ပထမဆုံး ကျနော့်သူငယ်ချင်းအကြောင်းလေးအရင်ဖွပေးလိုက်ရအုံးမယ် သူနဲ့ကျနော်က ငယ်ပေါင်းတော့မဟုတ်ဘူးဗျ ဆယ်တန်းမှပေါင်းလာတာ ပေါင်းတယ်ဆိုတာကလည်း သူကကျနော့်ထက်အရင်ဆယ်တန်းအောင်တော့ စာလေးဘာလေးမေးရင်းနဲ့ခင်နေကြတာပါ သူ့အဖေက ဥက္ကဌဆိုတော့ အစိုးရ၀န်ထမ်းဖြစ်ချင်နေတဲ့သူတစ်ယောက်ပေါ့ ရှေ့နေတစ်ယောက်ဖြစ်ချင်သတဲ့ဗျာ ဆယ်တန်းအောင်တော့ သူကတော့ Day ကျောင်းကို ဥပဒေအထူးပြုနဲ့ဆက်တက်ပါတယ် ကျနော်ကတော့ အဝေးသင်ပဲတက်နေတာပေါ့ အမြဲတော့တွေ့ဖြစ်ပါတယ် တစ်နယ်တည်းသားတွေဆိုတော့ အမြဲပဲတွေ့တတ်ပါတယ် နေတာကလည်းအတူတူနေတာကိုး အမြဲပဲ သူ့ရည်ရွယ်ချက်ဖြစ်တဲ့ ရှေ့နေတစ်ယောက်ဖြစ်ဖို့ပြောပါတယ် ကျနော့်ကိုလည်း အစိုးရအလုပ်ဝင်လုပ်ပါလား ဘ၀အာမခံရှိတယ်လို့ အမြဲနားချလေ့ရှိပါတယ် အခုသူကကျောင်းပြီးတော့ အလုပ်သင်ချိန်ဘာတွေဆင်းနေတာပေါ့ ဆင်းနေတာ ၁ နှစ်လောက်တော့ရှိမယ်ဗျ ပြီးခဲ့တဲ့အပတ်ကမှ စကားပြောဖြစ်ကြတော့ သူရှေ့နေလုပ်ချင်တဲ့အကြောင်းအရာကို ကျနော်သိခွင့်ရပါတော့တယ် စကားပြောဖြစ်တာက တန်ခူးလနယ်ပြန်အုံးမလားပေါ့ ကျနော်ကမပြန်တော့ဘူးဆိုတော့ သူကတော့မပြန်လို့မရဘူး ငါတော့ပြန်အုံးမယ်တဲ့ ဘာ့လို့မပြန်လို့မရတာလည်းလို့ စပ်စုကြည့်တော့ အိမ်နဲ့တိုင်ပင်ရအုံးမယ် ရှေ့ဘာဆက်လုပ်ရမလဲဆိုတာဆိုတော့မှ မင်းရှေ့နေဖြစ်ချင်တာပဲ အခုလည်းအဲဒါနဲ့ပတ်သတ်တဲ့သင်တန်းတွေတက်နေတာ ဒါပဲဆက်လုပ်ပေါ့ဆိုတော့ မဟုတ်ဘူးကွ အခုအတိုင်းဆိုသိပ်မိုက်တော့ဘူး ဘာ့လို့လည်းဆိုတော့မှ အရင်လိုလာဘ်ပေးလာဘ်ယူတွေသိပ်မချောင်တော့ဘူးတဲ့ ဒါကြောင့်ငါဆက်မလုပ်ချင်တော့တာတဲ့ သေချာတာတော့ ကျနော်သူ့ကိုစိတ်ထဲကနေ အထင်သေးမိတယ် ပါးစပ်ကတော့ သြော်လို့ပဲ တ နေပါတော့တယ် ကျနော်ပေါင်းလာတဲ့ ၅ နှစ်လောက်အတွင်း ကျနော်ပဲညံ့လို့လားမသိဘူး သူ့ကိုရှေ့နေတစ်ယောက် ၀ါသနာအရဖြစ်ချင်တယ်လို့ထင်နေခဲ့တာ အခုသူပြောမှ ယုံတောင်မယုံနိုင်ဖြစ်ခဲ့ရတာ
အဲလိုလူမျိုးတွေ အစိုးရ၀န်ထမ်းလောကမှာ ဘယ်လောက်တောင်ရှိနေကြသလဲဗျာ တွေးကြည့်လိုက်လို့ရင်တော်တော် ရင်လေးဖို့ကောင်းတယ် တိုင်းပြည်တိုင်းတိုင်းပြည်တိုင်းမှာ အဆိုးအကောင်းတော့ရှိမှာသေချာပါတယ် ဒါပေမဲ့ ကျနော်တို့နိုင်ငံမှာ ပိုများများနေသလားလို့ သေချာပါတယ် ကမ္ဘာ့လာဘ်အစားဆုံးနိုင်ငံထဲမှာ အပါအ၀င်ဆိုတဲ့ ဂုဏ်ပုဒ်တောင်ရထားတာဆိုတော့လည်း
