ဖွဦးမှ ..

ကထူးဆန္းFebruary 28, 20121min24528

ိအဟိ.. စံနစ်ကြောင့် ဗီဇကြောင့် လူမျိုးကြောင့် ရယ်လို့ ဒီဗိတ်လုပ်နေကြတာ ဖွထားတဲ့ အမှိုက်များမှ ထပ်ဆင့် ပြီး ဖွလိုက်ပါဦးမယ်။
ရွှေတိဂုံဘုရားသွားတော့ မြောက်ဘက် စောင်းတန်းကနေ တက်မယ့် အလုပ် တွေ့ လိုက်ရတဲ့ မြင်ကွင်းက ကိုရှုံးတို့ သူကြီးတို့ကို အားဖြည့် စရာတွေ့သွားလို့ပါ … 😀

ကျုပ် အလုပ် ဘာလည်းဆိုတာ သိကြရဲ့လားဗျို့ .. ကျုပ် ရင်ခွင်ထဲတော့ မထည့်ကြဘူးဗျာ..
အမှိုက်ပုံးက အမှိုက်ပုံး အမှိုက်က အမှိုက် သပ်သပ် ဒီလိုနေတာခင်ဗျ
စိုက်ပြီးတော့ မရိတ်ဖူးဗျ ။ အလကားတော့ တိုက်ပါရဲ့ အမှိုက်ပုံးတော့ ထားပေးဘူး ရယ်..

အမှိုက်ပုံးလေး၏ တမ်းချင်း။

အလှုလုပ်တဲ့ Asia Aloe Vera ကလည်း ကျုပ် ဆွေမျိုး အမှိုက်ပုံး ထားပေးဘူးရယ် ။ သောက်တဲ့သူများကလည်း ဂွပ်ဆိုသောက်ပြီး ဖတ်ဆို ဘေးပြစ်လို်က်တာ ဘဲဗျ။ ဘုရားပေါ်တက်မဲ့ စောင်တန်းအဝင်ဝကြီးမှာ ခင်ဗျ။ စိတ်ပုပ်တဲ့ ကထူးဆန်းကလည်း သူများတွေလို ဘုရားအလှ မီးတန်ဆာဆင်ထားတာတို့ မြန်မာ့ရိုးရာ ဈေးပွဲတန်းတို့ မရိုက်ဘဲ ကျုုပ် ဟာ ကျုပ် အေးအေးနေတာ မနေရအောင် ဒါ့ပုံကြီး ရိုက်သွားတယ် ။ ကျုပ် အလုပ် ကျုပ် ရင်ခွင်ထဲ မြန်မာပြည်က လူတွေ မထည့်ကြတာ ကျုပ် အပြစ် ကျုုုပ် စံနစ်တွေကြောင့်လားဗျာ ။

28 comments

  • blackchaw

    February 28, 2012 at 12:58 pm

    ဖွတယ်လို့ ပြောရင် တန်ဘိုးလျော့သွားမှာပေါ့ကိုထူးဆန်းရယ်။
    တန်ဘိုးရှိတဲ့ ပုံလေးတွေပါ။
    ဒီလို စည်းကမ်းမဲ့ တာလေးတွေကို
    မီးမောင်းထိုးပြတာ ကောင်းတယ်ဗျာ။
    အားပေးတယ်ဗျို့။
    😆 😆 😆

  • etone

    February 28, 2012 at 12:58 pm

    ကိုထူးဆန်းရေ … အလွန်ကောင်းတဲ ့ သဘာဝကျကျရိုက်ချက်တွေပါပဲ ..
    မနက်ကတောင် ကိုလုလင် ပို့စ်ထဲဝင်ပြီး အမှိုက်ကောက်တဲ့အကြောင်းကော့မန့်ပေးဖြစ်သေးတယ် …
    အစပစ်တဲ့လူက ပစ်လို့ နောက်လူတွေ လိုက်ပစ်တာပါ … ။
    ကားပေါ်မှာ ထောက်လှမ်းဂေရးလုပ်ခံရလို့ အော်တာ ရှက်စရာမဟုတ်ရှက်ပြီး …. ဒီလို စည်းမဲ့ကမ်းမဲ့ ကိုယ့်အမှိုက်ကိုယ် လက်လွယ်စပယ်ရှင်းတာမျိုးကို ရှက်ရကောင်းမှန်းမသိ …ရှက်စရာလို့မမြင်နိုင်အောင် ဘယ်လို အမိုက်မှောင်တွေများ ဖုံးလွမ်းနေပါပြီလဲ … ။

