Ice Wonder Land II

ဆူးFebruary 27, 20121min22225


အထွက်တွင် လူများ အအေးချိန် ညှိပြီးမှ အပြင်ထွက်ရန် စောင့်ဆိုင်းနေကြခြင်းဖြစ်ပါသည်။
အတွင်းမှာတော့ သိပ်မကျယ်လှပေမဲ့ အအေးခံနိုင်တဲ့ ဖိနပ်တွေ မပေးတဲ့ အတွက် ကြာကြာ မနေနိုင်လှဘူး။
ကိုယ်ပိုင် လက်အိတ် ခြေအိတ်နဲ့ ဘွတ်တွေ ဘာတွေ စီးသွားပြီး သူပေးအနွေးထည် ဝတ်ထားလိုက်ရင်တော့ အထဲမှာ ကြာကြာ နေနိုင်လိမ့်မယ် ထင်တယ်။
အတွင်းမှာ အေးလွန်းတော့ ကင်မရာ ရိုက်ရင်းနဲ့ လက်တွေ ကျင်ထုံပြီး နာလာလို့ အမြန် ထွက်လာခဲ့တယ်။
ပုံတွေကတော့ အကုန်ပါပဲ။

25 comments

  • ဆူး

    February 27, 2012 at 11:35 am

    အပြန်မှာ ကြက်ဥပြုတ်ဝယ်စားတာ ၁လုံး ၄၀ဝ တဲ့.. တရုတ်ပြည်က ကြက်ဥပြုတ်တွေလို ရေနွေးကြမ်းနဲ့ ပြုတ်ထားတဲ့ အရသာ ထင်တာ.. အပြင်ပြုတ်ရည်သာ ညိုနေတာ အတွင်းက ကြက်ဥက အိမ်မှာ ရေနဲ့ ပြုတ်သလိုပဲ ဘာမှ မထူးဘူး။

    • weiwei

      February 27, 2012 at 11:42 am

      ကြက်ဥအခွံကို နဲနဲအက်အောင်လုပ်ပြီးပြုတ်မှ အထဲကို အရည်အရသာဝင်ပြီး ခပ်ညိုညိုဖြစ်တာ … တစ်လုံး ၄၀ဝ တောင်ဆိုတော့ လွန်လွန်းတာပေါ့ …

      • ဆူး

        February 27, 2012 at 11:44 am

        အခွံကတော့ အက်နေတယ်.. ဒါပေမဲ့ အတွင်းက ဖြူဖွေးနေတာပဲ.. ဟိုက ညိုညိုလေးတွေက စားကောင်းတယ် အရသာ တမျိုးလေးနဲ့ မွေးလည်း မွေးတယ်။ အခွံတွေ အက်နေလို့ ဟုတ်မလားလို့ ဝယ်စားတာ.. တော်ပါပြီ.. 🙁

    • ရွာစားကျော်

      February 27, 2012 at 12:57 pm

      အဲဒီ တရုတ်ပြည်က ကြက်ဥပြုပ်ညိုဆိုတာ
      ဟို ကလေး ရှူးရှူးနဲ့ ပြုပ်တယ်ဆိုတဲ့ ဟာလား.. ❓
      ရွာထဲမှာ မဆူးက ဦးဦးဖျားဖျား ရောက်ခဲ့ပီပေါ့

      • ဆူး

        February 27, 2012 at 2:37 pm

        ကလေး ရှူးရှုးနဲ့ ပြုတ်တာ ဆိုရင် တော်ယုံနဲ့ ဘယ်ရမလဲ သူက ရှားပါးပစ္စည်းပဲဟာ..
        တရုတ်ပြည်မှာက ရေနွေကြမ်း လက်ဖက်ခြောက်နဲ့ ဆိုလား အဲဒါနဲ့ ပြုတ်တာပါ ရွာသားကျော်ရဲ့.. ဈေးကြီးတာဆို ဝယ်မစားပါဘူး။

