အပျို မစစ်တော့တဲ့ မြို့

marblecommetFebruary 28, 20121min20228

လဟာ သဘာဝ အစစ်လို

သာခွင့်မရတဲ့ အမှောင့် ပယောဂဝင်လာတဲ့အခါ

ဂုဏ်သိက္ခာ အတက်အကျ ရောထွေးသွားသလိုမျိုး

စိတ္တဇ အမြစ်နာစွဲကပ်သွားသလိုမျိုး

လူမှုရေး ဟွန်းသံတွေ တညံညံ

ယဉ်ကျေးပါးနပ်မှု ရှုပ်ထွေးတဲ့ဒေသမှာ

အတုအစစ် ခွဲခြားမရတော့တဲ့ မြို့ကလေးဟာ

မိုးခေါင်ရေရှား မျက်ရည်တွေ ခိုသီလို့ . . .။

 

မြို့ကလေးရဲ့ လက်ဝဲဘက်မှာ

အပူပိုင်း စိုစွတ်ရာသီဥတု

မြို့ကလေးရဲ့ လက်ယာဘက်မှာ

မူလ လက်ဟောင်းအနုပညာ

အကိုင်းအခက် အကူးအလူးတွေ

များလွန်းလာတဲ့အခါ မြို့ကလေးဟာ

နာမည်တူ လူတူမရှား

ရောထွေးသွားခဲ့ရပြီး

ကြယ်သီးပြုတ်တွေ ပြန်တပ်ထားရတဲ့မြို့ . . .။

 

အဖော်ငတ် အဖော်ငြင်းတတ်လာတဲ့ မြို့ကလေးဟာ

ခေတ်နဲ့အညီ

အလောတကြီးတပ်ဆင်

အလောတကြီးထိုးသုပ်

သိမ်းငှက်ယောင်ဆောင်ထားတဲ့မြို့ . . .။

 

သွေးရိုးသားရိုး ကားမှတ်တိုင်မှာ

ရောက်ရက် ခတ်နေတဲ့ကြယ်တွေ

နာမည်ကြီး ဝမ်းရေးဒုက္ခကိုရေရွတ်လို့

ဂူအောင်းမျိုးနွယ်များ တိမ်ကောသွားမယ့်မြို့ . . .။

 

အရက်သမားတွေကို ခြိမ်းခြောက်လာတဲ့

ဖန်လုံအိမ်အာနိသင်နဲ့

ရမ္မက်ဇောကို ညှို့တဲ့ လိင်တူ လိင်ကွဲ ခန်းဆီးတွေ

ဆင်ယင်ထောင်ဖမ်းထားတဲ့မြို့. . .။

 

မြို့ကလေးရေ့…

ခမ်းနားခြင်းများထဲ

မျက်ရည်စတွေကို ဖုံးကွယ်လိုက်ပြီလား  . . .။

 

မြို့ကလေးဟာ…

ကိုယ်ထူကိုယ်ထ ဘဝကိုလမ်းပေါ်မှာ

စုထားရင်း စိတ်ပရိဒေဝက

ခရီးတစ်ဆုံးမိုးတွေရွာလို့

ငွေကြေးနဲ့ ကိုယ်စောင့်နတ်ကို

ချစ်ရမုန်းရမယ့် အဓိပ္ပာယ်မှာ

ဆင်ခြင်တုံတရား ပျောက်ဆုံးလို့

ကိုယ်လုံးကိုယ်ပေါက်လှတဲ့ ဇာတ်ဝင်ခန်းတွေကို

ညစဉ်ညတိုင်း အမှောင်မှာသင်ယူရင်း

ငယ်ဘဝ အတိတ်ကို

အလည်သွားမိတဲ့အခါတိုင်း

ဖြူဖြူလွင်လွင်ကလေး ပြုံးမိသွားတတ်ပါတယ်….။     ။

၂၈ . ၂ . ၂၀၁၂

ဖော်ဖော်ဝါရီ

28 comments

  • ရွှေဘိုသား

    February 28, 2012 at 7:26 pm

    အဖော်ငတ် အဖော်ငြင်းတတ်လာတဲ့ မြို့ကလေးဟာ

    ခေတ်နဲ့အညီ

    အလောတကြီးတပ်ဆင်

    အလောတကြီးထိုးသုပ်

    သိမ်းငှက်ယောင်ဆောင်ထားတဲ့မြို့ . . .။ အမှန်ပဲ အစ်ကိုရေ

  • marblecommet

    February 28, 2012 at 7:42 pm

    ဟုတ်ကဲ့ ကိုရွှေဘိုသားရေ့….
    ချီးမြှင့်ပေးတဲ့အတွက်…..
    ဆုံဖြစ်တဲ့အခါကျတော့ ….
    ဝမ်းတေဘေလ်ပေါ့ခင်ဗျား….