    မိမိကိုယ်တိုင်မှ စပြီး တစ်ဦးတစ်ယောက်စီ လိုက်နာနိုင်မှသာ .. နောက်ပိုင်း ပြောင်းလဲချင်ပြောင်းလဲသွားမယ်လို့ထင်ပါတယ် .. ဒါကြောင့် မီဒီယာတွေအနေနဲ့လည်း … ဒီလို စည်းကမ်းမဲ့တာတာ ရှက်စရာတစ်ခုအနေနဲ့ ပြည်သူတွေ ရင်ထဲ ခေါင်းထဲ ရိုက်သွင်းပေးဖို့ လိုတယ်လို့မြင်မိတယိ .. အစုးိရအနေနဲ့လည်း … အမှိုက်ပုံးတွေကို … ထားရှိပေးရုံမှ မကပဲ .. အချိန်မှန် သိမ်းဆည်းတာတွေပါ လုပ်ပေးသင့်ပါတယ် .. ကိုယ့်တာဝန် ကိုယ်ကျေပါမှ …အမှိုက်မဲ့တဲ့ … သန့်သန့်ရှင်းရှင်းနေရာတစ်ခုဖြစ်လာမှာပါ ..တစ်ယောက်အားနဲ့တော့မရဘူး .. လူတိုင်းလူတိုင်း … ကိုယ့်အမှိုက်ကိုယ်ဂရုစိုက်မှပဲ ရမယ် … ။

    မီဒီယာတွေကလည်း ..မဟုတ်က ဟုတ်ကတွေ ဇာတ်လမ်းတော့ ဆင်ရိုက်တတ်တယ် .. ဒီလို မီးမောင်းထိုးရမယ့် ကိစ္စမျိုးတော့ … မသိချင်ယောင်ဆောင်နေတယ် … ဒင်းတို့ အိမ်ရှေ့ အမှိုက်ပုံအဖြစ်သေးသရွှေ့တော့ ဒီကိစ္စခေါင်းထဲထည့်တွေးလိမ့်မယ်တောင် မထင်ဘူး … 🙁 🙁

    ကိုထူးဆန်းရေ .. ဘရာကြော်ပါဗျို့ .. ဒီလို ပို့စ်မျိုးကို … အားပေးထောက်ခံလိုက်ပါတယ် … ။ 😉

  • laypai

    February 28, 2012 at 1:12 pm

    ကျုပ် တို့ မြန်မာပြည်က လူတော်တော် များများ အဲဒီ အမှိုက် စွန့် တဲ့ နေရာ မှာ တော်တော် လေး စနစ်တကျ မရှိ အားနဲချက် ကို တွေ့ တွေ့ နေရတယ်။
    ကွမ်းစား တဲ့ ၉ဝ ရာနှုံး လူ တွေမှာလဲ ကွမ်းတံတွေး ကို ကြုံ သလို စွန့် ပစ် ကြတာ လဲ ရှိတယ်။
    အဲဒါတွေ ကို ပြင်လာ ချင်အောင် ကျုပ်တို့ ခင်ဗျားတို့ အားလုံး ရဲ့ တာဝန် လို့ သဘောထားပြီး ကိုယ် ကိုယ် တိုင်ပါ သတိနဲ့ ဆင်ခြင်လို့ ပညာပေး စည်း ရုံး ကြရအောင်။

  • blackchaw

    February 28, 2012 at 1:17 pm

    ကဲ ကိုထူးဆန်းရေ။
    ခင်ဗျားပို့စ်လေး ဖတ်ပြီး ကိုသစ် ရေးခဲ့တာလေး သွားသတိရမိတယ်ဗျာ။
    ဒီလို ကိစ္စလေးတွေက ကျွန်တော်တို့ တစ်ဦးခြင်းက စရမယ့် ကိစ္စမျိုးလေးတွေပါ။
    အဲဒီတော့
    ကျွန်တော်တို့ ရွာသူရွာသားတွေက စပြီး
    ဒီလို စည်းကမ်း လေးတွေကို လိုက်နာကြရအောင်ပါ။
    သူများတွေ လိုက်နာတာ မလိုက်နာတာ ခဏမေ့ထားပြီး
    ကျွန်တော်တို့ ခင်ဗျားတို့က စလိုက်ကြရအောင်ဗျာ။
    ခင်ဗျားပို့စ်လေးကပေးတဲ့ တန်ဘိုးတစ်ခုအဖြစ်ပေါ့ဗျာ။

