စဉ်းစား စရာလေးများ (၃)…

Ko out of...February 28, 20121min721

– တရားဆိုတာ လူတွေနဲ့စပ်တဲ့ ပြသနာတွေကို ဖြေရှင်းပေးနိုင်မှ တရားလို့ခေါ်တယ်။ ကိုယ့်အိမ်က မိသားစုရဲ့ ပြသနာကို ကိုယ်သိတဲ့တရားနဲ့ အသုံးချဖြေရှင်း ကြည့်ပါ ပြသနာကို အမျှော် အကြောက်မပါဘဲ ဘယ်လောက်အထိ ဖြေရှင်းပေးနိုင်လည်းပေါ့…

– အနေကြပ်မှ အသေချောင်တယ်ဆိုတာ အသက်ရှင်စဉ်တောင်မှ မလွတ်လပ်ဘဲ သေမှ လွတ်လပ်တယ်ဆိုတာ သေတဲ့လူဘယ်လိုလုပ်သိမလဲ…လူဆိုတာ မသေခင်က လွတ်လပ်နေမှ သေတဲ့ အခါလွတ်လွတ်လပ်လပ် ဖြစ်မှာပေါ့…

– ခံစားချက် အဆိုးကြောင့်မျက်နှာထား လည်းဆိုးရမှာပါ..နာကျင်နေရဲ့သား ပြုံးနေရတယ်ဆိုတာ တကယ့်အပြုံးမဟုတ်ပါဘူး..ဟန်ဆောင်အပြုံးပါ..ဒါကြောင့် ပြုံးသေမဲ့သေဆိုတာ ခံစားချက်ဝေဒနာ အကောင်းအဆိုးပါ…

– ငြိမ်းချမ်းမှုကို ခံစားမှုပေတံနဲ့ မတိုင်းတာပါနဲ့။ ခံစားမှုဝေဒနာ မပါတဲ့ အကောင်းဟာ ငြိမ်းချမ်းမှုပါဘဲ…

– ဘီလူးမှန်ရင် မျက်တောင်မခတ်ဘူးလို့ကြားဖူးတယ်..ကိုယ်ဒေါသထွက်ရင် မျက်တောင် မခတ်ဘူး ဒါကိုယ်ဘီလူးဖြစ်နေတာဘဲ…

– နာမည်ဂုဏ်သတင်းရဖို့ တရားဟောရင်ဘဲဖြစ်ဖြစ်၊ လာဘ်လာဘ ရဖို့ဘဲဖြစ်ဖြစ် တရားဟောရင် ဒေဝပုတမာန်ဘဲ…

– မာနဆိုတာ ကိုယ်လုပ်တဲ့အလုပ်ကို ကိုယ့်ဟာကိုယ် မှန်တယ်ထင်တာ… မှန်တယ်လို့ ထောက်ခံတာ မာနဘဲ…

– လွတ်မြောက်အောင်နေထိုင်တယ် ဆိုလို့ ဘာမှမလုပ်ဘဲ နေထိုင်ရမယ် ဆိုလိုတာ မဟုတ်ဘူး။ ကိုယ့်ပမာဏကို ကိုယ်ကသိပြီး ပမာဏအမှန်နဲ့ မကင်းကွာအောင် နေထိုင်လုပ်ကိုင်ရမှာ…

– အစွဲဖြုတ် အစွဲဖြုတ်ဆိုပြီး ဖြုတ်လိုက်ကြတာ တခါတည်း အစွဲတွေ အကုန်ပြုတ်ကုန်ကြတဲ့အခါ၊ အဲဒီအပြုတ်ကိုဘဲ ပြန်စွဲနေကြတာ မသိဘူး…

– ကြောက်စရာကိုရင်ဆိုင်လိုက်ပါ .. နောက်ဘယ်တော့မှ မကြောက်တော့ဘူး…

– ကြောက်စရာရှိပြီး မကြောက်ဘူးဆိုတာ သတိ(သတ်တိ) မဟုတ်ဘူး အဲဒါမိုက်တာ..
ကြောက်စရာ မရှိတာကို သိပြီးမကြောက်တာမှ တကယ့်သတိ(သတ်တိ)ပါ…

One comment

  • စဉ်းစားရင်နဲ ့မောလိုက်တာ အကိုရာ…… ဟူးးးးးးး

    – ကြောက်စရာကိုရင်ဆိုင်လိုက်ပါ .. နောက်ဘယ်တော့မှ မကြောက်တော့ဘူး…
    – ကြောက်စရာရှိပြီး မကြောက်ဘူးဆိုတာ သတိ(သတ္တိ) မဟုတ်ဘူး အဲဒါမိုက်တာ..
    ကြောက်စရာ မရှိတာကို သိပြီးမကြောက်တာမှ တကယ့်သတိ(သတိ္တ)ပါ…

Leave a Reply