ဦးဆောင်သူတွေက သမားရိုးကျ မတွေးသင့်ပါ။

black chawFebruary 28, 20121min25039

မနေ့က ကျွန်တော် တင်ခဲ့တဲ့ အိပ်ချင်ပြေ ပို့စ် မှာ အနုပညာလောက သတင်းတွေကိုသာ အဓိကထားတင်ဖို့ ရည်ရွယ်ခဲ့တာပါ။
ပေါ့ပ် သတင်းတွေပေါ့ဗျာ။
ဒါပေမယ့် ပို့စ် ရဲ့ နောက်ဆုံး သတင်းကတော့ ပေါ့ပ် သတင်းတစ်ပုဒ်မဟုတ်ပဲ ဝန်ထမ်းများလစာတိုးပေးဖို့ တောင်းဆိုနေတဲ့ နိုင်ငံတော်လူကြီးမင်း ရဲ့ တွန်းအားပေးထားတာလေးဟာ ဖြစ်သင့်ပါရဲ့လားဆိုတာ ဖေါ်ပြဆွေးနွေးထားခဲ့ပါတယ်။ အင်မတန်အရေးကြီးတဲ့ ကိစ္စတစ်ခုလို့ မြင်တာကြောင့် ဟိုက်လိုက်လုပ်လိုက်တဲ့ သဘောပါ။
တိုက်ဆိုင်တာက ဒီနေ့ထုတ် ရန်ကုန်တိုင်းဂျာနယ်ထဲမှာ အဲဒီအကြောင်းကို အကျယ်တဝင့် ဆွေးနွေးထားတဲ့ ဆောင်းပါးကြီးပါလာတာပါပဲ ခင်ဗျာ။
ဟုတ်ပါတယ်။ ဝန်ထမ်းများ လစာတိုးတယ် ဆိုတာ အင်မတန်လွယ်ကူတဲ့ ကိစ္စမျိုးပါ။ ကိုယ့်အိတ်ထဲက စိုက်ပေးရတာမျိုးမှ မဟုတ်တာ။ နိုင်ငံတော်မှာသာ တာဝန်ရှိနေတာပါ။
သို့သော် လစာတိုးလိုက်တဲ့အတွက် ဘယ်လို အကျိုးသက်ရောက်မှုတွေဖြစ်လာမလဲ။ ကောင်းလာမှာတွေ ဆိုးလာမှာတွေကို စံနစ်တကျ တွက်ချက်ကြည့်ပြီးပါပြီလား။
ဆိုလိုတာက အဆိုပြုချက်တစ်ခုကို ကောင်းကျိုးဆိုးပြစ် မတွက်တော့ပဲ ဟီးရိုး လုပ်သလို လုပ်နေရင် နစ်နာမှာက ကျွန်တော်တို့ ပြည်သူလူထုပါ။ ဟီးရိုးဆန်ဆန် အဆိုပြုချက်တွေ ဟီးရိုးဆန်တဲ့ ဆုံးဖြတ်ချက်တွေ ကို ကျွန်တော်တို့ပြည်သူလူထုကို ကိုယ်စားပြုကြတဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးတွေ အနေနဲ့ Vision မှန်မှန်နဲ့ လက်ခံသင့် မခံသင့် ဆုံးဖြတ်ကြစေချင်ပါတယ်။
မီဒီယာအနေနဲ့ကတော့ ဒီနေ့ထုတ် ရန်ကုန်တိုင်းဂျာနယ်မှာ ဒီအကြောင်းကို ပညာရှင်တွေနဲ့ ဆွေးနွေးထားတာလေးတွေ ထည့်ပေးထားပါပြီ။ တာဝန်ကျေသော ရန်ကုန်တိုင်း ဂျာနယ်ပါခင်ဗျာ။
ဒီလို လုပ်သင့်လုပ်ထိုက် ဆွေးနွေးသင့် ဆွေးနွေးထိုက်တဲ့ ကိစ္စမျိုးကို အချိန်နဲ့ တပြေးညီ ဖေါ်ထုတ်ရေးသားဆွေးနွေးပေးတဲ့ ရန်ကုန်တိုင်းဂျာနယ် ရဲ့ အားထုတ်မှုကို ကျေးဇူးတင်ပါကြောင်း ကျွန်တော်က လေးလေးစားစား ပြောပါရစေခင်ဗျာ။
ဒီနေ့မှထုတ်တဲ့ဂျာနယ်က ဆောင်းပါးဆိုတော့ အကုန်လုံးကို မဖေါ်ပြတော့ပါဘူး။
ကုန်ဈေးနှုန်းကြောင့် ဘဲစားဘဲချေ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဆွေးနွေးပေးထားတဲ့ ပညာရှင်တစ်ဦးရဲ့ ဆွေးနွေးချက်ကလေးကို ကြိုက်လွန်းလို့ ဖေါ်ပြပေးလိုက်ပါရစေခင်ဗျာ။

လစာတိုးမြှင့်ပြီဆိုသည့် သတင်းကလေး မကြားလိုက်နှင့်၊ ကုန်ဈေးနှုန်းက တက်ပြီး ဖြစ်နှင့်နေပြီဆိုသည့် အဖြစ်များကြောင့် လစာတိုးပေးတိုင်းလည်း ဝန်ထမ်းများ၏ ဘဝ ထူး၍ ချောင်လည်မလာပဲ ဘဲစားဘဲချေဖြစ်ကာ ဒုံရင်းက ဒုံရင်းပင်ဖြစ်နေကြောင်း ပြီးခဲ့သည့် အုပ်ချုပ်ရေးလက်ထက်တွင် လစာတိုးမြှင့်ပေးသည့် အကြိမ်ရေတော်တော်များများ၏ အတွေ့အကြုံက သက်သေခံနေပါသည်။ ထိုသို့ ဖြစ်ရခြင်းမှာ လစာတိုးမြှင့်ပေးရန် လုံလောက်သည့် ဘတ်ဂျက် အပိုငွေ မရှိဘဲနှင့် ချေးယူခြင်း၊ အခွန်တိုးကောက်ခြင်း၊ ငွေစက္ကူရိုက်နှိပ်ခြင်းတို့ဖြင့်သာ လုပ်ခဲ့ရခြင်းကြောင့်ဖြစ်သည်။ လစာတိုးမြှင့်ပေးခြင်းနှင့် ကုန်ဈေးနှုန်းအကြောင်းကို မြန်မာနိုင်ငံ၏ စီးပွားရေးဖြစ်စဉ်ကို နှစ်ပေါင်းများစွာလေ့လာလျက်ရှိသည့် ပညာရှင်ဦးလှမောင်က “ ဘယ်က ငွေရမှာလဲ ဆိုတာနဲ့ ပတ်သက်ပြီး တကယ့်အဖြစ်အပျက်တစ်ခုကို ပြောပြမယ်။ ၂၀၀၅ ခုနှစ် ဧပြီ ၁ ရက်ကစပြီး ဝန်ထမ်းတွေကို လခ တိုးပေးခဲ့တယ်။ အဲဒီ အကြိမ်တိုးပေးတာက ပြီးခဲ့တဲ့ အစိုးရလက်ထက် လစာလေးကြိမ်လောက်တိုးပေးတဲ့ အထဲမှာ ပမာဏအများဆုံး တိုးပေးတဲ့ အကြိမ်ဖြစ်တယ်။ ကျွန်တော်သိရတဲ့ ကိန်းဂဏန်းအရတော့ တပ်မတော်အပါအဝင် ဝန်ထမ်းပေါင်း ၂ သန်းလောက် ရှိတယ်။ လူဦးရေ ၂ သန်းကို ပျှမ်းမျှ တစ်ယောက်ကို သုံးသောင်းတိုးပေး။ တစ်လကို ဘယ်လောက်ဖြစ်သွားမလဲ။ ကျပ်ငွေ ဘီလီယံ ၆ဝ လောက်ဖြစ်သွားမယ်။ တစ်နှစ်ကို ဘီလီယံ ၇၂ဝ လောက်လိုမယ်။ ဒီ့အတွက် ဘယ်က ငွေရမလဲ။ ဘယ်ကငွေရလဲဆိုတော့ အဲဒီအချိန်တုန်းက သဘာဝဓါတ်ငွေ့ရောင်းလို့ရတဲ့ ဒေါ်လာ ၂.ရ ဘီလီယံက တစ်ဒေါ်လာ ခြောက်ကျပ်ဈေးနဲ့ ဆိုရင် ကျပ်ငွေ ၁၃ ဘီလီယံ လောက်ပဲ ရှိတယ်။ အဲဒီအချိန်မှာ နေပြည်တော်စီမံကိန်းတွေ စတင်နေပြီဖြစ်တဲ့ အတွက် ဓါတ်ငွေ့ကရတဲ့ငွေက အဲဒီစီမံကိန်းအတွက် သုံးနေရတယ်။ ဒီတော့ လစာတိုးတဲ့ ငွေတွေက ဘယ်ကရသလဲဆိုတော့ ဒါက Assumption (တွက်ဆခြင်း) လုပ်ကြည့်လိုက်တော့ ၂၀၀၅ ခုနှစ် ဧပြီလစာတိုးပြီးနောက် အောက်တိုဘာလမှာ ဓါတ်ဆီတစ်ဂါလန်ကို ကျပ် တစ်ရာ့ရှစ်ဆယ်ကနေ ၁၅၀ဝ ဆိုပြီး ၈.၃ဆ တက်သွားတယ်။ တစ်ဂါလန်ကို ကျပ် ၁၃၂ဝ ပိုရသွားတယ်။ အဲဒီအချိန်မှာ နိုင်ငံတော်အစိုးရက တစ်တိုင်းပြည်လုံးက ယဉ်တွေအတွက် တစ်ရက်ရောင်းချပေးတဲ့ ဓါတ်ဆီပမာဏက ဂါလန် တစ်သန်း ရှိတယ်။ အဲဒီတော့ တစ်ရက်ကို ကျပ်သန်းပေါင်း ၁၃၂ဝ ပိုရလာတယ်။ တစ်လကို ကျပ်ငွေ ဘီလီယံ ၄၅ဝ လောက် ရသွားတယ်။ ဝန်ထမ်းလစာတိုးလို့ ပိုပေးရမယ့်ငွေက ဘီလီယံ ၇၂ဝ ဆိုတော့ တစ်ဝက်ကျော်လောက်ပဲ ရှိတယ်။ မလောက်သေးဘူး။ အဲဒီတော့ ဘာထပ်လုပ်လဲ ဆိုတော့ ဒါအားလုံးသိပြီး သားပဲ မီတာခကို ၂.၅ ကျပ်ကနေ ၂၅ ကျပ်အထိ ဆယ်ဆတင်လိုက်တယ်။ စက်ရုံသုံးတွေက ကျပ် ၅ဝ ဖြစ်သွားတယ်။ မီတာခဆိုတာ တစ်ပြည်လုံး ကြောက်စရာလန့်စရာကောင်းလောက်အောင်ရတဲ့ ပမာဏဆိုတော့ လစာပေးဖို့ ငွေလောက်သွားတယ်။
အဲဒါကို သုံးသပ်ပြီးတော့ အဖြေထုတ်ကြည့်။ ဝန်ထမ်းကို လစာတိုးပေးဖို့ ကုန်ဈေးနှုန်းကို တက်စေရာမှာ တိုက်ရိုက်သက်ရောက်တဲ့ ဟာကြီးကို ရှစ်ဆကျော်သွားဈေးတင်တယ်။ လျှပ်စစ်ဓါတ်အားတည်းဟူသော ကုန်ထုတ်လုပ်ရေးအတွက် မရှိမဖြစ်တအားအရေးပါလွန်းတဲ့ ဟာကိုလည်း ၁ဝ ဆ တိုးလိုက်တဲ့အတွက် ကုန်ဈေးနှုန်းကို ကုန်ဈေးနှုန်းကို အဓိက သက်ရောက်စေတဲ့ သော့ချက်ကြီးတွေကိုမှ သွားကိုင်လိုက်တော့ ကုန်ဈေးနှုန်းကလည်း တကယ်ပဲ တက်သွားခဲ့တယ်။ ပြသနာကြီးဖြစ်လောက်အောင်တက်သွားခဲ့တယ်။ အဲဒီလို ကုန်ဈေးနှုန်းတက်သွားတော့ အခုနက ဝန်ထမ်းတွေကို လစာတိုးပေးတာဟာ အရာမရောက်ဖြစ်သွားတယ်။ အဲဒီလိုတိုးပေးလိုက်တော့ရော သူတို့စားဝတ်နေရေးကို လောက်စေရဲ့လား။ အဲဒီတုန်းက လစာတိုးရခဲ့တဲ့ ဝန်ထမ်းတွေ ဒီကနေ့ရော စားလို့လောက်ရဲ့လား။ ဒါ တကယ့် ဖြေရှင်းနည်းမဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။ အဲဒီနည်းနဲ့ မဖြေရှင်းပါနဲ့ “ ဟု သုံးသပ် ပြောကြားခဲ့သည်။

