့လိုက်မှီဒေါ့ဘူး
    အိုဘာဒွေဘာလိပ် ရှက် ထရာဗျာ လို့မပြောနိုင်အောင်ကိုတော်ပါပေ့၊
    တော်တော် ခေတ်မှီတဲ့ အဘပါဗျား၊
    တော်တော်လတ်ဆတ်တဲ့အဘပါဗျား၊
    တော်တော်လန်း တဲ့ အဘပါဗျား။
    သဘာဝဆိုသည်မှ သဘာကြီးတွေသာ ဝ ကြခြင်းဖြစ်ပေ၏။ ( တိန် ) အဘကျန်းမာပါဇေဗျား။

    • Foreign Resident

      February 28, 2012 at 5:14 pm

      ba gyi ရေ ၊

      တခြားတစ်ဖက်ကနေ အမြင်ပြောင်းပြီး ၊ စဉ်းစားစရာလေးတွေ ပေးမိတာပါ ။
      ရှေးရိုးစွဲ အစဉ်အလာတွေအတိုင်း လွယ်လွယ်လေး မပြောမိခင် မလုပ်မိခင် မှာ ၊
      တစ်ချက်လောက် တွေးမိကြမယ် ဆိုရင်ကိုပဲ ၊
      အဘ အဆဲခံရကျိုး ၊ မေတ္တာအပို့ခံရကျိုး ၊ ရေးရကျိုး နပ်ပါပြီကွယ် ။

      သဘာဝဆိုသည်မှာ ” သဘာကြီးတွေသာ ဝ ကြ ” ခြင်းဖြစ်ပေ၏။
      🙂

  • Khin Latt

    February 29, 2012 at 5:38 am

    ကိုအဘဖော ရေ – Book Mark လုပ်ထားပါတယ်။
    ခေါင်းကြည်ပြီ ဆိုတာနဲ့ ဝင်ပြီး လျှာရှည်ပါရစေ။
    ပြန်လာပါ့မယ်။ 😀

    • Foreign Resident

      March 1, 2012 at 3:51 am

      Khin Latt says:
      ” Book Mark လုပ်ထားပါတယ်။
      ခေါင်းကြည်ပြီ ဆိုတာနဲ့ ဝင်ပြီး လျှာရှည်ပါရစေ။
      ပြန်လာပါ့မယ် ”

      အဘ Post ဖတ်လိုက်တာ ခေါင်းနောက်သွားတယ် ထင်တယ် ။
      Sorry ဗျာ ၊ နောက်ဆို ဟာသလေးတွေ များများ ထည့်နိုင်အောင်ကြိုးစားပါ့မယ် ။

      Book Mark လုပ်ထားပြီးကို ပြန်လာဆော်မယ် ဆိုတော့ ၊
      ကျမ်း အကိုးအကား နှင့်ကို အပိုင် ဆော်တော့ မှာပေါ့ ။
      အမ်မလေးလေး သားသား ကြောက်ကြောက် ပါဗျ။

      သူကြီး ( Kai ) က မတူသောအတွေး နှင့် ရေးပါ ဆိုလို့ ၊
      ရှေးရိုးစဉ်လာ အတွေးလေးတွေကို ၊ ကန့်လန့် တိုက်မိတာပါ ခည ။
      သူကြီး မြှောက်ပေးလို့ လုပ်မိတာပါ ခည ။ သူကြီး အပြစ်ပါ ခည ။
      သားသား အပြစ် မဟုတ်ပါဘူး ခည ။ နောက်မလုပ်ရဲတော့ပါဘူး ခည ။

      မ Khin Latt ရေ နောက်တာပါဗျာ ၊ You are warmly welcome ပါဗျာ ။
      Reply လုပ်တာ နောက်ကျရင်တော့ ခွင့်လွှတ်ပါကွယ် ။
      ကျွန်တော်လည်း သင်္ဘောပေါ်ကနေ ရေးနေတာ ဆိုတော့ ။
      အင်တာနက် က အဆင်ပြေလိုက် အဆင်မပြေလိုက် နှင့် မို့ပါ ။

      ရွာသူား အားလုံးတို့ရေ ၊ နဲနဲလေး Remind လုပ်ပါရစေကွယ် ။
      အဘ ဒီ Post ဟာ အမျိုးသမီးတွေ ရဲ့ အခွင့်အရေး အတွက် ၊
      အမျိုးသမီးတွေ ဖက်ကရှေ့နေလိုက်ပြီး ရေးထားတဲ့
      အမျိုးသမီး အခွင့်အရေး ကာကွယ်ရေး Post ဖြစ်ပါတယ် ။
      တလွဲတွေးမိနေမှာ စိုးလို့ပါ ။

      နောက်တစ်ချက်က ၊ ဒီမိုကရေစီရဲ့ အခြေခံ အုတ်မြစ် တစ်ခု ဖြစ်တဲ့ ၊
      ” Majority Rule, Minority Right ” ပါ ။
      အများစုက အုပ်ချုပ်ခွင့်ရှိသော်လည်း ၊
      အနည်းစုရဲ့ အခွင့်အရေးကို ထိပါးခွင့် မရှိပါဘူး ။

      အများစု ( ထားပါတော့ ) က
      လက်မထပ်ခင်မှာ အပျိုစင် ဖြစ်တာကို လိုလားကြလျှင်တောင်မှ ၊
      အနည်းစု ( ထားပါတော့ ) ရဲ့
      သူတို့ရဲ့ ကိုယ်ပိုင် ပစ္စည်းကို လွတ်လပ်စွာ မီးကုန်ယမ်းကုန် သုံးခြင်းကို ၊
      တားမြစ်ပိုင်ခွင့် မရှိပါ ။ မသင့်ပါ ။

      စဉ်းစားကြစေလိုပါတယ် ။

      • Khin Latt

        March 1, 2012 at 5:16 am

        ကို အဘဖော ရေ
        ဒီရက် အလုပ်မှာ ရေစီး နည်းနည်းကြမ်း သွားလို့ အိမ်ပြန်ရောက်ရင် ခေါင်းက မကြည်နိုင်တော့ တာ ကို ပြောတာပါ။
        Monday က တစ်ရက်သင်တန်း သွားလိုက်ရတဲ့ ညနေမှာ Network Device တစ်ခု ကြွ သွားတော့ အလုပ် နဲနဲ ပိ သွား ခြင်းပါ။
        ဒီနေ့တော့ နဲနဲ မုန်တိုင်းဆဲ သွားပါတယ်။

        ကိုဖော် အတွက် မှတ်ချက် ကလဲ တကယ်တော့ ချရေးရုံပါဘဲ။
        ခေါင်းထဲမှာ စဉ်းစားပြီးသားပါ။
        လေတော့ သိပ်မပြင်းပါပြီဘူး။ လေညှင်းလောက်ပါဘဲ။ 😀

        စကားစပ်ပြောရရင် – ဒီနေ့ ဖေဖော်ဝါရီ ၂၉ရက် ၂၀၁၂ (leap Year ) မှာ ကျွန်မ နားက အိုင်တီသမား တစ်ချို့ တွေ Date function နဲ့ ပါတ်သက်ပြီး ပြဿနာ ဖြစ်ကြသေးတယ်။
        သဘောင်္ ရဲ့ computer စနစ် မှာရော အိုကေလား။ 😉