ပိုဆိုးတာက ၀န်ထမ်းဖြစ်ပြီးမှအခြေနေရလာဘ်စားတာဆိုကြားကောင်းသေးတယ် အခုဟာက လာဘ်စားဖို့ရည်ရွယ်ချက်နဲ့ကို အစိုးရ၀န်ထမ်းဖြစ်ချင်တဲ့သူ အဲဒီလိုကြိုးပမ်းနေတဲ့သူတွေဘယ်လောက်တောင်ရှိသလဲဗျာ အချက်လက်တွေကတော့ များသားဗျာ မိဘတွေကလည်းမြှောက်ပေးတာရှိတယ် ကိုယ်တိုင်ကလည်း စိတ်ဓာတ်အောက်ကျတာရှိမယ် ကျနော့်ကိုယ်တွေ့ ဆယ်တန်းအောင်တော့ အသိုင်းအ၀ိုင်းက မင်းအရပ်ရှည်တယ် ဗိုလ်လောင်းသင်တန်း လျှောက်ပါလားကွာဆိုတာချည်းပဲ အမေနဲ့အမေ့ဘက်ကအသိုင်းအ၀ိုင်းကလွဲလို့ပေါ့ အဖေ့ဘက်က အကုန်လုံး ဗိုလ်လောင်းလျှောက်ခိုင်းကြတယ် သေချာတာတော့ သူတို့အတွေ ကျနော့်ကို မင်းစိတ်ဝင်စားလားလို့ အခုချိန်ထိတစ်ခါမှ မမေးဖူးဘူး သူတို့ဖြစ်ချင်တာ သူတို့က စစ်ဗိုလ်တစ်ယောက်ရဲ့အမျိုးဆိုတာကိုပဲ လိုချင်တာကိုး အဲဒါမျိုးအသိုင်းအ၀ိုင်းတွေကြောင့်လည်းဖြစ်ပျက်ကုန်ကြတာပါပဲ ပြန်တွေးကြည့်ရင် စိတ်မကောင်းစရာတွေပါ နိုင်ငံအတွက်ရင်လေးစရာတွေချည်းပဲ အခုကျနော့်သူငယ်ချင်းဆိုရင် သေချာတယ် အခုလိုဥပဒေတွေပြင်ဆင်တာတွေကို သေချာပေါက်သဘောမတွေ့ဘူးဖြစ်နေတယ် ဒီမိုကရေစီ ကိုသူမလိုချင်သေးဘူး သူက လာဘ်စားလို့ရတဲ့ ခေတ်ကိုပဲလိုချင်သေးတယ်ဆိုတာ သူပြောတဲ့စကားနားထောင်ပြီး တွေးကြည့်လို့ရပါတယ် ကြုံတုန်းတဆက်တည်းပြောရအုံးမယ် အလုပ်က အစ်မတစ်ယောက်နဲ့အင်တာနက်ဆိုင်အတူတူတစ်နေ့က သွားထိုင်မိပါတယ် သူ့ Facebook စာမျက်နှာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးဓာတ်ပုံတွေ ပြည်သူလူထုထောက်ခံကြိုဆိုပုံတွေ ပလူပျံအောင်ရောက်နေတာကိုတွေ့ရတော့ ဒေါ်စုပုံတွေကြီးပဲဟယ် လို့ပြောပါတယ် ကျနော်က သြော်ထောက်ခံသူပြည်သူတွေက၀မ်းသာအားရ Share ကြတာပေါ့ဗျာဆိုတော့ သူကအများအကျိုးပြုလုပ်တော့ လူချစ်လူခင်ပေါများ အခုလို့ သူ့သတင်းဆိုဘယ်နေရာရောက်ရောက်ကြားရသိရတာပေါ့ဆိုတော့ ဘာဖြစ်ဖြစ်ဟယ် ကိုယ့်ရှိမှကိုယ်စားရတာပါ အခုတော့ ငါ့စာမျက်နှာမှာ ဒါတွေချည်းပဲဆိုပြီးပြောပါလေရောဗျာ အဲဒီလိုလူမျိုးကျတော့လည်း ဘယ်ဘက်မှမလိုက် ကိုယ့်ရှိမှကိုယ်စားရမှာလို့ ငတေမာပြီးရောဆိုတဲ့စိတ်ဓာတ်ရှိတဲ့သူပေါ့ ဘာပဲဖြစ်ဖြစ် အကျင့်ကလေးတွေ ပြင်ဖို့သင့်နေပါပြီ အဲလိုလူမျိုးတွေများများရှိနေသ၍တော့ မြန်မာနိုင်ငံက လာဘ်အစားဆုံးနိုင်ငံတွေထဲမှာဂုဏ်ပုဒ်ကြီးတော့အတပ်ခံနေရအုံးမှာပါလို့
သိလွန်းလို့ တတ်လွန်းလို့တော့မဟုတ်ပါဘူး မြင်တွေ့ ကြားသိနေရတဲ့ စိတ်မကောင်းစရာလေးတွေ ပြင်ဆင်စေချင်တာလေးတွေကိုပဲ ရေးပြချင်းဖြစ်ပါတယ်

About ရွှေဘိုသား

ရွှေဘို သား has written 92 post in this Website..

စာများကို ရေးတတ်လို. မဟုတ်ပါ သည်းခံဖတ်ပြီး ဝေဖန်ပေးကြပါ