လူသိပ်မရောက်တဲ့နောင်အင်းလေး တစ်နေရာ

thureinmaungFebruary 27, 20121min1579

ပြည်တါင်းပြည်ပကဧည့်သည်များအင်းလေးကိုသွားလည်ကြမယ်ဆိုယင်ညောင်ရွှေ၊အင်းထဲကဖေါင်တော်ဦးဘုရား၊

အင်းတိန်၊ ငါးဖယ်ကျောင်း၊ကျွန်းမျောစိုက်ခင်း၊ယက်ကန်းရုံ၊ငွေပန်းတိမ်လုပ်ငန်း၊အမှတ်တရအရောင်းဆိုင်စသဖြင့်နာမည်ကြီးတဲ့နေရာတွေကိုဘဲ

လိုက်ပို့ကြပါတယ်။

တကယ်ဆိုယင်၊အင်းလေးနဲ့ပါတ်ဝန်းကျင်တစ်ဝိုက်လေ့လာလည်ပတ်စရာအများကြီးရှိပါသေးတယ်၊ သဘာဝရှုခင်းကြည့်မလား၊

ဒေသခံလူများနေထိုင်အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ၊လေ့လာမလား၊အင်းလေးကန်ပတ်လည်မှာရှိတဲ့ရှေးဘုန်းကြီးကျောင်း

တွေကိုလေ့လာမလား၊အင်းလေးကန်ထဲကိုစီးဝင်နေတဲ့ချောင်းတွေရဲ့ရေတံခွန်ကိုလေ့လာမလား၊ကျွန်းမျောမဟုတ်တဲ့တောင်ယာစိုက်ခင်း၊

ဥယာဉ်ခြံစိုက်ခင်းတွေလေ့လာမလား အများကြီးပါဘဲ။

အလုပ်ကိစတစ်ခုနဲ့အင်းလေးကိုရောက်ခဲ့ပါတယ်၊လူတွေသွားလည်နေကျနေရာတော့မဟုတ်ဘူး၊ညောင်ရွှေမြို့အနောက်ဘက်တည့်တည့်(၃)မိုင်

လောက်အကွာတောင်ကုန်းပေါ်မှာရှိတဲ့မွေတော်ဘုန်းကြီးကျောင်းတစ်ကျောင်းပါ၊ အင်းလေးလူငယ်တွေရဲ့ workshop တစ်ခုကိုဦးဆောင်ဘို့ရောက်

သွားယင်းအဲဒီတောင်ကုန်းပေါ်ကမြင်ရတဲ့ဆန်းသစ်လှပတဲ့ရှုမျှော်ခင်းလေးတွေကိုshare လိုက်ပါတတယ်။

တောင်ကုန်းလေးပေါ်ကအရှေ့ဘက်ကိုလှမ်းမြင်ရတဲ့ညောင်ရွှေမြို့လေးအင်းလေးကန်မြောက်ဘက်ခြမ်းကရေတစ်ပိုင်းလယ်မြေတစ်ပိုင်းဖြစ်နေတဲ့ရွာလေး၊နဲ့ဟိုးခပ်လှမ်းလှမ်းရါာသားတွေရဲ့ပြောင်းဖူးမျိုးတွေကိုရေစိုမှာစိုးလို့ဘုန်းကြီးကျောင်းဇရပ်ဆောင်တွေမှာဒီတိုင်း၊အရှေ့ဘက်ညောင်ရွှေဘက်ကိုမျက်နှာလှည့်ထားတဲ့ဘုန်းကြီးကျောင်းရဲ့ဇရပ်တစ်ဆောင်ဘုန်းကြီးကျောင်းတောင်ဘက်ကိုလှမ်းကြည့်လိုက်ယင်အင်းအေးရေပြင်ကိုအဝေးမှာမြင်ရမယ်

အခြောက်ခံလှန်းထားကြတယ်

ကမြင်နေရတဲ့တောင်ပြာပြာအောက်မှာတော့တောင်ကြီးမြို့ရှိတယ်

9 comments

  • water-melon

    February 27, 2012 at 3:35 pm

    အင်းလေးကို တခါဘဲရောက်ဖူးတယ်
    ညောင်ရွှေဘက်က သွားတာ
    ခေါင်တိုင်မှာ လှေငှားပြီး အင်းလေးထဲလည်တယ်
    အခုတင်ထားတဲ့ပုံက အင်းလေး ဟိုဘက်အခြမ်းကလား