  • aye.kk

    February 29, 2012 at 7:56 am

    စဉ်းစားကြစေလိုပါတယ်..
    ဆိုတာဖတ်မိပြီးကျမကိုယ်ပေါ့နော်..
    ခင်မင်လေးစားရတဲ့ဘကြီးဆုံးမထားဘူးတာလေးမျှဝေပေးပါလိုက်ပါစေ..
    မိန်းကလေးတယောက်အနေနဲ့ဘဝမှာအရေးကြီးဆုံးက..
    ပထမဆုံးခြေလှမ်းကအရေးကြီးဆုံးပါတဲ့..
    ပထမဆုံးခြေလှမ်းမှားရင်နောက်ခြေလှမ်းကထပ်မှားဖို့လွယ်ကူသွားနိုင်တယ်ပေါ့နော်..
    အမှားလုံးဝမခံဘို့ကိုဆုံးမခဲ့ပါတယ်..
    သ္မီးရည်းစားထားရင်ချစ်သူဘဝမှာအလိုမလိုက်မိစေဘို့..
    ဆိတ်ငြိမ်တဲ့နေရာတေ၊အရပ်တွေမှာမချိန်းတွေ ့မိစေဘို့၊ခေါ်ရင်လည်းမလိုက်ဘို့သတိပေးပါတယ်..
    အိမ်ထောင်ပြုရင်လည်းမျိုးရိုးဇစ်မြစ်ကလွန်စွာမှပင်အရေးကြီးမားကြောင်း..
    အချိုပင်ကအသီးကအချိုသီးပဲသီးမှာဖြစ်ကြောင်း..
    အချဉ်ပင်ကအသီးကအချဉ်သီးသီးပြီး၊ချိုချဉ်ပင်ကချိုချဉ်သီးသီးမှာ
    ဖြစ်ကြာင်းပေါ့နော်၊အချဉ်ချဉ်ခြင်းတူတာကိုယူမိတာမျိုးမဖြစ်စေဘို့နဲ့..
    ချိုချဉ်ပင်ဖြစ်ရင်အချိုပင်နဲ့ထပ်က၊အချဉ်ဓတ်အနည်းငယ်ကျန်ရှိပြီး
    နောင်မျိုးဆက်နှစ်ဆက်လောက်ထိအချိုနဲ့သာပြန်မျိုးဆက်ပွားခဲ့ရင်
    အချဉ်ဓါတ်လုံးဝပျောက်သွားမှာဖြစ်ကြောင်းဥပမာ၊ဥပမေယျတွေနဲ့ပြောဆိုပြခဲ့ပါတယ်။
    အချဉ်ကိုအချိုနဲ့ရောဘို့၊အချဉ်ကိုချိုချဉ်နဲ့ထပ်မရောဖို့..
    ပိုချဉ်သွားနိုင်စေမဲ့ကိစ္စမျိုးတွေကိုစဉ်းစားကြစေလိုပါကြောင်းနဲ့..
    သုံးသပ်ဆင်ခြင်တတ်မိစေဘို့မှာကြားခါသွန်သင်ဆုံးမခဲ့ပါတယ်။

  • Khin Latt

    March 2, 2012 at 9:23 pm

    ကို အဘ ဖော ရှင့်

    ကျမ်းဂန် အဆင့် ထိ ဉာဏ်မသွားသော်ငြား အကိုးအကား လေးနဲ့ တော့ စကားစစ်ထိုး သင့်တာမို့ ကျွန်မတို့ နားယဉ်တဲ့ လောဂျစ်လေးနဲ့ စချင်ပါတယ်။
    “မိုးရွာ လျှင် မြေကြီး ရေစို သည်။
    သို့သော် မြေကြီး ရေစို တိုင်း မိုးရွာ သည် မဟုတ်”

    အခု “မိုးရွာ လျှင်” ဆိုတဲ့နေရာမှာ “မိန်းကလေး များ မိမိ စိတ်ကို ထိန်းချုပ်တတ် သည့် အကျင့်မရှိလျှင်” ဆိုတာနဲ့ အစားသွင်းပါမယ်။
    “မြေကြီးရေစို သည်” ဆိုတဲ့နေရာမှာ “ပျက်စီးသည်” ဆိုတာနဲ့ အစားသွင်းပါမယ်။

    ဒီတော့ “မိန်းကလေး များ မိမိ စိတ်ကို ထိန်းချုပ်တတ် သည့် အကျင့်မရှိလျှင်” “ပျက်စီးသည်”။
    ဒါပေမဲ့ “ပျက်စီးသည်” ဆိုတဲ့ မိန်းကလေးတိုင်း ဟာ “မိမိ စိတ်ကို ထိန်းချုပ်တတ် သည့် အကျင့်မရှိ” လို့ ပြောခြင်း မဟုတ်တော့ပါ။
    ဒါဆိုရင် fairဖြစ်တဲ့ လောဂျစ် လို့ ပြောနိုင်မယ် ထင်ပါတယ်။

    ကျွန်မ ဆိုလိုချင်တာက တစ်ချို့ မိန်းကလေးတွေ ဟာ စားဝတ်နေရေး မပြည့်လို့ မိသားစု ထမင်း တနပ် စားရအောင် ခန္တာကိုယ် ကို ရင်းနှီးပြီး လုပ်ကိုင်စား ရပါတယ်။
    အဲဒီကနေ ဆေးစွဲသွားမယ်၊ ရောဂါကူးသွားမယ်၊ အနာဂါတ်မှာ လူညွန့်တုန်း သွားမယ်။
    အခု ကျွန်မ ပြောရာမှာ ဒီလို မိန်းကလေး တွေကို ဖယ်ထားကြ ရအောင် ။
    ဒါကြောင့် ကျွန်မ လောဂျစ် တစ်ခု ထုတ်လိုက်တာပါ။

    ရှေ့ဆက်မယ် ဆိုရင်တော့
    စားဝတ်နေရေး လဲ ပူပင်စရာမလို၊
    ပညာလဲ ကောင်းကောင်း သင်ဖို့ အခွင့် ရပါ ရက် နဲ့ …….
    ဘာလို့ ပျက်စီး ကြတာလဲ?

    ရှင်းရှင်း လေးပါဘဲ “စိတ်ကို ထိန်းချုပ်တတ် သည့် အကျင့်မရှိ လို့” ပါဘဲ။
    ဒီနေရာမှာ မိဘ တွေရဲ့ တာဝန် အများကြီးရှိပါတယ်။ (ဒါကိုတော့ မဖွ တော့ပါဘူး)

    သေချာတာပေါ့။
    စိတ်ကို ထိန်းချုပ်တတ် ခြင်း ဆိုရာမှာ ခန္တာ ၅ပါး ရဲ့ လိုအင် ကို ထိန်းချုပ် တတ်တာလဲ ပါပါတယ်။
    စဉ်းစားကြည့်ပါ –
    ကျန်းမာရေးကို ထိခိုက် စေမဲ့ အစာ တွေ ဟာ လျှာကို ပိုပြီး အရသာပေးပါတယ်။
    ကိုယ့်အခွင့်အရေးဘဲ …. စားသာစားလို့ ပြောမလား။
    ဒါဟာ ရေရှည် အတွက် မကောင်း ဘူးလို့ ပြောမလား။
    ဒီတော့ အဲဒီအတွက် စားသင့်တာစား မစားသင့်တာမစားနဲ့ ဆိုပြီး ထိန်းချုပ်ရတာ မဟုတ် ပါလား။

