ိအဟိ.. စံနစ်ကြောင့် ဗီဇကြောင့် လူမျိုးကြောင့် ရယ်လို့ ဒီဗိတ်လုပ်နေကြတာ ဖွထားတဲ့ အမှိုက်များမှ ထပ်ဆင့် ပြီး ဖွလိုက်ပါဦးမယ်။
ရွှေတိဂုံဘုရားသွားတော့ မြောက်ဘက် စောင်းတန်းကနေ တက်မယ့် အလုပ် တွေ့ လိုက်ရတဲ့ မြင်ကွင်းက ကိုရှုံးတို့ သူကြီးတို့ကို အားဖြည့် စရာတွေ့သွားလို့ပါ … :grin:

ကျုပ် အလုပ် ဘာလည်းဆိုတာ သိကြရဲ့လားဗျို့ .. ကျုပ် ရင်ခွင်ထဲတော့ မထည့်ကြဘူးဗျာ..

အမှိုက်ပုံးက အမှိုက်ပုံး အမှိုက်က အမှိုက် သပ်သပ် ဒီလိုနေတာခင်ဗျ

စိုက်ပြီးတော့ မရိတ်ဖူးဗျ ။ အလကားတော့ တိုက်ပါရဲ့ အမှိုက်ပုံးတော့ ထားပေးဘူး ရယ်..

အမှိုက်ပုံးလေး၏ တမ်းချင်း။

အလှုလုပ်တဲ့ Asia Aloe Vera ကလည်း ကျုပ် ဆွေမျိုး အမှိုက်ပုံး ထားပေးဘူးရယ် ။ သောက်တဲ့သူများကလည်း ဂွပ်ဆိုသောက်ပြီး ဖတ်ဆို ဘေးပြစ်လိုက်တာ ဘဲဗျ။ ဘုရားပေါ်တက်မဲ့ စောင်တန်းအ၀င်ဝကြီးမှာ ခင်ဗျ။ စိတ်ပုပ်တဲ့ ကထူးဆန်းကလည်း သူများတွေလို ဘုရားအလှ မီးတန်ဆာဆင်ထားတာတို့ မြန်မာ့ရိုးရာ ဈေးပွဲတန်းတို့ မရိုက်ဘဲ ကျုပ် ဟာ ကျုပ် အေးအေးနေတာ မနေရအောင် ဒါ့ပုံကြီး ရိုက်သွားတယ် ။ ကျုပ် အလုပ် ကျုပ် ရင်ခွင်ထဲ မြန်မာပြည်က လူတွေ မထည့်ကြတာ ကျုပ် အပြစ် ကျုပ် စံနစ်တွေကြောင့်လားဗျာ ။

About ကထူးဆန်း

has written 107 post in this Website..