i-Pay ကဒ်စနစ်ဖြင့် မော်တော်ယာဉ်စီးခများကို ကောက်ခံတော့မည်

နွယ်ပင်February 28, 20121min1388

မကြာမီ ကာလတစ်ခုအတွင်း ယာဥိစီးခများကို i-Pay ကတ်စနစ်များဖြင့် အသုံးပြုသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မထသ (ဗဟို)မှ
အတွင်းရေးမှူးဦးဘမြင့်က ဖလား ဝါးနယူးစ်ဂျာနယ်သို့ ပြောကြားခဲ့ပါသည် ။
အဆိုပါ i-Pay ကတ်စနစ်ကို အသုံးပြုရန်အတွက် ကစ္ဆပနဒီကုမ္ဂဏီမှ စက်များနှင့် ကတ်များကို အခမဲ့ပေးဝေ တပ်ဆင်ပေးသွား မည်ဖြစ်ကြောင်း၊ထိုသို့ ပြုလုပ်ရန်အတွက်လည်း ၎င်းကုမ္ဂဏီအနေ ဖြင့် အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း သိရသည်။” ‘i-Pay ကတ်စနစ်က တော်တော်ကို ကောင်းတာပါ။ ကစ္ဆပနဒီဆိုတဲ့ ကုမ္ဂဏီက ဒီစက်ကို ကားတစ်စီးစီး ပေါ်မှာ တစ်လုံးအခမဲ့ တပ်ပေးမယ်။ နောက်ခရီးသွားတွေအတွက်လဲငါးရာတန်၊ တစ်ထောင်တန်ကတ်တွေ ကို အခမဲ့စဝေပေး မယ်လို့ပြောပါတယ်။ အသုံး ပြုရမယ့်ပုံစံက ခြစ်ရတဲ့စနစ်မဟုတ်ဘူး။ ကတ်ကိုစက်နဲ့ကပ်လိုက်ရင် သူရဲ့ခရီးစဉ်ကို အော်တိုဖြတ်ပေးတယ်။ ဘယ်တော့လောက်ဖြစ်မလဲ ဆိုရင် မကြာတော့ပါဘူး။ သူတို့လဲ လုပ်နေပါတယ်'” ဟု ရန်ကုန်တိုင်း ဒေသကြီး မထသ(ဗဟို)မှ အတွင်းရေးမှူး ဦးဘမြင့်က ပြောကြားခဲ့သည်။ထိုသို့ ကတ်စနစ်ကျင့်သုံးနိုင်ရန် အတွက် ကုမ္ဂဏီမှ ယာဉ်လိုင်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း၊ သက်ဆိုင် ရာယာဉ်လိုင်း များတွင် စက်ခွဲများထားရှိ၍ ငွေရေးကြေးရေး ကဏ္ဍများကို ရှင်းလင်း သွားမည်ဖြစ်ကြောင်း သိရသည်။
သူတို့လုပ်မယ်ပုံစံက စက်ကို ကားပေါ်မှာ စပယ်ယာက ထိန်းထားရမယ်။ အဲမှာ ကိုယ်သွားချင်တဲ့နေရာကို ကတ်နဲ့ကပ်ပြီး နှိပ်လိုက်ရင် အော်တို ယာဉ်စီးခကို ဖြတ်လိုက်လိမ့်မယ်။ စက်ခွဲ တွေကို ယာဉ်လိုင်းအသီးသီးမှာ ထားပေးသွားပါမယ်။ အဲဒီ့ကမှ ကျွန်တော်တို့ဆီမှာ လာရှင်းရင် ဖြစ်နိုင်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး မထသ(ဗဟို)က အတွင်း ရေးမှူး ဦးဘမြင့်မှ ထပ်မံရှင်းပြသည်။i-Pay ကတ်ဖြင့် ယာဉ်စီးခ ကတ်များကို ၅၀ဝ တန်ကတ် ၁၀၀ဝ တန် ကတ်များဖြင့် ပြုလုပ်သွားဖွယ်ရှိကြောင်း သိရှိရပါသည်။

