ပြောပြန်ရင်လဲ

နွေဦးFebruary 27, 20121min19613

မနေ့ကတော့မင်္ဂလာဆောင် သွားတဲ့နေ့ပေါ့။ရန်ကုန်ထုံးစံ တနင်္ဂနွေနေ့ ဆို မင်္ဂလာဆောင်,အလှူ တခုမဟုတ်တခု သွားရတာပါဘဲ။ ပြည့်စုံတဲ့ လူရည်တတ်တွေမို့ ပွဲက စည်ပါတယ်။ခေတ်မှီတဲ့ မိန်းမပျို ငယ်ရွယ်သူတွေ အပေါင်းအသင်းများတဲ့ပွဲပါ။ ဆိုတော့ကာ ကိုတွတ်ပီရဲ့ မဟေသီ ဒေါ်သေးမျှင်ရဲ့ ရင်ရှား ဖက်ရှင် အထူးခေတ်စားတဲ့ပွဲလို့ပြောလို့ရပါတယ်။လင်းလင်းလက်လက် ပြူးပြူးပျက်ပျက် ..အဲ ပြိုးပြိုးပျက်ပျက် နဲ့ တော်တော်စည်တဲ့ပွဲပေါ့။
ဒီမနက်အထိတော့ ဒီအကြောင်းက ပြောစရာ မရှိသေးပါဘူး။သူ့ခေတ်သူ့အခါ ဝတ်ကြ စားကြ တာ (ကြည့်လို့ကောင်းပါတယ်)။ကိုယ်ကလူကြီးဆိုတော့လူကြီးအမြင်က တမျိုးပေါ့။
ဒီင်္မနက် အော်စကာ ဆုပေးပွဲ ကြည့်မိတော့မှ ပြောစရာစကားတွေ ထွက်လာတော့တယ်။
သူတို့ဆီမှာလဲ ထိုက်သင့်သလောက်တော့ ရင်ရှား ဝတ်ကြတာပါဘဲ။လွန်လွန် ကျွံကျွံ ဖေါ်ဖေါ်ကြူးကြူး တွေလဲ အခါအားလျှော်စွာ ဝတ်တာစားတာ တွေ့ကြမှာပါ။
ဒါပေမဲ့ မြန်မာ မိန်းခလေးတွေနဲ့ ဘာကွာနေလို့ ပြောစရာတွေ ဖြစ်နေလဲပေါ့.. စဉ်းစားကြည့်မိပါတယ်။
တိုတိုပြောရရင်
၁ ။ ။ အိန္ဒြေ
၂ ။ ။ အနေအထိုင်
၃ ။ ။ နေရာဒေသ ပါတ်ဝန်းကျင်
၄ ။ ။ တန်ဘိုး
ဒါတွေကွာနေတာကို မြင်တယ်ဗျ။
၁။ ။ အိန္ဒြေ
မိန်းခလေးတယောက်အနေနဲ့ လျှပ်ပေါ်လော်လီမှု မရှိဘဲ ဒီလို ရင်ရှားကို အိန္ဒြေ ရရ ဝတ်ထားမယ်ဆိုရင်…
၂။ ။ အနေအထိုင်
ရင်ရှား ဝတ်ထားပြီး သိမ်သိမ်မွေ့မွေ့ နဲ့ ဆပ်စလူးမစိန်ဘူးဆိုရင်….
၃။ ။ နေရာဒေသ ပါတ်ဝန်းကျင်
သွားသင့်တဲ့အရပ် နေသင့်တဲ့ ပါတ်ဝန်းကျင်မှာ လှလှပပ ဝတ်မယ်ဆိုရင် …
၄။ ။ တန်ဘိုး
ကိုယ်တန်ဘိုး ကိုယ်သတ်မှတ်ပြီး တန်ဘိုးရှိရှိနေမယ်ဆိုရင်…
ပြောတော့ဘူးဗျာ .ပြောရင် လွန်ကုန်တော့မယ်…