    • amatmin

      February 28, 2012 at 2:35 pm

      ကိုုထူးဆန်း ရဲ့ တန်ဖိုးရှိပို့စ်လေးကို ဖတ်အပြီး ကိုဘလက်ပြောတာကိုထောက်ခံတယ်ဗျို့..
      လူတဦးချင်းစီတိုင်းက ကြုံသလို စည်းကမ်းမဲ့ အမှိုက်ပစ်တာ ရှက်စရာလို့ မြင်လာအောင်
      ရှေ့ကနေ နမူနာ ပြမဲ့လူတွေ လိုနေတာသေချာတယ်ဗျ.. ပြောနေတာလဲ ကြာခဲ့ပေါ့..
      ဆိုတော့ စစ်တွေကမ်းခြေမှာ လုပ်အားပေးတွေစုပြီး အမှိုက်ကောက်သလို ဝိုင်းလုပ်ကြရင်ရော..
      စည်ပင်ကတော့ ကောက်နေပေမဲ့ ဒီလိုမျိုး လူငယ်လူရွယ်တွေ..
      မရှက်မင်္ရွ့လုပ်အားပေးကောက်လာကြရင်..အမြင်လေးတွေများ ပြောင်းလာနိုင်မလားလို့..
      ဝိုင်းပြီးပြောနေကြရင်း..လုပ်နှိင်တာတွေ လုပ်ကြည့်ကြတာပေါ့ဗျာ..
      ငွေမကုန်တဲ့ အကျိုးပြုလုပ်ရပ် တခုပေါ့ဗျာ..
      *ဘုရားပေါ်မှာ တံမြက်စည်းလှဲသလောက် ကုသိုလ်ရမရတော့ မသိနိုင်ဘူး. 🙂

  • kotun winlatt

    February 28, 2012 at 1:31 pm

    စည်းးးကမ်းးးးးး
    စည်းးးးကမ်းးးးး
    စည်းးးကမ်းးးးးသည် လူ့တန်ဘိုးးးးးးး
    ဖွတယ်မသုံးပါနဲ့ဗျ…
    စည်းကမ်းလေးတော့ ရှိကြပါလို့ ပြောင်းလိုက်ပေါ့…။

  • ရွာစားကျော်

    February 28, 2012 at 1:50 pm

    မြန်မာတွေ ပြုပြင်သင့်တဲ့ စရိုက်လေးတွေကို ထောက်ပြထားတဲ့ပုံလေးတွေလို့ မြင်ပါတယ်ဗျာ…
    ကျုပ်တို့လူမျိုးကလည်း ပြောမှသိ၊ ထိမှနာတတ်ကြတာကလားဗျ
    ကိုယ်ပိုင်အသိ နည်းကြတယ်ဗျာ..

  • Prince of Pennsylvania (PoP)

    February 28, 2012 at 2:00 pm

    အားပေးတယ် ကိုထူးဆန်းရေ့ …..
    သဂျီးကတော် ဝတ္ထုစာသား နဲ့ ကိုသစ်စကားငှားသုံးမယ်…

    သည်ကိစ္စမှာ အီနားရှား မနေသင့်တော့ပါဘူး..
    အဝဲယားနက်စ် လေး … လုပ်ကြရအောင်ပါ

    ခင်တဲ့
    😀

  • pooch

    February 28, 2012 at 2:17 pm

    ဒါက ဖွတယ်မခေါ်ပါဘူး။ လူတွေ ကိုယ့်အသိနဲ့ကိုယ် ကိုယ့်တာဝန် ကိုယ်ယူတတ်ဖို့ မီးမောင်းထိုးတဲ့ သတိပေးတဲ့ သတင်းဓာတ်ပုံပါ။ အရှိကို အရှိအတိုင်း ပြောပြနေတဲ့သတင်းဓာတ်ပုံပါ။

    ကျမလည်း ဒီနေ့ကစလို့ စည်းကမ်းရှိဖို့ သတိလေးကပ်ပြီး ဆင်ခြင်ပါ့မယ် ပြင်ပါ့မယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 28, 2012 at 2:47 pm

    တစ်ဖက်ကနေ အကောင်းမြင်ပြောကြည့်ရမယ်ဆိုရင်တော့
    သူ့ဖာသာ အမှိုက်ပုံးမရှိတာက အကြောင်းတစ်ခုဘဲ
    အမှိုပ်ပြစ်သွားတဲ့သူအများစုဟာ သိပ်စည်းကမ်းရှိကြတယ်ဗျ
    အမှိုက်ပုံဆိုတာမရှိလို့သာရယ်
    ကိုယ့်ဖာစာတွေးကြည့်တာပါ
    အမှိုက်တွေကို ဘာလို့ခေါ်သဒုံးဗျ ပလက်ဖောင်းလားဘာလား ခေါ်တတ်ဘူး
    ဒေါင့်ကလေးမှာ ကပ်ပြီးပြစ်သွားကြတာ
    ဇာတ်ပွဲဖြစ်တဲ့ လယ်ကွင်းထည်းမှာလို ပြန့်ကျဲအောင်မပြစ်ထားဘူး
    ဆိုတော့ကာ
    ကျုပ်တို့ မြန်မာနိုင်ငံသားတွေ စည်းကမ်းလိုက်နာကြဘို့ အဆင်သင့်ဖြစ်နေပုံရတယ်ဗျ
    မှန်ကန်တဲ့ ဖွဲစည်းပုံ လုပ်ဆောင်ချက်တွေရှိဘို့လိုအပ်လာပြီဗျို့

