တိုင်းပြည်အတွက် ရည်ရွယ်ချက်တွေ ပြင်စေချင်

ေရႊဘိုသားFebruary 28, 20121min787

ပထမဆုံး ကျနော့်သူငယ်ချင်းအကြောင်းလေးအရင်ဖွပေးလိုက်ရအုံးမယ် သူနဲ့ကျနော်က ငယ်ပေါင်းတော့မဟုတ်ဘူးဗျ ဆယ်တန်းမှပေါင်းလာတာ ပေါင်းတယ်ဆိုတာကလည်း သူကကျနော့်ထက်အရင်ဆယ်တန်းအောင်တော့ စာလေးဘာလေးမေးရင်းနဲ့ခင်နေကြတာပါ သူ့အဖေက ဥက္ကဌဆိုတော့ အစိုးရဝန်ထမ်းဖြစ်ချင်နေတဲ့သူတစ်ယောက်ပေါ့ ရှေ့နေတစ်ယောက်ဖြစ်ချင်သတဲ့ဗျာ ဆယ်တန်းအောင်တော့ သူကတော့ Day ကျောင်းကို ဥပဒေအထူးပြုနဲ့ဆက်တက်ပါတယ် ကျနော်ကတော့ အဝေးသင်ပဲတက်နေတာပေါ့ အမြဲတော့တွေ့ဖြစ်ပါတယ် တစ်နယ်တည်းသားတွေဆိုတော့ အမြဲပဲတွေ့တတ်ပါတယ် နေတာကလည်းအတူတူနေတာကိုး အမြဲပဲ သူ့ရည်ရွယ်ချက်ဖြစ်တဲ့ ရှေ့နေတစ်ယောက်ဖြစ်ဖို့ပြောပါတယ် ကျနော့်ကိုလည်း အစိုးရအလုပ်ဝင်လုပ်ပါလား ဘဝအာမခံရှိတယ်လို့ အမြဲနားချလေ့ရှိပါတယ် အခုသူကကျောင်းပြီးတော့ အလုပ်သင်ချိန်ဘာတွေဆင်းနေတာပေါ့ ဆင်းနေတာ ၁ နှစ်လောက်တော့ရှိမယ်ဗျ ပြီးခဲ့တဲ့အပတ်ကမှ စကားပြောဖြစ်ကြတော့ သူရှေ့နေလုပ်ချင်တဲ့အကြောင်းအရာကို ကျနော်သိခွင့်ရပါတော့တယ် စကားပြောဖြစ်တာက တန်ခူးလနယ်ပြန်အုံးမလားပေါ့ ကျနော်ကမပြန်တော့ဘူးဆိုတော့ သူကတော့မပြန်လို့မရဘူး ငါတော့ပြန်အုံးမယ်တဲ့ ဘာ့လို့မပြန်လို့မရတာလည်းလို့ စပ်စုကြည့်တော့ အိမ်နဲ့တိုင်ပင်ရအုံးမယ် ရှေ့ဘာဆက်လုပ်ရမလဲဆိုတာဆိုတော့မှ မင်းရှေ့နေဖြစ်ချင်တာပဲ အခုလည်းအဲဒါနဲ့ပတ်သတ်တဲ့သင်တန်းတွေတက်နေတာ ဒါပဲဆက်လုပ်ပေါ့ဆိုတော့ မဟုတ်ဘူးကွ အခုအတိုင်းဆိုသိပ်မိုက်တော့ဘူး ဘာ့လို့လည်းဆိုတော့မှ အရင်လိုလာဘ်ပေးလာဘ်ယူတွေသိပ်မချောင်တော့ဘူးတဲ့ ဒါကြောင့်ငါဆက်မလုပ်ချင်တော့တာတဲ့ သေချာတာတော့ ကျနော်သူ့ကိုစိတ်ထဲကနေ အထင်သေးမိတယ် ပါးစပ်ကတော့ ဪလို့ပဲ တ နေပါတော့တယ် ကျနော်ပေါင်းလာတဲ့ ၅ နှစ်လောက်အတွင်း ကျနော်ပဲညံ့လို့လားမသိဘူး သူ့ကိုရှေ့နေတစ်ယောက် ဝါသနာအရဖြစ်ချင်တယ်လို့ထင်နေခဲ့တာ အခုသူပြောမှ ယုံတောင်မယုံနိုင်ဖြစ်ခဲ့ရတာ
အဲလိုလူမျိုးတွေ အစိုးရဝန်ထမ်းလောကမှာ ဘယ်လောက်တောင်ရှိနေကြသလဲဗျာ တွေးကြည့်လိုက်လို့ရင်တော်တော် ရင်လေးဖို့ကောင်းတယ် တိုင်းပြည်တိုင်းတိုင်းပြည်တိုင်းမှာ အဆိုးအကောင်းတော့ရှိမှာသေချာပါတယ် ဒါပေမဲ့ ကျနော်တို့နိုင်ငံမှာ ပိုများများနေသလားလို့ သေချာပါတယ် ကမ္ဘာ့လာဘ်အစားဆုံးနိုင်ငံထဲမှာ အပါအဝင်ဆိုတဲ့ ဂုဏ်ပုဒ်တောင်ရထားတာဆိုတော့လည်း