13 comments

  • စိန်ပေါက်ပေါက်

    February 27, 2012 at 5:05 pm

    အဲတာများဗျာ
    ၄၃ ပေါ်က ကီယားကြီးလို ဖက်ကိုက်ထလိုက် ပြီးရော
    😆

    • Harumoto

      February 27, 2012 at 5:10 pm

      အသက်ကြီးလို့ သွားမကောင်းတော့ဘူးဆိုမှ…..
      အံပုံကြီးပါ ကျွတ်ကျန်နေမှ….ဟိ

      • စိန်ပေါက်ပေါက်

        February 27, 2012 at 5:14 pm

        သက်သေခံ ပစ္စည်းတော့ မကျန်စေနဲ ့ဆရာ
        ရှော့ရှိတယ်

  • aye.kk

    February 27, 2012 at 5:37 pm

    ပြောပြန်ရင်လည်း..
    အောင်မင်းလွန်ရာကြတော့မည်။

  • တော်တော်လေး စိတ်ပျက်စရာပါလား။ထမီရင်လျားတွေနဲ ့ဗျာ။သူတို ့ကဘယ်လိုနေတယ်မသိဘူး။
    ကျနော်တို ့ကတော့ ရှက်မိတယ်ဗျာ။နိုင်ငံခြားသူတွေ ဖော်ကြ၊ဝတ်ကြတာ နေပါစေ။မြန်မာမလေး
    တွေနဲ ့မအပ်စပ်ပါဘူး။

  • windtalker

    February 27, 2012 at 9:37 pm

    မပြောပါနဲ ့တော့ဗျာ
    ကွန်ဆာဗေးတစ် ဆိုလား ….ဆန်ဆန်နေလိုက်ကြရအောင်
    ကိုယ့် ဆွေမျိုးသားချင်း မဝတ် ပြီးတာဘဲ ။
    အဲ…အိမ်က မိန်းမလဲ ပါ၏

  • ဦးဦးပါလေရာ

    February 27, 2012 at 10:41 pm

    အဲဒီ ရင်ရှားဒီဇိုင်းက ကိုယ်လုံးလှရင်တော့ အိုကေပါ။ သူတို့အလှူကို သာဓုခေါ်ပါတယ်။
    သို့သော်-
    သိပ် ဝ ပြီး အဆီတစ်နေရင်
    သိပ်ပိန်ပြီး အရိုးထောင်နေရင်
    လေ့ကျင့်ခန်းလုပ်တာများသွားလို့ ပုခုံးကြွက်သားဖု(ကြီး)နေရင်
    လက်ပြင်ကျယ်ပြီး ပုခုံးကားနေရင်
    မိတ်ကပ် မလုပ်တတ်လို့ မျက်နှာတရောင် လည်ပင်းတရောင် ရင်ဘတ်တရောင် ဖြစ်နေရင်-
    ပြီးတော့-
    ကိုရီးယားကားကြည့်ရင်း ပုခုံးခြင်ကိုက်လို့ ဖုထွက်နေရင်
    တော်တော် အမြင်ဆိုးလှပါကြောင်း မလှချင်အပေါင်းတို့………..

  • Prince of Pennsylvania (PoP)

    February 28, 2012 at 7:59 am

    ဟာဂျာ…
    နောက်ကို ဒါမိုးရေးမယ်ရှို …
    ဒါ့ပုံပါ တွဲတင်ပေးပါ. ….

    တတ်နိုင်ရင် မော်ဒယ်လေးဘာလေးရှာပီး .. ဒီလို မထိုင်နဲ့ ဒီလိုထိုင်
    ဒူးအန်ဒုန်စ့်လေးဒွေပါ ရိုက်တင်ပေးပါလား ဟင်င်င်င်င်
    အားပေးဂျင်ဇမ်းဘာဘိ

    😀

    • နွေဦး

      February 28, 2012 at 12:37 pm

      အရိုက်ခံမဲ့ မော်ဒယ်လေး အရင် ရှာ လိုက်အုံးမယ်..
      ရှိရင် သေသေခြာခြာကြည့်…အဲ.သေသေခြာခြာ ဓါတ်ပုံ ကို ဘယ်လိုရိုက်ပီး…
      တင် ရင် ကောင်းမယ့် အကျန်လေး အဲ မှားပြန်ပီ အကြံလေးပေးပါ..