    • Khin Latt

      February 29, 2012 at 5:47 am

      ပြောင်မြောက်သော အပေါင်းလက္ခဏာဆောင် အတွေးပါပေ။ 😆

  • bluerose

    February 28, 2012 at 3:32 pm

    ဘုရားမှာတောင်အမှိုက်ကတော့ပွတာပဲနော်
    နိုင်ဘူး

  • moethuzar

    February 28, 2012 at 3:57 pm

    ဟယ် စိတ်ညစ်ဖို ့ကောင်းလိုက်တာ။
    လူတွေ……..,,,,;(
    လူတွေ……….;(

  • Moe Z

    February 28, 2012 at 4:38 pm

    ကိုထူးဆန်းရေ မိုးစက်လည်းဝင်ဖွလိုက်ဦးမယ်
    ဒီကွန်မန့်ကို နိုင်ငံခြားသား မိတ်ဆွေတစ်ယောက်က ကွမ်းရောင်းတဲ့အမျိုးသမီးတစ်ယောက်ပုံနဲ့တွဲတင်ထားတယ်
    These neatly designed leaves are called betel. It’s ground up into a sort of red smelly paste that a lot of Burmese men (and sometimes women) chew and spit out. It disperses all throughout their mouth and teeth and when they open their mouth it looks really disgusting – like someone with terrible gum damage or like they were punched in the mouth. It’s like a tobacco in that you have to spit it out. The red marks all over the streets throughout Myanmar is often mistaken by tourists for blood. It’s not – it’s betel nut.

  • Thel Nu Aye

    February 28, 2012 at 4:51 pm

    ကျွန်မတူလေးဟိုနေ့က ကားစီးလာရင်းနဲ့ခြောက်လမ်းသွားလမ်းမကြီးပေါ်မှာအမှိုက်ကိုပစ်ချခဲ့တယ်။ ကျွန်မကလဲ ဟဲ့မပစ်ရဘူးလေမသိဘူးလားလို့မေးတော့ မသိဘူးတဲ့။ ကျောင်းမှာရောမသင် ဘူးလားလို့ ဆိုတော့စာတွေများလွန်းလို့ သင်ချိန်တောင်မရပါဘူးတဲ့။ တူလေးက ၄ တန်းပါ။ မငယ်တော့ဘူး လို့ပြောလို့ရပါတယ်။ နင်တို့ပဲပြည်သူ့နီတိတွေသင်တယ်ဆိုဆိုတော့မသင်တော့ဘူးတဲ့။ အဲတော့လဲပေါ့လေ ဘယ်လိုပြောရမလဲ။ အုတ်မြစ်ခိုင်မှအဆောက်အဦးကောင်းမှာဆိုသလိုပဲ ဒီလိုကလေးတွေကိုစသင်မှ လူကြီးတွေပါသိနိုင်တော့မှာပေါ့။ ဒီ ၄ တန်းကျောင်းသားကလမ်းပေါ်မှာအမှိုက်မပစ်ရဘူးဆိုတာမသိ ဘူးဆို တော့ကျွန်မတော်တော်အံ့ဩသွားတာပါ။ လူကြီးတွေမသိဘူးဆိုတာလဲမဆန်းတော့ဘူးထင်ပါတယ်။ ငယ်ငယ်ကတဲကသိမှမသိလာတာကိုး။ လူရွှင်တော်တွေပျက်သလို တိုင်းပြည်စည်းကမ်းရှိစေချင်ရင် ၅ နှစ်နဲ့ အထက်အကုန်သတ်မှရမယ်ဆိုတာမျိုးဖြစ်နေပါတယ်။

    • pooch

      February 28, 2012 at 7:37 pm

      အော် ..ရယ် ဘယ်လိုပြောရမလဲ ဆိုတော့ ကျောင်းချည်းပဲတော့ ပုံချလို့ မရဘူးထင်တယ် ။

      လက်ဦးဆရာ မိနှင့်ဖ ကိုယ်တိုင်က ရှေ့ကနေ စံပြအနေနဲ့ လုပ်ပြ သင်ပြရင်တော့ ကလေးက အသိရသွားမှာပါ။ မိဘရဲ့ သွန်သင်မှုကလည်း အရေးပါပါတယ်။
      ကျောင်းတွေမှာ အသင်းတွေ ဖွဲ့ပြီး နေ့တိုင်း အပတ်တိုင်း အခန်းခုံစီ သန့်ရှင်းရေး လုပ်တာ၊ သောက်ရေဖြည့်တာ၊ အမှိုက်သွန်တာတွေ ကျောင်းတိုင်း လုပ်ရပါတယ်။ ကျောင်းနောက်ကျရင် ကျောင်းဝင်းထဲတောင် အမှိုက်လိုက်ကောက်ရတဲ့ ဒဏ်မျိုးပေးတာပါ။