လက်ခုတ်တီးပြီးအားပေးပါတယ် ဦးလှမောင်ခင်ဗျား။
လက်ခုတ်တီးပြီး အားပေးပါတယ် ရန်ကုန်တိုင်း ဂျာနယ် ခင်ဗျား။
အင်မတန်ကောင်းမွန်တဲ့ တင်ပြမှုတစ်ခုဖြစ်ပါတယ်။ မူရင်း ရန်ကုန်တိုင်းပို့စ်မှာ စီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ် အငြိမ်းစား ဦးမော်သန်း လည်း ပါဝင်ဆွေးနွေးထားပါတယ်။ ဝယ်ဖတ်ကြည့်သင့်ပါတယ်လို့ ညွှန်းဆိုပါရစေ။
ဝန်ထမ်းဦးရေက မြန်မာတစ်နိုင်ငံလုံးလူဦးရေရဲ့ ၅ ရာခိုင်နှုန်းသာ ရှိတာပါ။
အဲဒီ ငါး ရာခိုင်နှုန်းအတွက် ကျန်တဲ့ ပြည်သူလူထုကြီး ရင်ဆိုင်ရမယ့် ကုန်ဈေးနှုန်း တိုက်ပွဲကြီးကိုလည်း တစ်ချက်လောက်တော့ ငဲ့ကြည့်ပေးကြပါဦး။
ပြင်ပမှာ လုပ်ကိုင်စားသောက်နေကြတဲ့ ကျွန်တော်တို့ကလည်း ခင်ဗျားတို့ရဲ့ ပြည်သူလူထုကြီးဆိုတာလည်း ထည့်တွက်ကြပါဦး။
ဝန်ထမ်းတွေကို ရိက္ခာထပ်ဆောင်းပေးတာတို့ (အရင်တုန်းက ခွဲတမ်းပေးသလိုပေါ့ဗျာ)။
ရိက္ခာစိုတို့ ရိက္ခာခြောက်တို့ ပေးတာမျိုးပေါ့။
တစ်နှစ်တစ်ခါ ဆုကြေးပေးတာမျိုးတို့။ တခြားနည်းလမ်းလေးတွေလည်း ရှာကြည့်ကြပါဦး။
အစိုးရဝန်ထမ်း မဟုတ်သော ပြည်သူလူထုကလည်း ခင်ဗျားတို့ရဲ့ မိသားစုဝင်တွေပါ။ သူတို့ကိုလည်း ထည့်တွက်ကြပါဦး။
အစိုးရဝန်ထမ်းမှ မိသားစုဝင်တွေလို့ သတ်မှတ်မယ်ဆိုရင်တော့ ….။

39 comments

  • ကိုဘလက်ချောရေ ဒီ့ထက်ကောင်းမယ့်နည်းလမ်းတွေကိုရှာနိုင်ပါစေ လို ့ပြောရမှာပေါ့။
    တကယ့်လက်တွေ ့မှာ အောက်ခြေဝန်ထမ်းတွေလဲ ငတ်လို ့၊မလောက်ငှလို ့ပါ။ဒါဟာ
    လာဘ်စားခြင်းရဲ ့တရားခံဖြစ်တယ်လေ။
    ပွင့်ပွင့်လင်းလင်းထိရောက်စွာ ဖော်ပြနိုင်တဲ့ ရန်ကုန်တိုင်းမ်ဂျာနယ် ကိုချီးကျူးရမှာပါ။

  • MTY

    February 28, 2012 at 11:13 am

    ကျွန်တော့အမြင်ပါ၊လကရှိအခြေအနေအရ
    လစာတိုးပေးစေချင်တယ်။၅ရာခိုင်းနှုံးသောဝန်ထမ်း
    တွေလစာတိုးပေးတာနဲ့ကုန်ဈေးနှုံးဆက်စပ်မှုမရှိမဟုတ်၊
    ရှိမှာပါ။ဒါပေမဲ့ငွေကြေးပေါင်းပွမှုထိန်းနိုင်ရင်အခက်အခဲ
    မရှိနိုင်ပါ။ဆိုလိုတာကငွေစက္ကူတွေရိုက်ထုတ်ပြီးပေးရင်တော့
    သွားပြီ။ဝန်ကြီးချုပ်ဟောင်းတိုနီဘလဲပြောတာအမှတ်ရမိတယ်၊
    ခင်ဗျာတို့ကဒါလုပ်ပေးဖို့တောင်းဆိုတယ်၊ဒါဆိုလုပ်ပေးမယ်၊
    အရင်လုပ်ပေးနေတဲ့ဒီကိစ္စရပ်မယ်။အတိုပြောတာနော်သူ့နဲ့
    interviewတစ်ခုကနေကြားခဲ့ရတာပါ။အစိုးရကဘတ်ဂျက်
    ကိုဘယ်လိုသုံးမလဲဒါကိုပါချပြသင့်တယ်။ငွေစက္ကူတွေရိုက်
    ထုတ်ပြီးပေးမှာလား၊စီမံကိန်းတွေရပ်မှာလား၊ဥပမာပြောတာပါ။

  • ရွှေဘိုသား

    February 28, 2012 at 12:08 pm

    ဆောင်းပါးထဲက ဆရာသုံးသပ်သွားသလိုပဲ တိုးပေးရင်းကုန်ဈေးနှုန်းကလည်းတက်နေမယ်ဆိုရင်တော့ တောကစကားပုံလေးတစ်ခုလိုဖြစ်နေမှာ ဘာတဲ့
    (မွဲပါတယ်ဆိုနေမှ တောင်ဘက်အိမ်ကဖွတ်သားခွဲအုံးမလား)ဆိုပဲ အဲဒီလိုဖြစ်နေမှာသေချာတယ်ဗျ
    ကျနော်ကတော့ အစိုးရဝန်ထမ်းမှမဟုတ်ဘူး တစ်နိုင်ငံလုံးက အစိုးရ ပုဂ္ဂလိက မခွဲခြားပဲ ဝန်ထမ်းတွေအားလုံး ဖူလုံအောင်စီမံကိန်းဆွဲသင့်ပြီထင်တာပဲ

  • pazflor

    February 28, 2012 at 12:17 pm

    gas၊ကျောက်စိမ်း၊ဝန်ထမ်း အခွန်စတဲ့ နိုင်ငံခြားဝင်ငွေတွေ ကို အခွန်တွက်ရင် ဘယ်တော့မှ ၆ ကျပ်နှူန်းပြင်မယ်မသိ

  • htoosan

    February 28, 2012 at 12:51 pm

    လူကြီးများ၏ တိုက်ပွဲ မဖြစ်ပါစေနဲ့ဟု ဆုတောင်းယုံမှ တစ်ပါး အခြားမရှိတော့ပါပြီ။ ဆုတောင်းတော့ ပြည့်မည်မထင်ပါ။
    အစိုးရနှင့် လွှတ်တော် ထုံးစံ အတိုင်း နှစ်ခြမ်းကွဲခြင်း စတင်ပြီလား …….

  • kotun winlatt

    February 28, 2012 at 1:05 pm

    ဦးဆောင်သူတွေ သမရိုးကျမတွေးသင့်တာတော့
    အမှန်ပါပဲဗျ…
    သူတို့ သမရိုးကျတွေးပီး
    ဒီလို..ဒီလို..တွေ လုပ်ထားပါတယ်..
    ဒီလို..ဒီလို..တွေချမှတ်ထားပါတယ်လို့သာပြောတာတွေကို
    ယုံပီးးး ပြည်သူတွေကို ပြန်ပြော….
    အမှန်က ဟိုလို..ဟိုလို..တွေ ဖြစ်နေတတ်တယ်ဆိုတာ
    ဦးဆောင်သူတွေ သိထားသင့်တာပေါ့ဗျာ…

  • amatmin

    February 28, 2012 at 1:15 pm

    ရေတိုနည်းနဲ့ ဖြေရှင်းခဲ့လို့ လိုရင်းကိုမရောက်ခဲ့တာ သာဓကတွေ တပုံကြီးပါ..
    အစိုးရ ဝန်ထမ်းမဟုတ်သော ပြည်သူလူထုကိုလည်း ထည့်တွက်စဉ်းစားစေချင်တဲ့..
    ကိုဘလက်ရဲ့ စကားအတွက်..လက်ခုတ်တီးပြီးအားပေးပါတယ်
    ၉၅ ရာခိုင်နှုန်းရဲ့ အသံကိုလည်း နားထောင်ပေးကြပါ….
    ကုန်ဈေးနှူန်းကိစ္စရပ်က ၅၀၀ဝ ထောင်တန်ဖုန်းထက် ပိုအရေးပါ ပါတယ်. :exclaim:

  • kyeemite

    February 28, 2012 at 3:26 pm

    ကိုဘလက်ရေ..အစိုးရကပြောင်းနေပီပြောပေမဲ့..ကျွန်တော့အမြင်မှာတော့..လုပ်ပုံကိုင်ပုံတွေမှာ မပြောင်း
    သေးပါဘူးဗျာ..အရင်အစိုးရအတိုင်းဘဲ(အေးလေ လူမှမပြောင်းတာ)..ကိစ္စတစ်ခုကို နားလည်တတ်သိပညာရှင်တွေနဲ့ သေသေချာချာ တိုင်ပင်ဆွေးနွေးပီးမှအကောင်အထည်ဖေါ်သင့်တာကို စွတ်စွတ်လုပ်နေတာဘဲဗျ…ဒါလုပ်ရင်ဘာအကျိုးဆက်တွေဖြစ်မယ်..ဖြစ်လာရင်ဘယ်လိုဖြေရှင်းမယ်..
    သာမန်ဖြေရှင်းမရရင်..ပလန်ဘီကဘယ်လို..စသည်ပေါ့ဗျာ..ဒါကြောင့်လည်းဘဲ..အတိတ်ကအမှားတွေ
    ရဲ့ဒဏ်ကို ပြည်သူတွေခုထိခံနေရတုံးပါဗျာ…လတ်တလောပြသနာဖြစ်နေတဲ့ ကိစ္စတစ်ခုပြောချင်သေးသဗျာ..ကုမ်ပဏီ ဝန်ထမ်းတွေဆောင်နေရတဲ့ ဝင်ငွေခွန်အရမ်းများနေတဲ့ကိစ္စမျိုး..
    တနေ့ကဘဲ ကွန်ပြူတာ ဆိုတဲ့လူရေးတင်ခဲ့တဲ့ အမှန်တရား(၁)ဆိုတဲ့ဆောင်းပါးထဲကအတိုင်းပေါ့..
    လစာထဲကဝင်ငွေခွန်၂၆%ဆောင်ရတယ်ဆိုတော့ကာသေဘီဆရာပေါ့…ဒါမျိုးတွေဦးစားပေးပီးဖြေရှင်း
    သင့်ပါရဲ့နဲ့ မသိချင်ရောင်ဆောင်နေပြန်တယ်…ခုရွေးကောက်ပွဲနီးတော့ လာပြန်သေးတမျိုး…အနိမ့်ဆုံး
    ဝန်ထမ်းလစာ..တစ်သိန်းဖြစ်ရမည်တဲ့..ဘယ်ကပိုက်ဆံနဲ့ပေးမှလည်း သိချင်သား…

    • Swal Taw Ywet

      February 29, 2012 at 12:07 am

      Dear Brother ( Ko ) Kyee Mite,
      Please let me discuss with you , regarding a post now you referred.
      Do you believed that post is a real ( TRUE ) story?
      Please let me copy their comment and reply from REAL STORY NO 2.
      (Sorry, I could not use Myanmar font.)
      • kyeemite says:
      တကယ်တော့ လစာကိုအမှန်အတိုင်းပြပြီး အခွန်ကိုလည်း အမှန်အတိုင်းဆောင်သင့်ပါတယ်…
      ဆောင်နေရတဲ့ အခွန်အခကြီးနေတာကို နိုင်ငံတော်အကြီးအကဲတွေဆီ တင်ပြပြီး ခေတ်နဲ့လျှော်
      ညီတဲ့ နှုံးထားဖြစ်အောင် ပြုပြင်ပေးဘို့ တောင်းဆိုတာကတပိုင်းပေါ့ဗျာ..
      လစာကိုအမှန်အတိုင်းမပြတာကတော့..စဉ်းစားကြည့်ရင် ဝန်ထမ်းအတွက်ပိုနစ်နာပါတယ်…
      Reply

      2-27-12
      Davit says:
      ကျွန်တော် Company လုပ်သက် 12 နှစ်ရှိပါပြီ…ဒါကြားထဲမှာ ကိုယ်ကနေ အခွန်ဆောင်ရတယ်ဆိုတာ တစ်ခါမှမကြားဖူးပါဘူး… ပြီးခဲ့တဲ့ 2 နှစ်လောက်က နောက်ဆုံးလုပ်ခဲ့တဲ့ Company မှာတောင်လစာကNet ကို 230,000 ရတဲ့အချိန်တုန်းကတောင် အခွန်ဆိုတာကို ကိုယ့်လစာထဲကမဆောင်ခဲ့ဖူးပါဘူး…. ဒီ Company ရောက်မှ လစာရင်းက 30000 ရပြီး အခွန်က 7900 ဆောင်ရတယ်… ဒါပေမဲ့ တစ်ခြားရက်မှန်တာတို့ Level အလိုက်တို့Means Allowance နဲ့ပေါင်းပြီး Net က 140,000 နီးပါးလောက်ကျန်တယ် …….
      • Green Rose says:
      ဒီ computer လေးက တကယ့် computer စစ်စစ်လေးနော်… data တွေပဲလာလာလက်ခံနေတယ်..
      ပြန်မေးတော့ အဖြေမရဘူး.. virus မဝင်အောင် သတိထားဦးနော်.. တော်ကြာ သိမ်းထားတဲ့ data တွေ ကုန်သွားဦးမယ်။
      Green Rose က စက်ရုံနာမည် သိရင် ကူညီမလို့ မအားတဲ့ကြားထဲက ဝင်ဝင်ကြည့်နေတာ.. ပထမ post မှာ မေးထားတာ ပြန်လည်းမဖြေဘူး.. ဖြစ်ရပ်မှန်လို့ နာမည် တပ်ထားပြီး.. သတင်းပေးတာက တိလည်း မတိကျဘူးနော်… သူများတွေ ပြန်ဖြေတာတွေကိုချည်းပဲ သိမ်းသိမ်းသွားတယ်။
      တကယ် လိုအပ်ရင် တကယ် ကူညီမှာပါ…
      Reply
      2-28-12
      Davit says:
      အာ………ဖြေလို့ရမလားဗျ…..ဖြေချင်တာယားနေတာပဲ…. ရုံးကလူကြီးတွေလည်း ဒီဆိုဒ်ကိုဝင်ဝင်ကြည့်တယ်လေဗျာ …… ဒါကြောင့် Green Rose ရဲ့ မေလ်းလေးဖြစ်ဖြစ်ထားခဲ့ပေးပါလို့ပြောတာပေါ့… ကျွန်တော့်မေလ်း 3 ခုလောက်ကို ရုံးကအကုန်သိလို့ဗျ ……..
      Reply

      2-28-12
      Computer says:
      Green Rose ရဲ့စေတနာကိုအလေးထားပါတယ်။ဒီPostလေးဟာဘယ်သူကိုမှနစ်နာစေလိုတာမရှိပါဘူး။
      နစ်နာနေတဲ့ဝန်ထမ်းတွေအခွင့်အရေးတွေပြန်ရလာဖို့၊နိုင်ငံတော်နဲ့ကုပ္မဏီကသက်ဆိုင်သူတွေသိရှိပြီး
      ဆင်ခြင်နိုင်ဖို့၊မဟုတ်တာလုပ်တဲ့သူတွေ့ရင်ထိရောက်စွာအရေးယူနိုင်ဖို့တစ်ဖက်တစ်လမ်းကနေထောက်ပြခြင်း
      ဖြစ်ပါတယ်။
      နောင်လည်းစုဆောင်းထားတဲ့Dataလေးတွေဖေါ်ပြသွားဦးမှာပါ။

      Now Please think by your self as my point of view.OK?
      1> Is Davit’s reason acceptable? He is writing down ALL by using ” Davit ” because his bosses could not know who is ” Davit “, Right ?
      And than WHY did not create a new Email address ?
      2> He is asking Email address without showing his email address.Honest ?
      3> When GR ask COMPUTER ( 2 times -Post No 1 and No 2 ), Davit answered.
      I believed that this is TWINs or clone.Unbelievable.
      4> Without exact name of company, How can we ( MG Villagers ) can help them?
      How Government can notice them? Amazing!!!!!
      Dear Brother ( Ko ) Kyee Mite,
      Don’t waste your time for the unbelievable posts.
      As for me, I couldn’t believed them ( Computer and Davit ).

      Let’s try our best for our country.
      With respect,
      Swal Taw Ywet.

  • etone

    February 28, 2012 at 3:32 pm

    ကိုချောကလက်ကြီးရေ …. အလွန်ကောင်းတဲ့ သုံးသပ်တင်ပြချက်လေးကို ဖတ်ခွင့်ရအောင် ရေးပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် … ။
    လက်တလော ပြသနာကို တစ်ကွက်စာလေးပဲ က ွက်ကြည့်ပြီး ဖြေရှင်းတတ်တာ … လူအများစုရဲ့ .. လုပ်လေ့လုပ်ထအကျင့်လို့ ဆိုမလားပဲ .. (ကိုယ်တိုင်လည်း အဲ့လိုပဲမို့ပါ ) ။

    ကြောက်ခဲ တစ်လုံးကို ရေထဲ ပစ်ချဆော့ကစားလိုက်ဖို့ကလွယ်ပေမယ့် … သူ့ရဲ့ ဂယက်ရိုက်ခတ်မှု့ကြောင့် .. နိမ့်ချည်၊မြင့်ချည် …လှုပ်ရှားသွားရမယ့်.. ဗေဒါပင်လေးတွေအတွက်တော့.. အလူးအလဲဖြစ်မယ်ထင်ပါရဲ့နော် …. ။ 🙁

  • kai

    February 28, 2012 at 5:10 pm

    အဲဒီအချိန်တုန်းက သဘာဝဓါတ်ငွေ့ရောင်းလို့ရတဲ့ ဒေါ်လာ ၂.ရ ဘီလီယံက တစ်ဒေါ်လာ ခြောက်ကျပ်ဈေးနဲ့ ဆိုရင် ကျပ်ငွေ ၁၃ ဘီလီယံ လောက်ပဲ ရှိတယ်..

    ဆိုတော့.. အဆ ၁၀ဝမက ကွာနေတဲ့.. ဈေးတွက်နဲ့ကြည့်ရင်.. အဲဒီ အဆ၁၀ဝလောက်ကြီးဖြစ်တဲ့.. ကျပ်ငွေတွေဘယ်ရောက်သွားသလည်း မေးချင်တာပါ…။
    ဘယ်ရောက်သွားလည်းဟင်င်င်င်….
    ဓါတ်ငွေ့ရောင်းချိန်ကစပြီး.. နှစ်တိုင်းဝင်နေတဲ့… ဒေါ်လာတွေမို့.. နှစ်တိုင်း… ဘယ်တွေရောက်နေကြသလည်းဟင်င်င်…
    တိုင်းပြည်ဘဏ္ဍာတွေ.. ဘာတွေသုံးလို့.. ဘာဖြစ်နေသလည်း.. လူထုကို… အသိပေးဖို့ကောင်းပါတယ်…။
    =
    ယူအက်စ်ရဲ့.. ရီပါ့ဗလစ်ကန်သမ္မတလောင်း.. ဒီဘိတ်မှာ.. ပြီးခဲ့တဲ့တပါတ်က.. သမ္မတလောင်း.. ဂင်းဂရစ်ချ်က.. ဓါတ်ဆီတဂါလံ ၂.၅ ဒေါ်လာရအောင်လုပ်ပြမယ်ပြောထည့်လိုက်တယ်.. (အခု.. အယ်လ်အေမှာ တဂါလံ… ၄.၃ဝဒေါ်လာ)
    ဖြစ်နိုင်တာ.. မဖြစ်နိုင်တာ..အပထား.. မဲဆွယ်တယ်ပေါ့ဗျာ…
    အဲလိုမှတ်ပါတယ်…။

    Newt Gingrich’s $2.50 gas promise – Feb. 24, 2012
    money.cnn.com/2012/02/24/news/…/gingrich_gas_prices/index.htm
    3 days ago – Gas prices are on the rise, and a cadre of politicians are now selling the promise of lower prices at the pump. Newt Gingrich, struggling to ..