    ကို အဘဖော ပြောတဲ့ …..
    “မိန်းကလေးက သူ့ရဲ့ အရွယ်အလျောက် ( ဒီ အရွယ်လေးပဲ အကောင်းဆုံး ခံစားလို့ ရတာကိုး ) ကာမဂုဏ် အရသာကို အကြိမ်ကြိမ် အခါခါ ခံစား လိုစိတ်ရှိတာ၊”
    အင်း ….. ဒါဟာ သဘာဝ ဆိုလဲ သဘာဝပေါ့။
    ဒါပေမဲ့ အဲဒီ ထင်သလို အတွေ့၊ အထိ၊ တဏှာ အာရုံ နောက် ကို ငမ်းငမ်းတက် လိုက်နေ တတ်တဲ့ မိန်းကလေးမှာ သူ့ကိုယ်သူ ထိန်းချုပ် နိုင်ခြင်း မရှိလို့ဖြစ် ပါတယ်။
    ဒါလေးများ သူ့ပစ္စည်း သူ့ဟာသူ သုံးတာ အနေသာကြီးလို့လဲ ပြောနိုင်ပါတယ်။
    အဲဒါ ဘာထိခိုက် စရာရှိလို့ လဲ လို့လဲ မေးနိုင်ပါတယ်။
    ကျွန်မ သေချာပေါက်ပြောနိုင်တာ တစ်ခုကတော့ အဲဒီလို မိန်းကလေးမှာ သူ့ အနာဂါတ် အတွက် ဘာ Plan မှ မရှိတာပါဘဲ။
    စကား တစ်ခု ရှိပါတယ်။ ပထမ အရွယ် မှာ ပညာ ရှာ တဲ့။

    ပညာ ဆိုတာ ဘွဲ့ ဒီဂရီ ကိုမှ မပြောပါဘူး။ ကိုယ့်ဘဝ နောင်ရေး အတွက် ရေရှည် အသုံးပြုရမဲ့ ဘဝကို ကောင်းစွာ ရပ်တည်နိုင်မဲ့ အကြောင်း တွေ ကို သင်ကြားထား၊ သိသင့်သိထိုက်တဲ့ အရာ တွေ ကို လေ့လာထားရပါမယ်။
    အဲဒီလို ပညာဉာဏ် ကို ရှေ့တန်းတင်မှသာ ….
    ကိုယ့်ကိုယ်ကို အားကိုးစိတ်ရှိလာပါမယ်။
    ကိုယ့်ကိုယ်ကို လေးစားစိတ် ရှိလာပါမယ်။
    ကိုယ့်ကိုယ်ကို လေးစားတတ် တဲ့ မိန်းကလေး တစ်ယောက် ဟာဖြင့် အထိန်းအချုပ်မဲ့ တဏှာရာဂ ရဲ့ ကျေးကျွန် ဖြစ်နေမှာ မဟုတ်ပါဘူး။
    တဏှာရာဂ ရဲ့ ကျေးကျွန် ဖြစ်လာရင် စိတ်မနိုင်ခြင်း ရဲ့ နောက်မှာ ဆေးစွဲတာ တွေ ဆက် ဖြစ် သွားနိုင်ပါသေးတယ်။ စစ်တမ်း တွေ အရတော့ အားလုံး ဟာ ဆက်စပ် နေပါတယ်။

    နောက်တစ်ခု က တဏှာရာဂ ဆိုတာ ဗိုက်ဆာသလို အချိန်နဲ့ ဆာနေတာမဟုတ်ပါဘူး။
    အားလို့ တမင်လုပ် ယူ မှ ဖြစ်တာပါ။
    လင်ငယ်နေတယ် ဆိုတာ ငယ်ကထဲ က အဲဒီ လို စိတ်ထ ခဲ့တဲ့ မိန်းမ တွေ သာ ဖြစ်ဖို့ များပါတယ်။

    “မိမိ စိတ်ကို ထိန်းချုပ်တတ် ခြင်း” အားနည်း လို့ ကတော့ ငယ်တုန်းမှာ မသိသာပေမဲ့ အသက်ကြီးလေ အချိန်မစီး လေ ဖြစ်လာမှာမို့ …..
    ကိုအဘဖော ရေ …
    သမီး လေးများရှိခဲ့ရင် အဲဒီ တဏှာစိတ် ကို လွတ်လပ် စွာပေး နေဖို့ စိတ်ကို သွင်း မပေးလိုက်ပါနဲ့။
    သူ့မှာ နောင်အနာဂါတ် မှာ လူတွေကြား တိုးဝင်နိုင်ဖို့ အတွက် တည်ကြည် ခိုင်ခန့် တဲ့ စိတ်ရနိုင်ဖို့ အတွက် လေ့ကျင့်ရမှာတွေ အများကြီးပါဘဲ။
    ရိုင်းရိုင်း ပြောရရင် “ယားလို့တောင် ကုတ်ချိန်” ရမှာ မဟုတ်ပါဘူး။
    ပညာသင် ငယ်ဘဝ မှာ ဒီလို စိတ်မျိုး ထ တယ် ဆိုတာ ပုံမှန်လို့ ပြောမရ တာမို့ ဒါကို အားမပေး သင့် ပါဘူး။

    စကား အတင်းစပ် ပြီး နမူနာ တစ်ခု ထပ်ပေးရရင်တော့ –
    ကျွန်မ အလုပ်မှာ ကြွ သွားတဲ့ Network Switch နေရာမှာ အသစ်တစ်ခု ဝယ်ခဲ့တယ်။
    အဟောင်း အတိုင်း ပြန်ဝယ်ရင် ၁၀ဝ ကျော် ဘဲ ကျမယ်။
    ဒါပေမဲ့ ၁၀၀ဝ ကျော် တန်ကို ဝယ်ပေးတယ်။
    ဘာကွာလဲ ဆိုတော့ အသစ် မှာ ထိန်းချုပ်မှု ကို ကောင်းကောင်း လုပ်နိုင်တဲ့ Software ပါလို့ အဲဒါက ဈေးကြီးတာပါ။

    ဒီတော့ ကျွန်မ တို့ အမျိုးသမီး လေးတွေ မှာ လဲ ဒီလိုပါဘဲ။
    တန်ဖိုး ကြီး နေချင်တယ် ဆိုရင်တော့ စိတ်ဓာတ် ရေးရာ ထိန်းချုပ်မှု အားကောင်း အောင် ဂရုစိုက် နေဖို့ပါဘဲ။ ဒါဟာ ငွေကြေးချမ်းသာခြင်း၊ ပညာတတ်ခြင်း နဲ့ မဆိုင်ပါ။

    စိတ်ဓာတ် နိမ့်နိမ့် နဲ့ ခက်ပေါပေါ ကြိုက် လဲ အကြောင်း မဟုတ်ပါဘူး။
    ကိုယ် သန်ရာပေါ့။ မဟုတ်လား။ 😉

    ကျွန်မ ပြောတာ ချိတ်မချိုး နဲ့ နော်။ 😆

    • htoosan

      March 2, 2012 at 10:55 pm

      တိန် … အရီးလတ် အလှည့်ပြီးလို့ ဘဖော အလှည့်ပါခင်ဗျာ။ 😀
      ပရိသတ်များ စောင့်မျှော်လျက်ရှိပါသည် ။ :mrgreen:

    • Foreign Resident

      March 3, 2012 at 3:34 am

      မ Khin Latt ရေ
      ခုတ်ရာတခြား ၊ ရှရာတလွဲ ဖြစ်နေပါပြီ ။

      အဘ ပြောချင်တာ ( လိုရင်း ) က

      ( ၁ )
      သူတစ်ပါး ရဲ့ အခြေခံ အခွင့်အရေးကို
      တိုက်ရိုက်သော် လည်းကောင်း ၊
      သွယ်ဝိုက်ပြီးသော် လည်းကောင်း ၊
      တားမြစ်တာဟာ ၊ မသင့်တော်ဘူး လို့ ပြောတာပါ ။

      ( ၂ )
      ဒီ Post ဟာ အမျိုးသမီးတွေ ရဲ့ အခွင့်အရေး အတွက် ၊
      အမျိုးသမီးတွေ ဖက်ကရှေ့နေလိုက်ပြီး ရေးထားတဲ့ ၊
      အမျိုးသမီး အခွင့်အရေး ကာကွယ်ရေး Post ဖြစ်ပါတယ် ။

