Marketing လေ့လာပြီဆိုရင် မလေ့လာလို့ မစောင့်ကြည့်လို့ မရတဲ့ အရာတခုရှိပါတယ်

သူကတော့ ဘက်နတ္တန် ပဲဖြစ်ပါတယ်။ ဘာလို့ လေ့လာစောင့်ကြည့်ရသလဲ ဆိုရင်

ကမ္ဘာ့အတော် ဆုံး မားကတ္တင်းန် သမားအချို့ ရှိတဲ့ နေရာမို့လို့ပါပဲ …။

 

Luciano Benetton လို့ခေါ်တဲ့ အသက် ၃၀ အရွယ်ရှိတဲ့ Treviso မြို့က သင်္ဘောသား တယာက် က စတင်တည်ထောင်ခဲ့တာပါ

(သင်္ဘောသီးတွေ မခေဘူးနော… စည်စည်ရေ …ကြိတ်ထားဟ) အရောင်အသွေးစုံလင်သော အ၀တ်အထည် ဈေးကွက်တခု ရှိလာမယ်

ဆိုတာကိုမြင်တဲ့ သူဟာ ညီတော်မောင်ရဲ့ စက်ဘီးကိုရောင်းပြီး အပ်ချုပ်စက် အဟောင်းလေး စတ်လုံး ကိုဝယ်ပြီး လုပ်ငန်းစတင်ခဲ့တာ

ဖြစ်ပါတယ်။ ဆွယ်တာ ကော်လက်ရှင် အချို့ နဲ့ စတင်ခဲ့တဲ့ သူဟာ စားသုံးသူတွေဆီက အပြုသဘောဆောင်တဲ့ တုန့်ပြန်မှုတွေ ရရှိခဲ့လို့

Veneto ဒေသမှာ စတိုးဆို အနည်းငယ် စတင် ဖွင့်လှစ် လာနိုင်ခဲ့ပါတယ်.. ညီမနဲ့ ညီငယ် ၂ယောက်ကို သူ နဲ့ ပူးပေါင်း စေပြီး

၁၉၆၅ ခုနှစ်မှာတော့ “Benetton Group”ဆိုပြီး ဖွဲ့စည်းနိုင်ခဲ့တာပါ ။

၁၉၆၆ ခုနှစ်မှာ Belluno မှာ ပထမဆုံး ဆိုင်ခွဲဖွင့်လှစ်နိုင်ခဲ့ပြီး နောက် ၃နှစ်အကြာဖက်ရှင်မြို့တော် ဖြစ်တဲ့ Paris မြို့ထိ တက်လှမ်းနိုင်ခဲ့ပါတယ်။

Luciano ဟာ chairman အဖြစ် နဲ့ တာဝန်ယူပြီး သူ့ညီ Gilbertoက charge of administration, ညီအငယ်ဆုံး Carlo က production,ဖြစ်ပြီး

ညီမအငယ်ဆုံးGiuliana ကတော့chief designer ပါ..။

 

Benetton ရဲ့ အဓိက Brand lines တွေကတော့   United Colors of BenettonUndercolors of BenettonSisley နဲ့ Playlife

တို့ဖြစ်ပါတယ်။ ထုတ်ကုန်အနေနဲ့ ကတော့ womenswear, menswear, childrenswear နဲ့ underwear တွေဖြစ်ပြီး နောက်ပိုင်းမှာ perfumes, stationery,

eyewear နဲ့ travel bags တွေအထိ expend လုပ်ယူနိုင်ခဲ့ပါပြီ။

 

ယခုဆိုရင် Benetton ဟာ ကမ္ဘာတလွှား ဆိုင်ခွဲပေါင်း ၆၄၀၀ကျော် ရှိနေပြီဖြစ်ပြီး ၀န်ထမ်းပေါင်း ၉၄၀၀ကျော်ကို အလုပ်ပေးထားပါတယ်။

global luxury fashion brand ဖြစ်တဲ့ Benetton ဟာ တနှစ်တာ turnover ၂ဘီလျံကျော် ရှိပါတယ်။

 

Benetton ရဲ့ Marketing လုပ်ယူသွားတဲ့ ပုံစံဟာ သူ့ရဲ့ မူလဘူတ တန်ဖိုးဖြစ်တဲ့ အရောင်အသွေးစုံလင်မှု ၊ ဆိုတာ အပေါ်မှာ

အခြေခံပါတယ်။ အရောင်စုံတယ် ဆိုတာ အပေါ်မှာမှ မတူဘူး ကွဲပြားတယ် မတူညီသော်လည်း အတူတကွ တည်ရှိနေကြတယ်

ဆိုတဲ့ အနှစ်သာရ ကို ဖြည့်ဆည်းပါတယ် ။ အဲ့ဒီနောက်မှာမှ အရောင်အသွေး အသွင်အပြင် မတူညီသော်လည်း သည်တခုကိုတော့

Common-shared, common-valued လုပ်ကြတယ်ဆိုတာမျိုး ပေးတာပါ …။

 

နောက်ထပ် Benetton ရဲ့ ထူးချွန်တဲ့ Marketing Campaign တွေ အကြောင်း ပြောပြချင်ပါတယ်။ သူတို့ဟာ Awareness ကို

