ရတနာပုံ Web Portal ဝန်ထမ်းများအား အထက်လူကြီး၏ လူမဆန် လုပ်ဆောင်ခဲ့မှုများ

မြသဲ ( 17082011 )February 27, 20121min24434

၂၄.၂.၂၀၁၂ သောကြာနေ့ ညနေ ငါးနာရီ ပုံမှန်ရုံးဆင်းချိန်တွင် ရတနာပုံ တယ်လီပို့ ကုမ္ပဏီ အမျိုးသားအဆင့် ရတနာပုံ ဝဘ်ပေါ်တယ်ဌာနသို့ ရတနာပုံဌာနကြီးမှူးဖြစ်သော ဦးမျိုးညွန့်အောင် (ဆိုလာစက်ရုံမှူး) ရောက်ရှိလာပါသည်။ ရောက်လာပြီးနောက် ရတနာပုံဝဘ်ပေါ်တယ်ရှိ ဝန်ထမ်းအားလုံးအား ရုံးဆင်းချိန်ရောက်ရှိနေသော်လည်

း သူ မပြန်သရွေ့ မပြန်ခိုင်းပါ။ ညနေ ခြောက်နာရီ၌ ရတနာပုံဝဘ်ပေါ်တယ်ရှိ admin department မှ ကျန် department များသို့ ဆိုလာစက်ရုံတွင်တာဝန်ထမ်းဆောင်ရန် ရွှေ့ပြောင်းခြင်းခံရသော ဝန်ထမ်းအမည်များ ထုတ်ပြန်လာပါသည်။

တကယ်တမ်းတွင် ထိုသို့ ပြောင်းရွှေ့မည်ဆိုသော အကြောင်းကို ကြိုတင် အသိပေးခြင်း မရှိဘဲ ၂၄.၂.၂၀၁၂ သောကြာနေ့ ညနေ ငါးနာရီမှ ခြောက်နာရီ (၁နာရီအချိန်အတွင်း) တွင်သာ ဆုံးဖြတ်ရွေးချယ် ခေါ်ယူသွားခြင်းဖြစ်သည်။ ဆုံးဖြတ်ချက်မှာလည်း သူ့တစ်ယောက်ထည်း၏ ဆန္ဒနှင့် အာဏာကိုသာ သုံး၍ ရွေးချယ်သွားပါသည်။ ရွေးချယ်သွားသော ဝန်ထမ်းစာရင်းမှာ ပထမဦးစားပေး၊ ဒုတိယ ဦးစားပေးဆိုပြီး ခေါ်ချင်သူ နာမည်စာရင်းများကို ရုံးတက်ရုံးဆင်း လက်မှတ်ထိုးစာရွက်ကိုကြည့်၍ အမှတ်အသား ပြုလုပ်သွားပါသည်။ ထို ပထမဦးစားပေး လူစာရင်းရှိ ဝန်ထမ်းများကို ၂၅.၂.၂၀၁၂ စနေနေ့မနက် ၈ နာရီအရောက် ဆိုလာစက်ရုံသို့ သတင်းပို့ရုံးတက်ရမည်ဟု ပြောကြားသွားပါသည်။ ပထမဦးစားပေး လူစာရင်းရှိ ဝန်းထမ်းအားလုံးမှာ မိမိတို့ ပြောင်းရွှေ့လိုသော သဘောဆန္ဒ မပါပဲ ၂၅.၂.၂၀၁၂ စနေနေ့မနက် ၈ နာရီတွင် သွားရောက် သတင်းပို့ခဲ့ကြပါသည်။ ထိုသို့ သတင်းပို့ရာတွင် ရတနာပုံဌာနကြီးမှူးဖြစ်သော ဦးမျိုးညွန့်အောင် ရောက်ရှိမလာသေးသောအချိန်အတွင်း ပထမဦးစားပေးရွေးချယ်ခံရသော ရတနာပုံဝဘ်ပေါ်တယ်မှ ဝန်ထမ်းများအား ဗိုလ်ကြီးဦးဇော်လွင်ဦး မှ “မကောင်းရင် ကင်းအောင်နေ၊ မကင်းရင် ကောင်းအောင်နေ လုပ်နိုင်ရင်လုပ် မလုပ်နိုင်ရင်ထွက် တတ်ဖို့် မလိုဘူး၊ နပ်ဖို့လို်တယ်

တော်ဖို့ မလိုဘူး၊ မချော်ဖို့ လို်တယ် ရှိဖို့ မလိုဘူး၊ သိဖို့လိုတယ် ၁ဝ တန်းအောင်ဖို့ မလိုဘူး၊ အလိုက်သိဖို့လိုတယ်”

ဆိုသော ခြိမ်းခြောက်အရိပ်ပြစကားများ ပြောကြားခဲ့ပြီးနောက် ဆိုလာစက်ရုံရှိ လက်ရှိလုပ်ငန်းစဉ်များအား အပိုင်းနှစ်ပိုင်း ရှိကြောင်း ပြောပါသည်။ ထိုနှစ်ပိုင်းမှာ Installation and Production ပိုင်း ဖြစ်ပါသည်။ Installation ပိုင်းမှာ GSM Tour တိုင်များကို solar plate များလိုက်လံတပ်ဆင်ခြင်းဖြစ်ပြီး Production ပိုင်းမှာ ဖုန်း solar circuit များကို ခဲတို့ခြင်းဖြစ်ကြောင်း ပြောကြားပါသည်။ ပြောင်းရွှေ့ခံရသော ရတနာပုံဝဘ်ပေါ်တယ် ဝန်ထမ်းများမှ ယောကျာ်းလေးများကို “မင်းကားမောင်းတတ်သလား” ဟူသော မိမိပညာအရည်အချင်းနှင့် သက်ဆိုင်ခြင်း မရှိသော မေးခွန်းကို မေးခဲ့ပါသည်။ဝဘ်ပေါ်တယ်ရှိ ဝန်ထမ်းများ၏ ပညာအရည်အချင်းမှာ BE(IT) နှင့် B.C.Sc (Hons:) များသာ ဖြစ်ပါသည်။ မနက် ၁ဝ နာရီအချိန်တွင် ရတနာပုံဌာနကြီးမှူး ဦးမျိုးညွှန့်အောင် (ဆိုလာစက်ရုံမှူး) ၏ ရုံးခန်းတွင် တွေ့ဆုံစကားပြောခဲ့ပါသည်။ ထိုသို့ ပြောကြားသော စကားများတွင် သူ၏ အုပ်ချုပ်မှုအာဏာသည် မည်မျှကြီးမားကြောင်းပြောကြားပြီး

“နင်တို့ ကြပ်ကြပ် သတိထား၊ လူပါးမဝနဲ့ င့ါလက်ညိုးကွေးလိုက်ရင် ဘာဖြစ်မလဲသိလား လက်ဝါးနဲ့ မျက်နှာ ဘယ်ဟာပိုကြီးလည်း ဘယ်သူစမ်းချင်လည်း”

ဆိုသော ခြိမ်းခြောက်စကားများ ပြောကြားခဲ့ပါသည်။ ထို့နောက် ဝန်ထမ်းများမှ မိမိတို့ မူရင်းဌာနတွင် ထမ်းဆောင်သော တာဝန်များကို ပြောကြားရာ