  • မြို့ကလေးရဲ့ လက်ဝဲဘက်မှာ
    အပူပိုင်း စိုစွတ်ရာသီဥတု
    မြို့ကလေးရဲ့ လက်ယာဘက်မှာ
    မူလ လက်ဟောင်းအနုပညာ
    အကိုင်းအခက် အကူးအလူးတွေ
    များလွန်းလာတဲ့အခါ မြို့ကလေးဟာ
    နာမည်တူ လူတူမရှား
    ရောထွေးသွားခဲ့ရပြီး
    ကြယ်သီးပြုတ်တွေ ပြန်တပ်ထားရတဲ့မြို့ . . .။
    _________________________
    ဘယ်မြို ့ကိုဆိုလိုတာလဲ သိချင်မိတယ်ဗျာ။

  • marblecommet

    February 28, 2012 at 7:48 pm

    ကိုသန်းထွဋ်ဦးရေ့….
    ဘဝမှာ လူတိုင်း ဒီမြို့ကလေးနဲ့ ဆင်တူတဲ့
    အဖြစ်အပျက်ကလေးတွေ ကြုံဖူးကြမှာပါ…
    ကျနော်ကတော့ ဘယ်မြို့ပါ ဘယ်လိုအဖြစ်အပျက်ပါလို့
    ပုံသေခေါင်းစဉ်မတပ်လိုပါဘူး..
    ဒါကြောင့် ကိုသန်းထွဋ်ဦးလည်း ကိုယ်ကြုံခဲ့ဘူးတဲ့
    ကြုံနေရတဲ့ အဖြစ်အပျက်ကလေးအတိုင်း
    ခံစားနိုင်ပါစေဗျာ…
    ခင်တဲ့….

  • aye.kk

    February 28, 2012 at 7:49 pm

    မွေးကတည်းကခြင်းလေးနဲ့အုပ်ထားမှ
    ှတော်ကါကျတော့မည်။(ဒါတောင်စိတ်ချရပါ့မလား)

  • aye.kk

    February 28, 2012 at 7:58 pm

    အပျိုမစစ်တော့တဲ့မြို့..
    ပါကင်အဖောက်ခံရတဲ့မြို ့..
    အဲဒီမြို ့…..နယ်ခြားစပ်နားနဲ ့နီးတဲ့မြို့။

  • marblecommet

    February 28, 2012 at 8:02 pm

    ဒါဆိုရင်တော့ စိတ်ချရမယ်ထင်ပါတယ်ခင်ဗျ
    အန်တီ အေးကေကေရ….ဟိဟိ….

  • ဟုတ်ပ ဟုတ်ပဗျာ…
    မြို ့တိုင်းရွာတိုင်းမှာ ရှိနေနိုင်တဲ့ သရုပ်မှန်လေးပါဘဲဗျာ။စာရေးသူက
    ကိုယ့်မွေးရပ်မြေကိုပြောချင်တာလားလို ့မေးရုံပါဗျ။ကျေးဇူးပါနော်။

  • marblecommet

    February 28, 2012 at 8:19 pm

    ဟုတ်ကဲ့ပါဗျို့အားပေးတာကျေးဇူးပါ
    ကျနော်က ကမ်းကြီးပါ…..

  • windtalker

    February 28, 2012 at 8:42 pm

    အပျိုမစစ်တော့တာနဲ ့ ၊ အိုလစ်ကွာ လို ့တော့
    အပြင်မှာ တစ်ကယ်မလုပ်လိုက်နဲ ့
    တွင်းဟောင်းရေကြည် အေးမြသည် ဆိုကလားဘဲ ။
    ဟီဟိ

    • ခပ် KING ကင်း

      February 28, 2012 at 9:51 pm

      ကပေနော်
      ကလေးတွေ အမှန်ခံစားနေတာကို
      လျှောက်မနောက်နဲ့
      အမှန်တော့ ကျွန်တော်လည်း ကိုပေ့စကားထောက်ခံမိတယ် … 😆

      အပျိုမစစ်ပေမယ့်
      အစ်ကိုချစ်ရင်
      ပျိုမြစ်လို့
      နေပါသေးတယ်ဗျာ ….

