သေပြီးလည်း ၊ ဆွဲ စိမှာပဲ ။

ba gyiFebruary 27, 20121min21019

ကျုပ်တို့နိုင်ငံမှာ၊ သေသွားပြီ၊သေသောသူ ကြာရင်မေ့ ဆိုတာတစ်ကယ်တန်းမယ်တော့ ၊မဟုတ်ပါဘူး။

ဘယ်သူမေ့မေ့ ကျုပ်တို့ အစိုးရဝန်ထမ်းတွေကတော့ မေ့ပေါင်ဗျား။

ကျုပ်တို့ဆိုတာ — စည်ပင်၊လဝက ကိုယ်စားပြုသူတွေပေါ့ ခင်ညာ။

ခင်ဗျားတို့စဉ်းစားကြည့်

ဘယ့်နှယ်ဗျာ ကလေးမှတ်ပုံတင်လုပ်ပါတယ်၊အဖိုးအဖွါး နာမည်၊မှတ်ပုံတင်မသိဘူးဆိုတော့၊ ဘယ်လောက်ကျုပ်တို့ခေါင်းကိုက်သလည်း၊သည်တော့ကာ ဆွေမျိုးဇယားပြန်ပြီးစတိုထဲရှာရတာ

လွယ်တယ် မတ်ဒယား ၊ကဲပေးရှာခ ၊

မပေးချင်ရင် – အဖိုး၊အဖွားမှတ်ပုံတင်၊ သန်းခေါင်စာရင်းကို မိတ္တူကူးသိမ်းထားပေါ့ဗျ။လူဒွေဂိုက ရှေ့ရေးမတွေး၊တစ်ဆုံးမမြင်၊ ပြီးမှ ဘာဒုန်း၊ ကျုပ်ဒို့ဆက်ဆံရေးကျဲသလေးဘာလေး။

တရုတ်ကုလားရှင်းသဗျား သည်လိုအဆက်ဆက်ရှုပ်စရာမရှိ၊ သက်သေပြစရာမလို အော်တိုပေးလိုက်ရုံပဲ ။ခင်ဗျားတို့ မရှုပ်ပဲ ရှင်းတဲ့ဘက်ကတွေးဂျပါဂျ။

နောက်ဆို လဝကမှာလေ– ဝန်ထမ်းတောင်မြန်မာတွေ ရှုပ်လို့၊ တရုတ်၊ကုလားပဲ ခန့်တော့မယ် သတိထား။

ဟော သူပြောသလို ကျုပ်ဒို့ စည်ပင်ကလည်း ေ ကြာ အဲ အဲ ယောင်လို့ ပြော မဗျာ—။

သေချာခင်ဗျားတို့စဉ်းစားကြ — လူဆိုရင်လူလိုရှင်းရှင်းသိရမပေါ့—-။

ဘယ့်နှယ်ဗျာ- ကျန်ခဲ့တဲ့ သားသ္မီးဒွေ သေသွားတဲ့ မိဘ ဟာဆိုပြီး ၊မြေကွက် အမည်ပြောင်းလျှောက်သတဲ့၊ လောဘကို ကြီးကြတယ်၊ သည်တိုင်းနေလို့ရပါလျှက်နဲ့များ။

ကြည့်ဘာအုန်း – မိဘဒွေ သေကြောင်းဟုတ်မဟုတ်စစ်တော့ သူရို့မိဘနာမည်ဒွေက ၊မှတ်ပုံတင် နဲ ့သေစာရင်းစာလုံးလွဲနေတာတွေ၊ ကျုပ်တို့ဂ တိတိကျကျဘဲနော် ဟင်းဟင်း။

ကြည့်လေ ဒေါ်သင်းသင်း ကနေ သင်းတစ်လုံးပြုတ်ပြီး သေစာရင်းမှ ဒေါ် သင်း တဲ့ —ဒေါ်သင်း တဲ့ဗျ။

အဖေသေစာရင်းလည်းကြည့်အုန်း ၊ ဦးကျင်မောင် ကနေ သေစာရင်းမှ ဦးကြည်မောင်တဲ့။ ကောင်းကြသေးရဲ့လား၊သေစာရင်းရေးတဲ့ဆေးရုံကကောင် မူးပြီး မှားမှား၊သေစာရင်းတိုင်တဲ့

ပွဲစားမူးပြီးပြောပြော၊ကိုယ့် ဟာကိုယ်စစ်ဆေးလေ၊ ဘာလို့များအလုပ်ရှုပ်အောင် ကျုပ်တို့စည်ပင်မှာ အမှုလာပါတ်သဒုံး။