“အဲဒါတွေ င့ါကို လာမပြောနဲ့ ငါနားမလည်ဘူး င့ါကို စကားလုံးကြီးကြီးတွေ လာမပြောနဲ့” ဟု ပြောပြီး ဝန်ထမ်းများ၏ ပညာအရည်အချင်းကို မေးပါသည်။ ထိုသို့မေးကြားပြီး

“နင့်ဘွဲ့က ဘယ်နိုင်ငံက ရခဲ့တဲ့ ဘွဲ့မို့လို့လည်း အင်္ဂလန်ကလား အမေရိကန်ကလား ဒီနိုင်ငံက ဒီဘွဲ့စုတ်လောက်နဲ့ င့ါကို ေ-ာက်ဖင်ခေါင်း လာမကျယ်နဲ့

မြန်မာနိုင်ငံက ရတဲ့ဘွဲ့ ဘာလုပ်ရမှာလဲ နင်တို့ ဘယ်လောက်အရည်အချင်းရှိလည်းရှိရင် ဒီရှေ့မှာ ထိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် ပါးရိုက်ကြေးဆွေးနွေးမယ်လို့”

ခြိမ်းခြောက်ပြောဆိုပါသည်။

ထို့နောက် ဝက်ဘ်ပေါ်တယ် ဝန်ထမ်းများမှ မိမိတို့ လုပ်ကိုင်ရမည့် အလုပ်များကို မေးမြန်းရာ
“ငါခိုင်းတာလုပ် ဘာမှ ပြန်မမေးနဲ့” ဆိုပြီး ဟိန်းဟောက်ပြောဆိုပါသည်။

ထို့နောက် စောင့်ဆိုင်းခိုင်းထားသော အခန်းသို့ ပြန်လည်ပို့လွှတ်ပြီး ဗိုလ်ကြီးဦးဇော်လွင်ဦးမှ
“နင်တို့ ခုနက ငါမသွားခင် သေချာမှာပြီး ပြောခဲ့တဲ့စကားလေးခွန်းကို မှတ်မိသေးလား” ဟု ပြန်လည်မေးမြန်းပါသည်။ ထိုစကားလေးခွန်းမှာ

“တတ်ဖို့် မလိုဘူး၊ နပ်ဖို့လို်တယ် တော်ဖို့ မလိုဘူး၊ မချော်ဖို့ လို်တယ် ရှိဖို့ မလိုဘူး၊ သိဖို့လိုတယ် ၁ဝ တန်းအောင်ဖို့ မလိုဘူး၊ အလိုက်သိဖို့လိုတယ်” ဆိုတဲ့ စကားဖြစ်ပါသည်။

ထို့နောက် ရတနာပုံဌာနကြီးမှူး ဦးမျိုးညွန့်အောင် (ဆိုလာစက်ရုံမှူး) နှင့် တွေ့ဆုံချိန်က ဦးမျိုးညွှန့်အောင် မေးမြန်းသော လက်ဝါးနှင့် မျက်နှာ ဘယ်ဟာကြီးလဲဟု မေးမြန်းချက်ကို မျက်နှာကြီးပါသည်ဟု ပြန်လည်ပြန်လည်ဖြေဆိုမှုမှာ မှားယွင်းကြောင်း ပြောဆိုပြီး ဖြေဆိုသင့်သည်မှာ

“ဟုတ်ကဲ့ ဗိုလ်မှူး ဟုတ်ကဲ့ လက်ဝါးကြီးပါတယ်” လို့ ခေါင်းငုံ့ဖြေဆိုသင့်ကြောင်း ပြောပါသည်။ ထို့နောက် ဝန်ထမ်းများမှ မူရင်းဌာနသို့ ပြန်လည်မေးမြန်းမည်ကို ပြောကြားရာတွင်

“မလိုဘူး။ မင်းတို့က အခု ရတနာပုံဝဘ်ပေါ်တယ်နှင့် လုံးဝမသက်ဆိုင်တော့ဘူး မင်းတို့အားလုံး ဆိုလာလက်အောက် ရောက်နေပြီ လူညီရင် ဤ ကျွဲဖတ်ကြပေါ့ စနေနေ့ ရုံးဖွင့်တယ်ရုံးမတက်ရင် မင်းတို့အားလုံး ပျက်ကွက်လုပ်ပစ်မည်” ဟု ပြောပါသည်။

ထို့နောက် ဝန်ထမ်းများမှာ မူရင်းဌာနသို့ ပြန်လည်ရောက်ရှိ သတင်းပို့ပြီးချိန်တွင် ရတနာပုံ ဝဘ်ပေါ်တယ်ဌာနသို့ ရတနာပုံဌာနကြီးမှူး ဦးမျိုးညွန့်အောင် (ဆိုလာစက်ရုံမှူး) ရောက်ရှိလာပြီး ပြောင်းရွှေ့ခံ ဝန်ထမ်းများကို ရုံးရှေ့သို့ ခေါ်ယူပြီး လာမည့် ၂၇.၂.၂၀၁၂ (တနင်္လာနေ့) တွင် ဆိုလာစက်ရုံသို့ အလုပ်ဆင်းရမည်ဖြစ်ကြောင်း အကယ်၍ လာမဆင်းနိုင်သူူများ အလုပ်ထွက်ရမည်ဆိုသော ခြိမ်းခြောက်စကားပြောဆိုပြီး အလုပ်ထွက်ကြောင်း လက်မှတ်ထိုးခိုင်းပါသည်။

ပြောင်းရွှေ့ခံဝန်ထမ်းများမှာ မိမိပညာအရည်အချင်းနှင့် မကိုက်ညီသော အလုပ်ဖြစ်ရသည်ကတစ်ကြောင်း၊ မိမိသဘောဆန္ဒမပါ ကြိုတင်အသိပေးခြင်းမရှိဘဲ အတင်းအဓမ္မ ပြောင်းရွှေ့ခံရခြင်းကတစ်ကြောင်း၊ လူလူချင်း ရိုင်းပြကြမ်းတမ်းစွာ အာဏာသုံး ပြောဆို ဆက်ဆံခံရခြင်းကြောင့်တစ်ကြောင်း ယခုကဲ့သို့ အများပြည်သူ သိစေရန် လေးစားစွာဖြင့် အသိပေးအပ်ပါသည်။

Min Ye Kyaw Swar

ဒေါင်းမန်ဟုန်မှကူးယူဖေါ်ပြပါသည်။

34 comments

  • စိန်ပေါက်ပေါက်

    February 27, 2012 at 5:21 pm

    မနေ ့က အဲတာဖတ်ပြီး တော်ကီ အဆန်းတွေကြားရလို ့ ရီနေရတယ်ဗျား..
    တတ်လဲတတ်နိုင်တဲ့လူကြီး..
    အင်း..
    ဝန်ထမ်းတွေဆက်ဆံပုံတော့ ရှုံ ့ချ မိပါရဲ့
    ဘယ်လိုပြောမလဲ ကပုန်းကျော် ပြောသလို အသက်ကြီးပြီး အချိန်မစီးတဲ ့လူကြီး
    လအု တစ်လုံး မပါတဲ့ လူကြီးပေါ့ဗျာ
    ကပုန်းကျော်ပြောခိုင်းတာနော်..များပြောတာဟုတ်ဘူး

  • chityimhtoo

    February 27, 2012 at 6:25 pm

    သဲလေးရယ်။သစ်ထူးလွင်မှာလည်း ကိုကိုဖတ်ပြီးပါပြီ…..ဒီလိုအာဏာရှင်ဆန်တဲ့လူကြီးဓါတ်ပုံနဲ့တစ်ကွတင်
    သင့်တယ်။မီဒီယာတွေလွတ်လပ်ခွင့်ရလာပြီ ဒင်းတို့အာဏာရူးတွေမကြောက်ဘူးလားမသိဘူး…။