  • လင်းဝေ

    February 28, 2012 at 5:19 pm

    ဝန်ထမ်းတွေကို ငွေစာရင်းခေါင်းစဉ် ခွဲပြီး လစာပေးရမှာဗျ။
    အစိုးရဌာနတွေနဲ့ အစိုးရလုပ်ငန်းတွေကို ခွဲထုတ်ပစ်ရမှာ။
    အဲဒီလို လုပ်မှ အစိုးရ စားရင်းကနေ လခပေးရတာနည်းသွားပြီး shock impact ကို လျှော့ချနိုင်မှာ။
    ငွေအသုံးလည်း နည်းသွားမှာမို့ ဘတ်ဂျက်လိုငွေလည်း နည်းသွားမှာပေါ့။

    • weiwei

      February 28, 2012 at 7:56 pm

      ကိုလင်းဝေပြောသလို စလုပ်နေပြီ … လုပ်ငန်းတွေအကုန်လုံးကို ကိုယ့်ဟာကိုယ်ရပ်တည်ပြီး ဝင်ငွေရှာရတဲ့အပြင် ပင်စင်လစာကိုပါ တာဝန်ယူခိုင်းတဲ့စနစ်ကို အခုဘတ်ဂျက်မှာ စတင်ကျင့်သုံးပါတော့မယ် …
      လုပ်ငန်းတွေက ဝင်ငွေရှာပြီး ဌာနတွေကို ပံ့ပိုးပေးရမှာမု့ိ လစာတိုးပေးဖို့ဆိုတာ ပင်မအစိုးရဆီမှာ တာဝန်သိပ်ကြီးမှာမဟုတ်ဖူးလို့ ထင်ပါတယ် …

  • htet way

    February 28, 2012 at 8:47 pm

    လစာတိုးရင် ကုန်ဈေးနုန်းတက်မယ်
    “ ဝန်ထမ်းဦးရေက မြန်မာတစ်နိုင်ငံလုံးလူဦးရေရဲ့ ၅ ရာခိုင်နှုန်းသာ ရှိတာပါ။
    အဲဒီ ငါး ရာခိုင်နှုန်းအတွက် ကျန်တဲ့ ပြည်သူလူထုကြီး ရင်ဆိုင်ရမယ့် ကုန်ဈေးနှုန်း
    တိုက်ပွဲကြီးကိုလည်း တစ်ချက်လောက်တော့ ငဲ့ကြည့်ပေးကြပါဦး။”
    တွေးစရာ တွေ ကိုရစေတဲ့ ဆောင်းပါးကို ရှာဖွေတူးဖေါ်ပေးတဲ့စေတနာကို လေးစားပါတယ်။

  • ငပွကြီး

    February 28, 2012 at 9:37 pm

    ကျွန်တော်ဉာဏ်မှီသလောက်ပြောပြရင် အစိုးရရုံးတော်တော်များများ မှာပိုနေသော မလိုအပ်သော ဝန်ထမ်းတွေအများကြီးတွေ့ရတယ်..
    ရုံးယူနီဖေါင်းကြီးနဲ့တင် ဈေးပါတ်နေသော ရှော့ပင်းထွက်နေသော ဝန်ထမ်းတွေအများကြီးတွေ့ဖူးပါတယ်
    ရုံးတစ်ရုံးမှာ အဓိကဝန်ထမ်း ၅ ယောက်လောက်ရှိရင်ရတဲ့ရုံးက ဝန်ထမ်း ၁၅ ယောက်လောက်တွေ့နေရပါတယ်
    ရုံးလုပ်ငန်းတွေကလဲ ခေတ်နဲ့အညီပြောင်းလဲသင့်ပါပြီ..
    ဥပမာ…လ ဝ က , မြေစာရင်း စတဲ့ရုံးလုပ်ငန်းတွေမှာ လူ ၁ ယောက်စာ အိမ်ဂရမ် ၁ ခုစာ ဆိုရင် စာရွက်ထုကြီး အကြီးကြီးနဲ့ ရေးလိုက်ရတဲ့ ဖြည့်လိုက်ရတဲ့ စာတွေ မနည်းဘူး
    ဒီနေရာမှာ IT နည်းပညာနဲ့လုပ်ရင် ????
    MPT မှာ ဖုံးဘီလ်ကို prepaid စံနစ်နဲ့လုပ်ရင်???
    လူ ၁ဝ ယောက်စာကို ၁ ယောက်ထဲနဲ့ ပြီးပြတ်နိင်ပါတယ် မြန်လဲမြန်မယ်..
    ပိုနေတဲ့လူ ၉ ယောက်ကိုထုတ်လိုက်ပြီး တကယ် အရည်အချင်းရှိသော ၁ ယောက်ကို ၅ ယောက်စာလခပေးလိုက်တာက ပိုပြီးဖြစ်သင့်တယ်လို့ထင်ပါတယ်
    ဝန်ထမ်းဆိုတာကလဲ လိုအပ်သလောက်ဘဲခန့်တာကောင်းပါတယ်
    ၁ ယောက်ထဲလုပ်လို့ရတဲ့အလုပ်ကို ၅ ယောက်လောက်ကဝိုင်းပြီး လုပ်နေတဲ့သဘောပါ
    ဒါကြောင့် နည်းစံနစ်တွေပြောင်း..ဝန်ထမ်းတွေလျှော့ လစာကိုလုံလောက်အောင်ပေး တကယ်အရည်အချင်းရှိသူကိုသာခန့် မယ်ဆိုရင်???
    အစိုးရရုံးဝန်ထမ်းတော်တော်များများ ရူံးအလုပ်ထက် ဦးစီးမူးအလုပ်ကပိုများနေတာတွေ့ရပါတယ်
    ဒါကလဲ ကျွန်တော့်အတွေးသက်သက်သာဖြစ်ပါတယ်..

    • myanmarcitizen

      February 29, 2012 at 2:29 pm

      ဟုတ်တယ် ကိုပွ။ ကျွန်တော်လဲပြောချင်နေတာကြာပြီ။ အစိုးရဝန်ထမ်းတွေရဲ့အလုပ်ချိန်က ဘယ်အချိန်က နေဘယ်အချိန်ထိလဲ။ လစ်ရင်လစ်သလို့ဒိုးနေကြတာပဲတွေတယ်။ အလုပ်ကို ဖိဖိစိစိ လုပ်တဲ့ အစိုးရဝန်ထမ်းမျိုးဆိုတာတော်တော်ရှားပါတယ်။ ဦးရွှေမန်းကပြောတယ် နေပြည်တော်က ဆောက်လုပ်ရေးသမားတွေတောင် 100000 ကျော်ရတဲ့အတွက် ဝန်ထမ်းတွေလဲ ရသင့်တယ်တဲ့။ ဟိုကလူတွေက အသေလုပ်ရတာ ကိုကြဒီဘဲထဲ့မပြောဘူး။ ဘိလပ်မြေအိတ်ထမ်းတာတောင် ပြေးပြီးထမ်းနေရတဲ့သူတွေလေ။အဲ့လောက်တော့ရရမှာပေါ့။ အစိုးရဝန်ထမ်းတွေများ လစာအပြင် အာရကေကရသေးတယ်လေ။ လစာတိုးပေးရင်လဲ အရေအတွက်သာ များပြီး အရည်အချင်းမရှိသော သူများအား ထုတ်ပစ်ပြီး ကျန်ရှိတဲ့သူတွေကို လဲ အလုပ်များများစေခိုင်းမှ အဆင်ပြေမည်ဟုထင်မိပါတယ်။

  • unclegyi1974

    February 28, 2012 at 10:09 pm

    ကိုဘလက်ရေဘကနဲနဲမေးချင်တာ
    တခုကကိုခု်ိင်ကမေးသွားပြီမမေးတော့ဖူး
    မေးချင်တာနောက်တခုက
    လူဦးရေ ၂ သန်းကို ပျှမ်းမျှ တစ်ယောက်ကို သုံးသောင်းတိုးပေး။ တစ်လကို ဘယ်လောက်ဖြစ်သွားမလဲ။ ကျပ်ငွေ ဘီလီယံ ၆ဝ လောက်ဖြစ်သွားမယ်။ တစ်နှစ်ကို ဘီလီယံ ၇၂ဝ လောက်လိုမယ်။
    တစ်တိုင်းပြည်လုံးက ယဉ်တွေအတွက် တစ်ရက်ရောင်းချပေးတဲ့ ဓါတ်ဆီပမာဏက ဂါလန် တစ်သန်း ရှိတယ်။ အဲဒီတော့ တစ်ရက်ကို ကျပ်သန်းပေါင်း ၁၃၂ဝ ပိုရလာတယ်။ တစ်လကို ကျပ်ငွေ ဘီလီယံ ၄၅ဝ လောက် ရသွားတယ်။ ဝန်ထမ်းလစာတိုးလို့ ပိုပေးရမယ့်ငွေက ဘီလီယံ ၇၂ဝ ဆိုတော့ တစ်ဝက်ကျော်လောက်ပဲ ရှိတယ်။ မလောက်သေးဘူး။ အဲဒီတော့ ဘာထပ်လုပ်လဲ ဆိုတော့ ဒါအားလုံးသိပြီး သားပဲ မီတာခကို ၂.၅ ကျပ်ကနေ ၂၅ ကျပ်အထိ ဆယ်ဆတင်လိုက်တယ်။ စက်ရုံသုံးတွေက ကျပ် ၅ဝ ဖြစ်သွားတယ်။
    ဆွေးနွေးသွားသူကပဲအတွက်လွဲသလားကိုဘလက်ပဲအကူးမှားသလား
    မမှားပါဖူးအကုန်မှန်ပါတယ်ဆိုဝန်ထမ်းလစာတိုးလို့လိုငွေကတနှစ်လုံးနေလို့မှဘီလျှံ ၇၂၀
    ဓာတ်ဆီတလကိုပိုရတာကဘီလျှံ၄၅ဝ ၂လဆိုဝန်ထမ်းလစာတိုးတာတနှစ်စာပေးလို့လောက်
    နေပါပြီ ကျန်တာအစိုးရကအပိုမြတ်ငွေဖြစ်သွားပြီမီတာခကထပ်ဆောင်းအမြတ်လို့မြင်ပါတယ်

    ဘာပြောပြောဝန်ထမ်းလစာတိုးတာကိုကြိုဆိုပါတယ်
    ဒါပေမဲ့ဘက်ဂျက်နီးမှဝန်ထမ်းလစာတိုးသင့်ပါတယ်ထလုပ်တာကတော့တမျိုးကြီးလားလို့
    ကိုဘလက်ပြောသလိုဘတို့လိုဘာစီးပွားရေးမှမသင်ခဲ့သူတွေတောင်
    ဒါမျိုးဆိုတာအေးပေးသင့်တယ်ပေးလိုက်တော့လုပ်လို့ရတဲ့အလုပ်မျိုးမဟုတ်ပါဖူးလို့သိပါတယ်
    ဘယ်အဆင့်အထိပေးရင်ဘက်ဂျက်ဘယ်လောက်လိုသွားမယ်
    ဘယ်လိုဖြည့်တင်းမယ်ဆိုတာအရင်စာရင်းဆွဲရတယ်ဆိုတာသိပါတယ်
    အခုတော့ဘယ်လိုနားလည်ရမယ်ကိုးမသိအောင်ပါဗျာ

    • Swal Taw Ywet

      February 29, 2012 at 12:16 am

      Dear UncleGyi,
      They are preparing for April 1,2012, BY ELECTION only.
      They don’t think about the country especially for the people’s welfare.
      Because they are not selected by the people. Am I right?