ဇောင်းပေး ကြော်ငြာလေ့ရှိပါတယ်  ပြူးတူးပြဲတဲတွေ controversial တွေ သိပ်လုပ်ပြ တတ်ကြပါသေးတယ်။

အောင်မလေး ဘာကြီးတုန်းဟ မအော်ရရင် Benetton ကြော်ငြာမဟုတ်ဘူး ပြောရလောက်အောင်  Guinness World Records

ဝင် ပြူးတူးပြဲတဲ အနိုင်ဆုံးသော ကြော်ငြာတွေရိုက်လေ့ရှိပါတယ်။Oliviero Toscani ဆိုတဲ့ ဓါတ်ပုံဆရာရဲ့ လက်ရာတွေပါ..။

HIV/ AIDS အသားအရောင်ခွဲခြားမှု လူသားအချင်းချင်း ကိုယ်ချင်းစာနာတရား ချစ်ကြည်မှု စတာတွေကို ပြင်းပြင်းပြပြ ပုံရိပ်တွေသုံးပြီး

လှုံ့ဆော် နိုင်ခဲ့သူပါ….။ ဝေဖန်မှုတွေရှိပေမယ့် … Benetton ဟေ့ ဆိုတာနဲ့ quality, colourful, controversial ဆိုတဲ့ ၀ိသေသတွေ

ထွက်ကျလာရပါတယ်…။

 

ပုံတွေ မတင်တော့ပါ …

https://www.google.com/search?q=benetton+ad&hl=en&safe=off&biw=1280&bih=663&prmd=imvns&source=lnms&tbm=isch&ei=4yNMT7vJI46UiQebhfx7&sa=X&oi=mode_link&ct=mode&cd=2&ved=0CBYQ_AUoAQ

ဟောသည့်မှာပဲ သွားကြည့်လိုက်ပါ…..။

သဂျီးတို့ အမေဒစ်ကင်န် သမတကြီး နဲ့ ဟူဂျင်းတောင်း အာဘွား ရှလူးတာ အစ(Unhate Program)

လူဖြူ လူဝါ လူမည်း နှလုံး ပုံတွေအလည် အေကိုက်ပြီး ကြွတော့မယ့် လူနာ ရောဂါခံစားနေရတာ အဆုံး

ရိုက်ပြထားတာတွေ့မှာပါ …. (သူ့သဘောကို မသိဘဲ ပုံတွေတန်း ကြည့်မိရင် ရွံစရာ စိတ်ပျက်စရာပါ..)

အမေဒစ်ကင်န်က CK ဟာလည်း ကွှန်ထရိုဗာရှယ် သိပ် ရိုက်ပြတဲ့နေရာမှာ နာမည်ကြီးပါတယ်..

သူကတော့ adult contents တွေမို့ …မဆွေးနွေးလိုပါ …. (sex sells သဘောတရား ပါ..)

 

 

 

 

Benetton အကြောင်း ရေးပြရတဲ့ ရည်ရွယ်ချက်က ဒီလိုပါ….။ Benetton လုပ်တာကို Zara လိုက်လုပ်ပါတယ်

Zara လုပ်တာကို Uniqlo လိုက်လုပ်ပါတယ် …. ဒီလို အတုယူပြီး စု-တု-ပြုကြရာမှာ ဟောင်ကောင်က Giordano ဟာ

အာရှမှာတော့ ထင်ရှားပါတယ်…။ Brand တွေရဲ့ quality နဲ့ ဈေး ကတော့ တဆင့်ထက်တဆင့် နိမ့်သွားပြီး social class

တဆင့်ထက် တဆင့် အနိမ့်ကို target လုပ်သွားကြတာပါ။

 

ကျနော်တို့ ညီမတွေ အစ်မတွေ ၁၃၁၁ယောက် သောက်စရာရေတောင် မရှိဘဲ ..လမ်းမထွက်ထိုင်နေကြရပါတယ်… ။

မဖြစ်စလောက် ပိုက်ဆံလေးနဲ့ ဘ၀ကို ရပ်တည် ကြရတာပါ….။ သူတို့ မှန်တာ မှားတာ ကျနော် မသိပါ… သူတို့ ဘယ်လောက်

ခေါင်းပုံဖြတ်ခံရလဲ ..ဘယ်လောက်ရသင့် သလဲ … ကျနော်မတွက်တတ်ပါ … ကျနော် သိတာကတော့ …. ကျနော်တို့ လူမျိုး

လုပ်ငန်းရှင်တယောက်ယောက် သာ Benetton လို ထိုးဖောက်နိုင်ခဲ့မယ်ဆိုရင် Innovation ရှိမယ်ဆိုရင် ..…. အလုပ်အကိုင်အခွင့်အလမ်း

ပိုမိုပေါများလာပြီး စီးပွားဖြစ်ထွန်းနိုင်မယ် လို့ မြင်မိလို့ပါ…။ အနည်းဆုံး အာရှတလွှားတော့ Store-chain တွေ ဖွင့်လှစ်နိုင်တဲ့

မြန်မာ fashion brand တခုလောက် တွေ့ချင်စမ်းပါဘိဗျာ…။

 

(ဘုရားသိကြားမလို့ … ဒီစာကို ဂျော်ဒါးနိုးက မာကတ်တာ တွေ မမြင်ပါစေနဲ့ ….ဒက်ဂလောက်…. ဒက်ဂလောက်….)

 

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011