မောင်ရေ…….

ရက်စက်တဲ့ကံကြမ္မာရဲ့လှည့်စားချက်အောက်မှာ

လွှာ့နှလုံးသားတွေကြေမွခဲ့ရပြီပေါ့……….

မောင်နဲ့အတူလျှောက်ဖူးခဲ့တဲ့လမ်းလေးတွေမောင်နဲ့အတူထိုင်ဖူးခဲ့တဲ့

အင်းယားကခုံတန်းလေးတွေမြင်မိတိုင်းမှာရင်နာမိပါရဲ့မောင်ရယ်

ကန်တော်ကြီးထဲရောက်ရင်မောင့်ကိုတောင်မေ့ပြီးပြေးလွှားဆော့ကစားခဲ့မိတာတွေ

ခုချိန်မှာနောင်တရပါတယ်ဆိုရင်လွှာအရမ်းနောက်ကျနေမလားမောင်

ကလေးတယောက်လိုအတွေးနဲ့ကလေးတယောက်လိုအပြုအမူတွေကြောင့်

မောင့်ကိုစိတ်ညစ်အောင်လုပ်မိခဲ့သလားလို့ပြန်မေးမိတယ်မောင်

စကားလုံးတွေနဲ့ပြောမပြတတ်လောက်အောင်မောင့်ကိုချစ်ခဲ့ပါတယ်

အရာအားလုံးနဲ့ယှဉ်ပြီးတော့လည်းမောင့်ကိုရွေးရဲပါတယ်

ဒါပေမယ့်မောင်နဲ့တွေ့တိုင်းချစ်လားမေးရင်ချစ်တယ်ဖြေရမှာပြောဖို့ကြောက်ခဲ့မိတယ်

လွှာ့နှုတ်ခမ်းကချစ်တယ်မဖြေလည်းမောင်နားလည်မယ်လို့ထင်ခဲ့မိတာ

ခုချိန်မှာတော့မဟာအမှားတခုပဲလို့သိလိုက်ရပါပြီမောင်

တွေ့တဲ့အချိန်တိုင်းမောင်လို့ခေါ်ပါလို့ပြောခဲ့တာကိုငြင်းခဲ့မိတဲ့အတွက်

ခုလိုဝေးကြတော့မှတဖက်သတ်မောင်လို့ခေါ်မိတာကိုခွင့်လွှတ်ပါမောင်

ရင်ထဲကအကြိမ်ပေါင်းများစွာခေါ်နေမိတဲ့ မောင် ဆိုတဲ့နှလုံးသားလေးတခုက

ခုချိန်မှာတော့ဝမ်းနည်းစွာနဲ့တမ်းတနေရတဲ့နှလုံးသားလေးဖြစ်ခဲ့ပြီပေါ့

မောင်ရယ်တချိန်ကချစ်ခဲ့ကြတဲ့အချစ်တွေသာခိုင်မြဲတယ်ဆိုရင်တနေ့နေ့မှာ

လွှာ့ဆီကိုပြန်လာခဲ့ပါလို့တောင်းဆိုပါရစေနော်။………

မောင့်ကိုလွှာဝေးရဖို့အတွက်ယုံကြည်ချက်မရှိလို့မောင့်နဲ့နီးရဖို့အတွက်

စောင့်မျှော်နေပါတယ်ဆိုရင်လွန်မလားမောင်

အချစ်စစ်မှန်ရင်မဝေးဘူးဆိုတဲ့စကားလိုမောင့်အချစ်ကိုထပ်တိုးပိုင်ဆိုင်ပါရစေလို့

ဘုရားတွေ့တိုင်းဆုတောင်းမိနေပါတယ်

ဘယ်အချိန်ဘယ်လိုဘယ်နေရာမှာပဲဖြစ်ဖြစ်မောင့်အတွက်နားခိုစရာအေးရိပ်လေးတခုကို

လွှာ့ရင်ထဲမှာတည်ဆောက်ထားဆဲမို့မောင်အမြန်ပြန်လာခဲ့ပါနော်……

မောင်ပြန်လာမယ့်အချိန်ကိုလွှာစောင့်မျှော်နေဆဲပါ………….

မောင့်အချစ်တွေဟာလွှာ့အတွက်မဖြစ်နိုင်တော့ဘူးဆိုရင်တောင်ဖြစ်လာမယ့်နေ့ကို

စောင့်နေဆဲပါလို့လွှာပြောပါရစေမောင်

မောင့်ရဲ့လွှာ

(ရင်ထဲကခံစားချက်အပိုင်းအစလေးများကို

ဖတ်ရှုအားပေးလို့ကျေးဇူးတင်ပါတယ်

လိုအပ်တာများရှိရင်သင်ပြပေးကြပါလို့

ဂေဇက်ကိုကိုမမများအားကျေးဇူးအထူးတင်လျှက်)

 

About bluerose

blue rose has written 4 post in this Website..