  • စိန်ပေါက်ပေါက်

    February 27, 2012 at 11:40 am

    လူတွေ စည်လှပါတကား..
    ဝမ်းဒေးတော့ သွားချင်သားဗျာ..
    ရေခဲချောင်းက အဆင်မပြေလောက်ဘူးမိုလို ့..ပြောင်းဖူးပြုတ်သွားရောင်းမလို ့ ရယ်ပါလေ

    • ဆူး

      February 27, 2012 at 11:45 am

      ပြောင်းဖူးပြုတ်ဆိုရင် မဆိုးဘူး.. ရောင်းကောင်းနိုင်တယ်။ အခုလတ်တလောတော့ လူတွေကများတော့ ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှဘူး ဖြစ်နေတယ်။ နောက်ပိုင်း လူ ပါးသွားရင်တော့ မပြောတတ်ဘူး။

  • ပေါတာဘင်

    February 27, 2012 at 11:43 am

    ကျေးဇူးပါ မမဆူး
    အဝေးက သူတွေ သွားဖို့ မဖြစ်နိုင်တာမို့
    ဓါတ်ပုံ လေးတွေကို ကြည့်ပီး ဖြေသိမ့်နေရလို့ပါ

    • ဆူး

      February 27, 2012 at 11:47 am

      ဆူး လည်း အဲလို အရင်က မဝေ ရဲ့ ရေခဲ နန်းတော် ပိုစ်တွေ ကြည့်ပြီး အားကျခဲ့မိတာပါ။

    • ဆူး

      February 27, 2012 at 2:38 pm

      တခါရောက်ပြီးရင် ထပ်သွားချင်မှ သွားကြလိမ့်မယ်။
      ရန်ကုန် ရောက်ရင်တော့ သွားကြည့်ပေါ့။ အမြင်ဆန်းပါတယ်။

  • bluerose

    February 27, 2012 at 12:40 pm

    ပုံလေးတွေတင်ပေးလို့ကျေးဇူးပါ
    မမဆူးရေ

    • ဆူး

      February 27, 2012 at 2:46 pm

      မမလွှာ ကို ဆူး ကလည်း ကွန်မန်းပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

  • amatmin

    February 27, 2012 at 5:02 pm

    အထဲ မှာ ဘယ်လောက်ကြာကြာနေလို့ ရသလဲဗျ..
    အချိန်များ ကန့်သတ်ထားသေးလား လို့..
    လောလောဆယ်တော့ အထဲမှာ ဘာရှိမှန်းသိသွားလို့ ဒေါ်ဆူးရေ ကျေးကျေးပါ
    ကြက်ဥ လေးရာကတော့ ဆော်သလိုပဲ နော်.. 🙂

    • ဆူး

      February 27, 2012 at 5:21 pm

      ကြာကြာ နေချင်ရင်တောင် မနေနိုင်တဲ့ဟာ မကန့်သတ်ထားပါဘူး။
      ပြန်လာတော့ ပြောဖြစ်သေးတယ် အဲဒီ အတွင်းထဲက လုံခြုံရေး ဝန်ထမ်းတွေကို အေးအေးလူလူ အလုပ်လုပ်နေကြတာဆိုပြီးတော့.. သူတို့တွေက မအေးချင်မှ အဆုံး တော်ယုံ လူတော့ မလွယ်လောက်ဘူး။

  • မမဆူးရေ ..
    ဝမ်းရော အခု တူးရော ကြည့်သွားတယ်ဗျို့ …
    ကျနော်လည်း သွားချင်နေတာ …
    အဲဒီမှာ တရုတ် လက်ရာတွေပဲ များမယ် ထင်တယ်နော် …

  • koaung

    February 27, 2012 at 5:45 pm

    ဒီလိုနေရာလေးတွေလဲရှိသင့်ပါတယ် အသစ်အဆန်းလေးတွေပေါ့

  • ခပ် KING ကင်း

    February 27, 2012 at 10:20 pm

    ဒီပို့စ်ကပုံမှာတော့
    စိတ်ကြိုက်ပုံမတွေ့မိဘူး
    စိတ်ကြိုက်အစားအစာပဲ သိခွင့်ရခဲ့တယ်
    ၄၀ဝ တောင် ပေးရတယ်ဆိုတော့
    နည်းနည်းတော့ တွန့်သွားတယ်
    အိမ်မှာပဲ ပြုတ်စားတော့မယ်ကွာ …. 😛

