အချစ်မှာ ဘယ်အရာက 100%အရေးပါသလဲ….

blackloverFebruary 28, 20121min1049

A= 1
B= 2
C= 3
D= 4
E= 5
F= 6
G= 7
H= 8
I= 9
J= 10
… K= 11
L= 12
M= 13
N= 14
O= 15
P= 16
Q= 17
R= 18
S= 19
T= 20
U= 21
V= 22
W= 23
X= 24
Y= 25
Z= 26
အက္ခရာစာလုံးလေးတွေမှာ သူ့နံပါတ်လေးတွေသူထားမယ်ဆိုရင်
အချစ်တစ်ခုမှာ ပြီးပြည့်စုံဖို့လိုအပ်တဲ့ အရာဘယ်ဟာက100% ပြည့်မယ်ထင်ပါသလဲ……
ဥပမာ–love=l(12)+o(15)+v(22)+e(5)
=54%
အဲတော့အချစ်တစ်ခုမှာအချစ်ဟာ 100%မလိုအပ်ဘူး54%ပဲရတယ်လေ။
အဲဒါဆို နောက်တစ်ခု lucky=l(12)+u(21)+c(3)+y(25)
=72%
အချစ်တစ်မှာ ကံကောင်းခြင်းကလဲ 72%လောက်ပဲအရေးပါပါတယ်….
အဲတော့ ဘယ်စာလုံးက 100% ပြည့်မယ်ထင်ပါသလဲ….တွက်ကြည့်ကြပါအုံး……..

9 comments

  • အချစ်မှာ အရေးကြီးဆုံးက ယုံကြည်မှုဆိုတဲ့ စိတ်ပဲ မဟုတ်လား … ။
    ယုံကြည်မှု စိတ် ဆိုတော့ … believe mind ပေါ့ဗျာ …

    believe
    2+5+12+9+5+22+5 = 60
    mind
    13+9+14+4 = 40

    အဟဲ … 100% ကွက်တိပဲနော် … ။ [ တမင်တကာ ယူထားတာကို ကွက်တိဖြစ်မှာပေါ့လို့ … 😀 ]

  • Patriot

    February 28, 2012 at 8:34 pm

    ယုံကြည်မူ့( Trust ) က 99% ( 20+18+21+19+20=99)

    100% အကောင်းဆုံး က ( Forget it ) မေ့ပြစ်လိုက် ( 6+15+18+7+5+20+9+20=100)

    ကျန်ဒါတော့ မသိတော့ ဘူး ဒီနှစ်လုံးတောင် နာရီဝက်လောက် စဉ်းစားရတယ်.

  • blacklover

    February 29, 2012 at 10:47 am

    attitude က 100% ပြည့်ပါတယ် တွက်ကြည့်လိုက်ပါ….
    တစ်ယောက်အပေါ်မှာ တစ်ယောက်ထားတဲ့
    စိတ်နေသဘောထားကလဲ အချစ်မှာအပြည့်အဝလိုပါသေးတယ်…….

  • we R one

    February 29, 2012 at 11:08 am

    ( တကယ်ပဲ ချစ်နေကြရင်လည်း နားလည်မှု မထားရင် အချစ်က အလကားပဲ… ) ဆိုတဲ့ သီချင်းစာသားလေးလို ပေါ့
    ..တဦးနဲ တစ်ဦး နားလည်မှု က အရေးကြီးဆုံးပါ..
    Appreciation=
    1+16+16+18+5+3+9+1+20+9+15+14 = 129%
    29% တေင်ပိုသွားသေးယ်…
    😀