မှတ်ချက် ။ သစ်ထူးလွင်မှ ဖော်ပြသည် ။

8 comments

  • Prince of Pennsylvania (PoP)

    February 28, 2012 at 2:08 pm

    RFID Card Reader ထင်ရဲ့ရီချာ့ချ် လုပ်တဲ့အကြောင်း ပြောထားတာမတွေ့ဘူး..
    ၁ခါသုံးကတ်တွေ ထင့်

    စနစ်နာမည်ကမိုက်တယ်နော် iPay တဲ့…
    iRide တာပဲ iPay ရမှာပေါ့ …
    😀

  • etone

    February 28, 2012 at 2:33 pm

    အထူးကားလို ပုံသေကားတွေမှာပဲ လုပ်လို့ရမယ်ထင်ပါတယ် … ။
    ၂၀ဝ ဆို နှစ်ရာ ၊ ၃၀ဝ ဆို သုံးရာ ဒီအတိုင်း ဖြတ်မှလွယ်မယ်ထင်တယ် …သွားမယ့် မှတ်တိုင်အတိုင်းကျသင့်ငွေပေးရမယ်ဆိုတော့ .. စက်မှာ ဘယ်လို option များပါမလဲ ၊ အဲ့ဒါကရော ဘယ်လို တိကျမလဲ ၊ ပိုဖြတ်မိတဲ့ ငွေတွေကို ဘယ်လို ပြန်ပေးမှာလဲ ဆိုတာကတော့ … စိတ်ဝင်စားစရာ ၊ စဉ်းစားစရာပါပဲ …. ။ စပယ်ယာတွေတော့ ဘတ်ကီး လုပ်လို့မရတော့ … စိတ်ညစ်ကုန်တော့မှာပဲ :mrgreen:

    ကဒ်စနစ်ပေါ်လာတာကောင်းတော့ကောင်းပါတယ် .. ဒါမှ ကားစီးဖို့ ငွေအကြွေတွေ … အစုတ်ပြဲတွေ ကိုင်နေရတဲ့ ဒုက္ခနည်းနည်း သွားမယ်ထင်တယ် … 😀

  • ဆူး

    February 28, 2012 at 3:56 pm

    အဲဒီလိုသာဆိုရင် စပါယ်ယာတွေ အလုပ်ပြုတ်တော့မယ် ထင်တယ်။

    • windtalker

      February 28, 2012 at 8:55 pm

      ဟုတ်ပ ၊ အပေါက်ဆိုးပြီး ထမင်းရှင် ကို စော်ကားတဲ့ကောင်တွေ မျက်ခုံးလှုပ်ပေရော့ ဘဲ ။

  • အယ် သူလဲ iDevices တွေကိုအားကျတယ်နေမှာ မမနွယ်ပင်ရေ။
    ဒီအစီအစဉ်ကောင်းတယ်လို ့မြင်မိပါတယ်။ဒါပေမယ့် တခါသုံးကတ်တွေ
    ဆိုရင် ငွေဖြည့်ရပြုရ။ဟူးးးမလွယ်သေးဘူး

  • Shwe Tike Soe

    February 29, 2012 at 12:53 pm

    အောင်မြင်မယ်လို. ထင်လာ….. ရွာသူ၊ရွာသားအပေါင်းတို.ရေ………
    မနေ.ကတော့ ရွှေတိဂုံဘုရား ခေါင်းလောင်းကြီးထိုးးးးးးးးးးးးးး တာ…… မထင်းးးးးးးးးဟင်ဟင် လို.မြည်သဗျ 😀

    • နွယ်ပင်

      February 29, 2012 at 1:11 pm

      နွယ်ပင်လည်း ကြားလိုက်မိသလားလို့ ရွှေတိဂုံဘုရား ခေါင်းလောင်းကြီးထိုးသံကို ……….. 😀

  • FattyCat

    March 1, 2012 at 10:11 am

    iPay ဆိုတော့ Apple Product များလား…………

Leave a Reply