ပိုဆိုးတာက ဝန်ထမ်းဖြစ်ပြီးမှအခြေနေရလာဘ်စားတာဆိုကြားကောင်းသေးတယ် အခုဟာက လာဘ်စားဖို့ရည်ရွယ်ချက်နဲ့ကို အစိုးရဝန်ထမ်းဖြစ်ချင်တဲ့သူ အဲဒီလိုကြိုးပမ်းနေတဲ့သူတွေဘယ်လောက်တောင်ရှိသလဲဗျာ အချက်လက်တွေကတော့ များသားဗျာ မိဘတွေကလည်းမြှောက်ပေးတာရှိတယ် ကိုယ်တိုင်ကလည်း စိတ်ဓာတ်အောက်ကျတာရှိမယ် ကျနော့်ကိုယ်တွေ့ ဆယ်တန်းအောင်တော့ အသိုင်းအဝိုင်းက မင်းအရပ်ရှည်တယ် ဗိုလ်လောင်းသင်တန်း လျှောက်ပါလားကွာဆိုတာချည်းပဲ အမေနဲ့အမေ့ဘက်ကအသိုင်းအဝိုင်းကလွဲလို့ပေါ့ အဖေ့ဘက်က အကုန်လုံး ဗိုလ်လောင်းလျှောက်ခိုင်းကြတယ် သေချာတာတော့ သူတို့အတွေ ကျနော့်ကို မင်းစိတ်ဝင်စားလားလို့ အခုချိန်ထိတစ်ခါမှ မမေးဖူးဘူး သူတို့ဖြစ်ချင်တာ သူတို့က စစ်ဗို်လ်တစ်ယောက်ရဲ့အမျိုးဆိုတာကိုပဲ လိုချင်တာကိုး အဲဒါမျိုးအသိုင်းအဝိုင်းတွေကြောင့်လည်းဖြစ်ပျက်ကုန်ကြတာပါပဲ ပြန်တွေးကြည့်ရင် စိတ်မကောင်းစရာတွေပါ နိုင်ငံအတွက်ရင်လေးစရာတွေချည်းပဲ အခုကျနော့်သူငယ်ချင်းဆိုရင် သေချာတယ် အခုလိုဥပဒေတွေပြင်ဆင်တာတွေကို သေချာပေါက်သဘောမတွေ့ဘူးဖြစ်နေတယ် ဒီမိုကရေစီ ကိုသူမလိုချင်သေးဘူး သူက လာဘ်စားလို့ရတဲ့ ခေတ်ကိုပဲလိုချင်သေးတယ်ဆိုတာ သူပြောတဲ့စကားနားထောင်ပြီး တွေးကြည့်လို့ရပါတယ် ကြုံတုန်းတဆက်တည်းပြောရအုံးမယ် အလုပ်က အစ်မတစ်ယောက်နဲ့အင်တာနက်ဆိုင်အတူတူတစ်နေ့က သွားထိုင်မိပါတယ် သူ့ Facebook စာမျက်နှာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးဓာတ်ပုံတွေ ပြည်သူလူထုထောက်ခံကြိုဆိုပုံတွေ ပလူပျံအောင်ရောက်နေတာကိုတွေ့ရတော့ ဒေါ်စုပုံတွေကြီးပဲဟယ် လို့ပြောပါတယ် ကျနော်က ဪထောက်ခံသူပြည်သူတွေကဝမ်းသာအားရ Share ကြတာပေါ့ဗျာဆိုတော့ သူကအများအကျိုးပြုလုပ်တော့ လူချစ်လူခင်ပေါများ အခုလို့ သူ့သတင်းဆိုဘယ်နေရာရောက်ရောက်ကြားရသိရတာပေါ့ဆိုတော့ ဘာဖြစ်ဖြစ်ဟယ် ကိုယ့်ရှိမှကိုယ်စားရတာပါ အခုတော့ ငါ့စာမျက်နှာမှာ ဒါတွေချည်းပဲဆိုပြီးပြောပါလေရောဗျာ အဲဒီလိုလူမျိုးကျတော့လည်း ဘယ်ဘက်မှမလိုက် ကိုယ့်ရှိမှကိုယ်စားရမှာလို့ ငတေမာပြီးရောဆိုတဲ့စိတ်ဓာတ်ရှိတဲ့သူပေါ့ ဘာပဲဖြစ်ဖြစ် အကျင့်ကလေးတွေ ပြင်ဖို့သင့်နေပါပြီ အဲလိုလူမျိုးတွေများများရှိနေသ၍တော့ မြန်မာနိုင်ငံက လာဘ်အစားဆုံးနိုင်ငံတွေထဲမှာဂုဏ်ပုဒ်ကြီးတော့အတပ်ခံနေရအုံးမှာပါလို့
သိလွန်းလို့ တတ်လွန်းလို့တော့မဟုတ်ပါဘူး မြင်တွေ့ ကြားသိနေရတဲ့ စိတ်မကောင်းစရာလေးတွေ ပြင်ဆင်စေချင်တာလေးတွေကိုပဲ ရေးပြချင်းဖြစ်ပါတယ်