      ” မိန်းကလေး မို့လို့ အိမ်ထောင် မပြုခင်မှာ အပျိုစင် ဖြစ်ရမယ် ” လို့ပြောတဲ့ စကားဟာ ။
      Gender Discrimination ပဲ ။ ရှင်းရှင်းပြောရရင် အဲဒါ မတရားမှုပဲ ။

      ( ၃ )
      ဒီမိုကရေစီရဲ့ အခြေခံ အုတ်မြစ် တစ်ခု ဖြစ်တဲ့ ၊
      ” Majority Rule, Minority Right ” ပါ ။
      အများစုက အုပ်ချုပ်ခွင့်ရှိသော်လည်း ၊
      အနည်းစုရဲ့ အခွင့်အရေးကို ထိပါးခွင့် မရှိပါဘူး ။

      အများစု ( ထားပါတော့ ) က
      လက်မထပ်ခင်မှာ အပျိုစင် ဖြစ်တာကို လိုလားကြလျှင်တောင်မှ ၊
      အနည်းစု ( ထားပါတော့ ) ရဲ့
      သူတို့ရဲ့ ကိုယ်ပိုင် ပစ္စည်းကို လွတ်လပ်စွာ မီးကုန်ယမ်းကုန် သုံးခြင်းကို ၊
      တားမြစ်ပိုင်ခွင့် မရှိပါ ။ မသင့်ပါ ။

      ( ၄ )
      အားနည်းတဲ့ အမျိုးသမီးတွေကို
      အားနည်းလို့ဆိုပြီး တန်းတူ အခွင့်အရေး မပေးဘူးဆိုရင်တော့
      အဲဒီ ( မြန်မာ ) လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုကို အဘ သံသယ ဖြစ်မိမှာပဲ ။

      အဲဒါတွေကို ထောက်ပြချင်တာပါ ။
      မ Khin Latt ပြန်ရှင်းနေတာက ” စိတ်ကို ထိန်းချုပ်ခြင်း ” ဖြစ်နေတယ် ။

      အဘ ပြောတဲ့ အထဲမှာ
      စိတ်ကို လွှတ်ထားပါ ။ ချည်ထားပါ ။ တစ်ခုမှ မပါဘူး ။

      ယောက်ျားလေး ဖြစ်ဖြစ် ၊ မိန်းကလေး ဖြစ်ဖြစ် ၊ လူသားအားလုံးဟာ ။

      Repeat / Emphasis လုပ်ပါတယ် ။
      ယောက်ျားလေး ဖြစ်ဖြစ် ၊ မိန်းကလေး ဖြစ်ဖြစ် ၊ လူသားအားလုံးဟာ ။

      လိုချင်တပ်မက်မောမှု တဏှာ ရဲ့
      ( ကာမ ရာဂ စိတ် တစ်ခုတည်းကို ဆိုလိုတာ မဟုတ်ဘူးနော် )
      ဆွဲဆောင်မှုကို လွယ်လွယ် နှင့် မလိုက်ပဲ ကြံကြံခံ တွန်းလှန်ပြီး
      ( တနည်း စိတ်ကို ထိန်းချုပ် ပြီး )
      စဉ်းစား ဆင်ခြင်ဉာဏ် အပြည့်နှင့် ကျိုးစားမှသာလျှင်
      အောင်မြင်မှု ပန်းတိုင်ကို ရောက်မှာပါ ။

      အဲဒါက ယောက်ျား မိန်းမ နှင့် မဆိုင်ပါဘူး ၊ လူသားအားလုံးပါ ။

      အဘ လည်း ၁၆ – ၂ဝ လောက်ကတည်းက မိန်းမ လိုချင်သော်လည်း ၊
      အသက် ၃ရ နှစ် ၊ သင်္ဘော ကပ္ပတိန် ဖြစ်ပြီးမှ လက်ထပ်တာဟာလည်း ၊
      လိုချင်တပ်မက်မောမှု တဏှာ ရဲ့ ဆွဲဆောင်မှုကို လွယ်လွယ် နှင့် မလိုက်တဲ့သဘောပါ ။

      လိုချင်တပ်မက်မောမှု တဏှာ ရဲ့ ဆွဲဆောင်မှုကို လွယ်လွယ် နှင့် လိုက်နေရင်တော့ ၊
      ဘယ်သူမဆို ၊ တိုးတက်မှု နည်းမှာပဲ ။ ယောက်ျား မှ ၊ မိန်းမ မှ ၊ မရှိဘူး ။

      • Khin Latt

        March 3, 2012 at 4:33 am

        ကိုအဘဖော – စိတ်ဝင်စားစရာ ချေပ ချက် တွေပါဘဲ။ 🙂

        ( ၁ ) သူတစ်ပါး ရဲ့ အခြေခံ အခွင့်အရေးကို တိုက်ရိုက်သော် လည်းကောင်း ၊ သွယ်ဝိုက်ပြီးသော် လည်းကောင်း ၊ တားမြစ်တာဟာ ၊ မသင့်တော်ဘူး လို့ ပြောတာပါ ။

        တားမြစ်တယ် ဆိုတာက မလုပ်နဲ့ လို့ ပြောတာ။
        ပညာပေးတယ် ဆိုတာက မကောင်းတာကို မကောင်းကြောင်း အသိပေးပြီး သူတို့ အသိစိတ်နဲ့ ဆုံးဖြတ်နိုင်အောင် ပြောတာ။
        ပညာပေး ဆိုတာကတော့ လုပ်ကိုလုပ် သင့်ပါတယ်။
        တစ်ချို့ ဘာမှ ကို ဗဟုသုတ အသိအမြင် မရှိအောင်ကို ဖြစ်နေတာမို့ ဒီအတိုင်း လစ်လျုမရှု သင့်ပါဘူး မဟုတ်လား။

        (၂) ” မိန်းကလေး မို့လို့ အိမ်ထောင် မပြုခင်မှာ အပျိုစင် ဖြစ်ရမယ် ” လို့ပြောတဲ့ စကားဟာ ။ Gender Discrimination ပဲ ။ ရှင်းရှင်းပြောရရင် အဲဒါ မတရားမှုပဲ ။

        အဲဒီလောက် အထိတော့ ကျွန်မလဲ ရှေးရိုးမစွဲပါဘူး။
        ဒါပေမဲ့ မြန်မာပြည် က “လှည်းကျိုးထမ်းတယ်” ဆိုတဲ့ စကားပုံလေးကို အရင် ပြတိုက်ထဲ ထည့်ကြပါစေဦး။

        (၃) ဒီမိုကရေစီ

        ဒါဟာ တစ်ခြားနဲ့ မဆိုင်ပါဘူး။ ကိုယ့် ရဲ့ လူမျိုးစု အတွက် စောင့်ရှောက် သင့်တဲ့ စိတ်ထားပါ။

        (၄) အားနည်းလို့ဆိုပြီး တန်းတူ အခွင့်အရေး မပေးဘူးဆိုရင်တော့ အဲဒီ ( မြန်မာ ) လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုကို အဘ သံသယ ဖြစ်မိမှာပဲ ။