  • marblecommet

    February 28, 2012 at 8:53 pm

    ဟေ့လူ ဟေ့လူနော်…….
    သိနေဒယ် သိနေဒယ်..
    ဟိဟိ

  • marblecommet

    February 28, 2012 at 10:28 pm

    ဟုတ်ပ့ါ နာတော့ ကြောက်တောင် ကြောက်လာဘီ
    ဒီလူဒွေ ကြည့်ရဒါ တော်တော်….လက်ဝှေ့သမား
    တွေ့မရှောင်လို လူဒွေနေမှာ…လစ်ပီ လစ်ပီ ဖလပ် ဖလပ်….

  • kyeemite

    February 29, 2012 at 9:01 am

    သုမောင်ရေးတဲ့ ကဗျာတိုလေးအတိုင်းဆိုရင်တော့..
    ကာတစ် ခါးဆစ်အောက်ကရမ်းနေတဲ့မြို့ ဆိုပါတော့။

  • blackchaw

    February 29, 2012 at 2:04 pm

    အသာလုပ်ပါ။
    အပျိုမစစ်တော့တဲ့ မြို့ ဆိုလို့ ဝင်ဖတ်လိုက်တာ
    မိုက်တယ်ဗျာ။
    အားပေးသွားပါတယ်ဗျာ။
    ကမ်းကြီးရဲ့ လက်ကျနေတာပဲ။
    တူလိုက်တာဗျာ။

  • marblecommet

    February 29, 2012 at 4:24 pm

    ဟိဟိ
    ကိုကြီးဘလက်ကတော့ လုပ်ပြီ
    ………
    အခုမှ ပြန်ဝင်ဖြစ်တာ ကိုဘလက်ကြီးရေ့

  • blackchaw

    February 29, 2012 at 4:28 pm

    တကယ်ပဲ ကမ်းကြီး ဖြစ်နေတာလားဗျ။

    • inz@ghi

      February 29, 2012 at 4:40 pm

      ဟုတ်တယ်လေဗျာ ..ကမ်းဂျီး ဝင်ကစွပ် လုပ်ထားတယ် ပြောထားလေရဲ့….
      ပါ့ဝါ့ဒ် ပျောက်လို့ဆိုလား …
      😀

      ဒီလူဂျီး ဖေ့စဘုတ်တော်ဂျီးမှာ သောင်းဂျန်းနေတယ်ဗျ….
      ရွာထဲအလာကျဲပေမယ့် ..ဟိုပေါ်မှာတော့ ….
      အင်း ….
      ပြောတော့ပါဘူး …
      (ဟိုလူဂျီးများလေသံဖြင့်…)

      ဒီလူဂျီးဗျာ..
      😀

      ဒက်ဂလောက် ….ဒက်ဂလောက် ….

  • နေဝန်းနီ

    March 1, 2012 at 8:57 pm

    ကောင်းကင်ဆိုတာက
    ကြယ်တစ်ပွင့်ကြွေခဲ့ရုံနဲ့တော့
    သူ့တန်ဘိုးကျမသွားနိုင်ပါဘူးကွယ်…။

