♥မောင်ပြန်လာမယ့်အချိန်……..♥

blueroseFebruary 28, 20121min22919

မောင်ရေ…….

ရက်စက်တဲ့ကံကြမ္မာရဲ့လှည့်စားချက်အောက်မှာ

လွှာ့နှလုံးသားတွေကြေမွခဲ့ရပြီပေါ့……….

မောင်နဲ့အတူလျှောက်ဖူးခဲ့တဲ့လမ်းလေးတွေမောင်နဲ့အတူထိုင်ဖူးခဲ့တဲ့

အင်းယားကခုံတန်းလေးတွေမြင်မိတိုင်းမှာရင်နာမိပါရဲ့မောင်ရယ်

ကန်တော်ကြီးထဲရောက်ရင်မောင့်ကိုတောင်မေ့ပြီးပြေးလွှားဆော့ကစားခဲ့မိတာတွေ

ခုချိန်မှာနောင်တရပါတယ်ဆိုရင်လွှာအရမ်းနောက်ကျနေမလားမောင်

ကလေးတယောက်လိုအတွေးနဲ့ကလေးတယောက်လိုအပြုအမူတွေကြောင့်

မောင့်ကိုစိတ်ညစ်အောင်လုပ်မိခဲ့သလားလို့ပြန်မေးမိတယ်မောင်

စကားလုံးတွေနဲ့ပြောမပြတတ်လောက်အောင်မောင့်ကိုချစ်ခဲ့ပါတယ်

အရာအားလုံးနဲ့ယှဉ်ပြီးတော့လည်းမောင့်ကိုရွေးရဲပါတယ်

ဒါပေမယ့်မောင်နဲ့တွေ့တိုင်းချစ်လားမေးရင်ချစ်တယ်ဖြေရမှာပြောဖို့ကြောက်ခဲ့မိတယ်

လွှာ့နှုတ်ခမ်းကချစ်တယ်မဖြေလည်းမောင်နားလည်မယ်လို့ထင်ခဲ့မိတာ

ခုချိန်မှာတော့မဟာအမှားတခုပဲလို့သိလိုက်ရပါပြီမောင်

တွေ့တဲ့အချိန်တိုင်းမောင်လို့ခေါ်ပါလို့ပြောခဲ့တာကိုငြင်းခဲ့မိတဲ့အတွက်

ခုလိုဝေးကြတော့မှတဖက်သတ်မောင်လို့ခေါ်မိတာကိုခွင့်လွှတ်ပါမောင်

ရင်ထဲကအကြိမ်ပေါင်းများစွာခေါ်နေမိတဲ့ မောင် ဆိုတဲ့နှလုံးသားလေးတခုက

ခုချိန်မှာတော့ဝမ်းနည်းစွာနဲ့တမ်းတနေရတဲ့နှလုံးသားလေးဖြစ်ခဲ့ပြီပေါ့

မောင်ရယ်တချိန်ကချစ်ခဲ့ကြတဲ့အချစ်တွေသာခိုင်မြဲတယ်ဆိုရင်တနေ့နေ့မှာ

လွှာ့ဆီကိုပြန်လာခဲ့ပါလို့တောင်းဆိုပါရစေနော်။………

မောင့်ကိုလွှာဝေးရဖို့အတွက်ယုံကြည်ချက်မရှိလို့မောင့်နဲ့နီးရဖို့အတွက်

စောင့်မျှော်နေပါတယ်ဆိုရင်လွန်မလားမောင်

အချစ်စစ်မှန်ရင်မဝေးဘူးဆိုတဲ့စကားလိုမောင့်အချစ်ကိုထပ်တိုးပိုင်ဆိုင်ပါရစေလို့

ဘုရားတွေ့တိုင်းဆုတောင်းမိနေပါတယ်

ဘယ်အချိန်ဘယ်လိုဘယ်နေရာမှာပဲဖြစ်ဖြစ်မောင့်အတွက်နားခိုစရာအေးရိပ်လေးတခုကို

လွှာ့ရင်ထဲမှာတည်ဆောက်ထားဆဲမို့မောင်အမြန်ပြန်လာခဲ့ပါနော်……

မောင်ပြန်လာမယ့်အချိန်ကိုလွှာစောင့်မျှော်နေဆဲပါ………….