    • Moe Z

      February 29, 2012 at 11:47 am

      မှန်၏။ နားလည်မှုကအရေးအကြီးဆုံးပဲ 🙂

      loyalty=110% ဟာ ဟ

  • etone

    February 29, 2012 at 11:52 am

    တစ်နေ့မှာ…ရေကန်နားကခုံတန်းေ
    လးမှာပေါ့…ကောင်လေးတစ်ယောက်နဲ့
    ကောင်မလေးတစ်ယောက်ထိုင်နေတယ်တဲ့လေ…သူတို့ကချစ်သူစုံတွဲတွေတော့မဟုတ်ပါဘူး…
    ကောင်လေးကကောင်မလေးကိုအဖြေတောင်းနေတာပေါ့….
    * နင်ပြောပါ…ငါ့ကိုအဖြေမပေးတာ..ငါ့မှာဘာလိုအပ်ချက်ရှိလို့လဲ..
    *ငါ့အချစ်ကိုရဖို့..နင့်မှာ 100% ရှိရမယ့်…အရာတစ်ခုနင့်မှာရှိရမယ်…အဲဒီအရာကို
    နင်သိတာနဲ့နင့်ကိုငါအဖြေပြန်ပေးမယ်…*
    *အိုကေလေ…ဘယ်လိုအရာကိုပြောတာလဲ..*
    *A B C ဒီစာလုံးလေးတွေကို…အစဉ်လိုက်တိုင်းအဓိပ္ပာယ်နင်ဖွင့်ရမယ်…သူတို့မှာတန်ဘိုးက
    A ဆိုရင် 1 ပေါ့ B ဆိုရင် 2ပေါ့ C ဆိုရင် 3ပေါ့ နင့်ဆီမှာလိုအပ်နေတဲ့အရာကို..
    ဒီစာလုံးလေးတွေနဲ့အဓိပ္ပာယ်ဖော်ပြီး 100%ပြည့်တဲ့အရာတစ်ခုကိုသိအောင်လုပ်ရမယ်..
    သိတာနဲ့. ငါ့အဖြေရပြီ..*
    ကောင်လေးလည်း…သူ့မှာလိုအပ်နေတာဘာလဲဆိုပြီးအသဲအသန်ကိုစဉ်းစားပါတော့တယ်..ဟုတ်ပြီ..
    နင့်ဆီကအချစ်ရဖို့အတွက်က ငါကံကောင်းဖို့လိုမယ်ဆိုပြီး..Luck ကိုတွက်ကြည့်ပါတော့တယ်..။
    L+U+C+K= 12+21+3+11=47%
    ဟင်…47% ပဲရှိတယ်..ဒါဆို..ကောင်မလေးတွေကကျန်းမာသန်စွမ်းတဲ့ကောင်လေးဆိုသဘောကျတယ်
    ဆိုတော့…ဟုတ်ပြီ…Health
    H+E+A+L+T+H= 8+5+1+12+20+8=54%
    ဒါလည်းမဟုတ်သေးပါလား…ဟူး…အိုကေ…နင့်ဆီကအချစ်ရဖို့အချစ်လိုတာပေါ့…Love ကိုတွက်ကြည့်
    ရမယ်…
    L+O+V+E= 12+15+22+5=54%
    ဟိုက်! ဒါလည်းမဟုတ်သေးပါလား…အိုကေ…မိန်းကလေးတွေကငွေကိုမက်တာများတယ်..ဒီတော့
    လာထား..Money
    M+O+N+E+Y= 13+15+14+5+25=72%
    ဟုတ်ပြီငွေလည်းမဟုတ်သေးဘူးဆိုရင်…ဗဟုသုတနဲ့ပြည့်စုံတဲ့သူကို..မိန်းကလေးတွေအထင်ကြီး
    ကြတာပဲံ…. Knowledge
    K+N+O+W+L+E+D+G+E= 11+14+15+23+12+5+4+7+5=96%
    ဒါလည်းမဟုတ်သေးဘူးဆိုရင်..အလုပ်ကြိုးစားတဲ့ကောင်လေးဆိုရင်သူတို့ဘယ်လိုမှမငြင်းနိုင်
    ပါဘူးလေဆိုပြီး…Hardworking ကိုတွက်ကြည့်ပါသတဲ့..။
    H+A+R+D+W+O+R+K+I+N+G= 8+1+18+4+23+15+18+11=98
    ကောင်မလေးရေ…ငါလည်းဘယ်လိုမှမစဉ်းစားတတ်တော့ဘူး….နင်ပြောတဲ့ 100%ပြည့်တဲ့အရာ
    ရှိသေးလို့လား..နင်တို့မိန်းကလေးတွေမက်မောတန်ဖိုးထားတဲ့အရာတွေလည်းကုန်ပြီဟ…လို့လည်းဆိုရော..
    ကောင်မလေးက…စာလုံးလေးတစ်လုံးကိုချရေးပြလာပါတော့တယ်…ကောင်မလေးရေးပြလိုက်တဲ့
    စာလုံးလေးက….Attitude တဲ့လေ…ကဲပေါင်းကြည့်…
    A+T+T+I+T+U+D+E=1+20+20+9+20+21+4+5=100%
    မြဲမြဲမှတ်ထားကောင်လေးရဲ့…ငါတို့မိန်းကလေးတွေနင်တို့ကောင်လေးတွေဆီကနေလိုအပ်နေတဲ့
    အရာက…နင့်ရဲ့ကောင်းမွန်တဲ့စိတ်သဘောထားနဲ့..ငါ့အပေါ်ဆက်ဆံတဲ့အပြုအမူတွေပဲ…လေ..
    ကောင်မလေးရဲ့စကားလေးကိုကြားလိုက်ရတဲ့ကောင်လေးဟာ..အောက်ပါအတိုင်းမှတ်ချက်တစ်ခုကို
    သူ့ရင်တွင်းတစ်နေရာမှာခိုင်ခိုင်မာမာပိုက်သွားပါတော့တယ်…။

