အကျိုးမရှိတဲ့ ရန်ဖြစ်ခြင်…

Ko out of...February 29, 20121min531

တခါကလူငယ်နှစ်ဦး ထီလောင်းကစားထိုးပြီး ထီထွက်ခါနှီး ပထမလူငယ်တစ်ဦးက သူ့သူငယ်ချင်းကို မေးရာ…

မင်းထီပေါက်ခဲ့ရင် မင်းဘာလုပ်မယ်လို့ စိတ်ကူးသလဲ… ထိုအခါ ဒုတိယလူငယ်က ခြံကြီးကြီးတစ်ခြံဝယ်မယ်ပေါ့။ ဒါနဲ့ မင်းကျတော့ရော- ငါကတော့ နွားဝယ်မယ်လို့ပြောလိုက်သတဲ့…

ထိုအခါခြံဝယ်မည့် လူငယ်က မင်းနွားဝယ်ရင် ငါ့ခြံက စိုက်ခင်းတွေ ဝင်ပြီးစားကုန်မှာပေါ့ လို့ပြောပြီးရန်ဖြစ်ကြသတဲ့.. ကျွန်တော်တို့ လူငယ်လေးတွေကို ပြောချင်တာ အရှိတရားပေါ်အခြေမခံတဲ့ အတွေးစိတ်ကူးဆိုတာ အကျိုးမရှိဘူး…

ဘာကိုတွေးရမှာလဲဆိုတော့ . . ဥပမာ အရင်းအနှီးတခုခု(ပညာ၊လုပ်အား၊ ငွေအားစသည့်)အရှိတရား အပေါ်အခြေခံတယ် ဆိုပါတော့ . ကိုယ်ကသရက်ပင်စိုက်မယ်ဆိုရင် အရင်စိတ်ကူးရတာပေါ့ ကိုယ်ဘယ်နှစ်ပင်စိုက်မယ်. အရင်းဘယ်လောက် ကုန်မယ်၊ ဘယ်လောက်ကြာရင်သီးမယ်၊ ဘယ်လောက်ဈေးနှုန်းနဲ့ရောင်းရင် အမြတ်ဘယ်လောက်ရမယ်စသည့် အတွေးတွေဆိုတာ ရှိရတယ်…

ဒါကအရှိတရားပေါ် အခြေခံတဲ့ အတွေး ဒီလောက် အရှိတရားပေါ်လက်တွေ့ကျတဲ့ အတွေးတွေတောင်မှဘဲ အမြတ်ရဖိုတောင်မသေချာဘူး။ နောက်ဆုံး လူငယ်လေးတွေကို မှာချင်တာက ကိုယ့်နိုင်ငံကို တိုးတက်စေချင်ရင် စိတဇအတွေး၊ လက်တွေ့မကျတဲ့အတွေးအခေါ်တွေကို ခေါင်းထဲကမြန်မြန် ထုတ်ပစ်လိုက်ကြစမ်းပါလို့…

One comment

  • water-melon

    February 29, 2012 at 9:32 am

    ဒေါင်ပြီးဖတ်သွားတယ်ဗျို့
    လက်ညှိးပြောတာပါ.

Leave a Reply