  • sealion

    February 27, 2012 at 4:53 pm

    ရောက်ဘူးသေးဘူးဗျာ …လွန်ခဲ့တဲ ့ ၁၅ နှစ်တုန်း ကတော့ အင်းလေးရောက်တယ်ဗျ.အဲဒီတောင်ပေါ်တော့ မရောက်တာသေချာတယ် ဓါတ်ပုံထဲမှာတောင်အတော်လှတယ်နေ ရေတွေ ကော အများြ့ကီးရှိရဲ ့လားဗျာ

  • အင်းလေးတော့ မရောက်ဖြစ်လိုက်တာ နာတယ်ဗျာ။၂၀၀၈ တုန်းက တောင်ကြီးမှာ(၁၅)ရက်လောက်နေခဲ့ပြီး
    အင်းလေးမရောက်ဖြစ်ခဲ့ဘူး။ညံ့လိုက်တဲ့ ကျနော်ပါ။

  • yuiio

    February 27, 2012 at 9:21 pm

    လွန်ခဲတဲ့ ၁၅ နှစ်က ရောက်ခဲ့တာဆိုရင်တော့ အခုအချိန်မှာသွားရင် အင်းလေးကန်က အများကြီး ပြောင်းလဲပျက်စီးသွားတာကို တွေ့ရမှာပါ။ တစ်ဝက်စာလောက် ကျုံ့သွားပြီဗျာ။ ဘေးက ဝိုင်းနေတဲ့တောင်တန်းတွေမှာ သစ်ပင်အသေးအမွှားပဲကျန်တော့တယ်။ သစ်ပင်မရှိတော့ မိုးမကောင်းတော့ဘူး။ မိုးမကောင်းတော့ ရေနည်းတယ် ။ နည်းနည်းပဲရွာတဲ့မိုးရေက အင်းထဲကို တောင်တန်းတွေပေါ်မှာ တွယ်ကပ်မနေနိုင်တော့တဲ့ မြေကြီးနဲ့ သဲတွေကိုအတူတကွ သယ်လာတယ်။ ပိုဆိုးတာပေါ့ဗျာ ။ မိုးကမရွာ သောင်ကထွန်း ။ ကဲ ….. မိုးရွာပြီဆိုတော့ ပျော်တာပေါ့ ။ အဲ့ဒီအခါကျတော့ သောင်ထွန်းလို့တိမ်လာတဲ့အင်းက အရင်လိုဟန်တော့ဘူး ရေလျှံရော။
    ရွှေညောင်မြို့ဆိုရင် နှစ်တိုင်းရေကြီးတယ် ။ ကျွန်တော်တို့ရဲ့ အင်းလေးက ပျက်စီးနေပါပြီ။

  • အဲ မို

    February 27, 2012 at 11:49 pm

    ညောင်ရွှေမြို့ အနောက်ဘက်ဆိုတာ ကျွန်မ မမှန်းတတ်လို့ ဘယ်ဘက်ကိုပြောတာလဲဟင်…
    မိုင်းဆောက်ဘက်လား..ဟော်နန်းဘက်ကနေအထွက်ဘက်လား.. မြန်မာတွေကတော့ရောက်ဖြစ်ဖို့သိပ်မလွယ်ဘူး၊ တို့မြန်မာတွေက ခရီးသွားရင် ဘုရားဖူး၊ ဓာတ်ပုံရိုက် ဒါလောက်ပဲများတော့၊ ကိုယ်လည်းထိုနည်း၎င်းလိုပဲ ပြောရမှာပဲ။ tourists တွေကတော့ တချို့ trekking tour သွာတဲ့လူတွေတော့ရှိပါတယ်။ အဲဒီဘက်ရောက် မရောက်တော့မသိဘူး။ အင်းလေးကန်ကြီးရဲ့ ဒီနှစ်နွေရာသီ အခြေနေကိုတော့စိတ်ပူမိတာ အမှန်ပဲ… မနှစ်ကလို အခြေနေ မျိုးမဖြစ်တော့အောင် လုပ်စရာရှိတာတွေမြန်မြန်လုပ်ကြပါလို့သာ တိုက်တွန်းချင်တော့တာပဲ..

    • Anaconda MMT

      February 28, 2012 at 8:31 am

      အနောက်ဖက်ဆိုတော့ မိုင်းသောက် ဘယ်ဟုတ်ပါ့မလဲ အဲမိုရယ်..မိုင်းသောက်က အရှေ့ဖက်မှာရှိတာပါ.
      ဖြစ်နို်င်တာက အနောက်ဖက်ခြမ်းကနေဆိ်ုတော့ ပေါင်းပိန်း တောင် ပေါ်ဖက်ခြမ်းကရိုက်ထားတယ်လို့ထင်ပါတယ်..ပေါင်းပိန်းဆိုတာ.ခေါင်တိုင်ရေပူစမ်းဖက်ကို သွားတဲ့ကားလမ်းဘေးမှာရှိပါတယ်..