      With respect,
      Swal Taw Ywet.

    • kai

      February 29, 2012 at 8:31 am

      အဲဒီတော့ တစ်ရက်ကို ကျပ်သန်းပေါင်း ၁၃၂ဝ ပိုရလာတယ်။ တစ်လကို ကျပ်ငွေ ဘီလီယံ ၄၅ဝ လောက် ရသွားတယ်။ ဝန်ထမ်းလစာတိုးလို့ ပိုပေးရမယ့်ငွေက ဘီလီယံ ၇၂ဝ ဆိုတော့ တစ်ဝက်ကျော်လောက်ပဲ ရှိတယ်။

      တရက် ၁.၃ဘီလီယံကျပ်
      တလ.. ၁.၃ x ၃ဝ = ၃၉ ဘီလီယံ
      တနှစ် ၃၉ x ၁၂ = ၄၆၈ ဘီလီယံ

      ကြည့်ရတာ.. ဆြာဘလက်ချော.. တိုက်ပိုအယ်ရာထင်ပါတယ်..။
      တနှစ်ကိုပြောနေတာ ဖြစ်ပါလိမ့်မယ်…

      တွက်နည်းကိုတော့.. ကြိုက်ပါ့ဗျာ..။
      တကယ်တော့.. ၂၀၀ရ ကိုမင်းကိုနိုင်တို့.. ထောင်ထဲဝင်သွားရတာ.. အဲဒီဓါတ်ဆီဈေးတင်လို့ပဲ..
      အင်မတန်.. သတိထားသင့်တာအမှန်ပါပဲ..။

  • ပြဿနာတစ်ခုကို ရေရှည်မတွေးဘဲလက်ပူတိုက်ပြီး ပြေလည်အောင်ဖြစ်သလိုဖြေရှင်းတဲ့
    အကျင့်တွေကို အရင်ဖျောက်ရမယ်လို့ထင်ပါတယ်။
    ကျနော်တို့ဆီမှာ ဒုက္ခပေးနေတာ ဒီအကျင့်ဆိုးပါ.

  • padonmar

    February 28, 2012 at 11:11 pm

    ကိုဘလက်ရေ
    လက်မထောင်ပေးခဲ့ပါတယ်။
    ဒီစကားလေးကြောင့် အဆင်ပြေနေတဲ့ အပြင်ဝန်ထမ်းတွေလည်း လစာတိုးနိုးမျှော်နေကြပါပြီ။
    ကုန်ဈေးနှုန်းများတက်သည်ရှိသော် သူတို့တွေရနေတဲ့ လခကလည်း ဘယ်လောက်တော့မလဲ။
    အလုပ်ရှင်တွေရဲ့ ဝင်ငွေမတိုးပဲ(အလုပ်အကိုင်မကောင်း၊ရေခွန် ၊အမှိုက်ခွန်၊မီတာ၊လမ်းတံတားကြေး၊အခွန်တွေက အစစတက်တာမို့ ) မကိုက်လို့ ဝန်ထမ်းအင်အားလျှော့ရင် အလုပ်လက်မဲ့တွေ တိုးလာအုံးမယ်။
    လစာတိုးရင် ကုန်ဈေးနှုန်းတက်တာ ကုန်သည်တွေ အမြတ်ကြီးစားလို့ချည်းပဲ တစ်သက်လုံးမှတ်လာကြတာ။
    ဦးလှမောင်ဝေဖန်ပြတာလေး
    “ကုန်ဈေးနှုန်းကို အဓိက သက်ရောက်စေတဲ့ သော့ချက်ကြီးတွေကိုမှ သွားကိုင်လိုက်တော့ ကုန်ဈေးနှုန်းကလည်း တကယ်ပဲ တက်သွားခဲ့တယ်။ ”
    ကို သတိထားမိကြစေချင်ပါတယ်။

    • kai

      February 29, 2012 at 2:55 am

      ဈွမ်းအင်ပေါ့…
      အပြည်ပြည်ဆိုင်ရာ.. အမှန်တရားတခုပါပဲ..

      ယူအက်စ်မှာ.. ရေနံက.. ကုန်ဈေးနှုန်းတင်မက..လည်ပါတ်ငွေ ငွေအားလုံးရဲ့.. သော့ချက်လည်းဖြစ်လို့နေပါတယ်..။

      ဆီဈေးအခု..တောက်လျှောက်တက်နေတယ်လေ..
      အစိုးရထိုင်ခုံလှုပ်နေတယ်ပေါ့…

      • Khin Latt

        February 29, 2012 at 4:33 am

        သူကြီး
        မြန်မာပြည် အစိုးရ က ထိုင်ခုံ ပေါ်မှာ ထိုင်တာ မဟုတ်ဘူး ဗျိုး။ 😉

  • Khin Latt

    February 29, 2012 at 4:32 am

    ကဘချောရေ
    ဒီရက် အလုပ်မှာ ရေစီး နည်းနည်းကြမ်း နေလို့ အိမ်ရောက်ရင် ခေါင်းက သိပ်အလုပ်မလုပ်ချင်ဘူး။
    ရွာကိုတော့ သတိရလွန်းလို့ ဝင်ခဲ့ပါတယ်။

    ကဘချော ရဲ့ ဒီ Post မှာလဲ ထုံးစံ အတိုင်း ဆွဲငင်အားများစွာပါပါတယ်။
    သေသေချာချာဖတ်သွားပါတယ်။
    ကျွန်မ လဲ ဦးလှမောင် ရဲ့ သဘော နဲ့ ထပ်တူပါဘဲ။
    ဆရာဦးမော်သန်း ဘာဝင်ပြီး ဆွေးနွေး ခဲ့တယ် ဆိုတာကိုလဲ စိတ်ဝင်စားပါရဲ့။
    လစာတိုးလိုက် တာနဲ့ ကုန်ဈေးနှုံးတွေက လိုက်တိုးမှာ အသေအချာပါဘဲ။
    ဘယ်သူ ဘာကြေး လောင်းမလဲ။ 😆

  • kokothandar

    February 29, 2012 at 11:37 am

    ညွန်မှုး နဲ့ဗိုလ်မှုးကြီးတွေ အထက် အရာရှိကြီး တွေ ကို အလျံပယ်အခွင့်အရေး ပေးထားတာတွေကို
    လျော့ပေးပြီး ဝန်ထမ်းငယ် တွေကို လစာတိုးပေးလိုက်ရင်တောင် လောက်မယ် ထင်ပါ့။ တစ်ကယ်တမ်း
    လာတ်စားနေသူတွေက ဝန်ထမ်းကြီးတွေပါ ဝန်ထမ်းငယ် လေးတွေက သဒ္ဒါကြေး တန်စိုးလက်ဆောင်ပါ
    တစ်နေ့စာ တစ်နေ့ ရှာရတာကြလဲ ဖတ်ဖတ်မောပါ ဝန်ထမ်းကြီးတွေကတော့ တစ်နှစ်စာ နှစ်နှစ်စာ
    တစ်သက်စာလောက်ဆိုရမလို ခွင်ဝင်ပြီဆိုရင် လာထား အားလဲနာမနေတော့။ ဟုတ်ပြီ လာတ်ရပြီးရင်လဲ
    ကျေးဇူးစကားတောင် ပြောဖေါ်မရကြကြပါဘူး။ သူ့ကိုယ်သူ သူကဘဲ သနားလို့ မ. ပေးလိုက်တဲ့ပုံမျိုးနဲ့
    နေနေကြသေးတယ်
    အမှန်ပြောရင် kokothandar လဲ လာတ်ထိုးရင်း အကျိုးခံစားမှု့ ရဘူးသူပါ လာတ်ယူသူကလဲ ဝန်ကြီး
    ဗိုလ်ချုပ် တစ်ဦးပါ တစ်ဆင့်ခံက တောင်းလို့ပေးခဲ့ရခြင်းပါ သဒ္ဒါလို့တော့မဟုတ်ပါ

  • htoosan

    February 29, 2012 at 11:43 am

    Eleven Media Group Link မှ လူထု ဦးစိန်ဝင်းရေးသားထားမှုအား ကောက်နုတ်ဖော်ပြပါသည်။

    http://www.first-11.com/index.php?option=com_content&view=article&id=12507:2012-02-26-07-42-24&catid=78:2009-11-13-06-25-17&Itemid=135

    လစာတိုးပေးရေးကိစ္စ

    ပြည်သူတွေရဲ့ ဆန္ဒကို ဦးထိပ်ထားရမယ့် ဝတ္တရားရှိတာနဲ့အညီ အခုလည်း ပြည်သူတွေ ရေးစေချင်တဲ့ အကြောင်းတချို့ကို ရေးလိုက်ရပါတယ်။ ရေးလို့ ဖြစ် မဖြစ်၊ ရေးဖို့ သင့် မသင့် ချီတုံ ချတုံဖြစ်နေတာကြောင့် နည်းနည်းတောင် နောက်ကျသွားတယ်။ အခုတော့ နယ်ပယ်ပေါင်းစုံက ပြည်သူတွေရဲ့ ရင်ဖွင့်သံတွေက နားမဆံ့အောင် ကြားနေရတာကြောင့် ဘယ်ကိစ္စမဆို ပြည်သူတွေစိတ်ချမ်းသာအောင် ဆောင်ရွက်ရမယ်ဆိုတဲ့ သမ္မတ ကြီးရဲ့စကားကို လက်ကိုင်ပြုပြီး ရေးသင့် ရေးအပ်တာကို ရေးလိုက်တာဖြစ်တယ်။ ပထမဆုံး ပြည်သူတွေပြောစေ ရေးစေချင်တာက နိုင်ငံ့ဝန်ထမ်းအား လုံးလစာတိုးပေးရေးကိစ္စ ဖြစ်တယ်။ ဒီကိစ္စကို ပြည်သူတွေကစပြီး တောင်းဆိုခဲ့တာမဟုတ်ဘူး။ တောင်းတိုင်းရတာ မဟုတ်လို့ မတောင်းဘဲ ငြိမ်နေခဲ့ကြတာကြာပါပြီ။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော်မှာ အဆိုတင်သွင်းခဲ့တာ ဖြစ်တယ်။