      ကျောင်းပြင်ပမှာ ကလေးမလိုက်နာတာကတော့ ဒေါ်ဒေါ်ပဒုမ္မာရဲ့ စကားကို ငှားပြောရရင် ဗီဇလား စနစ်လား အသိစိတ်ဓာတ်လား ဆိုတာကိုပဲ ပြန်မေးရတော့မယ် ထင်ပါရဲ့။

      ဒါပေမဲ့ အမှိုက်ဆိုတာ စနစ်တကျ စည်းကမ်းတကျ စွန့်ပစ်ရမယ် ဆိုတဲ့ အသိကို ခုမျိုးဆက်တွေကို အသေအချာလေး ပုံသွင်းပေးခဲ့ အသိစိတ်သွင်းပေးခဲ့မယ် ဆိုရင် နောက်မျိုးဆက်ကျရင် ခေတ်မှီလှပ သန့်ရှင်းသော သပ်ရပ်သော တိုင်းပြည်ဆိုတာ ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။

      ဒါကြောင့်မို့ ခုလို ချိန်ခါမှာ ကိုယ်နိုင်တဲ့ဘက်ကနေ ချက်ကောင်းထိပါစေတော့ရယ်လို လက်ညောင်းခံ ပြီး ခဲနဲ့ များများ ဝိုင်းထုပေးကြရမှာပါ။

  • သား လေး

    February 28, 2012 at 6:51 pm

    ဒီလိုပါပဲ ကိုထူးဆန်းရယ်
    အများနဲ့မတူအောင်တွေးကြည့်တာပါ
    အမှိုက်ပုံးထက် ပလက်ဖောင်း ဆိုတာကြီးကပိုကျယ်လို့နေမှာပါ…နော့
    (ဂေါပက လူကြီးများ ခင်ဗျား ပလက်ဖောင်းထက်ကျယ်တဲ့ အမှိုက်ပုံးများပြုလုပ်ပေးကြပါရန်)
    မေတ္တာရပ်ခံအပ်ပါသည်။

  • အင်း .. အမှိုက်တွေက မြင်မကောင်းလောက်အောင် ပါပဲလား … ။
    အမှိုက်ပုံ လုံးလုံးမရှိတဲ့ နေရာဆိုလည်း ထားတော့ … ။
    ပြီးတော့လည်း ဘုရားနားမှာ … ။
    နိုင်ငံကြီးရဲ့ စစ်စတန် ကတော့ ပြောင်းလဲနေပါပြီ .. ။
    ကျုပ်တို့ လူထုတွေရဲ့ အပြုအမှုတွေကိုလည်း ပြောင်းလဲပစ်ဖို့ သင့်ပါပြီ ။

  • ခပ် KING ကင်း

    February 28, 2012 at 7:01 pm

    ရွာမှ ပရဟိတ စိတ်ဝင်စားတဲ့လူငယ်လေးများ
    စုစည်း၍ အမှိုက်လိုက်ကောက်ရန် တိုက်တွန်းပါသည်
    (ဂေဇက်ဝဘ်ဆိုဒ် အကျင်္ ီလေးတွေနဲ့ပေါ့ .. ဒါကလည်း တစ်ဖက်က ကိုဂီရဲ့ မားကတ်တင်းလည်းပါပေါ့)
    😆

  • Ko out of...

    February 28, 2012 at 7:54 pm

    အော် …ဒို့မြန်မာတွေ မမြင်နိုင်တဲ့ အရာကိုကျတော့… မျက်စိမိတ်ပြီး ထည့်ဝင်လှူဒါန်းဖို့ ဝန်မလေးဘူး.. မြင်ရတဲ့ အမိုက်ပုံးကိုကျတော့ အမိုက်ပစ်ထည့်ဖို့ ဝန်လေးနေကြပါလား….ပိုက်ဆံကုန်တဲ့ဒါနကိုထည့်ဝင်လှူဒါန်းဖို့တော့ သတိရကြပြီး..ငွေမကုန်တဲ့ ဝေယျာဝတ်စဒါန ကုသိုလ်လုပ်ဖို့ မေ့နေကြတယ်…