7 comments

  • Thel Nu Aye

    February 28, 2012 at 6:23 pm

    ဒီလိုလူတွေများနေလို့လဲတိုင်းပြည်ကဒီမိုကရေစီနဲ့ဝေးနေသေးတာပေါ့။ အခွင့်ထူးခံတွေကနောက်ပြန် လှည့်ချင်သူတွေများနေတာလဲမကောင်းတဲ့အဖြစ်ပါ။ တိုင်းပြည်အတွက်ရင်လေးမိပါတယ်။ မိဘတွေကလဲဘယ်လိုသွန်သင်လဲမသိပါဘူး။ အခွင့်မျှော်မိဘတွေကြောင့်လဲသားသမီးတွေ အတွေးအခေါ်တွေမှား။ တိုင်းပြည်အတွက်နစ်နာလှပါတယ်။

  • ဟုတ်တယ် ကိုရွှေဘိုသားရေ။ကျနော့်အမြင်က နိုင်ငံဝန်ကိုထမ်းမယ့် ဝန်ထမ်းပီပီ
    တာဝန်ကျေပွန်ရင် ငတ်တော့မသေလောက်ပါဘူး။အဓိက ကတော့ ရိုးဂုဏ်ရှိဖို ့
    လိုတာပေါ့။နိုင်ငံ ခေတ်မှီပြီး နှစ်(၃၀)စာလောက် ခုန်ကျော်တိုးတက်ချင်ရင် ပြည်သူ
    တာဝန်ကိုထမ်းမယ့် ဝန်ထမ်းတွေရော၊ပြည်သူတွေပါ ပြုပြင်ကြရတော့မှာပါ။

