မန္တလေးက ဧည့်စာရင်းတိုင်ကြားခ အကြောင်းတစ်စေ့တစောင်း

YE YINT THUFebruary 28, 20121min1637

ရပ်ကွက် (သို ့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို ပြဋ္ဌာန်းလိုက်ကြောင်း ၂၅ ရက်နေ ့ထုတ် နိုင်ငံပိုင် သတင်းစာများမှာ အခုလို ဖေါ်ပြထားပါတယ်။

အဆိုပါဥပဒေ၏ အခန်း (၁၅) အပိုဒ် ၃၃။ တွင်

“ ရပ်ကွက် သို ့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေမှူးသည် ဧည့်စာရင်းတိုင်ကြားခြင်းကိစ္စနှင့် စပ်လျဉ်း၍ ငွေကြေး တစ်စုံတစ်ရာကောက်ခံခြင်းမပြုရ။ ”  

လို ့ဆိုထားပါတယ်။ သို ့သော်လည်း မန္တလေး ပြည်ကြီးတံခွန် မြို့နယ်  ကျွဲဆည်ကန်ကားကြီးကွင်းတည်ရှိရာ  ချမ်းမြသာယာရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးမှာတော့ ယနေ ့အထိ ဧည့်စာရင်းတိုင်ကြားခ တောင်းကောင်း နေတုန်းပါဘဲ။   ဧည့်စာရင်းတိုင်သူ များထံမှ လူတစ်ဦး (၇) ရက် တစ်ပါတ်စာတိုင်လျှင် ၁၀ဝ ကျပ် / အကြောင်းမသိသူများဆိုလျှင် ၂၀ဝ ကျပ်စသဖြင့်ဧည့်စာရင်း တိုင်ကြားခ ကောက်ခံလျှက်ရှိ တုန်းပါဘဲ။

တကယ်ဆို ဒီဥပဒေကို လွှတ်တော်က အတည်ပြုပြီး သမ္မတ ကို်ယ်တိုင်ကတောင် လက်မှတ်ရေးထိုး ထုတ်ပြန်ထားပေမယ့် အောက်ခြေမှာတော့ အခုလို ထင်ရာစိုင်းကောင်းနေတုန်းပါဘဲ။

အဆိုပါဥပဒေ၏ အခန်း (၅) အပိုဒ် ၁၁။

လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များ အခန်းမှာဆိုရင်

“ ရပ်ကွက် သို ့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေမှူးသည် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင်အောက်ပါကျင့်ဝတ်များနှင့် အညီကျင့်သုံးဆောင်ရွက်ရမည်-

(က) လုပ်ငန်းတာဝန်များကို ဥပဒေ။ နည်းဥပဒေများ။ စည်းမျဉ်းစည်းကမ်း။လုပ်ထုံးလုပ်နည်း။ အမိန် ့ညွန်ကြား ချက်များနှင့် အညီဆောင်ရွက်ခြင်း။

(ခ) လုပ်ပိုင်ခွင့်ကိုအလွဲသုံးစားပြုခြင်း။ အရှိန်အဝါကို အသုံးပြုခြင်း။ မသမာမှုပြုခြင်းနှင့် မလျော်ဩဇာ သုံးခြင်း တို ့မှရှောင်ကြဉ်ခြင်း။

(ဂ) ဥပဒေနှင့်အညီပေးအပ်သည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခြင်း။

လို ့ဆိုထားပြန်ပါတယ်။

ဘယ်အချိန်ကျမှ လူကြီးတွေသိပြီး ဒီလိုကိစ္စမျိုးကိုကိုင်တွယ်ပေးမလဲဆိုတာစောင့်ကြည့်ကြရအောင်။ ကြားဖြတ်ရွေးကောက်ပွဲကလည်းနီးလာပြီမို ့ ဒီတစ်ခါမဲထည့်မယ်ဆိုရင် ပြည်သူရဲ  ့အခက်အခဲကို ဂရုစိုက်မယ့်သူ ပြည်သူကို အမှန်တကယ်အလုပ်အကျွေးပြုမယ့် ပုဂ္ဂိုလ်မျိုးကို ရွေးချယ်တတ်ဖို ့လည်းအရေးကြီး  ပါကြောင်းသတင်းမျှဝေနှိုဆော်ပေးလိုက်ပါတယ်။

7 comments

  • laypai

    February 28, 2012 at 4:29 pm

    ရန်ကုန် မင်္ဂလာဒုံ တောတိုက်ရပ်ကွက်မှာ လဲ ပေးနေရသေးတာပဲ။
    ဈေးတောင် ပိုကြီးသေး သိ သိ မသိသိ တပတ်စာ တယောက် ၂၀ဝ တဲ့။ ဧည့် သည် ၂ ယောက် ဆို ရင် စာရွက်စာတမ်းကြေး ၁၀ဝ ပါ ပေါင်း ပြီး ၅၀ဝ ယူနေတာပဲ။