    • Thel Nu Aye

      February 28, 2012 at 2:07 pm

      ကျွန်မကတော့ ဋ္ဌာနဆိုင်ရာအားလုံးနီးပါးမှာရှိနေတဲ့အဲဒီဘာတခုမှ ဘာကိုမှမသိတဲ့ အထက် လူကြီးတွေဆိုတဲ့ ဗိုလ်မှုးတွေ၊ ဗိုလ်ကြီးတွေအားလုံးကို ဖြုတ်ပစ်စေချင်တော့တာပါပဲ။

  • အမလေးဗျာ…ဒီလိုဆက်ဆံခံနေရတာဗျာ။အလုပ်ထွက်ရင်ထွက် ဒါမှမဟုတ်ရင် ဆန္ဒပြသင့်နေပီ။
    _____

    ပထမဦးစားပေးရွေးချယ်ခံရသော ရတနာပုံဝဘ်ပေါ်တယ်မှ ဝန်ထမ်းများအား ဗိုလ်ကြီးဦးဇော်လွင်ဦး မှ
    “မကောင်းရင် ကင်းအောင်နေ၊ မကင်းရင် ကောင်းအောင်နေ လုပ်နိုင်ရင်လုပ် မလုပ်နိုင်ရင်ထွက် တတ်ဖို့်
    မလိုဘူး၊ နပ်ဖို့လို်တယ်တော်ဖို့ မလိုဘူး၊ မချော်ဖို့ လို်တယ် ရှိဖို့ မလိုဘူး၊ သိဖို့လိုတယ် ၁ဝ တန်းအောင်ဖို့
    မလိုဘူး၊ အလိုက်သိဖို့လိုတယ်”
    _____
    ဟုတ်မှာပေါ့ဗျာ။စစ်ခွေးတွေရဲ ့ဦးနှောက်က ဒီထက်ပိုမတွေးတတ်ဘူးလေဗျာ။

    • ဘဘ

      February 27, 2012 at 8:28 pm

      လျှာဝင်ရှည်တယ်ပဲသဘောထားပါနော်။ သူတို့ အလုပ်ထွက် ရအောင် လဲပညာပိုင်း ၊ အတွေ့အကြုံပိုင်းမပြည့်မှီသေးလို့နေမှာပါ။ ဆန္ဒပြရင်လဲ ကို့ပေါင်ကိုလှန်ထောင်းသလိုဖြစ်နေမှာပဲ။ သိတဲ့အတိုင်း အင်တာနက်ဆက်သွယ်ရေးတွေ က မြန်မာပြည်မှာ အရမ်းကောင်းအောင် လုပ်ပေးနေတာလဲ သူတို့ပဲဆိုတော့ ဝဋ်လည်တာလို့ပဲမြင်ပါတယ်။

    • ရှမ်းပြည်သား (တောင်ပိုင်း)

      February 28, 2012 at 9:35 am

      ဘယ်ကလာကိုနာဂရယ် သူ့တစ်မျိုးလုံးပေါင်းဆယ်တန်းတောင်ရောက်ရဲ့လားမသိဘူး
      ဖားတတ်ယားတတ်လို့ သူ့အပြောအတိုင်းဆိုရင် အလိုက်သိတတ်လို့ ဒီနေရာကိုရောက်လာတယ်
      ထင်ပါရဲ့ဗျာ။
      လူကြီးတစ်ယောက်ဖြစ်ပြီး ပညာမဲ့တဲ့စကားကိုလွယ်လွယ်ပြောတတ်တဲ့သူတစ်ဦးထင်ပါရဲ့ဗျာ။

  • ဘဘ

    February 27, 2012 at 8:24 pm

    ဒီလိုလုံးဝမပြောသင့်ဘူးဆိုတာတော့မှန်ပါတယ်။ သို့သော် ရတနာပုံက လူတွေကိုပြောတာဆိုတော့။ အားလုံးလဲသိပါတယ်၊ အင်တာနက်ဆက်သွယ်ရေးစနစ်တွေ နှေးကွေးလေးလံ ၊ပြတ်တောက်နေတာ။
    ဂိတ်ဝေးကျလို့၊ ခရူကိုက်လို့ ကြိုးပြတ်တယ်ဆိုတာ ဘာညာ။ အမှန်က အဲဒီရတနာပုံက ဂိတ်စောင့်ဆိုတဲ့ကောင်တွေမရှိရင် တော်တော်ကောင်းမှာပါ။
    ဘာမှသုံးမရလို့ အကျိုးအကြောင်းမေး ရင် ဖုံးမကိုင်တာမျိုး၊ ချေချေငံငံမပြောတာမျိုး ကို တော်တော်များများ ကြုံဖူးကြမှာပါ။ ခုသူတို့အလှည့် ဝဋ်လည် တာမျိုးမဖြစ်နိုင်ဘူးလား။
    ဆက်သွယ်ရေး ကလူများ ၊အဆိုပါ ရတနာပုံက လူများဟာ ပြည်သူတွေပေးတဲ့ လခ ကိုယူပြီး ပေါက်တတ်ကရလုပ် ပေါက်တတ်ကရပြောနေတာကြာပါပြီ။ တခုခုဖြစ်တယ် အတိုင်အတောခံရလဲ ဂရုမစိုက်ဘူး၊ နိုင်ငံခြားကိုလစ်မယ်၊ ဒီမှာက အတွေ့အကြုံရအောင်လုပ်နေတာဆိုတာလဲ အခုအဆဲခံ ရပါတယ်ဆိုတဲ့ ပူဂို္ဂလ်များရဲ့ ပါးစပ်မှပဲ လာတာပါ။
    ဝဋ်လည်တဲ့သဘောဆိုရင် ခုဆဲဆိုကြိမ်းမောင်းတဲ့ ပုဂို္ဂလ်ကြီးများ လဲ ထို့ထက်ကြီးသော သတ္တဝါများ၏ ဆဲဆိုမန်မဲခြင်းကိုခံရဦးမှာပါပဲ။

  • yuiio

    February 27, 2012 at 9:05 pm

    မြန်မာနိုင်ငံက အင်ယာကို ဘွဲ့ရကို အထင်မကြီးရင် ဘာလို့ ခန့်သလဲ။ နိုင်ငံခြားသားတွေခေါ်ပေါ့။ စိန်ခေါ်ပလိုက်စမ်းပါ။ ….. စာဖတ်ရတာနဲ့တင် မခံနိုင်လွန်းလို့ပါ။ ပြုံးပြုံးလေးထွက်ပလိုက်စမ်းပါ။ ဘယ်လိုပဲဖြစ်နေပါစေ မြန်မာနိုင်ငံက အင်ယာတွေလည်း အတိုင်းအတာတစ်ခုအထိ အသုံးချလို့ရတဲ့ ပညာကို တတ်ထားတဲ့သူတွေပါ။ ဘာမှမတတ်ဘူးဆိုတာ လုံးဝ မဟုတ်ပါ။ ကိုယ့်ပညာနဲ့ကိုယ်ရှာစားတာကို ဘာအတွက် ခေါင်းငုံခံနေရတာလဲဗျာ။ စက်ရုံမှူးဆိုတဲ့သူ ပြောသွားတဲ့စကားလုံးတွေကလည်း အဆင့်အတန်း မရှိတာကို အားလုံး မြင်တာပဲဗျာ။ ဘာအတွက် သည်းခံနေကြမလဲ ။

    • Swal Taw Ywet

      February 27, 2012 at 11:11 pm

      Yes, I totally agreed.
      Please inform to those people from YaDaNa pon Web Portal-
      If they are well educated BE or BCSc, try to RESIGN.
      Don’t care their future. Because their future will be BETTER than now.
      My teacher touch me like that-
      ” Dare to face , Don’t be afraid.
      If you afraid – you will be the slave.”

