ထာဝရသစ္စာ

manawphyulayFebruary 28, 20121min907

ဝေ့ဝိုက်လာတတ်တဲ့
ရီဝေတဲ့အကြည့်မှာ
မြတ်နိုးမဝစွာ
ပင့်သက်တွေလည်း…. အခါခါ။
ရွှမ်းလဲ့လဲ့ မျက်ဝန်းနဲ့
နှုတ်ခမ်းတစ်စုံရဲ့
အပြုံးတစ်ပွင့်ကို
“လှစ်ခနဲ” တွေ့လည်း
ထွေးပွေးသိမ်းဆည်း
အမြဲနီးဖို့…. ရင်ထဲမှာ။
ခေါင်းဝှေ့ပျော်ရွှင်တတ်တဲ့
လေညှင်းလေးရဲ့
ဆံနွယ်တစ်ခက်ကို
နမ်းရှိုက်တဲ့ စိတ်ကူးနဲ့
ရင်ခွင်ထဲထိ အေးမြစေတဲ့
ဆည်းဆာရဲ့ ညနေတိုင်းဟာ
“ထာဝရသစ္စာ” တရားတွေနဲ့
လှပစေသား……..။

7 comments

  • နွေဦး

    February 28, 2012 at 12:07 pm

    ရင်ထဲမှာ အေးသွားသလိုခံစားရတယ်..
    ဘာကြောင့်လဲ…

  • လေညှင်းလေးရဲ့
    ဆံနွယ်တစ်ခက်ကို
    နမ်းရှိုက်တဲ့ စိတ်ကူးနဲ့
    ရင်ခွင်ထဲထိ အေးမြစေတဲ့
    ဆည်းဆာရဲ့ ညနေတိုင်းဟာ
    “ထာဝရသစ္စာ” တရားတွေနဲ့
    _________________~~~~~______
    တကယ်ကိုဘဲ ချစ်သူ ့တမ်းချင်းအလွမ်းသီနေတယ်ပေါ့ မမမနောဖြူလေးရေ။

  • snow white

    February 28, 2012 at 12:31 pm

    မမမနောတပည့်ဝင်ရောက်ဖတ်ရှုသွားပါသည်

  • snow white

    February 28, 2012 at 12:39 pm

    မမမနောတပည့်ဝင်ရောက်ဖတ်ရှုသွားပါတယ်

  • bluerose

    February 28, 2012 at 3:26 pm

    ရင်ထဲမှာအေးသွားပါတယ်
    မမ မနောရေ…

  • Khaing Khaing

    February 29, 2012 at 2:54 pm

    ကဗျာတွေကို ရင်ထဲကခံစားပြီး ဖတ်သွားပါတယ်….

  • စောဝေတင့် (ပုဂံ)

    March 5, 2012 at 1:45 pm

    ကျွန်တော့် ရဲ့ ရင်ထဲက ခံစားမှုတွေကို သိနေလားမသိဘူးနော်
    ကောင်းလိုက်တာ

Leave a Reply