  • marblecommet

    March 2, 2012 at 2:53 pm

    ကျနော့် ပို့စ်လေး ပြန်ဝင်ကြည့်တော့ ရဲဗလောင်းခတ်နေတာပဲ….
    ဒါပေမဲ့ ရွာထဲမှာ ဒါမျိုးက ရိုးနေပြီမို့ အထူးတော့ မပြောတော့ပါဘူး..
    ကျနော့်ရဲ့ စီနီယာကြီးများဖြစ်တဲ့ ကိုပေါက်တို့ကလည်း ဖြောင့်ဖျပါတယ်
    ညီလေး အဲဒါတွေကို စိတ်ထဲမှာ မထားနဲ့တဲ့…
    ဟုတ်ကဲ့ဗျာ စိတ်ထဲထားလို့တော့မဟုတ်ပါဘူး……
    လူတစ်ယောက်မှာ လွတ်လပ်စွာ ကွဲလွဲခွင့်ဆိုတာ ….အများစုလေးစားလိုက်နာကြတဲ့
    ခေတ်ကာလကို ရောက်နေပါပြီ….
    ဒါပေမဲ့ မဆိုင်တဲ့ မင်္ဂလာစကား နှုတ်ဆက်စကားကအစ
    လိုက်ပြီး နီနေတာကျတော့ ပုဂိုလ်ရေး မုန်းတီးမှုအသွင်ကို ဆောင်သွားပါတယ်
    ဒါပေမဲ့ မုန်းချင်လည်း မုန်းကြပါ….
    လူမမြင်ရတိုင်း သရမ်းချင်တဲ့ အဆင့်နိမ့်စိတ်ဓာတ်ကလေးတွေကိုတော့
    လွှတ်ချင်တိုင်း လွှတ်မပေးကြပါနဲ့ ကိုယ့်လိပ်ပြာကိုယ်ရှက်ကြဖို့ သတိပေးချင်ပါတယ်
    သတ္တိကြောင်တဲ့အလုပ်က ….ကိုယ်ပဲစိတ်ဆင်းရဲရလိမ့်မယ် အနီတို့ရေ……

    • Khaing Khaing

      March 6, 2012 at 1:27 pm

      ကိုကြီးကမ်းရေ တင်စားထားတာမိုက်တယ်ရှင့်….. တစ်ကယ်ကိုညစ်နွမ်းနေတဲ့မြို့လေးပါ…..

      ကိုကြီးကမ်းရေ အနီလေးတွေကို ပြောချင်တာနဲ့အတော်ပဲ ကိုကြီးကမ်းပြောလက်စရှိ လို့ဆက်ပြောလိုက်မယ် မန့်တဲ့လူတွေကိုမကျေနပ်တာပဲဖြစ်ဖြစ် ပို့စ်တင်တဲ့လူကိုမကျေနပ်တာပဲ ဖြစ်ဖြစ် ပို့စ်အောက်မှာ ဝင်ပြီးပေါ်တင်ရေးလို့ရပါတယ်… အခုလို အဓိပာယ်မရှိအနီတွေ လိုက်ပေး နေတာ အချိန်ကုန်လူပန်းပါတယ်….

  • marblecommet

    March 2, 2012 at 2:56 pm

    ကိုကြီးဘလက်ရေ့ ……
    ကျနော်အဟုတ်ပါခင်ဗျ
    ဟို ဂျာပွန်ကြီးပြောတာမယုံပါနဲ့ …
    သား တရုတ်မင်းသမီးလေးကို ချစ်နေတာ
    သူက မနာလိုဖြစ်နေတာ
    သူက သားချစ်နေတဲ့ မင်းသမီးကို အသက်ကြီးနေပီတဲ့
    ဟိုင်းနေပီတဲ့ခင်ဗျာ..
    ဟိဟိဟိ
    ဒက်ဂလောက် ဒက်ဂလောက်…

  • အင်းဗျာ ဘယ်သူတွေပါလိမ့် ရဲရဲနီနီလို ့။တလောကလဲ လေယာဉ်ပြေးလမ်းချော်တဲ့ပို ့စ်မှာ
    မနည်းမနောကိုနီနေတာပါဘဲဗျာ။သီးခံလိုက်ပါဗျာ။လက်သီးပုန်း ခြုံထဲကပြနေတာကို။

  • Phaung Phaung

    March 3, 2012 at 4:38 pm

    ကဗျာလေးက အရမ်းကောင်းတာပါပဲ….တကယ့်ကိုမော်ဒန်ပါပဲ
    အားပေးပါတယ်…ဒီထက်ကောင်းတဲ့ကဗျာလေးတွေ ထပ်ဖတ်ဖို့ မျှော်နေပါမယ်

  • marblecommet

    March 4, 2012 at 12:30 pm

    အားပေးတဲ့အတွက် ကျေးဇူးပါ Phaung Phaung ခင်ဗျား

  • a me

    March 11, 2012 at 4:20 pm

    မသိလို့ မေးတာပါနော် အဲ့ဒါ ဘာမြို့လည်း ဟင်

Leave a Reply