        ကျွန်မတော့ အမျိုးသားတွေ လဲ ကိုယ်ဝန်ဆောင် ဖို့ သဘာဝ က ဘာလို့ မဖန်တီးခဲ့လဲ ဆိုတာ တွေးမိတယ်။
        မြန်မာပြည် မှာ တကဲ့ အမျိုးကောင်းသားလေး တစ်ယောက် ဟာ အပျက်မလောက် နီးပါး ဖြစ်နေတဲ့ မိန်းကလေးကို တကယ် လက်တွဲရဲ/ ချင် ရဲ့လား။
        မြန်မာပြည် မှာ အဲဒီလို ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့၊ စိတ်ဓာတ်တည်ကြည်တဲ့၊ နှမချင်း စာနာတတ်တဲ့ အမျိုးသားတွေ အတွက် ကိုယ့်ကိုယ်ကို တန်ဖိုးရှိအောင် နေနေတဲ့ အမျိုးကောင်းသမီး လေးတွေ အများကြီးရှိနေသင့်ပါတယ်။
        မဟုတ်လား။ 😉

        • Foreign Resident

          March 3, 2012 at 6:00 am

          အဲဒီ ( မြန်မာ ) လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုကို အဘ သံသယ ဖြစ်မိမှာပဲ ။
          🙂

  • kai

    March 3, 2012 at 2:04 am

    http://www.washingtonpost.com/blogs/the-buzz/post/rush-limbaugh-calls-georgetown-student-sandra-fluke-a-slut-for-advocating-contraception/2012/03/02/gIQAvjfSmR_blog.html
    At Pelosi’s hearing, Fluke said her fellow students at Georgetown, a Jesuit university, pay as much as $1,000 a year for birth control because campus health plans do not include coverage of contraceptives for women.

    “What does that make her?” Limbaugh said on his show Wednesday night. “It makes her a slut, right? It makes her a prostitute.”

    “She wants to be paid to have sex,” Limbaugh continued. “She’s having so much sex she can’t afford the contraception.”
    .

    ==
    မီဒီယာသမားက.. တက္ကသိုလ်ကျောင်းသူကို.. တားဆေးသုံးတာမှာ အစိုးရကငွေပေးရတာနဲ့ပါတ်သက်ပြီး.. ဝေဖန်လိုက်တဲ့သတင်းပါ..။ ယူအက်စ်မှာ.. မနေ့ကပဲ ပြသနာတက်နေတာ..သမ္မတတောင်မနေရပဲ ဝင်ပါနေရတယ်..။ ပြောလိုက်တာကတော့..ခပ်ကြမ်းကြမ်းပဲ..

    အဓိပါယ်သက်ရောက်သွားတာက.. မိန်းကလေးက.. လူတွေနဲ့..လိင်ဆက်ဆံ.. ကိုယ်ဝန်တားဆေးကိုကျ အစိုးရဆီကအလကားတောင်းတော့…
    She wants you and me and the tax payers to pay her to have sex. တဲ့..

    ဆက်လက်ဆွေးနွေးဖို့.. အားဖြည့်လိုက်တာပါ…။ 🙂

    • Khin Latt

      March 3, 2012 at 4:35 am

      ဖတ်ကြည့်လိုက်ဦးမယ် သူကြီးရေ။ 😀

  • Khin Latt

    March 3, 2012 at 4:48 am

    စကားမစပ် – အင်္ဂလန် သက်ဦးဆံပိုင် နံပါတ် (၃) ဝီလျံ မင်းသား နဲ့ ကြင်ယာတော် ကိတ် တို့ မပေါင်းဖက်မှီ တစ်ခြား သူတွေ နဲ့ ဇာတ်လမ်းရှုပ်တယ် လို့ မကြားမိပါ။
    ဘာကြောင့်လို့ ထင်ပါသလဲ ကိုအဘဖော ရေ။ 😆

    • kai

      March 3, 2012 at 4:53 am

      အင်္ဂလန် သက်ဦးဆံပိုင် နံပါတ်၂ ချားလ်စ်နဲ့ ဒိုင်ယာနာကရောဟင်င်င်…။ 😀

      စကားအတင်းစပ်..
      လှည်းကျိုးထမ်းတယ်ဆိုတာ.. သူများနဲ့ ဗိုက်ကြီးထားတာကို.. ဗိုက်ပိုင်ရှင်မဟုတ်သူက.. လက်ထပ်ယူတာပြောတာလို့ထင်မိပါတယ်..။

      • Khin Latt

        March 3, 2012 at 9:03 pm

        ဒါဆို နောက်တစ်မျိုး “နွားမ ရွှံ့ပိတ် ပြီး ရောင်း” 😀

        • kai

          March 4, 2012 at 3:21 am

          အရီလတ်ကလည်း..
          တွင်းဟောင်းရေကြည်အေးမြသည်…တဲ့..။ 😀
          အအိုတွေကိုမှ.. လက်ခံပိုကြိုက်တာတွေလည်း.. အများကြီးပါ…။
          (စကားရိုင်းရင် ကန်တော့နော..)

          ဒီလိုခေတ်မှာ.. နိုင်ငံတကာဖြစ်နေတာက…
          တချို့ယောက်ျားတွေက.. မျိုးမအောင်လို့.. စပန်းဝယ်ပြီး.. မိန်းမဗိုက်ထဲထည့်ခိုင်းပြီး.. ကလေးယူတယ်..။
          တချို့မိန်းမတွေက.. မျိုးဥမအောင်လို့.. မိန်းမဗိုက်အငှားနဲ့.. မွေးတယ်..။
          တချို့က.. ကိုယ့်သားသမီး. ဘလူးဘလော့စ်န့်လေးဖြစ်ချင်လို့.. အဖော်ကို.. တမင်တကာကိုရှာယူတယ်…။
          တချု့ိကတော့..သားသမီးဆီမေတ္တာထားပုံများ…။ ပညာတတ်ကြီးဖြစ်ချင်လို့တဲ့.. ပါမောက္ခတွေ.. စပန်းကိုဝယ်တာ…

          တလောကတင်..မဂ္ဂဇင်းတခုမှာ တွေ့လိုက်သေး..
          ယူအက်စ်မှာ.. ကော်ဖီဆိုင်မှာချိန်းပြီး.. ယောက်ျားနဲ့မိန်းမ.. အိမ်သာထဲသွားစပန်းထုတ်သွင်းလုပ်တဲ့အကြောင်း…
          ပြီးတော့..အဲဒီအင်တာနက်ကသိတဲ့.. စပန်းရောင်းသူကို.. စပန်းဝယ်တဲ့လင်မယားက.. ဒေါ်လာ ၅၀ဝပေးလိုက်တယ်….ပြီးရော…။

          အစိုးရက.. မျိုးရိုးပြသနာတွေရှိနိုင်တာမို့.. လုပ်သင့်/မသင့်.. ဝင်ပြောပေးနေရတယ်..
          ပုဂ္ဂလိက…လွတ်လပ်ခွင့်မို့.. ဘာမှမတတ်နိုင်..
          ဒီဘစ်ဇနက်က.. အကြီးအကျယ်ဖွံ ့ဖြိုးလာတာတော့ အမှန်ပဲ..။

          အခု.. ဖိလစ်ပင်းဆို.. အငှားကိုယ်ဝန်ဆောင်ကြတာ.. ဝင်ငွေတော်တော်ကောင်းကြဆိုပဲ..။
          တခါဆောင်ပေး.. ဒေါ်လှ သောင်းဂဏန်းရတာတဲ့..။
          မြန်မာတွေအတွက်..အလုပ်အကိုင်အခွင့်လန်းသစ်လို့.. မထင်မိဖူးလား… :!