  • Diamond Key

    February 28, 2012 at 4:37 pm

    ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးမှာ TV ပျက်နေလို့ သတင်းမကြည့်ရသေးဘုူး 😛
    သတင်းစာ သမား မရောက်တာလဲ ကြာပြီ 😆
    ဟူး ……….. ပြောပြောနေရတာလဲ အာညောင်းတယ် … ဘာတွေ လာလာ ပြောနေတာလဲမသိ (လူကြီး စိတ်ညစ်အောင်) …. အခန်း (၁၅) အပိုဒ် ၃၃ တဲ့။ ရုံးမှာက ဥက္ကဌ အခန်း တစ်ခန်းပဲရှိတယ် … ပိုက်ဆံက တော့ ရရ “သုံးသုံး” ပါပဲ ……….. :mrgreen:

  • လင်းဝေ

    February 28, 2012 at 5:05 pm

    ဒီရပ်ကွပ်အုပ်ချုပ်ရေးမှုးဆိုတာ တကယ်တမ်း လိုကိုမလိုတာဗျ။
    ပဒေသရာဇ်ခေတ် အုပ်ချုပ်ရေး ကို အခြေခံပြီး အင်္ဂလိပ်ကလုပ်ခဲ့တဲ့ ကျွန်စနစ်ဖိနှိပ်ရေး အုပ်ချုပ်မှုပုံစံကနေ ထွက်မလာနိုင်သေးတော့ ရှိစေတော့။ ဒီ ရပ်ကျေး ဥပဒေထဲက အချက်ပေါင်း ၃၆ချက်လောက်ရှိတာတွေက သူ့အစိုးရဌာနတွေက သူ့ဘာသာ သူ တာဝန်ယူပြီးလုပ်ရမှာတွေ။ အဲဒီအတွက် လူထုကို ဝန်ပိအောင် ဖိလို့ချုပ်လို့ကောင်းအောင် ရပ်ကျေး အုပ်ချုပ်ရေးမှုးဆိုပြီး ဝန်ထုပ်တင်ပေးထားတာ။ ဒီမိုကလေစီပေါ့- ဥပဒေနဲ့ အညီပဲနော်- ဆော်မယ်သာမှတ်။

  • myanmarcitizen

    February 28, 2012 at 5:09 pm

    အော် မင်းတို့ ဒီမိုကလေစီ ဆိုတာဒါလားကွလို့မေးလိုက်ချင်ပါဘိ။ သူများနိုင်ငံတွေမှာ ဧည့်စာရင်းလဲမတိုင် ခဲ့ရပါဘူး။ ငါတို့မြန်မာမှာမပဲ ဒီမှာမွေး ဒီမြေမှာ ကြီးပြီး မင်းတို့ဆီမှာ ဧည့်စားရင်တိုင်ကြရအုန်းမှာလား။
    ညအချိန်မတော် သူများအိမ်ကို တံခါးလာခေါက်တာဘယ်သူကြိုက်မလဲ။

    အောက်ခြေက ရပ်ကွက်အုပ်ချုပ်ရေးမှုး ။ ရာအိမ်မှုး အထိ ပြည်သူတွေအပေါ်မှာ အာဏာပြလို့ ရအောင် လုပ်ထားတဲ့စနစ်တစ်ခုလို့ ပဲမြင်မိပါတယ်။

  • ကိုရင်မောင်

    February 28, 2012 at 7:14 pm

    ဧည့်သည်လာလို့ဧည့်စာရင်းစစ်တာမြန်မာနိုင်ငံဘဲရှိမယ်ထင်တယ်
    သူတို့ရဲ့ဆရာတရုတ်ကြီးတောင်ဧည်စာရင်းစစ်တာမရှိပါဘူး
    ရပ်ကွက်ရုံးလဲမရှိဘူးရဲစခန်းဘဲရှိတယ်..
    တို့နိုင်ငံကတော့…

  • အင်းဗျာ စိတ်မကောင်းစရာပါဘဲ။ဒါနဲ ့ခုထွက်လာ တဲ့ ဥပဒေသစ်မှာ မဲစနစ်နဲ ့ရွေးချယ်တင်မြှောက်ရ
    မယ်ဆိုပါလား။လစာလဲ ပေးအုံးမှာတဲ့ဗျို ့။ကျေးရွာ၊ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေတော့ မသိဘူးဗျာ၊
    မြို ့နယ်ရယ် ခရိုင်အဆင့်က ဘာအရည်အချင်းမှမရှိ၊အရက်သောက်၊ဂေါက်ရိုက်လောက်ဘဲတတ်တဲ့
    အုပ်ချုပ်ရေးမှူးတွေကိုပါ တင်းကျပ်စွာကိုင်တွယ်သင့်ပါပီ။
    ဧည့်စာရင်းကိစ္စကလဲဗျာ တခါမှကိုမအေးတော့တာ။နယ်ဖက်မှာတော့ အဲလောက်မဆိုးသေးဘူး။
    ကွက်ကျားလုပ်စား….အေးဆေးသမား…လုပ်နေကြတုန်း…

  • ချစ်ရင်ထူးနှစ်

    February 29, 2012 at 4:22 pm

    ပိုက်ဆံက အလိုက်သိသိ မသိသိ ပေးရတာနော်….
    အတင်းကို တောင်းတော့တာပဲ ဗျို့….

Leave a Reply