      With respect,
      Swal Taw Ywet.

    • ဘဘ

      February 28, 2012 at 12:19 am

      အမြင်တမျိုးနဲ့ပြောကြည့်မယ်နော်။ သူတို့တွေက ဘွဲ့ရပညာတတ်တွေ၊ လူလည်တွေ။ ( ကျနော်တို့ အင်တာနက်လေးသုံးတတ်ရင်ကို နဲနဲလည်နေပြီဆိုပါစို့၊ သူတို့က အဲဒီအင်တာနက်ဆိုတာကြီးကို ပဲ အမျိုးမျိုးနှေးကွေးလေးလံအောင် အကြောင်းပြချက်အမျိုးမျိုးနဲ့ လုပ်နိုင်တဲ့ပုဂို္ဂလ်များဆိုတော့ ပိုလည်မှာပေါ့)။
      သူတို့ အလုပ်မထွက် ဆန္ဒမပြဘူးဆိုတာ အကြောင်းတော့ရှိမှာပါ။ အလုပ်စခန့်ထဲက စာချုပ်မှာ ”ဆက်သွယ်ရေးနှင့်ပတ်သတ်သောနေရာမှန်သမျှတာဝန်ပေးရင်လုပ်ရမယ်လို့ ”ရှိရင်ရော။

      ခုဆူပူကြိမ်းမောင်းတယ်ဆိုတာရော ဘာကိစ္စလဲ ???

      ပြည်သူတွေပေးတဲ့လခ ကိုယူ ပြီး သုံးစားမရအောင် ၊ ခရုကိုက်လို့ ကြိုးပြတ်တယ်၊ ဂိတ်ဝေးကျလို့ စတာတွေကို ပေါက်ကရပြောနေတဲ့လူစား တွေ ကို ပြည်သူ တွေကိုယ် စား ဆူပူ အပြစ်ပေးသင့်တာတော့ တော်တော်ကိုကြာနေပါပြီ။

      ဝဋ်လည်တဲ့သဘောဆိုရင် ခုဆဲဆိုကြိမ်းမောင်းတဲ့ ပုဂို္ဂလ်ကြီးများ လဲ ထို့ထက်ကြီးသော သတ္တဝါများ၏ ဆဲဆိုမန်မဲခြင်းကိုခံရဦးမှာပါပဲ။

    • Thel Nu Aye

      February 28, 2012 at 4:35 pm

      တရုတ်တွေကိုအဓိကနေရာတွေမှာခန့်ထားပါတယ်။ သူတို့ကိုကျတော့ဖူးဖူးမှုတ်ထားလိုက် တာ။ မြင်လို့တောင်မကောင်းပါဘူး။

  • windtalker

    February 27, 2012 at 9:39 pm

    “ ရှေ ့က နွားကြီး သွားနေပုံ ” …. ပေါ့နော်

  • ဘဘ

    February 28, 2012 at 12:24 am

    ဒါနဲ့ အဲဒီမူရင်း သတင်း ရေးတဲ့သူနဲ့ သိရင် လဲ ” ဆက်သွယ်ရေး၊ အင်တာနက်၊ ရတနာပုံမှ ဝန်ထမ်းဆိုသူများမှ အများပြည်သူကို နှစ်ကာလကြာမြင့်စွာ လူမဆန်စွာပြုမူဆက်ဆံထားခြင်း” ဆိုပြီးတပုဒ်လောက် ပြည်သူ့ အကျိုးပြုလေးရေးပေးပါလို့။

  • the best

    February 28, 2012 at 1:30 am

    သည်ကိစ္စအမှန်တ ကယ် ဖြစ်တယ် ဆိုရင်…..
    ရတနာပုံဝဘ်ပေါ်တယ်ရှိ BE(IT) နှင့် B.C.Sc (Hons:) ဝန်ထမ်းများ
    ပညာပိုင်း အတွေ့အကြုံပိုင်းမပြည့်မှီသေးတာကို ပြည့်မှီ အောင်
    လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားအောင် လုပ်ပေးရမှာ
    ရတနာပုံဌာနကြီးမှူး ဦးမျိုးညွှန့်အောင် (ဆိုလာစက်ရုံမှူး) နှင့်
    ဗိုလ်ကြီးဦးဇော်လွင်ဦးမှာ တာဝန်ရှိပါတယ်။

    “နင့်ဘွဲ့က ဘယ်နိုင်ငံက ရခဲ့တဲ့ ဘွဲ့မို့လို့လည်း အင်္ဂလန်ကလား အမေရိကန်ကလား
    ဒီနိုင်ငံက ဒီဘွဲ့စုတ်လောက်နဲ့ င့ါကို ေ-က်ဖင်ခေါင်း လာမကျယ်နဲ့
    မြန်မာနိုင်ငံက ရတဲ့ဘွဲ့ ဘာလုပ်ရမှာလဲ နင်တို့ ဘယ်လောက်အရည်အချင်းရှိလည်းရှိရင်
    ဒီရှေ့မှာ ထိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် ပါးရိုက်ကြေးဆွေးနွေးမယ်လို့” မပြောသင့်ပါ။

    IT ပညာရှင်တွေမှာ “လူညီရင် ဤ ကျွဲဖတ်ကြပေါ့ “လုပ် လို့ မရပါဘူး။
    ဤ သည် ဤ… ကျွဲ သည် ကျွဲ ပါ ။

    ရတနာပုံဌာနကြီးမှူး ဦးမျိုးညွှန့်အောင် (ဆိုလာစက်ရုံမှူး) နှင့် ဗိုလ်ကြီးဦးဇော်လွင်ဦးမှာ
    သည်လို မိမိပညာနှင့် အဆင့်အတန်း ကိုယ့်ဂုဏ်၊ ကိုယ့်သိက္ခာ မရှိတာ ကြောင့်
    ရတနာပုံ Web Portalပညာရှင်များ ့ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့်
    အရည်အချင်းများ မလုံလောက် တာ ပါ ။
    အမှန်အတိုင်းပြောရရင် မြန်မာနိုင်ငံ အနေဖြင့် နစ်နာ ပါတယ်။

    အမှန်တကယ် လူလူချင်း ရိုင်းပြကြမ်းတမ်းစွာ အာဏာသုံး ပြောဆို ဆက်ဆံခံရပါတယ် ဆိုရင်
    မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း နှင့်
    မြန်မာနိုင်ငံ ကွန်ပျူတာ ပညာ ရှင် အသင်းကို ဆက်သွယ်တင်ပြ သင့်ပါတယ်။

  • the best

    February 28, 2012 at 1:58 am

    ဗိုလ်ကြီးဦးဇော်လွင်ဦး မှ ရတနာပုံ Web Portal ပညာရှင်များကို

    “၁ဝ တန်းအောင်ဖို့ မလိုဘူး၊ အလိုက်သိဖို့လိုတယ်” ်လို့ ပြောတာ

    ရတနာပုံ တယ်လီပို့ ကုမ္ပဏီ ဘယ်လောက်အရည်အချင်းရှိလည်း ပြတာလား…..