          စကားအတင်းစပ်ပြောရရင်.
          စစ်/မစစ်ပြသနာက..မြန်မာပြည် မြို့ကြီးတွေလောက်မှာပါ..
          နယ်တော..ကျေးလက်တွေမှာများ..အသက်မပြည့်သေးပဲ.. ဖြစ်ကြတာ… အေးဆေး..အေးဆေးတဲ့..။
          မီဒီယာသမားမို့.. အဲလို.. သတင်းရထားတယ်..။ 😆

    • Foreign Resident

      March 3, 2012 at 7:15 pm

      အင်းးးး သူကြီး ဝင်ပြောမှပဲ သတိရမိတော့တယ် ။

      မခင်လတ် ခုလေးတင် ကိုးကားသွားခဲ့တဲ့ ၊ ဘာတဲ့ ၊
      အင်္ဂလန် ရဲ့ သက်ဦးဆံပိုင် နံပါတ် ( ၂ )
      လက်ရှိ အဘ ရဲ့ ဩဇီ နိုင်ငံ နှင့် မခင်လတ် ရဲ့ ဗြိတိသျှ နိုင်ငံ တို့ရဲ့
      Crown Prince အိမ်ရှေ့စံ ချာလ်း မင်းသား ရဲ့
      လက်ရှိ ကြင်ယာတော် ကမီလာ ( ပါကားဗောင်း ) က
      ( Duchess of Cornwall & Duchess of Rothesay in Scotland )
      အရင် ယောက်ျား နှင့် ခလေး နှစ်ယောက် ပါလာတာဆိုတော့ ။

      မြန်မာ အယူအရဆိုရင် ၊
      လှည်းက မသိမသာထင် မကဘူး ၊ သိသိသာသာကြီးကို ၊
      နှစ်ခါ ကျိုးခဲ့တာကို ထမ်းရတာလို့ ပြောရမှာပေါ့နော် ။

      Sorry ပါဗျာ ၊ အဘ စကားက ၊
      အသက် ၅၈ နှစ် ၊ ကလေး ၂ ယောက် စီ နှင့် မှာ လက်ထပ်ခဲ့တဲ့
      သူတို့ရဲ့ စစ်မှန်တဲ့ ချစ်ခြင်း မေတ္တာကို စော်ကားမိသလို ဖြစ်နေရင်
      ဒီနေရာကပဲ တောင်းပန်ပါတယ် ။

      ထားပါတော့လေ ။ လိုရင်းက ။
      မြန်မာ နိုင်ငံ အတွင်းက အများစုသော
      ယောက်ျား မိန်းမ တွေ ။ လူမှု အသိုင်း အဝိုင်း တွေ ။
      ( မျက်စေ့ပိတ် ၊ နားပိတ် ခံခဲ့ရတဲ့ အခြေအနေတွေ အရ )

      နိုင်ငံတကာ အဆင့် အထိ ၊
      မရင့်ကျက်နိုင်သေးတာ ၊ မ ယဉ်ကျေးနိုင်သေးတာ ၊
      အမြင်ကျယ်ကျယ် ကို လက်မခံနိုင်သေးတာ ။

      အမျိုးသမီး အခွင့်အရေး ၊ Gender Discrimination ၊
      တရားမျှတမှု ၊ လူ့အခွင့်အရေး နှင့် လူလူချင်း တန်းတူညီမျှမှု ဆိုတာတွေကို ၊
      မှန်မှန် ကန်ကန် ၊ ရှင်းရှင်း လင်းလင်း နားလည် သဘော မ ပေါက်သေးတာ ။

      အဲဒါတွေကို အဘ လည်း မသိတာမှ မဟုတ်ပဲကွယ် ။
      အဘ လည်း ပက်ပက် စက်စက် ကြီးတော့ မတုံးလှဘူး ထင်ပါတယ် ( အထင် ) ။

      ဒါပေမယ့် တစ်ခွန်းစ နှစ်ခွန်းစ ဆိုသလို ၊
      တရားမျှတမှု နှင့် တန်းတူညီမျှမှု သဘောတရားလေးတွေကို ၊
      အနဲဆုံး ၊ ငါ့ MG ရွာသူားတွေတော့ နားယဉ်ပါစေတော့ ၊
      တခုခု လွယ်လွယ် မပြောလိုက်မှီ မလုပ်လိုက်မှီမှာ ၊
      တစ်ချက်ကလေးလောက်ဖြစ်ဖြစ် စဉ်းစားမိပါစေတော့ ဆိုပြီး ၊
      စာလေးတွေ တင်မိတာပါကွယ် ။

      ဆရာကြီးဝင်လုပ်တာတော့ မဟုတ်ရပါဘူးကွယ် ။
      ဆရာကြီးလုပ်လောက်တဲ့ ပညာဝမ်းစာ နှင့် သဘာ လည်း
      မရှိရိုး အမှန်ပါ ။

      ကိုယ်တွေက ဘဝပေး အခြေအနေ အရ ၊
      နိုင်ငံတကာကို ဂဒီး ဂဒီး သွားလာနေနိုင်တော့ ၊
      နိုင်ငံတကာကို ဂဒီး ဂဒီး သွားလာနေထိုင်မိရင်း နှင့် ၊
      ကိုယ်တွေရဲ့ အတွေးအခေါ် အယူအဆ အမြင် တွေ ၊
      တဖြေးဖြေး ရင့်ကျက် ( အထင် ) ပြောင်းလဲ လာမိတာကို ၊
      MG ရွာသူားတွေ ကို အတွေ့အကြုံ ဝေမျှတဲ့သဘောရယ်ပါ ။

      အမြင်ရိုင်းတယ် ၊ မှားတယ် လို့ထင်မိရင် ၊
      အဘ ကို ခွင့်လွှတ်ကြပါကွယ် ။

      • Khin Latt

        March 3, 2012 at 9:01 pm

        အဟား …… ဒီလို မှ ပြန်မေးပါ့ မလားလို့။ 😉
        ဒါဟာ စစ်မှန်တဲ့၊ ရင့်ကျက်တဲ့၊ လူသားပီသတဲ့ လူမျိုးနွယ် ရဲ့ evolution ကို ဒီမှာ မြင်ကြည့် လိုက်နိုင်ပါတယ်။
        ဝီလျံ ဟာ သူ့ရဲ့ ငယ်ဘဝမှာ ကဲချင်တိုင်းကဲ လို့ ရပေမဲ့ ဘာလို့ မကဲ ခဲ့လဲ ဆိုရင် သူ တွေ့ကြုံ ခဲ့ရတဲ့ အတိတ်ရဲ့ မကောင်းဆိုးအမွေ တွေ ကို ရှောင် နိုင်အောင် စဉ်းစားတတ်တဲ့ စိတ်ဓာတ် ရှိလို့ပါဘဲ။
        သူတို့ ရဲ့ ရှေးဟောင်း ဟင်နရီ (၈) က ပို ဆိုးသေး။
        အဲဒီ evolution အကြောင်း ကို ကိုလင်းဝေ ရဲ့ မှတ်ချက် မှာ ဝင်ပြီး ထည့်ဖို့ စာစီနေပါတယ်။ 😀