ဒါကိုမကျေနပ်လို့ ရပ်ကွက်ထောက်ခံစာ၊ပါတ်ဝန်းကျင်ထောက်ခံစာတဲ့ ကြည့်စမ်း သေတာကို သက်သေခံလိုက်ကြတာ၊ကျုပ်တို့ကပဲ — အနိစ္စ၊ ဒုက္ခ၊ အနတ္တ မသိ နိုင်သလို။

သားသ္မီးမှန်ကန်ကြောင်းတွေ၊တရားရုံးတောင်ဒင်းတို့က အာဂ ကျန်းကျိမ်လိုက်သေး၊ ဟင်- အဲဒါကျုပ် တို့ဂို ရှော် ကားနေတာလေ၊ တို့ ပရိဿတ်စဉ်းစားဒါကြည့်။

သည်မှာ ဘိုးဘွား၊မိဖ တွေသေရင်- ပေါ့ပေါ့မှတ်ဒယား၊ သန်းခေါင်စာရင်း၊မှတ်ပုံတင်၊သေစာရင်းမူရင်း၊အမည်စာလုံပေါင်း၊မှတ်ပုံတင်ဒွေ မှန်မှ၊ဆွေမျိုးစဉ်ဆက်ဇယားသက်သေမှန်မှရှိနေမှ၊ မှတ်ပုံတင်တွေ၊မိတ္တူတွေသက်သေပြနိုင်မှပြီးရင်၊မှတ်တမ်းသိမ်းထားနိုင်မှ ဆိုတာ ဒင်းတို့မသိလေရော့သလားဗျ။ပြောရတာအာပေါက်။ သူ့ဟာသူ ဘိုစဉ်ဘောင်ဆက်၊ဘယ်လိုမှန်မှန်၊ ဘာလို့စာလုံးပေါင်းဒွေမှားတရဲ၊

နာမည် သင်း တစ်လုံး မပါရဒလည်းလို့၊မြန်မာဒွေ ရှုပ်ကိုရှုပ်တယ်၊ ယူနန်ကလာတဲ့တရုတ်ဒွေ ၊မောင်ဒေါဘက်က၊ မိတ်ဆွေကြီးဒွေရှင်းမှရှင်းပဲ ၊ရှင်းရှင်းလေး၊ဘာဆို ဘာမှ ဆွေမျိုးဇယားမရှုပ်ဘူး၊ တစ်ခါဒဲ ဖေါက်ပေးရိုက်ရုံဘဲ။

အဲဒါကြောင့် မြန်မာဒွေ ဒဒိထား ၊ သေပြီဆို ဘိုးဘွား၊မိဖတွေကိုပြီးပြီးရောမထင်နဲ့ ကျုပ်တို့ကတော့ ဟင်း  ဟင်းသေပြီးလည်း — ဆွဲစိ မှာဗျား။

သတိသာထားနေကြ ဘာ။

 

 

 

 

 

 

19 comments

  • Prince of Pennsylvania (PoP)

    February 27, 2012 at 2:49 pm

    ကြောက်ထှာ …ဗျာ…
    😀

    ခင်တဲ့
    ဂီ

  • water-melon

    February 27, 2012 at 3:08 pm

    မှန်ပါ့ မှန်ပါ့ မှတ်ပုံတင်လုပ်တုန်းကဆို
    အဘိုးမှတ်ပုံတင်နံပါတ်
    သေရင်လဲ ဘယ်ချိန်တုန်းကသေတာလဲ
    ရှုပ်နေတာဘဲ မှတ်ပုံတင်လုပ်ရတာတော်တော်ရှုပ်တယ်
    ဦးစီးမှူးကို အာရကေ ပေးရတာပါသေးတယ် 😀

  • ဆူး

    February 27, 2012 at 3:23 pm

    ရေဆာတယ် တိုက်ဘာ တိုက်ဘာ.. မြောင်းဖောက်ပေးထားတာ မစီးမှတော့ အဲလိုပဲ လုပ်ရမှာပေါ့။
    ရေလိုတယ်လေ.. ရေနဲ့ အသက်ဆက်နေရတာပါပဲဟာ..