  • bluerose

    February 28, 2012 at 1:09 pm

    အဲပုံတွေကြည့်ချင်တာများ
    ဟိုတယ်တွေမှာပွဲရှိရင်စောင့်ကြည့်လိုက်
    အရောင်စုံကာလာစုံတွေ့ရမယ်
    နေ့ပွဲဖြစ်ဖြစ်ညပွဲဖြစ်ဖြစ်မြင်ရမယ်

  • etone

    February 28, 2012 at 2:11 pm

    မိန်းမဆိုတာမျိုးကလည်း .. အများစုက အဝတ်စား နဲ့ ဖက်ရှင်ကို ခုံမင်တတ်ကြပါတယ် … ။
    ဖက်ရှင်ရေစီးကြောင်းတွေအရ … စလက်ဗရက်တီတွေ ဝတ်ပြတိုင်း လိုက်ဝတ်ကြပေမယ့် …. ကိုယ်နဲ့ လိုက်ဖက်မှု ရှိမရှိဆိုတာ အတော်များများ မစဉ်းစားတာများတာ … ။ ဝတ်လိုက်လို့ စမတ်ကျကျ ကြွကြွရွရွလေးဆိုလျှင်တော့ မြင်ရတဲ့လူပ ါနှလုံးအေးတယ်ပေါ့ ….. ။ မိန်းမချင်းတောင် .. လည်ပြန်ကြည့်ရတဲ့ လူမျိုးလည်း … မြင်ခဲ့ ၊ ငေးခဲ့ဖူးပါတယ် … ။ ရုပ်ရှင်သရုပ်ဆောင်တွေထဲမှာ ထွန်းအိန္ဒြာဗိုကစပြီး … ဝတ်ခဲ့တာဖြစ်မယ်ထင်တယ် …. ။

    ဒါ့ပြင် … တစ်ချို့တွေ … မလိုက်ပဲ(ဝေဖန်မယ့်သူမရှိတာလား ၊ မှန်မကြည့်တာလားမသိ) …. သူများဝတ်လို့ လိုက်ဝတ်တဲ့အခါ ..မြင်ရတာ ကို့ယိုးကားယား … ရင်ပြည့်ချင်သလိုလို ၊ အော်ကလီဆန်သလိုမျိုးခံစားမိပြန်တယ် …. ။ ကိုယ့်အဝတ်စားနဲ့ကိုယ် ….. သူများ မျက်စိဆံပင်မွှေးစူးတာခံရတဲ့အခါတော့ … ဘယ်တန်ပါ့မလဲနော် … ။

    ဟိုတယ်တွေမှာ လုပ်တဲ့ မင်္ဂလာဆောင်တွေမှာ … အဲ့ဒီလို ဝတ်စားတာ …. လက်ခံလို့ရသေးပေမယ့် .. ဘုန်းကြီးကျောင်းလို လုပ်တဲ့ ပွဲတွေ ၊ အလှူတွေ ၊ မင်္ဂလာဆောင်တွေမှာ … ရင်စည်းနဲ့ .. ရေစက်ချနေတာတွေ ၊ ဆွမ်းကပ်ဖို့ စားပွဲခုံကုန်းမနေတာတွေ အများကြီး မြင်ခဲ့ဖူးတယ် … ။ အဓိကကတော့ …. နေရာဒေသနဲ့ လိုက်ဖက်မှု ရှိမရှိ ၊ မိမိကိုယ်ခန္ဓာအချိုးစားနဲ့ လိုက်ဖက်မှု ရှိမရှိ …. ပြန်စစ်ဖို့ မေ့သွားလို့ ထင်ပါရဲ့ …. .။ 🙄

  • kyeemite

    February 28, 2012 at 3:53 pm

    ကိုရင်ဂီ ဓါ့ပုံရိုက်ကောင်းတာဘဲ..ဘာသူများလွှဲချနေတာလဲ..အမြန်ရိုက်တင်စမ်း..အရှေ့ကျွန်သူလေးတွေပုံ
    ရှောင်ရန်လေးဒွေဘဲတင်နော်..ဆောင်ရန်မလိုဘူး..များတို့သိပီးသား..

  • စောဝေတင့် (ပုဂံ)

    March 5, 2012 at 2:02 pm

    ဟြေပြမှ သိတော့မပေါ့နော်
    ဘာမှန်းလဲ မသိဘူး
    မဟြေပြချင်လဲ
    အသာနေပေါ့
    အခုတော့
    ဟက်ကော့ကြီး

Leave a Reply