        ကို အဘဖောရေ –
        တကယ်တော့ ဒီ Post ရဲ့ အစ ” pazflor ” ရဲ့ ” ပြောမဆုံးမဲ့ ဇာတ်လမ်းတစ်ပုဒ်-၁ ” ရဲ့ အစ က သူရဇော် ရဲ့ “မြန်မာမလေးများနှင့် အဝတ်အစား အနေအထိုင် အသွားအလာ” Post ပါ။
        အဲဒီမှာ
        ~~~~~
        ရှေ့ကအတွဲတစ်တွဲရဲ့ ပြောဆိုတဲ့အသံ နားထဲဝင်လာပါတယ်………
        ကောင်လေး – ချစ် ကိုမင်းကို လက်မထပ်နိုင်သေးဘူးနော်…..ကဲဖို့အချိန်တွေများကြီးကျန်သေးတယ်
        ကောင်မလေး- အောင်မာ ဒီကကော လက်ထပ်မယ်လို့ ပြောလို့လား၊ ယူရင်တစ်ယောက် မယူရင်အများကြီးရမယ်
        ကောင်လေး- နင်ဇီးကပ်ရင်ကပ် မကပ်ရင် အေကပ်မယ်
        ကောင်မလေး- ဘာဖြစ်လဲ ကပ်ချင်ရာကပ် မသေခင်တော့ ဝအောင်ကဲရမယ် တဲ့
        ~~~~~
        ဒါမျိုးကို အားပေးသလားလို့ ကျွန်မ တန်ပြန် နေတာပါ။
        မိန်ကလေး နဲ့ ယောကျာင်္းလေး လက်မထပ်ဘဲ အတူနေပြီး ဒီအတိုင်း ရိုးမြေကျပေါင်းသူတွေ လဲ ပြည်ပမှာ အများကြီးပါ။
        ဒါကို ကျွန်မ လက်ခံပါတယ်။
        တကယ်က လက်ထပ်တယ် ဆိုတဲ့ ကိစ္စက လိင်ကိစ္စ ထက် တရားဝင် ပစ္စည်းပိုင်ဆိုင် ခွင့်တွေ၊ တရားဥပဒေ ဆိုင်ရာတွေ အတွက် သာပါ။
        လူတစ်ယောက် က တစ်ယောက် ကို စိတ်ဓာတ်ရေးရာ သစ္စာရှိနေဖို့ အဲဒီစာရွက် က ဘာမှ လုပ်မပေးနိုင်ပါဘူး။
        ထားပါတော့။ ကျွန်မ တို့ စကားရည် လု တာ လိုင်းလွဲ နေပြီ ထင်ရဲ့။
        အနဲ ဆုံးတော့ ကထူးဆန်း ဦးဆောင်ပြီး ကလေးတစ်သိုက် နားထောင် နေတော့ အလဟသ တော့ မဖြစ်လောက်ပါဘူး။ 😉

        ဘာဘဲဖြစ်ဖြစ် ပါ။ဒီလို ဘက်ပေါင်းစုံ ကနေ ရတဲ့ အတွေးမျိုးစုံ ကနေ စလို့ အတိတ်ကြောင်း တွေ ကနေ ကောင်းကျိုး ဆိုးကျိုး သင်ခန်းစာ ယူရင်း ကျွန်မတို့ လူရိုင်း ဘဝ တွေကနေ လူယဉ်ကျေး ဘဝ ကို ရလာတယ် ထင်ပါတယ်။
        ဒါကြောင့် ဒီလို မျိုး များများသာ တို့တို့ ပေးပါ ကိုအဘဖော ရေ …
        ဒီက နေ ပြီး ပိုပြီး အမြင်ကျယ်တဲ့၊ ပိုပြီး စဉ်းစားနိုင်တဲ့၊ ပိုချင့်ချိန်တတ်တဲ့၊ ကိုယ်ပိုင် တွေးတောနိုင်တဲ့ အကျင့်တွေ ပိုရလာပါမယ် မဟုတ်လား။

        PS – ကကြောင်ကြီး အားဖြည့် ပေးလို့ ငါးကြော် နဲ့ နွားနို့ ပါကင် လိုက် ပို့လိုက်မယ်။
        စားစေ ဝါးစေဗျား။ 😆

  • htoosan

    March 3, 2012 at 12:19 pm

    🙄 🙄 🙄
    ကဲ ကဲ ကလေးတွေ ဝိုင်းထိုင် ။ နားထောင် ကြ။ :mrgreen:

  • ကြောင်ကြီး

    March 3, 2012 at 1:21 pm

    စီအန်အန်လား ဘယ်မှာလည်းမသိဘူး ဆောင်းပါးတပုဒ် ဖတ်ဖူးတယ်။ စာရေးသူက အမျိုးသမီးပါ။ အင်ဒိုနီးရှားကိုရောက်တော့ (ဘာလီကျွန်းလို အပန်းဖြေစခန်း) အင်ဒိုအမျိုးသားတချို့က ဧည့်သည်အဖြူမပေါင်းစုံနဲ့ ထည်လဲတွဲတယ်လို့ ကြွားတယ်။ သူတို့ကို ဘယ်လိုမြင်သလဲလို့ စာရေးဆရာမကို မေးတယ်။ သူတို့ကိုယ်သူ ထင်နေတာ ပလေးဘွိုင်း စော်ကြည်ဘဲပေါ့နော်။ ဟိုက ဘယ်လိုဖြေလိုက်သလဲဆိုတော့ male prostitute ယောက်ျားဖာတဲ့။ ငတတွေ ဒေါတွေကီးကုန်ဂျတယ်။ အဲဒါကိုဖတ်ပြီး ပြုံးမိတယ်။ ကိုယ့်ကိုယ်ကိုတော့ ဟုတ်လှပြီပေါ့၊ ဖာဖြစ်နေတာတော့ မသိဘူး 😆
    အဖြူမတွေ သူတို့ဆီလာ လိင်ကိစ္စအာသာလာဖြေတာ တနည်းပြောရင် ကြုံတုန်းလေး အင်ဒိုသားစားသွားတာကို ငါဆော်လိုက်ရဒယ်၊ ငါစားလိုက်ရတယ် မြင်တယ်။ တကယ်တော့ ဟိုကသူ့ကိုစားတာ။
    လိင်ကိစ္စပွင့်လင်းမှုမှာလည်း စပ်ဆက်မြင်နိုင်တယ်။ ဆော်သူလား အဆော်ခံရသူလား ခွဲကြားသိဖို့လိုတယ်။ တယောက်မက နှစ်ယောက် သုံးယောက် တပြိုင်ထဲ ပါတနာတွေထားပြီး ဆော်နေဂျတဲ့ မြန်မာအထီး၊ အမတွေ လွတ်လပ်ခွင့် ရပိုင်ခွင့်ဆိုတဲ့ ဆင်ခြေပေးတာ မြင်ကြားသိရဖန်များတဲ့အခါ လိင်ကိစ္စအရေးဆိုတာ အပိတ်အဖွင့် တရားသေ သတ်မှတ်ခြင်းထက် ခေတ်အမြင်အခြေခံပြီး ကာလံဒေသံ ပရောဂံအလိုက် ကိုင်တွယ်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မည်။

    • Foreign Resident

      March 3, 2012 at 8:44 pm

      ဟုတ်တယ် ။
      အဘ တို့ သင်္ဘောမှာလည်း အဲလို သုံးကြတယ် ။
      အင်ဒိုသား သွားစားမယ် ၊ ဖဦးထုတ်သား သွားစားမယ် လို့ ။
      ပက်ပုံး ဖက်က Show တွေကိုသွားကြည့်ရင်တော့ ၊
      အာပုံကို ဘီယာ နှင့် သွားမြည်း ကြမယ် လို့ပြောကြတယ် ။
      ဟီဟိ ၊ ကန်တော့နော် ၊ ပြောရင်း နှင့် အားပါသွားလို့ ။

      • windtalker

        March 3, 2012 at 8:50 pm

        အားရစရာကြီးပါကလား ။
        ရှလွတ် ။
        အဘရေ ၊ အဏ္ဏဝါစိုးမိုး ရေးသလိုလေး
        အဘရဲ ့ ၊ ကမ်းခြေကပ် အတွေ ့အကြုံများကိုလဲ
        “ သရေကျစေလိုပါတယ်ကွယ် ” ဆိုပြီး
        ဂေဇက် က ကျွန်တော်တို ့အမျိုးသားစာဖတ်ထုများအတွက် ရေးတင်ပေးစေလိုပါတယ် ခင်ဗျာ ။
        လေးစားစွာဖြင့်
        မေပေါင်