    fwd mail ကနေ ပြန်ကူးလာတာ …. ။

    တကယ်တမ်းစာလုံးတွေ၊ ဖော်မြူလာတွေထက် အရေးပါတဲ့ အရာတွေ အများကြီးရှိပါတယ် … ။

    • blacklover

      February 29, 2012 at 3:53 pm

      ဟုတ်ပါတယ် ကျွန်မလဲ လူနေစာအုပ်ထဲကဖတ်ဖူးတာ
      share ကြည့်တာပါ….

  • မဆိုးဘူးဗျ စဉ်းစားရတာ ပျော်စရာပါဘဲ။
    မမအိတုံပြောသလိုပေါ့…….တကယ်တမ်းစာလုံးတွေ၊ ဖော်မြူလာတွေထက် အရေးပါတဲ့ အရာတွေ အများကြီးရှိပါတယ် … ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 29, 2012 at 3:56 pm

    နှစ်သက်စရာအကြောင်းကိုအခြေခံပြီး အချစ်ဆိုတာဖြစ်လာတာပါ
    နှစ်သက်စရာအကြောင်းမဖြစ်ရင်တော့ မချစ်ဘူးခင်ဗျ
    ချစ်ပြီးမှ မုန်းသွားကြတာရှိသေးတယ်ဆိုပေမယ့် အမုန်းဆိုတာ အချစ်ဆိုတဲ့အကြောင်းကို
    အခြေခံပြီးဖြစ်လာတယ်လို့ သဘောပိုက်ကြည့်ပါ
    ဆိုလိုတာက
    အချစ်ဆိုတာ နှစ်သက်မှ ကြေနပ်မှချစ်တာပါ
    စွဲလမ်းတယ်ဆိုတာ ချစ်နေသေးလို့ပါ
    အချစ်နဲ့အမုန်းဟာ သဘော သဘာဝအရ အပြန်အလှန်သက်ရောက်မှု့တွေပါ
    ချစ်ခြင်းမုန်းခြင်းတွက် အကောင်းဆုံးဆေးဝါးကတော့ ဥပက္ခာပြုတတ်ခြင်းပါဘဲလို့ ဆိုပါမည်
    အပြောသာလွယ်တာပါ လွယ်လွယ်လုပ်လို့မရနိုင်ပါ
    သာမန်လူသားတွေဖြစ်တဲ့အတွက် ချစ်ခြင်းမုန်းခြင်းအဆုံးမရှိနိုင်ပါဟု ပြောလျှင်လက္ခံကြပါမည်လား?
    လက်တွေ့ဘဝတွက် အချစ်ကို ကိန်းဂဏန်းတွက်ခြင်းက စိတ်ကူးယဉ်တဲ့အလုပ်လို့ထောက်ပြပါတယ်
    ဒါ့ကြောင့် အချစ်အကြောင်းများကိုခံစားကြမည်ဆိုလျှင်ဖြင့်
    အောက်ပါပုံသေနည်းလေးကိုစွဲကိုင်ထားကြပါ
    အချစ် ၉၉% = satisfy
    စိတ်ကျေနပ်မှ ချစ်တတ်တဲ့ အချစ်ဟာ % ပြည့်မရှိတတ်ပါဘူး
    ( အချစ်ဆိုတာ တဏှာပါ တဏှာရဲ့သဘောက လိုခြင်မှု့ပါ တဏှာလိုခြင်တက်မက်မှု့တို့မည်သည်
    %ပြည့်ရိုးထုံးစံမရှိပါ )
    ဒါ့ကြောင့်
    အချစ် ၉၉% = satisfy
    လောက်နဲ့ကျေနပ်လိုက်ကြပါလို့
    ပုံ
    အင်တာနေရှင်နယ် အချစ်ဆရာကြီး
    မိုက်ကယ်ဂျော်နီအောင်ပု

Leave a Reply