  • windtalker

    February 28, 2012 at 9:06 pm

    စားပြီးနားမလည် ဝါးပြီးထွေးထုတ် ကြသူများပေါ့လေ ။
    ဘိုထူး ရဲ ့ ပုံနှင့်တစ်ကွ ဖော်ပြသော စည်းကမ်းရှိပုံများ ။

  • unclegyi1974

    February 28, 2012 at 10:47 pm

    စည်းကမ်းစည်းကမ်းနဲ့
    မြန်မာတွေဘယ်တော့များမှ
    စည်းကမ်းရှိပါ့မယ်
    အဲဒီအချိန်အမှန်ဒီမိုကရေစီရပါလိမ့်
    ကဲရွာစားရေစောင့်နေမလား

  • surmi

    February 28, 2012 at 11:25 pm

    တချိန်ကထောက်ကြန်.စစ်သင်းချိုင်းရှေ.တွင်မည်သူမျှ အမှိုက်မပြစ်ရဲပါ ။
    ကြမ်းတန်းသောအရေးယူမှုဟုဆိုသော်လည်း ၊ အလွန်စည်းကမ်း ရှိခဲ.ပါသည် ။
    တိတိကျကျအရေးယူမှုသာရှိမည်ဆိုလျှင် ………….။

  • padonmar

    February 29, 2012 at 12:26 am

    ကိုထူးဆန်းရေ
    လက်မထောင်အားပေးခဲ့ပါတယ်။
    ကိုယ့်ပတ်ဝန်းကျင်ကစပြီး ပညာပေးကြရအောင်ပါ။
    ရွှေတီဂုံအနီး ကမ္ဘာအေးဘုရားလမ်း ဗဟန်း၃လမ်းမှတ်တိုင်အနီးမှာ စနေ တနင်္ဂနွေနေ့ညနေတွေမှာ မွန်မွန်ရည်ရည် လူရွယ်တစ်ဦး ပလပ်စတစ်နဲ့ အမှိုက်တွေကို အမြဲ တစ်ကိုယ်တော်လိုက်ကောက်ပေးတာ တွေ့ရတတ်ပါတယ်။ သူအခြား ဘယ်နေ့တွေ ဘယ်အထိလိုက်ကောက်ပေးသလဲတော့ အဆုံးထိ မမြင်ဖူးပါ။
    ဒီနေရာကနေ သာဓုခေါ်ပါတယ်။

  • Khin Latt

    February 29, 2012 at 5:45 am

    လက်မ အမြင့်ကြီး ထောင်သွားပါတယ်။
    အစ်မ ပဒုမ္မာ ပြောတဲ့ သူဟာ ကထူးဆန်း များ ဖြစ်နေရော့သလား။ 😀

    ဘဘု ပြောသလို အမှိုက်တွေ ကို ဘေးကပ် ပေးသွားတဲ့ စိတ်ရှိနေကြတာမို့ အသိလေးတစ်ချက် ဝင်တာနဲ့ အားလုံးကောင်းသွားဖို့ မျှော်လင့်ကြတာပေါ့။ 😉
    ကျွန်မတို့ လူမျိုးတွေ တကယ်က မညံ့ကြပါဘူး။
    ညံ့အောင်ကို အနှိမ်ခံထားရလို့ပါ။

  • kai

    February 29, 2012 at 9:34 am

    ကယ်လီဖိုးနီးယားမှာ.. ဖရီးဝေးအမှိုက်ပစ်ရင်.. ဒေါ်လာ၁ထောင်လို့.. ဆိုင်းဘုတ်တွေ.. တွေ့ရတတ်တယ်..။


    အမှိုက်ကိစ္စအတွက်.. ယူအက်စ်အစိုးရဝက်ဘ်ဆိုက်က.. ရီဆတ်ချ်လေးပါ..။
    မြန်မာပြည်မှာလည်း… ရီဆတ်ချ်လုပ်ကြည့်ဖို့ကောင်းတယ်..

    အမှိုက်အပစ်များတဲ့..ဘေးနား..သတင်းဌာနက ထိုင်ခုံလေးချ..။
    ကောင့်တာလေးတွေကိုင်ပြီး. အမှိုက်ချသူတွေကို.. အသက်တန်း..ကျားမထိုင်မှတ်..။
    ပြီးတော့.. စိတ်ကူးတည့်ရာသူ.. အင်တာဗျုူးလေးလုပ်ပေး…။
    ဘာတွေဖြေကြမလည်း သိချင်သား.. 🙂

    အဲဒီလို.. တီဗီသတင်းဌာနက.. တလလောက်လုပ်ရင်.. တော်တော်နည်းသွားမယ်ထင်တယ်..။

    http://extra.mdc.mo.gov/nomoretrash/facts/
    Litter Facts and Research
    Main Reasons For Littering

    Why people litter:

    People are too lazy to dispose of trash properly
    People are more likely to throw litter on top of litter than drop litter in neat surroundings
    Don’t Care
    Others will pick it up
    Not aware they are littering

    Smokers and littering:
    (Environmental Protection Authority of New South Wales(EPA) Research 2000)

    Many smokers do not believe that littering their cigarette butts has an environmental impact or is inappropriate behavior.
    Many smokers blame their littering behavior on a lack of well-placed bins for cigarette butts.
    Over 80% of smokers said they would bin their butts if suitable bins were available (three key areas for more bins were alongside every ordinary litterbin, at entrances to large city buildings and at bus stops).
    Over half of smokers said they would change their behavior if they were more aware of the issues and their potential environmental impact.

    Littered cigarette filters contain toxic chemicals that leak into the air and water.

    Help a smoker who litters by sending him or her an anonymous email and free personal disposable ashtray from http://www.cigarettelitter.org
    Identification of Key Litterers

    A poll conducted in 1998 of male and female Texans > 16 years old revealed the following predictors of littering in order of importance:

    Age: 16-24 (now people age 16-24 are the target in Texas and nationwide)
    Smokes
    Eats fast food at least 2 nights/week.
    Goes out for nighttime entertainment at least 1/week.
    Drives >50 miles/day.
    Never been married

    Neither gender nor ethnicity were factors increasing likelihood of littering.
    Primary sources of litter: (KAB Research, 1998)

    Pedestrians
    Drivers
    Household garbage cans
    Commercial dumpsters
    Demolition Sites
    Loading Docks
    Trucks With Uncovered Backs

    The story of litter is the same worldwide. The EPA of Australia found the following information:
    Five types of people with respect to litter:

    Non-litterers – environmentally conscious, don’t litter and usually pick up litter of others
    Inconvenients – too hard, too much trouble, someone else’s problem
    Ignorants – these people are simply unaware of a link between the environment and their litter behavior
    Willful Arrogants – usually litter in a context, i.e. “It’s okay to litter in urban areas but not in the country”
    Anti-establishments – make a statement with purposeful littering

    Caring enough to not litter seems to be driven by:

    Knowledge and awareness
    How much they care about the environment
    Positive self-image
    Attitudes to life (i.e. happy and content)
    Sense of community and an empathy with the needs of others
    Ease of disposal
    Context they are in (16-24 year olds tend to litter more while in groups, but those older litter less in groups and more when alone)
    Type of litter
    If they can get away with it (either in terms of being observed or fined)

    Urban Littering

    Source: Urban Litter Partnership, 1998 (American Plastic Council program with KAB and U.S. Conference of Mayors)

    Owners of premises not visible from the street report problems of illegal dumping of main household appliances after-hours
    Businesses with drive-through windows report that the presence of this window generates additional litter, which requires additional expense for cleanup
    Owners of businesses near interstates say that transients and travelers who use their parking lots as a rest area generate a lot of litter
    Most businesses acknowledge litter is a problem and spend money on clean up
    Convenience stores attract more litter than other businesses

    Interesting to note that when asked about their perceptions of how their municipality responds to citizen reports of littering or illegal dumping, the majority of respondents said if they reported a case of illegal dumping or littering, there would be no specific action taken. The majority of respondents also said that existing anti-littering laws were of little or no use due to lack of enforcement.

    (That was based on Partnership survey of cities.)
    Conclusions

    People who feel the highest personal obligation to not litter are also people who feel a strong sense of identity with their communities, frequent recreational areas, have self-esteem and place special value on a sense of accomplishment, warm relationships, and a sense of belonging.
    People who don’t litter are not necessarily going to pick up other people’s litter. While a good education seems to have a positive effect on individual littering and recycling habits, those with the highest levels of education are not as likely to pick up other people’s litter.
    Younger people litter more, particularly when in groups.
    Littering tends to be less in areas where community recycling is available. The correlation between littering and recycling may be attributed to public education associated with recycling which in turn has increased awareness of litter and a need to properly dispose of it.
    The presence or absence of trash receptacles is not a major factor in littering.
    Education is seen as an essential component of any litter prevention partnership. Education is needed to motivate the participants, including people in the judicial system, law enforcement, county and municipal departments, private industry and the public.

    Other State Campaigns
    Florida:

    Florida Litter study 1993-97 included a review of other state efforts: “During the past 10 years, several states have conducted successful litter reduction campaigns. Programs in Texas, Oklahoma and Pennsylvania, for example, have provided evidence that grassroots participation combined with a statewide media campaign can be effective reducing litter.”

