ရွှေ

ေမာင္ရိုးFebruary 29, 20121min1337

ဘာလိုလိုနှင်. ရွှေစက်တော်ဘုရားပွဲကြီးသည်လည်း ကျင်းပနေသည်မှာအတော်ပင်ကြာလေပြီ ။တပို.တွဲလဆန်း ၅ ရက်မှ
မြန်မာနှစ်ဆန်းတစ်ရက်နေ.အထိ ရက်ပေါင်း (၈၀)ကျော် ကျင်းပသည်ဖြစ်၍ အချိန်တိုတောင်းသော်လည်းတစ်နှစ်ထက်တစ်
နှစ် ပို၍ပင်စည်ကားလှသည် ။ ရာသီဥတုနှင်.နေရာဒေသအခြေအနေအရဒီအချန်လေးအတွင်းသာကျင်းပရသည်မို. အနယ်
နယ် အရပ်ရပ်မှဘုရားဖူးလာသူများ စုံလင်လှပေသည်။ ကိုယ်ပိုင်ကားများနှင်.တမျိုး ၊ ဘုရားဖူးလိုင်းကားများနှင်.တသွယ်
စုဝေးရောက်လာကြသည်မို. ရုံးပိတ်ရက်နှင်.စနေ၊တနင်္ဂနွေနေ.များဆိုလျှင် မန်းချောင်းဘေးမှ တဲတန်းကြီးများတွင် နေရာ
မရတတ် …။အလုအယက်နေရာယူရ အခန်းရှာကြရတော.သည်။
ကျွန်တော်မရောက်ဖြစ်သည်မှာ ဆယ်နှစ်ကျော်လေပြီ ။သို.သော် …နှစ်စဉ်ဘုရားပွဲကျင်းပချိန်ရောက်တိုင်းသတိယနေမိသည်။
ရွှေစက်တော်၏မြင်ကွင်းသည်ကား တော်တော်များများပြောင်းလဲနေပေပြီ ။သန်.ရှင်းသောရေလောင်းအိမ်သာများနှင်.လျှပ်စစ်
မီးရပြီဟု သိရသည်။တချိန်က သုနာပရ န္တ တိုင်းအဖြစ်ထင်ရှားခဲ.သောဤဒေသသည် ဘုရားပွဲတော်ချိန်ရောက်တိုင်းအထူး
စည်ကားလှသည်။ “ရွှေစက်တော်အစ ၊ ကျောင်းတော်ရာက ၊ကျောင်းတော်ရာအစ မဟာပုဏ်ဏက “ဟုစာဆိုရှိသည်.
အတိုင်း …ရွှေစက်တော်ဘုရားဖူးရင်း သမိုင်းအရဆက်စပ်နေသော မကွေးမြသလွန်စေတီ ၊ မင်းဘူးစကိ္ကန်းတဲစေတီ ၊
နဂါးပွက်တောင်နှင်.လယ်ကိုင်းမြို.အနီး ဝါဏိဇ္ဖဂါမရွာစန္ဒကူးကျောင်းတော်ရာသို.သွားရောက်ဖူးမြော်နိုင်ပါသည် ။
တောရိပ် တောင်ခွင်နှင်.ခွေခေါက်၍စီးဆင်းနေသောလွမ်းမောဖွယ် မန်းချောင်းသည်ဘုရားပွဲတော်အားတစ်နည်းတဖုံအရောင်
တင်ပေးလျှက် ကြည်နူးဆွပ်ပျံ.ဖွယ်ရှိချေတော.သည် ။

7 comments

  • TITAN

    February 29, 2012 at 5:17 pm

    ကိုဆာမိ ပြောမှ သတိရပြီးပြန်တောင်သွားချင်လာဘီ၊
    ပျော်စရာကောင်းသလို ဘုရားဖူးရတာလည်း ကြည်နူးစရာဗျနော်။

  • water-melon

    February 29, 2012 at 6:02 pm

    ရွှေစက်တော်ကို တခါဘဲရောက်ဖူူးတာ
    ၈တန်းနှစ်က ရေအေးအေးနဲ့
    နေရတဲ့ ဘန်ဂလိလေးတွေကလည်း ချစ်စရာလေး
    နောက်ထပ်သွားချင်လို်က်တာ
    မျောက်တွေလည်း တွေ့ခဲ့တယ်။

    • ကိုရင်မောင်

      February 29, 2012 at 9:25 pm

      ဓါတ်ပုံတွေရိုက်ခဲ့ပါအုံးနာဂရရည်းစားလေးရေ

  • surmi

    February 29, 2012 at 8:05 pm

    ဒီပို.စ်ကမပြီးသေးဘူး ၊အားလုံးဆောရီးပဲဗျို. ၊draft ဖိုင်ထဲထည်.ထားတာဘယ်လိုဘယ်လိုအပေါ်ရောက်သွား
    လဲမသိဘူး ၊သဂျီးမင်းရေ …လုပ်ပါဦး ဘာတွေဖြစ်ကုန်တာလဲဗျ ၊.။

  • surmi

    February 29, 2012 at 8:35 pm

    ဒုတိယပိုင်း မကြာခင်တင်ပေးပါ.မယ်နော် ၊ စိတ်ညစ်ညစ်ပဲ အားပေးကြပါဦး ..။

Leave a Reply