    • ဆူး

      February 28, 2012 at 9:49 am

      အိမ်မှာလည်း ပြုတ်စားလည်း ဒီအရသာပဲ ဆိုတာ သိအောင် သတင်းပေးတာပါ။

  • Swal Taw Ywet

    February 27, 2012 at 11:48 pm

    Need to take care before going in and after coming out.
    ( Take your time, should not be hurry. )
    The change of Temperature can cause Heat Stroke for the human body.
    For summer, dangerous for visitors.
    Any way, Thanks for your info.
    Did you notice Inside temperature? How much?

    With respect,
    Swal taw Ywet.

    • ဆူး

      February 28, 2012 at 9:59 am

      အတွင်းမှာတော့ အပူချိန် ဘယ်လောက် ရှိတယ် ဆိုတာ ပြထားတာ မတွေ့ဘူးမိဘူး။
      သတင်းတွေထဲမှာတော့ အနုတ် ၁ဝ ရှိတယ် ပြောပါတယ်။
      ဘန်ကောက်မှာ တုန်းက အနုတ် ၃၅ ရှိတာတောင် သိပ်အေးတယ် မထင်ရဘူး။
      ဒီက အနုတ် ၁ဝ ဆိုတာ တော်တော် အေးစိမ့်ပြီး ချမ်းလာတယ်။ အနွေးထည် အနေအထား ကွာလို့ ထင်တယ်။ ဖိနပ် မပေးတော့ တော်တော် ပြသနာ ရှိတယ်။
      အားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

  • ကြောင်ကြီး

    February 29, 2012 at 11:53 am

    မီးမလာရင် ရေခဲသေတ္တာထဲက အသား၊ငါးတွေကို အဲဒီမှာ ဝင်ကြေးပေးပြီး သွားထားပေါ့ဗျာ..။

    • ဆူး

      February 29, 2012 at 12:03 pm

      ရေခဲတွေ ဖျော်ချ လိုက်ရင် ရေတွေ တော်တော် ထွက်လာမယ် ထင်တယ်။
      မီးပျက်ရင် သူလည်း အရည် ပျော်ကုန်မှာပေါ့.. စရိတ်က နည်းမှ မနည်းတာ..
      တွေးကြည့်မိတာ.. တကယ်တမ်း မီးမပျက်တဲ့ အထူး ရပ်ကွက်လည်း ဖြစ်ချင်ဖြစ်မှာဆိုတော့..

  • Moe Z

    February 29, 2012 at 12:00 pm

    မမဆူးရေ မသွားဖြစ်တာနဲ့အတော်ပဲ ပုံတွေပဲကြည့်သွားတယ်
    အဲလောက်အအေးဒဏ်မခံနိုင်ဘူး ဖန်သားနန်းတော်ဆိုရင်တော့သွားကြည့်ချင်တယ် 😀

    • ဆူး

      February 29, 2012 at 12:06 pm

      အေးတော့ အေးတယ်.. သိပ်ကြာကြာ နေတာ မဟုတ်တော့ အနွေးထည် ဝတ်ပြီး သွားလည်ကြည့်ပေါ့။
      ပြောသာ ပြောရတယ် အဲဒီမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေ သနားပါတယ်။
      ဓါတ်ပုံရိုက်တဲ့ ဆိုင်က ဝန်ထမ်းတွေလည်း ဓါတ်ပုံရိုက်မလား လိုက်မေးနေရတာ.. သူတို့လည်း အေးမှာပဲ.. တော်တော်များများက ကိုယ်ပိုင် ကင်မရာနဲ့ ဆိုတော့ အလုပ်ဖြစ်သလား မဖြစ်သလားတော့ မသိဘူး။

Leave a Reply