ငါလည်းမရှိတော့ဘူး….

Ko out of...February 27, 20121min1167

အသက် (၈၀) ရှိဗေဒင်ဆရာတစ်ဦးထံသို့ အမျိုးသမီတဦး ရောက်ရှိလာပြီး ဗေဒင်မေးလေ၏ . . .

ဗေဒင်မေးသူ ။ ကျွန်မအခက်အခဲပေါင်းစုံနဲ့ရင်ဆိုင်နေရပါတယ်။

ဗေဒင်ဆရာ ။ မစိုးရိမ်ပါနဲ့

ဗေဒင်မေးသူ ။ ကျွန်မအကြွေးဆပ်ဖို့ငွေတွေ အများကြီးလိုနေပါတယ်ဆရာ။

ဗေဒင်ဆရာ ။ ဒါလဲမစိုးရိမ်ပါနဲ့ နောက် (၁၀) နှစ်ကြာရင် ခင်ဗျာမြန်မာပြည်မှာ အချမ်းသာဆုံး သူဋ္ဌေးဖြစ်မှာသေချာတယ်။

ဗေဒင်လာမေးသူ ပြန်သွားသောအခါ တပည့်ဖြစ်သူက . . .

တပည့် ။ ဆရာပြောတဲ့ အတိုင်း (၁၀) နှစ်အတွင်းမှာ အဲဒီအမျိုးသမီးတကယ် သူဋ္ဌေးဖြစ်မှာလား။

ဗေဒင်ဆရာ ။ အဲဒီအချိန်ဆိုရင် ငါလည်းမရှိတော့ပါဘူး။

တပည့် ။ ဗျာ . . .

ကနေ့ကျွန်တော်တို့လည်း ဗေဒင်မေးသူလိုဘဲ… ဘာသာတရားတွေဟာလည်း ကျွန်တော်တို့ကိုသေပြီး ဖြစ် မဖြစ်ဆိုတဲ့ မျှော်လင့်ချက် အမျိုးမျိုးတွေပေးပြီး ဟောပြောနေတာလည်း.. အဲဒီ အချိန်ကျရင် ငါလည်း မရှိတော့ဘူးဆိုပြီး… လောကအတွက် အကျိုးမရှိတဲ့ အရှုပ်ထုတ်တွေများ ထားခဲ့လေသလား လို့တွေးရင်း….

7 comments

  • kyeemite

    February 28, 2012 at 10:15 am

    အင်း..စဉ်းစားစရာလေးပါဘဲ…အားပေးသွားပါတယ်.

  • uzin

    February 28, 2012 at 1:47 pm

    သူလဲမသိ၊ ငါလဲမသိ၊ သူငါမသိတဲ့ကိစ္စ၊ အရှုပ်ဖွလို့ကြေညာ၊ တကယ်မဟုတ်တာတွေက အသေအချာ၊ ဓမ္မဂုဏ်ရည် ခြောက်ချက်နှင့် မညီညာ၊ ဒုတ်ထောက်လို့ဟော၊ ခွက်မှောက်လို့ပြော၊ ၂၁ရာစုမှာ ခေတ်မီလာ။ ပရိုချက်တာကို အသုံးပြု၊ စွဲဆောင်မှု အပိုအမို၊ ပေးလှူရတာ ဆယ်ချီ၊ ပင့်ဆောင်ရတာ တဝီဝီ၊ ရောက်ရှိလာတာ အချိန်မမှီ၊ ဟောကြားသွားတာ နဝေတိမ်ဆီ။ ခေါ်လိုက်ရတဲ့ သာဓု။ အနက်အဓိပ္ပါယ် ဘာမသိ။ သတည်း ပြီးလို့ လိုက်ခါခေါ်။

    အော်….. နသာဓု၊ နသာဓု၊ နသာဓု ပါတကား။

    ရင်ထဲရှိသမျှ ထုတ်ဖော်ဖွင့်ဟရေးသားလိုက်သည်။
    ယနေ့သာသနာသည် ဈေးကွက်သာသနာလော။ သာသနာ ဈေးကွက်လော။

  • ba gyi

    February 28, 2012 at 2:56 pm

    ဗေဒင်မရုံရင်နေ၊မွေးတဲ့ရက်၊ခုနှစ်၊မွေးတဲ့နေရာ၊မွေးစာရင်းတော့သေချာမှတ်၊သေချာသိမ်း၊မဟုတ်လို့ကတော့
    မှတ်ပုတင်ရမယ်မထင်ဘူး။ တိန်။

    • Ko out of...

      February 28, 2012 at 3:33 pm

      မှတ်ပုံတင်ကို မွေးတဲ့ရက်၊ခုနှစ်၊မွေးတဲ့နေရာ လိမ်ပြီးပြောလည်း ရပါတယ်.. မြန်မာပြည်မှာ မွေးတဲ့လူ မဟုတ်တာတောင်မှ မှတ်ပုံတင်ဘယ်နှစ်ခုလိုချင်လဲ..လာခဲ့ အချိန်အခါမရွှေး လုပ်ပေးမယ်တဲ့….

      • etone

        February 28, 2012 at 4:29 pm

        အဲ့လောက် လွယ်နေပြီလားဟင် … ကျွန်မကတော့ မထင် … ။
        သူတို့ ရုံးက နမော်နမဲ့ မိန်းမတွေ … လုပ်လို့ ကျွန်မ မွေးသကရာဇ်မှားတာ .. ပြင်ထားတာကို လက်မှတ်ထိုးပေးပါဆိုတော့ … မှတ်ပုံတင်ပေါ် လက်မှတ်ထိုးတာ ထုံးစံမဟုတ်ဘူးတဲ့လေ .. ဒါနဲ့ .. ရပါတယ်ဆိုပြီး ပြန်ပေးလိုက်လို့ ယူလာတာ …ပါစ်ပို့စ်လုပ်တော့ အရစ်ခံရရော .. ရုံးကို ပြန်သွားဖိုင်တွေ ပြန်ရှာ ထောက်ခံချက်ပြန်ယူနဲ့ … ပိုက်ဆံလည်း အတော်ထွက် အလုပ်လည်း အရမ်းရှုပ်သွားတယ် … ။ ပိုက်ဆံတောင်းဖို့ လောက်သာ သိပြီး နမော်နမဲ့ ဝန်ထမ်းတွေကို ဆုပေး ဒဏ်ပေးစနစ်သုံးပြီး ၊ ဒဏ်ရိုက်သင့်တယ် … ။

        အဲ့ဒီတုန်းက မှတ်ပုံတင် အသစ်လဲလှယ်ရမယ်ဆိုလို ့.. လုပ်ထားပြီး ကျွန်မကို ဟိုချိန် ဒီချိန် သုံးခါလောက်ချိန်းတာ … ကျွန်မလည်း သွားမယူတော့ဘူး .. လုပ်ပြီးသား အသစ်လည်း လှည့်တောင် မကြည့်ဖြစ်တော့ဘူး.. ဟိဟိ 😛 အခုလက်တလောထိ အဟောင်းလေးပဲ သုံးနေစဲပါ … 😛

  • bluerose

    February 28, 2012 at 5:11 pm

    တိုတိုလေးနဲ့ထိထိရောက်ရောက်ပညာပေးနိုင်ပါတယ်
    အရမ်းကောင်းပါတယ်

Leave a Reply