    • koaung

      February 28, 2012 at 2:43 am

      ရေအိုင်ထဲကဖားသူငယ်လေးကဖားစကား ကိုဖားဦးဏောက်နဲ့ပြောတာဖြစ်မှာပါဗျာ :mrgreen:

  • Foreign Resident

    February 28, 2012 at 3:52 am

    ” နင်တို့ ဘယ်လောက်အရည်အချင်းရှိလည်း
    ရှိရင် ဒီရှေ့မှာ ထိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် ပါးရိုက်ကြေးဆွေးနွေးမယ် ”

    Challenge ခေါ်တာပဲ ၊
    Challenge ခေါ်ရဲတဲ့ အရည်အချင်းလည်း ရှိပုံရတယ် ။
    ခေါင်းဆောင် တစ်ယောက် အနေနှင့်ဆိုရင်
    အပြောအဆိုကတော့ ကြမ်းတယ် လို့ ပြောရမယ် ။
    ဒီလို အလယ်အလတ် အဆင့် ခေါင်းဆောင်တွေမှာ
    ဖြစ်တတ်တဲ့ သဘော ရှိပါတယ် ။

    ကိုယ့်မှာ အရည်အချင်း ရှိတယ် ထင်ရင် ထွက်ကြပေါ့ ။
    ကိုယ့်မှာ အရည်အချင်း မရှိဘူး ထင်ရင် ဆက်ခံနေကြပေါ့ ။

    ” လုပ်နိုင်ရင်လုပ် ၊ မလုပ်နိုင်ရင်ထွက် ”
    သိပ်မှန်တဲ့စကားပါ ။

    • kai

      February 28, 2012 at 10:44 am

      ကျုပ်တော့.. အလုပ်တော်တော်များများ.( တော်တော်ကိုများများ.). စုံစုံလုပ်ဖူးတယ်..။
      တတ်တယ်ထင်တဲ့.. ဘော့စ်တချို့က.. အောက်ကလူတွေထိန်းမရရင်.. အဲလိုစိန်ခေါ်တာပဲ..။

      ဒီအဖြစ်.. ဒီစကားသာအမှန်ဆို… ပုံမှန်ပဲလို့ထင်မိပါတယ်..။ 🙂

      • Thel Nu Aye

        February 28, 2012 at 1:48 pm

        မဟုတ်ဘူးသဂျီးရဲ့။ ယနေ့ခေတ်ဒီနိုင်ငံမှာဖြစ်နေတာက အထက်လူကြီးအားလုံးက ဗိုလ်မှုးတွေ များတယ်။ ဋ္ဌာနတိုင်းမှာ။ အထူးသဖြင့်ဒီလိုထိန်းချုပ်ရတဲ့နေရာ။ အောက်ဆိုဒ်ကောင်း တဲ့နေရာ ဆိုသူတို့ချည်းပဲ။သူတို့ရဲ့အရည်အချင်းက တိုက်မယ်ခိုက်မယ်ပဲ။ အထက်ဖေားအောက်ဖိပါပဲ။ ဒီပညာရပ်ဆိုင်ရာတွေကိုသူတို့နားလုံးဝမလည်ပါဘူး။ ဒါပေမဲ့သူတို့ကအထက်လူကြီးဆိုတော့ ထင်တာမြင်တာကိုစစ်တပ်အုပ်ချုပ်သလိုတသွေးတသံတမိန့်နဲ့အုပ်ချုပ်လေ့ရှိပါတယ်။ ပြန်ပြောလို့ လဲမရပါဘူး။ သူတို့ပြောတာကိုလဲငြင်းဆန်လို့မရပါဘူး။ မှားနေမှန်းသိပေမဲ့လိုက်လုပ်ရ တာတွေ တခုနှစ်ခုမကတော့ပါဘူး။ နှစ်ပေါင်းမနဲတော့ဘူးဖြစ်နေတာပါ။ ကျွန်မအသိ တယောက်ဆို ရင် နိုင်ငံခြားကနေ Phd ရခဲ့တာပါ။ သူ့အထက်အရာရှိက စစ်တပ်ကပါ။ လုပ်ငန်းကိုဘာတခုမှ နားမလည်ပါဘူး။ လုံးလုံးနားမလည်တာပါ။ အစည်းဝေးမှာလုပ်ငန်းဆိုင် ရာဆွေးနွေးတော့မယ် ဆိုရင်ကျွန်မမိတ်ဆွေကိုစာတမ်းရေးခိုင်းပါတယ်။ သူကဖတ်ပြပါတယ်။ ရှင်းစရာရှိရင် ကျွန်တော့တပည့်ရှင်းပါလိမ့်မယ် ဆိုပြီးရှင်းခိုင်းပါတယ်။ ဆဲစရာရှိရင်လဲနှစ်ပြား မတန်အောင်ဆဲပါတယ်။ နိုင်ငံခြားက ဘွဲ့ကိုလဲအသိအမှတ်မပြုပါဘူး။ မှားနေ တယ်ထောက် ပြလို့ကတော့သေဖို့ပြင်ထားတော့။ အခုတင်ထားတဲ့ပိုစ့်ထဲကလိုပါပဲ။ အခွင့် အရေးယူစရာ၊ နိုင်ငံခြားသွားစရာ၊ သူ့နာမည်ရမယ်ကိတ်စတွေအားလုံးသူပဲယူပါတယ်။ လိုအပ် တာကိုပညာရှင်တွေကိုနောက်ကွယ်ကနေပံ့ပိုးခိုင်းပါတယ်။ အလုပ်ထွက်ခွင့် လုံးဝမပေးပါဘူး။ စစ်ဗိုလ်လူထွက်အုပ်ချုပ်တဲ့ဋ္ဌာနတိုင်းရဲ့ယနေ့ခေတ်ပြသနာတွေအားလုံးအတူတူပါပဲ။

        • kai

          February 28, 2012 at 4:40 pm

          စစ်သားတွေ.. အိုင်တီလောကထဲ.. စစ်စရိုက်နဲ့.. ဝင်ခြေရှုပ်နေတာဆိုရင်တော့..ပြောခဲ့တဲ့စကား… ပြန်ရုတ်သိမ်းတယ်..။

          စစ်သားတွေ.. အရပ်ဖက်ထဲဝင်ပါတာဟာ…. တိုင်းပြည်ကို.. ချောက်ထဲ.. ရောက်စေခဲ့တဲ့.. အဓိကအချက်တခုပဲ..။