    Texas:

    Texas – “Don’t Mess with Texas” – began in 1986, initially spent $2 million/year. Texas had the first Adopt-a-Highway program. A new campaign began in ’98 and had these groups sign on: HEB grocery (printed slogan on one billion plastic shopping bags), Coca Cola bottling (tagging radio ads), Dairy Queen (printing the logo on its bags) and McCoy Building Supplies (putting bumper stickers on its fleet and the logo on its bags).

    Pennsylvania:

    Pennsylvania – Litterbug is a registered trademark of the Pennsylvania Resources Council. It first let the National Council of State Garden Clubs use it in the mid ’50s for “Don’t be a Litterbug” campaign. Then the PRC let Keep America Beautiful use if for more than 10 years. A newer litterbug for the PRC was created in ’97. Pennsylvania Dept. of Environmental Protection launched a new litterbug campaign in response to concerns about litter impacts on tourism, real estate values, economic development and health and safety. Farmers reporting losses of millions of dollars due to glass also heightened concerns about roadside littering and metal litter that damaged equipment and injured animals.

    Oklahoma

    Oklahoma – Initiated a 2-pronged litter reduction campaign in ’87. Adopt-a-Highway Program was begun to get citizens involved in cleanups and at same time a media campaign began. Result was litter down 23% from ’88-’89.

  • ကြောင်ကြီး

    February 29, 2012 at 10:22 am

    အောင်မလေး ကယ်ဂျပါအုံး..သဂျီးကျနော့်ကို ထောက်နေပါဒယ်………………ဒါးနဲ့ :mrgreen:
    ဘုရားပေါ်မှာ သူ့အချိန်အလိုက် ဆက်ရှင်ခွဲပြီး သန့်ရှင်းရေးဒါနယူတဲ့ အစီအစဉ်လုပ်ပေးနိုင်ရင် ကောင်းမယ်ဗျို့.. အခုခေတ်မှာ အုပ်စုအလိုက် ကုသိုလ်ယူချင်တဲ့ လူငယ်လူရွယ်အဖွဲ့တွေ များပါဘိနဲ့..။ ပရိတ်၊ ဝတ်ရွတ်တာလည်း ရွတ်ပေါ့.. တဖွဲ့ရွတ်နေချိန်မှာ ကျန်တဖွဲ့က ဘုရားပရဝုတ်တလျောက် သန့်ရှင်းရေးကုသိုလ်ယူ၊ ဘုရားဖူးမျာကို ပညာပေး စာရွက်စာတမ်းများဝေငှ…ပုံမှန်နေ့စဉ် အလှည့်ကျ လုပ်သွားရင် ရေရှည်မှာ အလေ့အကျင့် ဖြစ်သွားမယ်ထင်တယ်။ ခက်တာ ဘုရားဂေါပကများက လုပ်ချင်စိတ် တာဝန်ခံလိုစိတ်ရှိအုံးမှဗျ.. ဒီခေတ်မှာ မလုပ်မရှုပ်မပြုတ်၊ တခုခုဖြစ်လာရင် တာဝန်ခံရမှာဆိုတော့ လုံခြုံရေးတာဝန်ရှိသူဆိုတဲ့ ငမိုက်သားများ နားလည်ပေးမှရမယ်..။

  • ဆူး

    February 29, 2012 at 10:35 am

    အခုတလော သတိထားမိတာ အမှိုက် ကိစ္စ ရန်ကုန် မြို့နေ လူတန်းစားတွေ တော်တော် အသံထွက်လာတာ သတိထားမိတယ်။
    တနေ့ကလည်း ရေဒီယိုမှာရန်ကုန်မြို့တော် သန့်ရှင်းရေး အတွက် အမှိုက်လိုက်ကောက်တဲ့ လူမှု အသင်းတွေ ရှိသင့်တယ် အမှိုက်မပစ်ဖို့ လူထု ကလည်း လှုပ်ရှားမှု လုပ်သင့်တယ် စသဖြင့် ပြောသွားတယ်။
    ရွှေတိဂုံ ပွဲဈေးတန်း ကို ရောက်ခဲ့တုန်းကလည်း အဲဒီလို မြင်ကွင်းတွေ တွေ့မိတယ်။ လူများရင် အမှိုက်ကတော့ ပွ တာပဲ.. လူနဲ့ အတူ အမှိုက်တွေ ပါလာတာ ပြသနာ..
    လူများများ လာတဲ့နေရာမှာ ရှက်တတ်ရင် အသိတရားရှိရင် အမှိုက်ကို ပုံးထဲ ရောက်အောင် ပစ် ပါ ဆိုတဲ့ စာတမ်းတွေ မြင်သာတဲ့ နေရာမှာ လိုက်ချိတ်ပြီး စိတ်ဓါတ် စစ်ဆင်ရေး လုပ်ကြည့်ရင် ကောင်းမယ် ထင်တယ်။

Leave a Reply