မောင့်အချစ်တွေဟာလွှာ့အတွက်မဖြစ်နိုင်တော့ဘူးဆိုရင်တောင်ဖြစ်လာမယ့်နေ့ကို

စောင့်နေဆဲပါလို့လွှာပြောပါရစေမောင်

မောင့်ရဲ့လွှာ

(ရင်ထဲကခံစားချက်အပိုင်းအစလေးများကို

ဖတ်ရှုအားပေးလို့ကျေးဇူးတင်ပါတယ်

လိုအပ်တာများရှိရင်သင်ပြပေးကြပါလို့

ဂေဇက်ကိုကိုမမများအားကျေးဇူးအထူးတင်လျှက်)

 

19 comments

  • thuyazaw21451

    February 28, 2012 at 2:15 pm

    ရင်ထဲကပွင့်ထွက်လာတဲ့ စာစုလေးတွေပါလားနော်………. နှင်းဆီပြာလေးရယ်……… ရင်ထဲမှာလေ ကလိကလိနဲ့ တအိအိ ရှိုက်သံများနဲ့အတူ အားပေးသွားပါတယ်နော်………

  • Prince of Pennsylvania (PoP)

    February 28, 2012 at 2:21 pm

    နုထှာ ကွယ် ….
    သများ တို့ လက်များ … အဲ့လို နုချင်လို့ နုမရဘူး …

    ကိုယ့်ကိုကိုယ်မှောင်ဘွဲ့ခံမယ့် လူတွေ မလာခင် ..
    လက်မထောင်ပြီး အားပေးသွားပါတယ် ချင့်….
    😀

  • bluerose

    February 28, 2012 at 2:27 pm

    ဘယ်လိုပဲအားပေးပေးအားပေးတဲ့အတွက်ကျေးဇူးပါ

  • chityimhtoo

    February 28, 2012 at 2:34 pm

    မောင်!….အများပြောတော့ ခွေးသားစားတယ်ဆို….မောင်!..တစ်ဖြည်းဖြည်းနဲ့ခွေးရုပ်ပေါက်လာတယ်…:P
    ကောင်းတယ်ဗျာ…ကျုပ်တို့ကအလွမ်းဓါတ်ခံများတယ်ဗျ..လေတိုက်ရင်တောင်လွမ်းချင်နေတာ။

  • အလိုလိုမှ သများ အသည်းက ခိုင်ပါဘူး ဆိုနေမှ …
    အဟင့် … ရွှတ် … ရွှတ် ..
    သူ့စာဖတ်ပြီး အခု ငိုနေရပီ သိရားလို့ ….
    😀

    ကျနော်လည်း အားပေးသွားပါတယ် ခင်ဗျာ ..

  • bluerose

    February 28, 2012 at 2:53 pm

    ငိုနဲ့ငိုနဲ့တိတ်တိတ်
    လာလာသကြားလုံးကျွေးမယ်

    • အယ် … သားကို သကြားလုံး (ချိုချဉ်) လာကျွေးနေဒယ် ..
      မေမေက မှာထားတယ် ..၊ ကိုရင် ကိုရင် အပျိုမြင် ချိုချဉ် မစုပ်ရ .. တဲ့ …။
      အဲဒါကြောင့် သကြားလုံးတော့ စားတော့ဘူး …
      😀

  • etone

    February 28, 2012 at 3:26 pm

    ပြန်မရနိုင်တော့တဲ့ အတိတ်ကိုတွေးပြီး … မဆွေးငေးနေနဲ့ …… အချိန်တွေ ဖြုန်းရာရောက်ပါတယ် ။
    ပုံသေတွက်ချက်လို့မရတဲ့ အနာဂတ်ကိုမျှော်ပြီး …. စိတ်ကူးမယဉ်နဲ့ …… စိတ်မောလွန်းလှပါတယ် … ။
    လက်ရှိပိုင်ဆိုင်နေတဲ့ နေ့ရက်ကိုသာ … အကောင်းဆုံး ဖြတ်ကျော်ဖို့ ကြိုးစားပါ … ဘလူးရို့စ်ရေ … ။