          အောင်မလေး..
          မှားပါတယ်..။ 😕

    • Thel Nu Aye

      February 28, 2012 at 2:19 pm

      မလုပ်နိုင်ရင်ထွက်လို့မရလို့ခက်နေတာပေါ့အဘရယ်။ အရှင်ထွက်မရဘူး။ အသေထွက်ပဲရတယ်။ မိသားစုရှိတယ်။ စားဝတ်နေရေးရှိတယ်။ ထွက်ပြီးရင်သွားစရာမြေမရှိတော့လဲခေါင်းငုံခံနေရတော့ တာပါပဲ။ ဒီနေ့ဒီနိုင်ငံရဲ့စစ်တပ်ဦးဆောင်သောဋ္ဌာနတိုင်းရဲ့တူညီသောပြသနာပါ။ ပညာရှင်တွေ လဲတကယ်ရှိပါတယ်။ ပညာရှင်တွေကိုအဲဒီစစ်ဗိုလ်ဆိုတဲ့လူကအသေနှိပ်ကွတ်ထားတာ။ ဘာမှမသိပဲလူကြီးတက်ဖြစ်လာ။ ထင်ရာမြင်ရာခိုင်း။ ပဲစိုက်တဲ့မြေကိုသူ့ပထွေးသကြားစက်ရှိ လို့ တောင်သူတွေကိုကြံပြောင်းစိုက်ခိုင်း။ တောင်သူတွေရှုံးလိုက်တာခွက်ခွက်လန်။ ဒါပေမဲ့ပြော ရဲတဲ့လူမရှိ။ ဒီလိုချီတက်လာကြတာနှစ်မနဲတော့ပါဘူး။ လူသူသိပ်မသိတဲ့ဖြစ်ရပ်တွေပေါ့။

  • chityimhtoo

    February 28, 2012 at 8:27 am

    ” နင်တို့ ဘယ်လောက်အရည်အချင်းရှိလည်း
    ရှိရင် ဒီရှေ့မှာ ထိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် ပါးရိုက်ကြေးဆွေးနွေးမယ် ” ဆိုတာသူတစ်ကယ်အရည်
    အချင်းရှိလို့ လား သူ့အာဏာကိုပြပြီးအာဏာရူးတာလား။မြန်မာနိုင်ငံမှာအထက်လူကြီးက စိန်ခေါ်တိုင်း
    ဘယ်ဝန်ထမ်းမှပြန်ပြီးစိန်မခေါ်ရဲကျတာများပါတယ်။သူများနိုင်ငံတွေလို ဦးနှောက်တွေက
    စိတ်ဓါတ်မြင့်တာမဟုတ်ပါဘူး။အဲ့လိုသာပြန်လုပ်ကြည့်ပါလား အဲ့ဒီ့ဝန်ထမ်း ကောင်းကောင်းဖိနှိပ်ခံရမယ်။
    ကောင်းကောင်းပညာပေးခံရမယ်။ကောင်းတယ်သူတို့လိုအာဏာရူးမျိုးကို လူချင်းမတုံ့ပြန်ဘဲ မီဒီယာနဲ့
    သာတုံ့ပြန်တာကောင်းတယ်။စာတင်ရင် အဲ့ဒီစာကအမှူန့်ဖြစ်အရည်ပျော်သွားမယ်။မီဒီယာဆိုတစ်ကမ္ဘာလုံး
    သိတယ်….

  • ရှမ်းပြည်သား (တောင်ပိုင်း)

    February 28, 2012 at 9:40 am

    ပါးနဲ့လက်ဝါးဘယ်ဟာပိုကြီးသနည်း?
    အဖြေ= လက်ဝါးပိုကြီးပါသည် အဘယ်ကြောင့်ဆိုသော် လဘ်ပေးလဘ်ယူများပြီး လက်ရောင်လိုက်သွားခြင်း
    ကြောင့်ဖြစ်ပါသည်။
    လက်ညိုးကွေးရင်ဘာဖြစ်မည်နည်း?
    အဖြေ= ကျွန်တော့်အထင်တော့နူသွားလို့နေမှာပါ။

  • Ko Ko Aung

    February 28, 2012 at 9:57 am

    အပေါ်က Foreign Resident ကို အနီလေးနဲ့ ဩဘာပေးထားတာတွေ့လို့ အံ့ဩမိပါတယ်။
    သူဒီလောက် လက်တွေ့ကျတဲ့စကားကိုပြောတာ ကျွန်တော်ထောက်ခံပါတယ်။

    “ကိုယ့်မှာ အရည်အချင်း ရှိတယ် ထင်ရင် ထွက်ကြပေါ့ ။
    ကိုယ့်မှာ အရည်အချင်း မရှိဘူး ထင်ရင် ဆက်ခံနေကြပေါ့ ။”

    အစကတည်းက အဲဒီလိုနေရာမျိုးမှာလုပ်ရင် အဲဒါမျိုးကိုလဲ မျှော်လင့်ထားသင့်ပါတယ်။

    • chityimhtoo

      February 28, 2012 at 11:08 am

      ကိုယ့်ရဲ့ကိုယ်ပိုင်ဉာဏ်နဲ့ သာကွန်မန့်ပေးစေချင်ပါသည်…သံယောင်မလိုက်စေချင်ပါ။
      ” လုပ်နိုင်ရင်လုပ် ၊ မလုပ်နိုင်ရင်ထွက် ” ဆိုတာမြန်မာပြည်မှာ အလုပ်တစ်ခုကိုလွယ်လွယ်
      နဲ့ ထွက်လွယ်လွယ်နဲ့ ဝင်ဘို့ ဆိုတာခင်ဗျားတို့လိုချမ်းသာတဲ့ လူတွေမဟုတ်ဘူး ပြောသလောက်လွယ်သလား။မိသားစုစားဝတ်နေရေးရှိသေးတယ်။
      လူကြီးဆိုရင် လူကြီးပီပီ Challenge လုပ်ရတယ်။အာဏာရှင် ပုံစံနဲ့ ဆိုရင်တော့
      ဝန်ထမ်းတွေလည်း ဘယ်ခံနိုင်မလည်း။

  • tet lynn

    February 28, 2012 at 10:16 am

    ကိုယ်လျှောက်တဲ့နေရာမှာမဟုတ်ပဲနဲ့
    မတရားပြောင်းခိုင်းတာကတော့ ဒီခေတ်မှာ မဖြစ်သင့်တာပဲလေ
    ကိုယ်ကစားပွဲနောက်ထိုင်နေတယ်ဆိုပြီး
    မတ်တပ်ရပ်နေသူတွေကို အနိုင်ကျင့်လို့ရမလား
    ဒါဆိုသူ့ကိုလဲ စားပွဲပြောင်းပေးမယ်
    မြို့မဈေးကြီးက
    အများသုံးအိမ်သာက ပိုက်ဆံကောက်တဲ့စားပွဲဆိုရင်ကော
    သူလုပ်မလားလို့
    ငါသာသူ့ထက်ကြီးရင်
    အဲလိုမေးလိုက်ချင်တယ်
    မတရားခံမနေကြနဲ့
    ကြောက်ရမယ့်ခေတ်မဟုတ်တော့ဘူးလေ

  • etone

    February 28, 2012 at 11:55 am

    အဲ့ဒီအကြောင်း .. အီးမေလ်းတွေထဲ ပလူပျံနေကတည်းက အံ့ဩတာ …
    (ဟုတ်တာမဟုတ်တာ အပထား .. မြင်ရ၊ဖတ်ရတဲ့ သတင်းပေါ်မူတည်ပြီး .. နည်းနည်း ဆွေးနွေးပါဦးမယ် .. )

    ဘယ်နှယ့် အမှောင်ထဲက လက်သီးပြနေသလို .. လုပ်နေရသလဲနော် …. ။ သူလည်း အပြောခံရ ၊ ကိုယ်လည်း အပြောခံရတာချင်း အတူတူ … ဘာလို့များ ဒီနေရာမှာ သည်းခံနိုင်စွမ်း ပြိုင်နေရသလဲမပြောတတ်တော့ပါဘူး … ။ ရေငုံနှုတ်ပိတ်နေခဲ့ပြီးမှ .. တိုင်စာလိုလို ပစ်စာလိုလိုတွေ ပလူပျံအောင်ထွက်လာလို့ ….. လူသိတာကလွဲလျှင် … ဘာများထူးခြားသွားမှာမို့လို့လဲ .. သူတို့လည်း နဂိုအလုပ်ခွင်ပြန်ဝင်ရမှာမှ မဟုတ်တာ … ။