        • Khin Latt

          March 3, 2012 at 9:07 pm

          အိမ်ထောင် မကျ ခင် ကောင်မလေး ဘယ်နှစ်ယောက် ရဲ့ အသဲခွဲ ခဲ့သလဲ ဆိုတာရောပေါ့။ 😉

  • inz@ghi

    March 3, 2012 at 9:35 pm

    ့ဟုတ်ကဲ့ပါချင့် …

    မဟာပုရိသ ဝါဒီလည်း ကျဆုံးသင့်တာ ကြာပါဘီချင့် ….
    ခုခေတ် …မမ-ဘော်ဘာ်-ညလေးများ လွဲတတ်တဲ့အလွဲလို….
    ဘာတဲ့ …ယောက်ျားတွေကို ရင်ဘောင်တန်းမယ် …ဆိုပီးသကာလ..
    (အလုပ်မှာလည်း ဂယ်ရင်ဘောင်တန်းနိုင်ကြပါတယ်… ဂယ်ပါ..)
    တော်လည်းတော်ကြပါတယ်…. သို့သော် တခုလေးခည …
    အရေးပေးတာတွေ နားလည်ပေးတာတွေ … ကို ဘာသာပြန်မှု လွန်ကျွံတဲ့အခါမှာ
    ခေတ်အဆက်ဆက်မက ထိန်းချုပ်ထားရတဲ့ စိတ်တွေ ခေါင်းထောင်တဲ့အခါမှာ ..
    မထင်မှတ်ဘဲ မဟာ အိတ်ထိယ (စာလုံးပေါင်းသည်းခံပါ) ဝါဒ ကို တခါတခါ တွေ့လာရရဲ့ ….
    (မီးဒုတ်မီးဒုတ်ဗျို့ …)

    စိတ်ဖောက်လာဘီ ..ရိုင်းရိုင်းပြောခွင့်ပြု…..
    အထီး အသာရ ဝါဒ ကို မီးဒုတ်ရှို့တယ်ဆိုတာ
    အမ အသာရ ဝါဒ ကို ထောက်ခံတာ မဟုတ်လို့ပါ ….

    ဘာတွေ ဘယ်လိုပြောပြော …ဘယ်လောက် ရေးရေး …
    လက်ရှိ ခေတ် စနစ် ကို reflect မဖြစ်တဲ့ …
    ရှေးဟောင်း အထီး အမ
    ခေတ်လွန် အထီး အမ …
    ခရော့စ် သာတွက်ကြည့် …. ဘယ်သူလွန်တယ် ဘယ်သူလိုတယ်ထားဦးတော့ …
    ဂွမ်း မှာတော့ ဂွမ်းမှာ အသေအချာပဲ …

    အဲ့ …ခေတ်ကို reflect ဖြစ်တဲ့ အထီးအမ များတော့ ..
    ဟဲဟဲ … ကွန်ဇာဗေးတစ်ဗ်ရော … လစ်ဘရယ်လ်ကိုရော နားလည်ပေးနိုင်မယ့် လူစား(လူကြိုက်များ)
    မှာ အသေအချာပဲ …

    သည်တော့ ..ခေတ်အရ ပြောရရင် ..စွံချင်ရင် …အဆင်ပြေချင်ရင် …
    သားသမီး/ မိဘ ဘယ်သူမဆို ပျော့ပြောင်းတဲ့ အယူအဆ ထားကြပါ …
    နားလည် ခံစားပေးကြပါ …အနည်းဆုံးတော့ … ကိုယ့် ပါတ်ဝန်းကျင်ကို ကိုယ် reflect လုပ်နေရတာမို့ပါ…
    ဘဝတွေဟာ ဘဝတွေပါ….
    context ကို မူလဘူတထားပြီး ကျရာ role ကို play ကြပါ…

    ပြောနေကျ ပြောပါ့မယ် …
    တနေ့ သေကြရမည်….
    😀

    ငြင်းရတာ မောတယ်ဗျာ…
    အကုန်လည်း ကိုယ့် ဓမ္မနဲ့ ကိုယ် မှန်နေတော့ …..
    😀

    လုပ်ချင်တာ လုပ်ကြပါတော့ဗျို့ ….ဟီး …

    • Foreign Resident

      March 4, 2012 at 5:51 am

      ” အထီး အသာရ ဝါဒ ကို မီးဒုတ်ရှို့တယ်ဆိုတာ
      အမ အသာရ ဝါဒ ကို ထောက်ခံတာ မဟုတ်လို့ပါ ”

      အဘ အဲသဟာကို ထောက်ခံပါတယ်ကွယ် ။

      Post လေးတောင်ရေးတင်လိုက်ချင်သေး ။
      မိန်းမ ၅ ယောက်ရဲ့ အုပ်ချုပ်မှုကို ခံ နေရတဲ့
      မ ဝင့်ကြွားနိုင်စရာ ၊ မ လှပတဲ့ ၊ သနားစရာ ၊ အဘ ဘဝ ဆိုပြီးတော့ ။

      ( ၁ ) အဘတို့ ဩဇီ ပါဝင်တဲ့ (ဗြိတိသျှ ဓနသာဟရ အဖွဲ့ကြီး ရဲ့ British Commonwealth) ရဲ့ တရားဝင် ဦးသျှောင် ဗြိတိသျှ ဘုရင်မကြီး Queen Elizabath II သူကလည်း မိန်းမ ။
      ( ၂ ) QE II က ဩဇီ ကို ကိုယ်စား အုပ်ချုပ်ဖို့ ခန့်ထားတဲ့ ဩဇီ ဘုရင်ခံမ
      Governer General သူကလည်း မိန်းမ ။
      ( ၃ ) ဩဇီ ရဲ့ အရွေးချယ်ခံ ဝန်ကြီးချုပ် Prime Minister Julia Gillard သူကလည်း မိန်းမ ။
      ( ၄ ) ဩဇီ မှာမှ အဘ နေနေတဲ့ New South Wales ပြည်နယ်ရဲ့
      အရွေးချယ်ခံ ဝန်ကြီးချုပ် Premier Christina Kennelly သူကလည်း မိန်းမ ။
      သူကတော့ သိပ်မကြာခင်လေးကပဲ ရွေးကောက်ပွဲမှာ ပြုတ်သွားပြီ ။ တော်သေးရဲ့ ။
      ( ၅ ) အိမ်မှာ ကြပြန်တော့လည်း Home & Interior Minister က အဘ မိန်းမ ။

      အင်း ဩဇီ မှာ ယောက်ျားလေး ဖြစ်ရတာ မျက်နှာငယ်လိုက်တာ ဆိုပြီး
      မြန်မာပြည် ပြန်ပြေးလာတော့လည်း ၊

      မြန်မာ တစ်မျိုးသားလုံးရဲ့ မျှော်လင့်ချက် ၊
      အမျိုးသား ခေါင်းဆောင် ၊ လူထု ခေါင်းဆောင် က အမေစု ။

      အင်း ၊ ယောက်ျားလေး ဖြစ်ရတာ အားငယ်လိုက်တာ ။
      ဆုတောင်းများ မှားခဲ့သလားမသိ ။ 😛

  • padonmar

    March 4, 2012 at 12:12 am

    ဝိုင်းထိုင်နားထောင်တဲ့ ကလေးတွေထဲပဲ ဝငိထိုင်တော့မယ်။

  • pazflor

    March 4, 2012 at 12:25 am

    ကျွန်တော်လည်း ဝင်ထိုင်နားထောင်နေတော့မယ်ဗျ….
    😀

Leave a Reply