    အချိန်က ကုစားပေးမှာပါ …. နောင်ဆယ်နှစ် အနှစ်နှစ်ဆယ်ကြာတဲ့အခါ .. ဒီအချိန်ခံစားရတာက .. ရယ်စရာတောင် ဖြစ်ချင်ဖြစ်နေမှာပါ .. မဖြစ်နိုင်ဘူးဆိုလျှင် … ဆက်ပြီး တမ်းတမနေပါနဲ့တော့လို့ အကြံပေးချင်ပါတယ် … ကိုယ့်ကိုယ်ကို ညှင်းပမ်းခြင်း တစ်မျိုးလို့ မြင်မိတဲ့အတွက်ကြောင့်ပါ … ။
    မဖြစ်နိုင်တာကို တောင့်တနေတဲ့အချိန်မှာ …. ဖြစ်နိုင်တာတွေကို မမြင်လိုက်သလိုမျိုးဖြစ်တတ်တယ် … ။

    ကိုယ်နဲ့ ထိုက်တန်တဲ့ အချစ်တစ်ခု .. တစ်နေ့နေ့ပိုင်ဆိုင်လာမှာပါ .. ဆန္ဒနဲ့ ဘဝလည်း ထပ်တူကျပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ဘလူးရို့စ်ရေ… ။ 🙂

  • bluerose

    February 28, 2012 at 3:41 pm

    မမ etone ရေ ကျေးဇူးပါခုလိုဆုံးမတဲ့အတွက်ပေါ့
    အပြင်မှာတော့လက်ရှိဘဝကိုပဲအကောင်းဆုံးဖြစ်အောင်ဖြတ်ကျော်နေပါတယ်
    ရင်ထဲကတော့မောင်နဲ့ပတ်သတ်တဲ့ခံစားချက်ကလေးတွေကရေးလို့ကောင်းနေတုန်းပဲ
    ခံစားရသမျှတွေကိုမခံစားဖို့လည်းဆုံးဖြတ်ထားပါတယ်
    တကယ်တမ်းကျတော့သစ္စာမဲ့သူကကိုယ်မှမဟုတ်တာပဲလေ
    သူ့ဘဝနဲ့သူသွားမှာပါလို့တွေးထားပါတယ်
    ဆန္ဒနဲ့ဘဝတထပ်တည်းကျအောင်လည်းကြိုးစားနေပါတယ်

  • ဆူး

    February 28, 2012 at 4:02 pm

    နှင်းဆီပြာလေး အလွမ်းထဲမှာ နစ်မနေနဲ့တော့ ဘဝကို ပျော်ပျော်ရွင်ရွင် ဖြစ်အောင် နေကြည့်ပါ။
    ပိုပြီး နေရတာ အဆင်ပြေသွားလိမ့်မယ်။

  • TITAN

    February 28, 2012 at 4:30 pm

    ရင်ခွင်တံခါးကို လွှာ့ အတွက်အမြဲဖွင့်ထားပါတယ် လွှာရယ်……
    အဟီး …. စတာနော် စိတ်မဆိုးရဘူး (ဆိုးလည်း ဂရုမစိုက်ပါဘူး) 😆

  • blackchaw

    February 28, 2012 at 4:35 pm

    အားပေး ဖတ်ရှုသွားပါတယ် နှင်းဆီပြာရေ။
    မောင်သီချင်းတွေကို အကျယ်ကြီးအော်ဆိုလိုက်ရင်
    ဝေဒနာ နည်းနည်း ပေါ့သွားပါလိမ့်မယ်။
    ဒီသီချင်းကိုပဲ ထပ်ကိုးကားလိုက်ဦးမယ်။ (ခွင့်ပြုပါ ကိုထီးရေ)
    သေခြင်းမှာ လူဟာ တစ်ခါသာ သေရ၏
    ချစ်ခြင်းမှာ လူဟာ အခါခါ သေရ၏ တဲ့။
    အခါခါ ချစ်လို့ ရပါတယ် ဗျာ။
    အခါခါ အသည်းကွဲတတ်တာလေးလည်း သတိပြုပါ ဒေါ်နှင်းဆီပြာ…။ 😀 😀 😀

  • Khaing Khaing

    February 28, 2012 at 4:41 pm

    bluerose ရေခံစားရတယ်… တို့ကအဲလိုအရေးအသားတွေကိုကြိုက်တယ်… လွှာရဲ့မောင်လည်းလွှာနဲ့ပေါင်းရပါစေ ခံစားချက်ခြင်းတူလို့ တို့လည်း မမျှော်လင်သင့်တဲ့ တို့ရဲ့မောင်ကို မျှော် နေမိတယ် မောင့်ကြောင့်လည်း အိပ်ရေးတွေပျက် အလုပ်တွေပျက်ရပါတယ်…. လွှာမောင်နဲ့တို့မောင် တူရင်တောင် မောင်က ပို မှောင်ပါတယ်….(စတာနော်)အဟိ ဟီ