    သူများဆီမှာ အလုပ်လုပ်တာ ….မိမိရဲ့ လွတ်လပ်စွာပြောဆိုခွင့်ရော ၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုပါ ရောင်းစားတာမဟုတ်လို့ …. အလုပ်ရှင်နဲ့ အလုပ်သမား ညှိနှိုင်းခွင့်ရှိပါတယ် … ။ မိမိရဲ့ ဆားဗစ်ကို အချိန်အကန့်သတ်နဲ့ လဲလှယ်ဝယ်ယူတာမျိုးဖြစ်လို့ …. ကိုယ်ပိုင်အတွေးခေါ်ရော ပြောဆိုခွင့်ကိုပါ .. ချိုးနှိမ်ထားလို့မရပါဘူး … အလုပ်ကိုင်ရွှေးချယ်ခွင့်ဆိုတာကလည်း … အလုပ်လုပ်သူပေါ်မှာ မူတည်တယ်လို့ ကျွန်မလက်ခံထားတယ် … ။ ကိုယ်မကြိုက်တာကို … ရဲရဲဝံ ့ဝံ့မပြောရဲ ၊ မလုပ်ရဲတာဟာ … စီးပွားရေး အခြေနေကြောင့်လည်း ဖြစ်နိုင်သလို ၊ ပင်ကိုယ်စိတ်ဓါတ်ပျော့ညံ့တာကြောင့်လည်း ဖြစ်နိုင်တယ် … ။
    မတရားတာ၊ရိုင်းတာကို … ကြိတ်ခံခဲ့ပြီးမှ …. ဒီလိုစာမျိုးထွက်လာတာမြင်ရတော့ .. ပိုလို့တောင် ကရုဏာဒေါသထွက်မိပါသေးတယ် …. ။ ခဏတာတောင် ဒီလောက်ဖြစ်နေလျှင် .. နောက်ပိုင်း တစ်သက်လုံး ဒီလို အနေထားမျိုးနေသွားနိုင်ပါ့မလားဆိုတာ မိမိတို့စိတ်ကို မိမိတို့ ပြန်စမ်းစစ်သင့်ပါတယ် … ။

    နောက်ဆုံးအနေနဲ့ ပြောရလျှင် .. အလုပ်ရှင်တိုင်း သဘောထားကြီးတတ်ကြတဲ့သူမဟုတ်သလို … ယဉ်ကျေးလှတဲ့ လူတွေချည်း .. အလုပ်ရှင် တတ်လုပ်နေတာမဟုတ်တာတော့ … သဘောပေါက်ထားစေချင်ပါတယ် … ။ မိမိတို့ စိတ်ခံစားချက်အရ ၊ အလုပ်ဆက်လုပ် ၊ မလုပ်နိုင်ဆိုတာကတော့ … မိမိကိုယ်တိုင် ဆုံးဖြတ်သင့်တာမျိုးပါပဲ … ။လူတိုင်းမှာသာ … အဲ့ဒီလို အတွေးမျိုးရှိလျှင် …. အလုပ်ရှင်တစ်ဦးတည်းရှိရုံနဲ့ လုပ်ငန်း လည်ပတ်လို့ မရတာ … ကောင်းကောင်းသဘောပေါက် ၊ သတိရလာကြမယ်လို့ .. .မြင်မိပါတယ် …………. 🙄

    • tet lynn

      February 28, 2012 at 1:51 pm

      ပြန်ပြောချင်ပေမယ့်ပြောခွင့်မရှိသူတွေအတွက်ကော
      အပြင်company လားဆိုတော့လည်း ဟုတ်သလိုလို
      ဝန်ကြီးဌာနလားဆိုတော့လည်း ဟုတ်သလိုလိုနဲ့
      စုပေါင်းစပ်ပေါင်းအလုပ်နေရာတစ်ခုမှာ
      ဘာ right ဘယ်လို right တွေနဲ့များ
      ပြန်ပြောခွင့်ရှိမလဲ
      လုပ်ချင်လုပ်
      မလုပ်ချင်ထွက်ဆိုတာမျိုးပြောလာတဲ့အထက်လူကြီး
      ငါ တကော ကောပြီး
      မင်းတို့ထက်ငါကြီးတယ် ငါလုပ်ချင်တာလုပ်မယ်ဆိုတာမျိုးကတော့
      ဘယ်လိုလက်အောက်ငယ်သားကမှကြည်ဖြူမှာမဟုတ်ဘူးလေ
      နောက်ပြီးတော့
      ထင်ရာစိုင်းနေတာကို ဘယ်သူကပြန်ပြောဝံ့မှာလည်း
      ဖြစ်စဉ်က အောက်ခြေသာသာဝန်ထမ်းတွေကို
      နိုင့်ထက်စီးနင်း နှာခေါင်းမီးတောက်ပီးတော့
      ရွှေ့ပြောင်းရေးကိစ္စလေ

      နောက်ပြီးတော့ ဒီနေရာမှာလုပ်ဖို့ရည်ရွယ်လျှောက်ထားခဲ့ကြတာကို
      ဘာကြောင့်အခြားတစ်နေရာကိုရွှေ့ပြောင်းဖို့
      ကာယကံရှင်သဘောဆန္ဒမပါဘဲနဲ့
      စိတ်ကူးမိသလဲဆိုတာ………

      ကာယကံရှင်တွေနဲ့လည်း မလုပ်နိုင်ထွက်ဆိုတာကို
      ငြိမ်ခံမနေပဲနဲ့
      နားလည်သူတွေနဲ့တိုင်ပင်ပါ
      ဒီကိစ္စက နစ်နာကြေးတောင်းခွင့်ရှိပါတယ်
      မိမိသဘောဆန္ဒအရ ထွက်ခွင့်တင်ခြင်းမဟုတ်ပဲနဲ့
      အတင်းအကြပ်ဖိအားပေးခံရတဲ့သဘောမျိုး
      သက်ရောက်ပါတယ်
      မိမိတို့ အခွင့်အရေးကို အပြည့်အဝအသုံးချနိုင်ကြပါစေ

      နောက်ပြီး ထိုကုမ္ပဏီသည်
      ဝန်ထမ်းများကို ဖယ်ရီပင်စီစဉ်မပေးနိုင်ပဲ
      လူကြီးကားကပ်စီးကာ
      လူကြီးမရှိလျှင် ထိုကားမစီးရဟူသတဲ့………………..
      😛