    လိုက်လျောညီထွေမှုမရှိ

    သူရဦးရွှေမန်းက အဆိုတင်သွင်းရာမှာ ”ယနေ့တာဝန်ထမ်းဆောင်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းရဲ့ လက်ရှိရရှိနေသော လုပ်ခ၊ လစာစရိတ်နှင့် ချီးမြှင့်ငွေများမှာ ယနေ့ခေတ်ကာလနဲ့ လိုက်လျောညီထွေမှု မရှိပါ။ အဲဒါကြောင့် ယနေ့ဝန်ထမ်းများ၏ လုပ်ခ လစာစရိတ်နှင့် ချီးမြှင့်ငွေများအား ထိုက်သင့်သလို အလျင်အမြန် တိုးပေးရန်လိုသည်ဆိုတဲ့အချက်ကို ထောက်ပြခြင်း ဖြစ်ပါတယ်။ အူမတောင့်မှ သီလစောင့်နိုင်မှာဖြစ်သလို အူမတောင့်ပြီး သီလမစောင့်ရင်တော့ သူ့တာဝန်ပဲဖြစ်ပြီး သူတို့တရားကို သူတို့စီရင်မှာ ဖြစ်ပါတယ်”လို့ ပြောသွားခဲ့တယ်။ အဲဒီအဆိုကို အစိုးရအဖွဲ့ကိုယ်စား ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနဝန်ကြီး ဦးလှထွန်းက ပြန်လည်ဖြေကြားရာမှာ ဘဏ္ဍာရေးရှုထောင့်အမျိုးမျိုးက ရှုမြင်တွက်ချက်ပြီး အဆိုတင်သွင်းသလို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာမဖြစ်နိုင်ဘဲ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာမှ ဖြစ်နိုင်ကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားသွားတယ်။
    အနိမ့်ဆုံးလစာ တစ်သိန်းပေးသင့် သူရဦးရွှေမန်းကတော့ ငွေကုန်ကြေးကျများပြီး အကျိုးမရှိတဲ့ စီမံကိန်းများကို ရပ်ပစ်လိုက်ပြီး နိုင်ငံတော် ဘဏ္ဍာထဲလာသင့်ပေမယ့် ဝင်မလာတဲ့ ယိုပေါက်၊ ထွက်ပေါက်တွေကို ပိတ်ပစ် လိုက်ရင် တိုးပေးနိုင်ပါတယ်လို့ ထပ်မံ ဆွေးနွေးတင်ပြတယ်။ ဒါ့အပြင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့စွဲနဲ့ ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌဆီကို ပေးပို့တဲ့ သဝဏ်လွှာမှာလည်း သူရဦးရွှေမန်းက ပြည်သူ့ဝန်ထမ်းများ အတွက် လုပ်ခလစာများအား အနိမ့်ဆုံး ကျပ်တစ်သိန်းဖြစ်သင့်ကြောင်း ဖော်ပြထားပါတယ်။ ဒီအဆိုကိုကြားလိုက်ရတော့ ပြည်သူလူထုတစ်ရပ်လုံး ဝမ်းသာအားရ ဖြစ်သွားကြတယ်။ ရုံးမှာ အရာရှိကြီးဖြစ်နေ၊ တက္ကသိုလ်မှာ ဆရာမကြီး ဖြစ်နေပေမယ့် ပြင်ပက ပန်းရန်ဆရာတစ်ယောက် လက်သမားဆရာတစ်ယောက်၊ တက္က စီမောင်းသူတစ်ယောက်လောက်မှ မရတဲ့လစာရိက္ခာလေးနဲ့ ထီးဖြူ ဖိနပ်ပါး ဖြစ်နေကြရသူတွေအဖို့တော့ လစာတိုးမယ်ဆိုတဲ့ စကားလောက် ဘယ်စကားမှ နားဝင်မချိုပါဘူး။

    ကူကြပါ၊ ကယ်ကြပါ

    ဒါပေမယ့် ဝန်ကြီးဦးလှထွန်းက လစာတိုးပေးလိုက်ရင်တိုးလာမယ့် ကုန်ကျစရိတ်တွေကို သေသေချာချာ တွက်ပြပြီး၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ မဖြစ်နိုင်ကြောင်း ပြောလိုက်တော့ အမြင့်ဆုံးရောက်သွားတဲ့ စိတ် ဓာတ်တွေ အောက်ဆုံးထိအောင် ”ဖုတ် ကနဲ” ပြုတ်ကျသွားတော့တယ်။ လက်လှမ်းမီရာ သတင်းမီဒီယာသမားတွေဆီ လှမ်းပြီ ကူကြပါဦး၊ ကယ်ကြပါဦး၊ ရေးပေးကြပါဦးနဲ့ ပူဆာကြတယ်။ ဒီတော့လည်း တာဝန်ကျေဖို့ မကြိုးစားဘဲ နေလို့မဖြစ်တော့ဘဲ ရေးရ ပြောရတော့တယ်။ ဘဏ္ဍာရေးဝန်ကြီးတွက်ချက်ပြတဲ့ ကုန်ကျစရိတ်တွေ သိပ်ပြီး မြင့်တက်လာမယ်ဆိုတာ မှန်ပါတယ်။ ငွေကြေးဖောင်းပွမှုလည်း မလွှဲမရှောင်သာ ရင်ဆိုင်ရပါလိမ့်မယ်။ ဒါပေမယ့်ဝန်ကြီးက ကုန်ကျမယ့်ဘက် တစ်ခုကိုပဲ ပြောသွားပြီး ရလာဖို့ရှိတဲ့ ဘက်တွေကိုတော့ ပြောမသွားခဲ့ပါဘူး။

    ဝင်နေတာတွေရှိပါတယ်

    ကျွန်တော်တို့မှာ နှစ်စဉ်ဒေါ်လာ သန်းနဲ့ချီဝင်နေတဲ့ မုတ္တမကမ်းလွန်က ဓာတ်ငွေ့ဝင်ငွေတွေရှိနေပြီး တခြားနေရာတွေကထွက်နေတဲ့ ဓာတ်ငွေ့တွေကလည်း ဝင်လာဦးမှာပါ။ နှစ်စဉ် နှစ်ကြိမ် သုံးကြိမ် ကျင်းပနေတဲ့ ကျောက်စိမ်းနဲ့ တခြားရတနာကျောက်မျက်တွေ ပုလဲတွေက ဝင်ငွေတွေ ရှိပါတယ်။ လောလောဆယ် ပြင်ပပေါက်ဈေး ကျပ်သိန်းထောင်နဲ့ချီ တန်ဖိုးရှိတဲ့ နိုင်ငံပိုင်ရုံးအဆောက်အဦတွေနဲ့ စက်ရုံကြီးငယ်တွေ ထုတ်ရောင်းနေတာလည်း ရာနဲ့ချီရှိနေပါပြီ။ အဲဒီကငွေတွေလည်း နည်းမှာ မဟုတ်ပါဘူး။ ဒါ့အပြင် လွှတ်တော်ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းပြောခဲ့တဲ့ မလိုအပ်တဲ့ စီမံကိန်းကြီးတွေ ပယ်ဖျက်တာတွေ၊ လျော့ချတာတွေလုပ်ခဲ့ရင် ထွက်လာမယ့် ငွေကြေးအလုံးအရင်းတွေလည်း အများကြီးပါ။ အရင်အစိုးရတွေလက်ထက်မှာ လုပ်ခဲ့တဲ့ တချို့စီမံကိန်းများဆိုရင် နိုင်ငံတော်ဘဏ္ဍာအဖြစ်ရလိုက်တာ နည်းနည်း၊ ပြင်ပစီးပွားရေးသမားနဲ့ ဌာနဆိုင်ရာ လုပ်ပိုင်ခွင့်ရှိသူ လက်ဝါးချင်းရိုက်ပြီး သူတို့အိတ်တွေထဲ ရောက်သွားတာက များများ ဖြစ်နေတာတွေရှိပါတယ်။ ဒါတွေကို ဥပဒေအတိုင်း တိတိကျကျ စစ်ဆေးလိုက်ရင် နိုင်ငံတော်ဘဏ္ဍာအများကြီး တိုးသွားစရာရှိပါတယ်။

    အခွန်ရှောင်တာ၊ လိမ်တာ

    တစ်ဖက်ကလည်း အခွန်ရှောင်တာ လုံးဝမဆောင်တာတွေကို သေသေချာချာ စိစစ်ဖော်ထုတ်လုပ်သင့်ပါတယ်။ မနှစ်က Weekly Eleven ဂျာနယ်မှာ နှစ်စဉ် အခွန်အများဆုံး ပေးဆောင်နေတဲ့ လုပ်ငန်းရှင် ၁ဝ ဦးဆို တဲ့စာရင်းတစ်ခု ဖော်ပြခဲ့တယ်။ ကြည့်လိုက်တော့ နိုင်ငံတော်သူဌေးကြီးအဖြစ် စာရင်းဝင်ခဲ့တဲ့ လုပ်ငန်းရှင်ကြီးတွေထဲက တစ်ဦးမှပါတာ မတွေ့ရပါဘူး။ တစ်ခုခုတော့ မှားနေပြီဆိုတာ ဒီမှာတင် ထင်ရှားနေပါပြီ။ ဒါပေမယ့် ဘယ်သူကမှ ပြုပြင်ဖို့ စိတ်ကူးမရှိခဲ့ကြပါဘူး။ ဒီလိုအခွန်ရှောင်တာ၊ လိမ်တာ လုံးဝမသွင်းဘဲနေတာတွေကိုသာ အသေအချာ ကြပ်မတ်လိုက်ရင် ဝန်ထမ်းအနိမ့်ဆုံးလစာကို တစ်သိန်းမဟုတ်ဘူး။ သုံးသိန်းလောက်တောင် ပေးနိုင်လိမ့်မယ်လို့ တွေးလိုက်မိပါတယ်။
    ပြည်သူလူထုရဲ့ ယုံကြည်မှုနဲ့ ပူးပေါင်းပါဝင်မှုမရနိုင်ရင် ဘယ်လုပ်ငန်းမှ မအောင်မြင်နိုင်ဘူး။ အထူးသဖြင့် အခုလိုဆန့်ကျင်ဘက်တစ်ခုကနေ တခြားဆန့်ကျင်ဘက်တစ်ခုကို ခုန်ပြီး ကူးပြောင်းတဲ့ အပြောင်းအလဲမျိုးမှာ ပြည်သူလူထုရဲ့ ယုံကြည်မှုဟာ အခရာအကျဆုံးဖြစ်တယ် …
    xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
    နောက် ပြည်မြန်မာ ဂျာနယ်မှာလည်း တော်ဝင်ဆောက်လုပ်ရေးမှ ဦးကိုကိုထွေး၊ ပထမပုဂ္ဂလိကဘဏ် ဥက္ကဌ ဒေါက်တာစိန်မောင် ၊ မက်စ်မြန်မာ ဦးဇော်ဇော်၊ ငါးလုပ်ငန်းမှ အတွင်းရေးမှုး ဦးဝင်းကြိုင်တို့က လည်း လစာတိုးရေး ထောက်ခံပြောဆိုခဲ့ကြောင်း ရေးသားထားပါသည် ။

    အဲ.. အပြောကတော့ ရွှေမန်းဆိုတာလေးပြန်ခေတ်စားလာတော့မယ်ထင်ပါ့။ ဦးရွှေမန်းက
    “လစာတိုးရင် ကုန်ဈေးနှုန်းမြင့်မယ်။ ကုန်ဈေးနုန်းမြင့်မှာစိုးလို့ လစာ မတိုးဘဲနေလို့ရမလား။ လစာတိုးပေမယ့် ကုန်ဈေးနုန်းမမြင့်အောင် ဘာလုပ်မလဲ။ ဒါကိုစဉ်းစားဖို့လိုတယ် ။ လစာတိုးတိုး မတိုးတိုး မဖြစ်သင့်တဲ့ ကုန်ဈေးနုန်းဖြစ်နေတဲ့ ကိစ္စကိုဖြေရှင်းပေးဖို့လိုတယ်။”