  • စိန်ပေါက်ပေါက်

    February 27, 2012 at 3:37 pm

    ဘိုး..ဘေး..ဘီ.ဘင် လိုက်စစ်
    ပြီးတော့ ဘာမှလဲဟုတ်ဘူး..
    ရမ်းသမ်းရေး..ရမ်းသမ်းမှတ်..ပြီးတော့..ရမ်းသမ်း ဖမ်းကြတာပဲ မဟုတ်လား..ဗျာ..
    လက်ဝါးကြီး အုပ်လွန်းတဲ့ လဝက ပါ

  • Harumoto

    February 27, 2012 at 3:39 pm

    တကယ်တကယ်..
    အနေခက် အသေခက်
    တို့တိုင်းပြည်။

  • bluerose

    February 27, 2012 at 4:03 pm

    သူတို့ဟာနဲ့သူတို့ကျတော့လည်းစားပေါက်ကပွင့်နေအောင်ကိုပြောတတ်လိုက်တာ
    မှတ်ပုံတင်လုပ်ထားတာငါးနှစ်လောက်ရှိပါပြီချင့်
    ခုထိမရသေးပါချင့်
    ပေးထားရတဲ့ထောက်ခံစာဟိုးပဝေသဏီကဟာတွေပါစုံပါတယ်ချင့်
    ပိုက်ပိုက်တွေလည်းပေးထားရပါတယ်ချင့်
    အဲဒါတောင်ဘာလို့မရသေးတာပါလဲချင့်

    • Mလုလင်

      February 27, 2012 at 4:33 pm

      မှတ်ပုံတင် လုပ်တာ ငါးနှစ် ကြာပြီ ဆိုတော့ …. လူမျိုးခြား ဆိုကြာတတ်ပေမယ့် ဒီလောက်ကြာတာ ခုမှ ကြားဖူးတယ်ဗျာ …

  • kyeemite

    February 27, 2012 at 6:29 pm

    နာမည်ကြိုက်တာချရေးဗျာ မပုတင်နံပါတ်ထင်ရာရေးလိုက်ဗျာ..ဘာဖြစ်လည်း..သူတို့ကရော ဘာနဲ့တိုက်စစ်မှာလည်း..သူတို့တောင်အထောက်အထားမရှိလို့ ကျုပ်တို့မေးနေတာလေ..ကူညီလိုက်ကြပါဗျာ..

  • ကျနော်တို ့နိုင်ငံမှာ ဝန်ထမ်းတွေ လစာတိုးဖို ့အရေးထက်၊ရှိပြီးသားဌာနတွေက
    အကျင့်ပျက်ဝန်ထမ်းတွေကို အရင်ဖြုတ်သင့်တယ်။ဘာလို ့လဲဆိုတော့ လဝက၊
    ဆေးရုံ ၊စည်ပင်အားလုံးအပါအဝင် သူတောင်းစားတွေမို ့ပါ။မပြောချင်ဘူးးးး

    • စိန်ပေါက်ပေါက်

      February 27, 2012 at 7:08 pm

      ပြောပြီးပြီ မဟုတ်ဘူးလားဟင်

  • windtalker

    February 27, 2012 at 9:46 pm

    ဘကြီးရေ ၊ အိုက်လို အိုက်လို
    ပွင့်ပွင့်လင်းလင်း ထပ်ရေးတင်ပါဦးဗျာ ။
    မှောင်မိုက်မှာ မှန်မှန်မူး နေတဲ့ ပတ်ကလာတွေအကြောင်း