    • Thel Nu Aye

      February 28, 2012 at 1:56 pm

      မရဘူးညီမလေးရဲ့။ အပြင်အလုပ်နဲ့အစိုးရဝန်ထမ်းအရမ်းကွာတယ်။ အမအပေါ်မှာပြော သလိုပဲ ပြန်ပြောခွင့်၊ ထွက်ခွာခွင့်လုံးဝမရှိပဲ လည်စင်းခံနေရတာ။ ဒီလိုဋ္ဌာနတွေအများကြီးပဲ။ အမပါတ်ဝန်းကျင်မှာလဲကြားနေရတာ။ မခံချင်စရာချည်းပဲ။ ဒီလိုမှမရေးရင်သူ့တို့ဒုတ်ခ ကိုလူမသိကြဘူးညီမလေးရဲ့။ ကုမ်မဏီဝန်ထမ်းက မကျေနပ်ရင်သူသေကိုယ်သေဖိုက်ပြီးထွက် လာ နောက်အလုပ်ရှာရတယ်။ အစိုးရဝန်ထမ်းက ပြန်ပြောပြီးထွက်ကြည့်ပါလား။ တသက်လုံး ဘယ် မှာမှလုပ်စားလို့မရတော့ ဘူးဖြစ်သွားမယ်။ နိုင်ငံခြားလဲထွက်လို့မရတော့ဘူး။ black list သွင်းလိုက်တာ။ ကိုယ်များဦးလို့ထွက်သွားအုံးပြန်ဝင်လို့မရတော့ဘူး။ အမအမျိုးထဲမှာကိုရှိ တာ။ လေဆိပ်မှာအကြောင်းကြားထားတာ။ အမပါတ်ဝန်းကျင်မှာအမြဲမြင်နေကြားနေရတယ်။

      • etone

        February 28, 2012 at 2:46 pm

        အစ်မရေ … စိတ်မကောင်းစရာပါပဲလား …. ။ ကိုယ့်လုပ်အားကိုပဲ …. ငွေကြေးနဲ ့ကျွမ်းကျင်မှုအတွက် …အချိန်ပိုင်းခြားအရအသုံးပြုတာ …ကိုယ့်ကိုယ်ကို အဖိနှိပ်ခံ ၊ အနှိမ်ခံဖို့မှ မဟုတ်ပဲ …. ။
        ဟုတ်ပါတယ် အစိုးရအလုပ်အတော်များများမှာ … ဒီလိုပြသနာတွေ ရှိခဲ့ပါတယ် … အဒေါ်တစ်ယောက်ဆို အထက်လူကြီးဖိဟောက်လို့ …. ဒုညွှန်ဖြစ်နေသည့်တိုင် အိမ်ပြန်ပြီး ငိုငိုလာတာ … နားမခံသာတဲ့အဆုံး သူ့အမေဖြစ်သူ(ဌာနဆိုင်ရာတစ်ခုမှာ .. လူကြီးတစ်ယောက်ပါပဲ ) ဒေါနဲ့မောနဲ့ ရုံးလိုက်သွားပြီး လူကြီးကိုသွားတွေ့တယ် … နောက်နေ့တော့ .. အိုကေမှာ စိုပြေသွားပါသတဲ့ … ။

        အမေဖြစ်သူ သွားကောလိုက်တယ် မှတ်တယ် … ရေခဲသေတ္တာ တစ်လုံး လက်ဆောင်ဝယ်ပေးလိုက်လို့ပါတဲ့ … အဲ့လို .. အဲ့လို … 😆

        အစ်မရေ ..ညီမကတော့ .. မဟုတ်မခံစိတ်ရှိလို့လားမသိဘူး …. သူများကိုလည်း မကောင်းတာမကြံဘူး .. ကိုယ့်အပေါ် လာတင်တင်စီးစီးလည်း မကြိုက်ဘူး …. အလကားသက်သက် .. ချိုးချိုးပဲ့ပဲ့လည်း အပြောမခံဘူး …. သည်းခံလို့မရလျှင် …လက်မြန်ခြေမြန်နဲ့ ပေါက်ကွဲမိမှာပဲ …. ။

        ဒီကိစ္စမှာ ကျွတ်တဲ့ လူတွေလည်းပါနေပါတယ် …. ။ တကယ်သာ လူညီလျှင်………….. !!!!!

        • Thel Nu Aye

          February 28, 2012 at 4:32 pm

          လူညီဖို့ဆိုတာထက်စနစ်မှန်ဖို့နဲ့ လူနဲ့နေရာမှန်ဖို့ကပိုအရေးကြီးပါတယ်။ စစ်တပ်ဆိုတာ အုပ်ချုပ်ရေးပိုင်းထက်ကာကွယ်ရေးပိုင်းယူရမှာကိုအုပ်ချုပ်ရေးပိုင်းမှာနားမလည်ပါးမလည်ဝင်
          ရှုပ်နေကြတာတော်တော်ဂွကျပါတယ်။ စစ်တပ်ကစစ်တပ်နေရာပြန်၊ ပညာတတ်တွေကလဲ သူ့ကျွမ်း ကျင်ရာနယ်ပယ်မှာနေရာရ ဆိုရင် Brain Drain ဆိုတဲ့ဦးနှောက်ယိုစီးမှု့လဲမရှိတော့ရင် တိုင်းပြည်ဟာနေ့ ချင်းညချင်းတိုးတက်လာနိုင်ပါတယ်။ ဒါ့ကြောင့်လဲဒီလိုဖြစ်ရပ်တွေများများ မီဒီယာကနေမီးမောင်းထိုးပြသင့်တယ်လို့ထင်ပါတယ်။

  • လင်းဝေ

    February 28, 2012 at 2:05 pm

    အဲသလို ခွေးတွေ နေရာတိုင်းမှာရှိတယ်။ သူတို့မှာ အငုံ့စိတ်အကြီးကြီးရှိတယ်။
    နေရာရရင်ယူထားမယ် ဖြဲမယ် ဆဲမယ် ဟောက်မယ် ရမ်းမယ် စွတ်လုပ်မယ် ဖြစ်ရင်ခံမယ် ရရင်စားမယ်။
    ကြောက်တဲ့သူတွေကလည်း ကြောက်နေကြတာကိုး။ ဘာဖြစ်လို့ကြောက်ရပါတယ် ဆင်ခြေမပေးကြနဲ့။
    အဲဒီခွေးတွေနဲ့ တိုင်းပြည်မှာ ဆက်သာလုပ်၊ မူဝါဒတွေ စီမံကိန်းတွေ အကောင်အထည်ဖော်တာ အောင်မြင်မလား မအောင်မြင်မလား ပါးရိုက်ကြေးလောင်းမယ်။
    (ခြေထောက်နဲ့ ကန်မှာနော်၊ ခွေးတွေပါးစောင်ကို ခြေထောက်နဲ့ဖြတ်ကန်မှာ)

    • etone

      February 28, 2012 at 2:55 pm

      ဒီနေ့တစ်နေ့လုံး …… ကွန်တင်နာ ကိစ္စ ဂျီအမ်ဖြစ်သူနဲ့ ငြင်းခုန်နေရလို့ လူမော စိတ်မော … လေးလံ ထုံထိုင်းနေတာ … ဦးလေး ကော့မန့် ဖတ်မိတော့မှ ရယ်မိတော့တယ် … ။ (ရယ်စရာတော့မဟုတ်ပေမယ့် ) မျက်စိထဲ ဦးလေး ခွေးကို ဖြတ်ကန်တဲ့ ပုံပန်း သဏ္ဍန်နဲ့ … ခွေးက ထွက်ပြေးသွားသလား .. ပြန်လှည့်ကိုက်သလား … ဆိုတာ ပုံဖော်ပြီး ရယ်မိသွားတယ် ဟိဟိ 😛 😛

  • tet lynn

    February 28, 2012 at 7:55 pm

    admin ရေ
    ကျွန်တော့်ရဲ့
    ဒုတိယ comment လေးကို ဖျက်ပေးပါလို့
    ဟီးးးးးးးးးးးးး

Leave a Reply