    ခင်တဲ့
    khaing khaing

  • နွယ်ပင်

    February 28, 2012 at 4:55 pm

    နှင်းဆီပြာရေ အလွမ်းတွေထဲက မြန်မြန်နိုးထနိုင်ပါစေနော် …
    အလွမ်းတွေကို အချိန်က ကုစားပေးသွားမှာပါ
    ဒီကြားထဲ ကိုယ့်ကိုတကယ်ချစ်ပြီး ကိုယ်ကလည်းချစ်နိုင်မယ့်သူနဲ့ ဆုံတွေ့နိုင်ပါသေးတယ် ……….

  • bluerose

    February 28, 2012 at 4:59 pm

    မရေးတတ်ရေးတတ်ရေထားတဲ့စာလေးကိုအားပေးကြတာ
    ဖတ်ပေးကြတာကျေးဇူးတင်ပါတယ် ရှင်

  • we R one

    February 28, 2012 at 5:14 pm

    ~~~ မောင်လာချိန်ရောက် ရင်ဖြင့် မျှော်မျှော်သူ မှိုင်ငေ.. လို့.. ဆွေးလည်းဆွေးခဲ့ ဖူးပြီလေ… မှေးမရ စက်မပျော် တနေ့သော် ပေါ်လာနိုးနဲ လက်ချိုးကာရည်….. အအိပ်အနေ ပျက်ပြားတာလည်း များ..များလှပါပြီလေ……..
    နွေမိုးဆောင်းတွေ..ဟောင်းကြွေကာလည်း ပြောင်းခဲ့ပြီ..မေ့မှာတစ်ယောက်တည်း ကြိတ်ခါ ငိုဆဲကွယ်.. မောင်ပြောကြားခဲ့တာများ ယုံတမ်းစကားတွေပါမောင်ရယ်.. သိတော့သိသားပဲလေလေ..ဒါပေမဲ့ တခါတလေ စိတ်ထွေပြား.. တကယ်လား အဟုတ်လားလို့များ ထင်မှားမိတုန်းပဲလေ…. ~~~~

    အားပေးသွားတယ်ဗျို့.. နှင်းဆီပြာလေး အတွက် နီနီဝင်းရွှေ သီချင်းလေး ဆိုပေးလိုက်တယ်နော်…

  • blacklover

    February 28, 2012 at 6:31 pm

    ဟီးး ခုတစ်လောအသည်းကွဲနေတဲ့သူများနေသလားလို့
    ပြီးတော့မိန်းကလေးတွေကြည့်တွေ့နေရတယ်
    2012ကဘယ်လိုဖြစ်လဲမသိဘူးဟီးးး
    ကိုယ်တိုင်လဲအသည်းကွဲနေပါတယ်နော်
    မဖြစ်နိုင်တော့ဘူးဆိုတာသေချာရင် မမျှော်လင့်တာအကောင်းဆုံးပါ ဘာလို့လဲဆိုတော့
    ကိုယ့်ဒုက္ခကိုယ်ရှာနေသလိုပါပဲအဲဒါက တက်နိုင်သလောက်မေ့တော့မယ်ဆိုရင် သူနဲ့ပတ်သက်တာတွေအားလုံးကို အကုန်လုံးနီးပါး ပြန်သတိမရအောင်ထိန်းနိုင်မှပါ……
    အကောင်းဆုံးသမားတော်ကတော့ အချိန်ပါ အချိန်ကကုစားသွားမှာပါ….
    ဖြစ်ချင်တာရယ်
    ဖြစ်သင့်တာရယ်
    ဖြစ်နေတာရယ် တစ်ထပ်တည်းကျပါစေလို့ဆုတောင်းပေးပါတယ်….

  • windtalker

    February 28, 2012 at 8:46 pm

    မောင်ပေ ၊ မေပေါင်
    မင်းကွာ…. တောက်
    သွားအခု ။
    မောင်ပေ = ဟုတ်ကဲ့ ကျွန်တော် သွားလိုက်ပါပြီ ခင်ဗျ ။

Leave a Reply