    ဒါဖြင့်ရင် ကုန်ဈေးနုန်းမတိုးအောင် ဘယ်လိုကြိုတင်စီမံချက်များရှိမလဲ ဆိုတာတော့ နောက် စာမျက်နှာ တစ်ခုမှာ ဒီလိုဖတ်လိုက်ရပါတယ် ။

    ” လစာတိုးပါက ကုန်ဈေးနုန်းများ မြင့်တက်လာနိုင်သည်ကို လည်း ဖြေရှင်းရန် စဉ်းစားသွားမည်ဖြစ်ကြောင်း ”

    ဆိုတော့ ဘာ ကြိုတင် စီမံမှု့ မှ မရှိဘဲ ပေးပေးဆို တောင်းဆိုနေတာဟာ သူဘဲရတဲ့ ဦးသူရရွှေမန်းကြီး ရွှေမန်းသဘင်ဇာတ်ကနေတာ၊ ကလေးကစားနေတာ မဟုတ်ဘူးဆိုတာတော့ သတိ်မှထားမိရဲ့လားလို့ ……………

  • ကြောင်ကြီး

    February 29, 2012 at 12:14 pm

    အခွန်စနစ်ကို ပြင်နိုင်ရင် အစိုးရ ဘတ်ဂျက်လိုငွေ တဝက်လောက်ကို အသာလေးဖြည့်ပေးနိုင် ပါလိမ့်မယ်..။

  • blackchaw

    February 29, 2012 at 12:29 pm

    ကွန်းမန့်တွေ အားလုံးအတွက် ကျေးဇူးပါဗျာ။
    သူကြီးရေ။
    အချိန်နည်းနည်းပေးပါဗျာ။
    ကျွန်တော် တိုက်ပို အမှားလို့တော့ မထင်ပါဘူး။
    သို့သော် ပြန်စစ်ဖို့ အချိန်လေးနည်းနည်းပေးပါဗျာ။
    ဆရာဦးမော်သန်း ဘာတွေပြောတယ်ဆိုတာ ကွန်းမန့်က တစ်ဆင့်ရေးပေးပါမယ်ခင်ဗျာ။
    🙁

  • kyeemite

    February 29, 2012 at 1:02 pm

    ကိုစွယ်တော်ရွက်ခင်ဗျား…(အမေးရှိလို့ အဖြေရှိရခြင်းကိုပို့စ်ပိုင်ရှင်မှနားလယ်ခွင့်လွှတ်
    ပေးစေလိုပါသည်)ကျွန်တော်လည်းလက်ရှိ ကုမ်ပဏီဝန်ထမ်းတစ်ဦးပါ။
    သူများကုမ်ပဏီအကြောင်းတော့မပြောဆိုမငြင်းခုံချင်ပါ…
    မိမိကုမ်ပဏီအကြောင်းသာပြောပါမည်။ကျွန်တော်လုပ်နေတဲ့ကုမ်ပဏီကတော့..စာအုပ်ကြီး
    အတိုင်းဆိုသလို စာရင်းဇယားများအားလုံးကိုအမှန်အတိုင်း တစ်မျိုးတည်းသာထားပြီး
    သက်ဆိုင်ရာအစိုးရဋ္ဌာနများကိုလည်း ထိုအမှန်စါရင်းအတိုင်းသာတင်ပါသည်။
    သို့ပါရွေ့ ဝန်ထမ်းများထံမှဝင်ငွေအခွန်ကောက်ခံရန်တွက်ချက်ရာတွင်လည်း
    အစိုးရသတ်မှတ်ထားသည့်အတိုင်းအမှန်အတိုင်းတွက်ချက်ရွေ့
    လစဉ်ဖြတ်ပါသည်။မယုံမရှိပါနှင့် အမှန်ပါခင်ဗျား..ပိုမိုရှင်းလင်းသွားအောင်
    နမူနာပေးစလစ်တစ်ခုဖေါ်ပြပေးပါမည်…

    Basic Salary: 152429
    Full attendance: 4000
    Cost of living:20500
    Total income: 176929
    Income tax: (36960)
    SSB: (465)
    Total Net income: 139504(အိမ်ပြန်ပါငွေ)
    ဆိုတော့ကာ…ဝင်ငွေခွန်အမှန်အတိုင်းဆောင်ရင် နည်းလားများလား တွက်ကြည့်ပေါ့ဗျာ…
    ဒီဝန်ထမ်းတွေအတွက်ဝင်ငွေခွန်ဥပဒေပြဋ္ဌန်းခဲ့တာကြာပါပြီ..ကျွန်တော်မှတ်မိသလောက်တော့
    အစိုးရပြန်တန်းဝင်အရာရှိတစ်ယောက်..၁၂၅ဝကျပ်နှုန်းရတုံးကပါ။
    ဒီလောက်ဆို computer ဆိုသူတင်ထားတဲ့( 2 times -Post No 1 and No 2 )ဟာအမှန်
    ဆိုတာသိလောက်ပီပေါ့..
    ကဲ..ကိုစွယ်တော်ရွက် အကြံပေးပါအုံး…ဘာလုပ်ကြရင်ကောင်းမလဲ..?

    • hot coffee

      February 29, 2012 at 3:56 pm

      အကြံဉာဏ်လေးပေးလိုက်ပါအုံးဗျို…

  • kyeemite

    February 29, 2012 at 1:07 pm

    Basic salary ပေါ်ကတွက်ရင်..24.25% ပါဗျား…
    လခသွားထုတ်လိုက်အုံးမယ်ဗျို့….ဒီနေ့ပေးဒေးလေ။

  • kyeemite

    February 29, 2012 at 1:16 pm

    Dear UncleGyi,
    They are preparing for April 1,2012, BY ELECTION only.
    They don’t think about the country especially for the people’s welfare.
    Because they are not selected by the people. Am I right?

    With respect,
    Swal Taw Ywet.
    အမှန်ဘဲကိုစွယ်တော်ရွက်ရေ…I agree with you.
    ကျွန်တော့အထက်ပါဖြေရှင်းချက်လေးဖတ်ရရင် ဒီပို့စ်မှာဘဲအကြောင်းပြန်ပါအုံး..
    သင့်ခရု..

    • Swal Taw Ywet

      February 29, 2012 at 9:31 pm

      You are welcome, Brother.( Ko Kyee Mite )
      Please give me time to discuss with you in Myanmar font.
      May be a few days only. OK?
      It is sure, I will.

      With respect,
      Swal Taw Ywet.

  • unclegyi1974

    February 29, 2012 at 10:30 pm

    ကဲစွယ်တော်ရွက်ရေ
    ဘကို်ယ်စားကိုကြီးမိုက်ကဖြေသွားပြီနော်

  • ဦးဦးပါလေရာ

    February 29, 2012 at 10:30 pm

    ကိုဘလက်ချောရေ
    ဒီပိုစ့်လေးအတွက် ကျေးဇူးတင်ကြောင်း ပြောပါရစေ..။

    ဒီပိုစ့်ကို မနေ့က ကတည်းက ကွန်မင့်ရေးဘို့ကြိုးစားတာ အဆင်မပြေပါဘူး။
    အခုတတိယအကြိမ်မှာ submit လုပ်လို့ရလဲ တော်တော်နောက်ကျနေပါပြီ။
    ပြောချင်တာတွေလဲ ရှေ့မှာ တော်တော်ပြောသွားနှင့်ကြပါပြီ..။
    ဒီတော့ မတူတဲ့ အမြင်လေးနဲနဲ ချပြပါရစေ…..။

    ဝန်ထမ်းလစာတွေ တိုးဖို့ပြောဆိုကြရာမှာ ဘာအတွက်ပါလဲ ?
    သိရသလောက်တော့
    ၁- ဝန်ထမ်းတွေ လက်ရှိလစာနဲ့ စားဝတ်နေရေးမဖူလုံလို့
    ၂- ဝန်ထမ်းတွေ စားဝတ်နေရေးဖူလုံအောင်ပေးခြင်းဖြင့် လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးမှာ လက်တွေ့ကျကျ အကောင်အထည်ဖေါ်ဘို့ … လို့ပါပဲ။

    ၁- ဝန်ထမ်းတွေစားဝတ်နေရေးမဖူလုံတာနဲ့ပတ်သက်ပြီးပြောရရင်
    ဟုတ်ကဲ့ပါဗျာ- ဝန်ထမ်းတွေသာမက မြန်မာပြည်သူပြည်သားများ အများစု စားဝတ်နေရေးမဖူလုံပါဘူး။
    စားဝတ်နေရေးမဖူလုံတဲ့ပြဿနာဟာ ဝန်ထမ်းတွေရဲ့ သီးသန့်ပြဿနာမဟုတ်ပါဘူး။ တနိုင်ငံလုံးရဲ့ပြဿနာပါ။
    မဖူလုံတာချင်းတူရင်တော့ အများစုကိုပြောရရင်- ဝန်ထမ်းတွေက အခြား ဆင်းရဲနွမ်းပါးသူတွေထက် ပိုပြီးသပ်သပ်ရပ်ရပ် နေနိုင်ကြပါသေးတယ်။ အစိုးရဝန်ထမ်းဆိုတာ အခြားဆင်းရဲသားအများစုထက် ပိုပြီး ပညာတတ်တယ်။ ပိုပြီး အမြင်ကျယ်တယ်။ ပိုပြီး အတွေးအခေါ်ရှိတယ်။ ပိုပြီးမိမိဘဝ မိမိဝင်ငွေကို စီမံတတ်တယ်။ ပိုပြီး ပြဿနာဖြေရှင်းတတ်တယ်။
    ဒါကြောင့် စားဝတ်နေရေးမဖူလုံတဲ့ ပြည်သူများစွာကြားမှ ဝန်ထမ်းတွေအတွက်ပဲ သီးသန့်ရွေးပြီး ကွက်ပြီး အပြေးတပိုင်းဖြေရှင်းပေးမယ်ဆိုရင် ကျန်တဲ့ သူတွေဘယ်လိုမြင်ပြီး ဘယ်လိုခံစားချက်မျိုးဖြစ်ပေါ်မလဲဆိုတာလေးလဲ ထည့်သွင်းစဉ်းစားစရာပါ။
    တကယ်တော့ ကျောကသားလဲသား ရင်ကသားလဲသားမို့
    တနိုင်ငံလုံးရဲ့ပြဿနာ ပြည်သူအားလုံးရဲ့ပြဿနာကို တနိုင်ငံလုံးအတိုင်းအတာနဲ့ စဉ်းစားတွက်ချက်ဖြေရှင်းခြင်းကသာ ပိုပြီး ကြောင်းကျိုးဆီလျှော်ပါတယ်။

