ဒီလပိုင်း မှာ ခရီး အထွက်များပြီး ဓာတ်ပုံ အရိုက်ကြဲသွား တာကတော့ ကျွန်တော့ အတွက် အံ့သြစရာ ပါပဲ။ စိတ်ရှုပ်နေတဲ့ အချိန်မှာရိုက်တဲ့ ပုံတွေကလဲ ရှုပ်နေတယ်။ ၈ ရက်လောက် ကြာအောင် သွားနေ ပြီး ခလုပ် အချက် ၂၀ပြည့်အောင် မနှိပ်ခဲ့ ရတဲ့ ဒီခရီးကတော့ အမှတ်တရပါပဲ။
ဟိုး တစ်နေ့က က စံနစ်လား ဗီဇ လား ဆိုတဲ့ ပိုစ့် (ပြန်ရှာချင်ပြီး အတိအကျ ရေးပေးလို ပါသော်လည်း … ကွန်နက်ရှင်က မျက်နှသာမပေး) မှာ သပြေကုန်းဈေး က နဲနဲ ပိုသန့်တယ်လို့ မန့်ခဲ့ မိပါတယ်။ အဲဒါလေး သက်သေ ထူတဲ့ အနေနဲ့ ရိုက်ထားတာ လေး ရှဲ လိုက်ပါပြီနော့…

နေပြည်တော် မှာ


နေပြည်တော် မှာ


နေပြည်တော် OoPaThataNetYa စေတီ အတွင်းပိုင်း


သပြေကုန်း ဈေး


သပြေကုန်း ဈေး


သပြေကုန်းဈေး


ပန်းတင် ရွာ က ရှေးအိမ်. နေပြည်တော် နဲ့ သာဝထိ ကြား


ပန်းတင် ရွာ အရှေ့ ဘက်စိုက်ခင်း မှာ


ရွာထဲ ထဲထဲဝင်ဝင် လျှောက်သွားလျှောက်မေးမိတော့မှ ပဲ .. အမငှီး ရန်ကုန် မှာ ဘီယာဝိုင်း တစ်ဝိုင်းစာ က သူတို့ စီမှာ တစ်လ စာနီးပါးဖြစ်နေပါပကော. 60 သားကြက်တစ်ကောင် ကိုမှ ၂၀၀၀ ပဲ ပေးရတယ်။ ပန်းတင် မှာ အထက်တန်းကျောင်းမရှိလို့ သာဝထိ နဲ့ ရေနီကြားမှာ ကျောင်းသွားတက်ကြရတယ်။ အသားအပြန် ၂ နာရီ နီးပါး လမ်းလျှောက်ကြရတယ်။

အခု ခရီးကတော့ လက်ဆော့ တတ်တဲ့ Mလုလင် တစ်ယောက် .. ရွာပတ် ပြီးပြန်ခဲ့ရတဲ့ အမှတ်တရ ပါပဲ။ အရင် တစ်ခေါက် မန်းလေး တက်တုန်းကတော့ ရိုက်လိုက်နှက်လိုက်ရတာ.. ဦးလေး နှစ်ယောက် နဲ့ အစ်ကို တစ်ယောက် ရေ .. ကျေးဇူးပါနော့ ..

လေးစားစွာဖြင့်
Mလုလင်

About Mလုလင်

has written 50 post in this Website..

ဓာတ်ပုံရိုက်ရတာ ကိုကြိုက်တယ်။