  • surmi

    February 28, 2012 at 12:51 am

    မပုတင်ကိစ္စကတော.တော်တော်ညစ်တယ်ဗျို. ။
    မပေးလည်းမရ ပေးလည်းစောင်.ရ။

  • ba gyi

    February 28, 2012 at 9:32 am

    ခင်တဲ့ ဂီဂီ ၊ watermelon,မဆူး၊ကိုစိန်ပေါက်ဖေါ်၊Harumoto,bluerose,Mလုလင်၊ ကိုkyeemite, ကိုသန်းထွဋ်ဦး၊windtalker,surmi,တို့ခင်ဗျား ဝိုင်းအားဖြည့်ကြလို့ကျေးဇူးပါခင်ဗျား၊သူရို့ရဲ့အရိုးစွဲ စားကြတာကတော့၊ပြောမဆုံးအောင်ပါပဲ၊ အဲလိုမျိုးမှာကိုယ့်ဘက်မှ သူတို့ ထောက်ကွက်မရှိစေရန်သတိ ထားပြီးမှတ်တမ်းသိမ်းစရာ၊မှတ်တမ်းပြုစရာတွေဟာ၊ခုကာလမှာပိုပြီးအရးပါလာပါတယ်၊ငွေပေးရင်တောင်၊ မပြည့်စုံ ရင်၊ ကိုယ့်အတွက်ရလဒ်ကမသေချာတဲ့အချိန်အခါဖြစ်လာနေပါတယ်။ အရင်ခေတ်ကငွေပေးရင်ပေးသလောက်ကိုယ့်အတွက်သူတို့လုပ်ပေးနိုင်သေးတယ်၊အခုကတော့ငွေပေးလည်းပေး၊အချက်အလက်လည်းပြည့်စုံမှလုပ် ပေးတဲ့ခေတ် ရောက်နလို့ ၊ဆောင်ရန်ပြည်သူအများအတွက်ရေး ရပါတယ်ခင်ဗျား။အားလုံးကိုကျေးဇူးတင်လျှက်။

  • ငပွကြီး

    February 28, 2012 at 9:47 am

    ံ့မြန်မာနှိင်ငံကလူတွေအားလုံး လူသာသေမယ် နာမည်မသေအောင်လို့ စေတနာနဲ့ လုပ်နေတာဖြစ်မှာပါဗျာ..

  • ba gyi

    February 28, 2012 at 9:55 am

    ဟုတ်မယ် — ဟုတ်မယ် ကိုငပွကြီးရေ၊ သေသောသူကြာရင်မမေ့ရအောင် လို့လေ။
    ရှေဒနာ– လေ ရှေဒနာ၊ သာစေဘို့မဟုတ်ပဲ နာစေဘို့ ရှေဒါတွေပေါ့ဗျား။ လွဲလို့သက်သေပြရင်လည်းမကြိုက်ချင်ဘူးဆိုတော့။

  • သား လေး

    February 28, 2012 at 10:41 am

    လဝက ဆိုတာလေ xီး ဝါးလုံးလောက် ကြီး ကိုပြောတာ
    ကျန်တာတော့ပြောတော့ပါဝူး

  • ba gyi

    February 28, 2012 at 3:53 pm

    ကျုံတုန်းပြောရအုန်းမယ်၊ကရင်ပြည်နယ်၊လှိုင်းဘွဲ၊ကမမောင်း၊ရွှေဂွန်းစတဲ့မြို့ပေါ်တွေမှာဆို – ဘူးသီးတောင်၊မောင်ဒေါတွေ အများဆုံးကြီးစိုးနေပြီး၊ကရင်တိုင်းရင်းသားတွေ ကတောစွန်တောင်ကြား မှာပဲ ရှိပါသဗျား။ ဘိုးစဉ်ဘောင်ဆက် ခိုင်မာကြပုံပေါ်ပါတယ်။ သူတို့ကလည်း ဒို့ဘိုးဘွားအမွေ အနှစ်မို့ ချစ်မြတ်နိုး ကြပုံပါပဲ။

  • ကြောင်ကြီး

    February 29, 2012 at 12:00 pm

    သဂျီးပြောတာ ကျပ်ငွေငါးသိန်းပြနိုင်ရင် နိုင်ငံသားကတ် ချက်ခြင်းထုတ်ပေးဖို့သင့် ဆိုပဲ…။ 🙄

  • ba gyi

    February 29, 2012 at 1:22 pm

    ဦုး တဂျီး ၊ကိုကြောင်ကြီးပြောဒါ အဟုတ်လား၊
    အဲဒါဆို – ကျုပ်ဒို့ဒဒွေ ဘယ်သွားနေရမလည်း ဟင်။
    တရုတ် ၊ကုလားတွေရောက် ၊မြန်မာဒွေ ဘုံပျောက်ကုန်ဒေါ့မှာ။
    ုခုတောင် ယူနန်ဘက်ကတရုတ်ဒွေ၊ ဝ ဆိုဘီး ၊မန်တာ့လေ တို့၊ရန်ကုန်မက၊ကျောက်ဖြူမှာဒေါင်မတန်တစဆ
    မြေတွေဝယ်ပြီး၊မြန်မာဒွေ အစွန်အဖျားရောက်ကုန်နေဘီလေ။ဒါတောင်မြန်မာလိုမပြောဒတ်သေးဘူး ဟူး ဟူး
    အမေရီးကားကို ဦုး တဂျီးခေါ်မရား ။
    ဦုး တဂျီးက ဆ တာနေမှာ ဘာကိုကြောင်ကြီး ရာ။

Leave a Reply