  • thureinmaung

    February 28, 2012 at 9:29 am

    အခုအင်းလေးဟာလွန်ခဲ့တဲ့(၁၀)နှစ်ကအင်းလေးနဲ့မတူတော့ပါဘူး၊
    ကျွန်တော်ရိုက်တဲ့နေရာပေါင်းပိန်းမွှေတော်ဘုန်းတော်ကြီးကျောင်းတောင်ကုန်း
    ပေါ်မှာပါ၊အင်းလေးရေပြင်ရဲ့အနောက်မြောက်ဘက်၊ညောင်ရွှေမြို့ရဲ့အနောက်ဘက်မှာ
    ရှိပါတယ်၊Anaconda ပြောသလိုဘဲ တောင်ကြီး-ဟဲဟိုးကားလမ်းမပေါ်မှာရှိတဲ့
    တောင်လေးလုံးလမ်းခွဲကနေ၊ခေါင်တိုင်ဘက်သွားတဲ့လမ်းကနေဝင်သွားလည်းရတယ်၊
    ညောင်ရွှေမြို့ကနေ၊တိုက်ရိုက်သွားလည်းရတယ်၊ အဲဒီခေါင်တိုင်လမ်းဘေးအနောက်ဘက်ခြမ်းမှာ
    တောင်စောင်းစိုက်ခင်းတွေအားရစရာဘဲ၊သဘာဝရှုခင်းကတော့ပြောမပြတတ်အောင်ကိုလှတယ်။
    ရွာပေါင်းစုံကလူငယ်တွေညနေစောင်းကြီးလိုက်ပို့ပေးလို့သူတို့ဒေသကိုထဲထဲဝင်ဝင်လေ့လာရတာ၊
    ကျွန်တော်တင်ထားတာအများကြီးဘဲ၊တစ်ပုံချင်းupload ပြီးယင်insert လုပ်တာဘဲ ဘာဖြစ်လို့
    ပထမဆုံးပုံဘဲပေါ်လာလဲမသိပါဘူးဗျာ။

  • etone

    February 28, 2012 at 10:39 am

    အင်းလေးကို ရောက်ဖူးခဲ့ပေမယ့် … စာရေးသူပြောတဲ့နေရာကိုတော့ .. ရှိမှန်းတောင် မသိခဲ့ပါဘူး … ။
    အင်းလေးကနေတောင် သုံးမိုင်လောက်ထပ်သွားရသေးတယ်ဆိုတော့ … ခရီးသွားအများစု လမ်းတော့ လျှောက်နိုင်မှာ မဟုတ်ဘူး…. ကားတို့ လှည်းတို့ စီစဉ်ထားပြီး ပြေးဆွဲမယ်ဆိုလျှင်တော့ … အဲ့ဒီနေရာ လူသိတန်ကောင်းပါရဲ့ …. ။ အဓိကကတော့ .. လမ်းပမ်းဆက်သွယ်ရေးပေါ့လေ … အဲ့ဒီနေရာ လူရောက်ဖို့ လွယ်လျှင်တော့ … နောက်ပိုင်းနှစ်တွေမှာ …သွားလည်တဲ့ လူတွေရှိလာမှာပါ …. ။

    (အဲ့ဒီနေရာ လူသိဖို့ဆိုလျှင် ကောလဟာလ လွင့်ရမယ် …. နတ်နဂါးကြီးကို ဘယ်သူက ဘယ်နေရာမှာတွေ့တယ် .. ၊ ဆုတောင်းပြည့်တယ် … ဘာတယ် ..ညာတယ်ပေါ့ … ) 😀

  • ba gyi

    February 28, 2012 at 2:35 pm

    ဟဲ ဟဲ ဒေါ်အီတုံးကတော့၊မားကက်တင်းရော၊ပရောပကမ်းနားရောလွှတ်ကောင်းဗျာ။
    နဂါးကြီးရှိတယ်ဆို လူတွေလန့်တွားဘာအုန်းမယ်ဗျာ ———————————။
    အဲသည်တော်ပေါ်ဘုန်းကြီးမှ နှစ်လုံး၊သုံးလုံး နှင့် ဘောလုံး ပွဲနိုင်/ရှုံး၊ကွက်တိဟောဒါ နေ့ချင်းညချင်း လူတွေချမ်းသာ၊ သွားကြတယ် လို့ဆိုပိုမကောင်းလား။တစ်ခါတည်းလမ်းတွေခင်း၊ တံတားတွေပါဖြစ်လာ မှာဗျား။

Leave a Reply