  • ရွှေဘိုသား

    February 28, 2012 at 7:15 pm

    မြန်မာ စကားပုံရှိတာပဲဗျာ ပျက်အစဉ်ပြင်ခဏပါပဲ တကယ်ဖြစ်ချင် အဟုတ်လုပ် တကယ်ဖြစ်ပါတယ်။
    လူငယ်တွေတော်တော်များများ စိတ်ဓာတ်တွေသိပ်မကြိုက်လှဘူးဗျ ဒါကလည် သူတို့အပြစ်မဟုတ်ဘူး
    အနှစ် 50 လောက်ခေါက်ရိုးကျိုးလာတော့ ပြန်မတ်ဖို့ခတ်နေတာ အနှစ် 50 အတွင်း ကပ်ဖားတွေနဲ့အရာရှိတွေပဲချမ်းသာကြတော့ လူငယ်တွေ အတုယူမှားကုန်တာပေါ့ဗျာ

  • Khaing Khaing

    February 28, 2012 at 7:34 pm

    နာကတော့အစိုးရဝန်ထမ်းမဟုတ်လို့ ဘာမှမခံစားရဘူး ဒါပေမယ့်မကျေနပ်တာတစ်ခုရှိတယ် အစိုးရဝန်ထမ်း တွေထဲမှာလာဘ်စားတဲ့သူတွေရှိတယ် အခုလစာတိုးမယ်တဲ့ အဲလိုလူမျိုးတွေတိုးရင် နာမကျေနပ်ဘူး လာဘ် စားတဲ့သူတွေကတိုးလေ ပိုချမ်းသာလေပဲ ….. လာဘ်စားတဲ့ တရားရေးဘက်ကအကြောင်းတော့မပြောချင် ဘူး..နောက်မှအချိန်ရရင် တို့ရဲ့ကိုယ်တွေ့အဖြစ်လေးကိုစာစီအုံးမယ်…တော်သေးပြီ…

  • အဲဒါလဲ ဟုတ်ပါတယ် အကိုရေ။ကျနော့်အသက် (၂၂)နှစ်လောက်မှာ ဆိုတော့ လွန်ခဲ့တဲ့ (၆)နှစ်ကပေါ့ဗျာ။
    ကျနော်ငွေအရမ်းလိုချင်တယ်။ချမ်းသာချင်တယ်။ဆိုင်ကယ်ကောင်းကောင်းစီးချင်တယ်။ဟန်းဖုန်းကောင်း
    ကောင်းကိုင်ချင်တယ်။လမ်းမှားလိုက်တယ် ၂-၃လုံးထိုးတယ်။ဘောလုံးပွဲလောင်းတယ်။နောက်တော့ ရှုံးလွန်း
    လာတာရယ်၊အိမ်က မပေးတော့ဘူးဆိုကာမှ ရပ်လိုက်တဲ့အခါ ဘဝမှာ နောင်ကျဉ်အောင်ခံသွားခဲ့ရပါပီ။
    ခုခေတ်ကာလ ကလေးတွေမှာရော ပိုဆိုးတာပေါ့။ပညာရေး၊ကျန်းမာရေး အဖက်ဖက်မှာ ကလေးတွေ လမ်း
    မှားကို ရောက်မှန်းမသိရောက်နေကြပီလေ။ရုန်းထွက်နိုင်အောင် ကူဖို ့နည်းလမ်း…………..

  • unclegyi1974

    February 28, 2012 at 10:54 pm

    လူငယ်တော်တော်များများကဒီလိုပါပဲလေ
    လူကြီးတွေကိုယ်တိုင်ကဟဲ့ဒီနေရာကဝင်ငွေကောင်းတယ်ရအောင်လုပ်ဆိုနေကြတော့
    ဒီလိုနဲ့မြန်မာနိုင်ငံလည်းတဖြည်းဖြည်းနဲ့တိုးတက်လာလို်က်တာ
    အခုလိုအချိန်ရောက်လာတာပါပဲဗျာ

  • padonmar

    February 29, 2012 at 12:28 am

    လူတွေက အောက်ဆိုဒ်ဆိုတာ ရှက်စရာလို့ မမြင်ကြတော့တာ ဆိုးတာပါပဲ ရွှေဘိုသားရယ်။

Leave a Reply