    ၂- ဝန်ထမ်းတွေ စားဝတ်နေရေးဖူလုံအောင်ပေးခြင်းဖြင့် လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးမှာ လက်တွေ့ကျကျ အကောင်အထည်ဖေါ်ဘို့ ….. ဆိုရင် – အဲဒီအတွက် အသင့် စီစဉ်ပြင်ဆင်ထားပြီးဖြစ်တယ်ဆိုရင် ကောင်းပါတယ်။
    အဲဒီတော့-
    ဝန်ထမ်းတွေလစာတိုးပြီးတာနဲ့ တပြိုင်နက် လာဘ်ပေးလာဘ်ယူကိစ္စကို အင်တိုက်အားတိုက် ပြတ်ပြတ်သားသား တိုက်ဖျက်ဖြေရှင်းဘို့ လက်တွေ့စီစဉ်ထားပြီးပါပြီလား ?
    ကမ္ဘာပေါ်မှာဖြင့် အဲဒီစာမေးပွဲကို အောင်မှတ်ရအောင်ဖြေနိုင်တဲ့ အုပ်ချုပ်ရေးစံနစ်မျိုး တော်တော်နည်းပါသေးတယ်။
    ဒီလောက် လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။
    လစာတိုး > ကုန်ဈေးနှုံးတက် > ငွေတန်ဘိုးကျ > လာဘ်ငွေပိုတောင်း (ပေါက်ဈေးပိုမြင့်) မဖြစ်လာဘူးလို့ ဘယ်သူများအာမခံမလဲ။
    ကျုပ်ကိုယ်တွေ့ကတော့ အရင်လစာတိုးတဲ့အခေါက်(၂၀၀၅ လို့ထင်တယ်) အပြီးမှာ လာဘ်ပေးရတဲ့ပမာဏ နှစ်ဆမက တိုးသွားတာပဲ။

    တကယ်တော့ လာဘ်ပေးလာဘ်ယူကိစ္စမှာ အဆိုးဆုံးနဲ့ ပမာဏအများဆုံး ပြည်သူကိုအထိခိုက်ဆုံး တိုင်းပြည်စီးပွားရေးကို သက်ရောက်မှု့အရှိဆုံးလာဘ်ပေးလာဘ်ယူမှု့တွေဟာ အောက်ခြေ (လစာတိုးမှ စားဝတ်နေရေးဖူလုံမယ့်) ဝန်ထမ်းတွေနဲ့ မပတ်သက်ပါဘူးနော။ လက်တွေ့လေ့လာကြည့်ရင် သိနိုင်ပါတယ်။
    ကိစ္စသေးသေးတွေမှာသာ အောက်ခြေဝန်ထမ်းက မဖြစ်စလောက်မုန့်ဘိုးရတာပါ။ အလတ်စား၊ အကြီးစားနဲ့ စူပါအကြီးစားကိစ္စတွေမှာ အောက်ခြေဝန်ထမ်းက တပြားမှမရပဲ ခိုင်းသလိုလုပ်ပေးရတာတွေ အများဆုံးပါနော။

    ဆိုတော့ ….
    ဝန်ထမ်းတွေကိုလဲ အားရှိစေ။ ဆွပြီးသားမို့ ကျေနပ်စေ။ အစိုးရလဲနာမည်ကောင်းလေး ရစေဘို့ဆိုရင်
    ဖုတ်ပူမီးတိုက် အနေနဲ့တော့ သင့်တော်တဲ့အချိုးအစား (ဥပမာ ၂၀%) တိုးပေးသင့်ပါတယ်။

    (အခြားပြည်သူများနဲ့အတူတကွ) အစိုးရဝန်ထမ်းတွေ စားဝတ်နေရေးဖူလုံဘို့
    လာဘ်ပေးလာဘ်ယူ လျော့နည်းဘို့
    တဆင့်တက်ပြီး မိမိအရည်အချင်းနဲ့ ဆီလျှော်တဲ့ လူမှု့အဆင့်အတန်းရရှိဘို့
    ဆိုတာတွေကတော့ အစိုးရနဲ့ပြည်သူတွေပူးပေါင်းပြီး ဟန်ချက်ညီညီ စည်းချက်ကျကျ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းလုပ်ဆောင် အကောင်အထည်ဖေါ်ရမယ့် ကိစ္စတွေသာဖြစ်ပါတယ် ….လို့
    သဘောထားပေးလိုက်ပါတယ်။

    စကားလေးရှိသားမဟုတ်လားဗျာ-
    မိသားစုဝင်တွေဆိုတာ
    အေးအတူ ပူအမျှ ခံစားစံစားကြရမှာပါ။

    • ဦးဦးပါလေရာ

      February 29, 2012 at 10:35 pm

      ကိုဘလက်ရေ
      ဒီကိစ္စနဲ့ပါတ်သက်ပြီး စိတ်ကြိုက်ပြောရရင် အပေါ်ကကွန်မင့်ထက် ဆယ်ဆမကရှည်သွားနိုင်တာမို့
      ကိုဘလက်ပိုစ့်ကို ရုပ်ပျက်အောင်မလုပ်တော့ပါဘူး
      တနေ့
      ချိုပေါ့ကျလေး မျက်နှာချင်းဆိုင်ဆွဲဖြစ်မှပဲ
      ဆက်ကြရအောင်နော့….။

  • blackchaw

    March 1, 2012 at 8:55 am

    @ kai ;
    သူကြီးရေ။
    ကျွန်တော့် တိုက်ပို မမှားဘူးခင်ဗျ။
    သူကြီးတွက်ပြထားသလိုဖြစ်ပါလိမ့်မယ်။
    တစ်နှစ်စာ ဘတ်ဂျက်ကို သူကပြောနေတော့လေ။
    သူကြီးတွက်ပေးသလို ပဲ ဖြစ်ပါလိမ့်မယ်။

    တရက် ၁.၃ဘီလီယံကျပ်
    တလ.. ၁.၃ x ၃ဝ = ၃၉ ဘီလီယံ
    တနှစ် ၃၉ x ၁၂ = ၄၆၈ ဘီလီယံ

    ဆိုတော့ သူဆွေးနွေးထားတာ အကုန်မှန်ပါတယ်။
    အဲဒီ တစ်လ ဘီလီယံ ၄၅ဝ နေရာမှာ တစ်နှစ် ဘီလီယံ ၄၅ဝ လို့ သဘောထားပေးကြပါဗျာ။
    ဂျာနယ်ထဲပါတာလည်း ဒီအတိုင်းပါထားတာ ဆိုတော့ ကျွန်တော် ပို့စ်ထဲမှာတော့ မပြင်တော့ပါဘူး။

    ဝိုင်းဆွေးနွေးပေးကြတဲ့ မိတ်ဆွေများကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ။

  • blackchaw

    March 1, 2012 at 4:14 pm

    ဒီနေ့ သမ္မတကြီး ပြောတဲ့ မိန့်ခွန်းထဲမှာ
    ကျွန်တော်ပြောထားသလို ပြည်သူတွေအပေါ် စာနာစိတ်လေး ဝင်သွားဟန်တူတဲ့
    ဝန်ထမ်းလစာကိစ္စလေး ပါလာတော့ ကျေနပ်ရပါတယ်။
    မည်သို့ပင်ဆိုစေကာမူ
    အပြင်မှာ လုပ်စားကိုင်စားနေရတဲ့လူတွေကို
    စာနာနားလည်ပေးလို့ သမ္မတကြီးကိုကျေးဇူးပါခင်ဗျာ။
    ကျွန်တော်ရေးခဲ့တာလေး ပြန်ထုတ်နှုတ်ပြပါရစေ။

    ဝန်ထမ်းဦးရေက မြန်မာတစ်နိုင်ငံလုံးလူဦးရေရဲ့ ၅ ရာခိုင်နှုန်းသာ ရှိတာပါ။
    အဲဒီ ငါး ရာခိုင်နှုန်းအတွက် ကျန်တဲ့ ပြည်သူလူထုကြီး ရင်ဆိုင်ရမယ့် ကုန်ဈေးနှုန်း တိုက်ပွဲကြီးကိုလည်း တစ်ချက်လောက်တော့ ငဲ့ကြည့်ပေးကြပါဦး။

    သမ္မတကြီးပြောသွားတဲ့ ဝန်ထမ်းလစာကိစ္စကိုလည်း ထုတ်နှုတ်ပြလိုက်ပါတယ်။

    ဝန်ထမ်းတွေလစာတိုးဖို့တော့ မဖြစ်နိုင်သေးပါဘူးလို့ ပြန်လည်ချေပသွားပါတယ်။ လူဦးရေ ရဲ့ ၃.၃% သာရှိတဲ့ အစိုးရဝန်ထမ်းတွေကို လစာတိုးပေးရင် ကျန်ရှိသော ၅၈သန်းကျော် လူဦးရေအများစုကြီးကို ထိခိုက်မှာမို့လို့ ဆိုပါတယ်။

  • blackchaw

    March 3, 2012 at 6:16 pm

    @ Khin Latt ;
    အစ်မမခင်လတ် အတွက် ဆရာဦးမော်သန်း ဆွေးနွေးထားတာလေး
    ဖေါ်ပြပေးလိုက်ပါတယ်ဗျာ။

    စီးပွားရေးတက္ကသိုလ်အငြိမ်းစား ပါမောက္ခချုပ် ဦးမော်သန်း က “လစာတိုးပေးလိုက်ရင်ကတော့ Economic Active ဖြစ်သွားနိုင်တယ်။ လက်ရှိအနေအထားအရ ဘဏ္ဌာရေးအင်အားမလုံလောက်တဲ့ အချိန်မှာ နည်းသုံးနည်းထဲက ဘယ်နည်းပဲ သုံးသုံး ဝန်ကပိုပိုပဲ ပိလာမှာပဲ။ ချေးရင်လည်း အတိုးက တက်လာမှာပဲ။ ရိုက်ရင်လည်း Budget Deficit ကများလာတော့ ရေရှည်မှာ တိုင်းပြည်ပိုဆိုးသွားနိုင်တယ်။ ငွေစက္ကူရိုက်တာကတော့ အဆိုးရွားဆုံးပဲ။ လက်ရှိတိုင်းပြည်ရဲ့ အနေအထားက အစိုးရရဲ့ ရငွေနဲ့ သုံးငွေက မျှဖို့လိုပါတယ်။ ဒီအချိန်မှာ ငွေကြေးဖေါင်းပွမှု ဖြစ်စေတဲ့ ကိစ္စတွေ၊ Deficit အများကြီး ပိုလာမယ့် ကိစ္စတွေဆိုရင် အများကြီးစဉ်းစားဖို့လိုပါတယ်။ လောလောဆယ်မှာတောင် အစိုးရရဲ့ အသုံးစရိတ် ရာခိုင်နှုန်း ၅၀၊ ၆ဝ လောက်က ဝန်ထမ်းလစာဖြစ်နေတယ်။ တချို့ဝန်ကြီးဌာနတွေရဲ့ အသုံးစရိတ်ရာခိုင်နှုန်း ၇ဝ ကနေ ၈ဝ က ဝန်ထမ်းလစာ ဖြစ်နေတယ်။ ဒါကို ဘဏ္ဌာငွေ အပိုမရှိပဲ လစာထပ်တိုးလိုက်ရင် တိုင်းပြည်က Deficit အရမ်းမြင့်သွားမယ်” ဟု ပြောကြားသည်။

Leave a Reply