ရတနာပုံ Web Portal အထက်လူကြီး၏ကိစ္စအား (၂၈.၀၂.၂၀၁၂)တွင် အစည်းအဝေးပြုလုပ်

ThuyazawFebruary 29, 20121min1248
ရတနာပုံ တယ်လီပို့

ဟိုနေ့က အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မသဲနုအေး တင်ထားတဲ့ပို့စ်လေးမြင်မိလို့ အခုလိုအစည်းအဝေးအကြောင်းလေးတင်ပေးလိုက်ပါတယ်…………..

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့အနီးမှာရှိတဲ့ ရတနာပုံ တယ်လီပို့ Web Portal ဌာန ဝန်ထမ်းတွေဟာ သူတို့ရဲ့ ဌာနကြီးမှူးဖြစ်တဲ့ ဦးမျိုုးညွန့်အောင်ရဲ့ အာဏာသုံး ရိုင်းပျကြမ်းတမ်းစွာ ဆက်ဆံတာကို မကျေနပ်ကြတဲ့အတွက် စာပို့ တိုင်ကြား ကန့်ကွက်လိုက်တာကို ယနေ့ (၂၈.၂.၁၂) ရက်နေ့တွင် ရတနာပုံ တယ်လီပို့ အမှုဆောင်အရာရှိချုပ်ဦးတင်ဝင်းမှ Web Portal အပါအဝင် ရတနာပုံ တယ်လီပို့ (ပြင်ဦးလွင်) ရှိ ဝန်ထမ်းများ အားလုံးနှင့် တွေ့ဆုံပြီး အရေးပေါ်အစည်းအဝေး တစ်ခု ပြုလုပ်သွားကြောင်း သိရပါသည်။

အမှုဆောင်အရာရှိချုပ်က တိုင်ကြားစာပါ အချက်(၂)ချက်ကို အခြေခံပြီး လာရောက် ဆွေးနွေး နှစ်သိမ့်ပေးသွားပါတယ်။ ပထမအချက်ဖြစ်တဲ့  “ရတနာပုံ Web Portal ရဲ့ ဌာနကြီးမှူး ဦးမျိုးညွှန့်အောင်ကို အားလုံးကမကျေနပ်ကြပါဘူး။ အဲဒီအတွက် အထက်ကနေ ထိထိရောက်ရောက် အရေးယူပေးရန်” ဆိုတဲ့ အချက်ကို ပြန်လည် ဆွေးနွေးရာတွင် ရတနာပုံ Web Protal ဝန်ထမ်းများ၏ သဘောထားအားသူကောင်းစွာ သဘောပေါက်ကြောင်း သူ့အနေဖြင့် အကောင်းဆုံး ဘက်ညီဆုံး သင့်တင့်မျှတဆုံးသော အဖြေကို ရှာမည်ဖြစ်ကြောင်း အားလုံးရဲ့ စိုးရိမ်ထိတ်လန့်မှု စိတ်ဓာတ်ပျက်ပြားမှုများကို ကောင်းစွာသဘောက်ပေါက်ကြောင်း အားလုံးမျှော်လင့်ထားတဲ့ ရလဒ်မျိုးကိုသာ စဉ်းစားမည်ဖြစ်ကြောင်းဖြင့် ဆွေးနွေး ပြောကြားသွားကြောင်း သိရပါတယ်။

နောက်တချက်က “ရတနာပုံ ဌာနကြီးမှူး ဖြစ်သော ဦးမျိုးညွန့်အောင်က ဆိုလာစက်ရုံတွင် ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ရန် ခေါ်သွားတဲ့ လူ ၁ရ ယောက်စာအတွက် ကုမ္ပဏီဘက်က ပြန်စဉ်းစားပေးပါရန်” ဆိုတဲ့ အချက်အပေါ်ကို အမှုဆောင်အရာရှိချုပ်က အားလုံးဟာ အခုလက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ဌာနမှာသာလျှင်  မူလအတိုင်း ဆက်လက် လုပ်ဆောင်ရန် အတည်ပြုပြောကြားသွားသည်။ ပြောင်းရွှေ့ခံ ဝန်ထမ်းများ အပေါ် ရတနာပုံ ဌာနကြီးမှူးဖြစ်သော ဦးမျိုးညွန့်အောင်၏ ရိုင်းစိုင်း ကြမ်းတမ်းစွာ ပြောဆိုဆက်ဆံမှုမှာ မှန်ကန်ကြောင်းဦးမျိုးညွန့်အောင်ကိုယ်တိုင် အမှုဆောင်အရာရှိချုပ်ထံ ဝန်ခံကတိပြုသွားကြောင်း သိရပါသည်။

ရတနာပုံ တယ်လီပို့ အမှုဆောင် အရာရှိချုပ်က ဦးမျိုးညွှန့်အောင် အား ဌာနကြီးမှူး အဖြစ်မှ နှုတ်ထွက်ပေးရမည် ဆိုသည့် Web Portal ဝန်ထမ်းများ၏ တောင်းဆိုချက်ကိုမူ ပြန်လည် သုံးသပ်ပြီး တရားမျှတစွာ ဖြေရှင်းပေးမည် ဖြစ်ကြောင်း သိရသည်။ အမှုဆောင်အရာရှိချုပ်၏ တရားမျှတစွာ ဖြေရှင်းပေးမည်ဟူသော ပြောကြားချက်ကို ဝန်ထမ်းများ အားလုံးမှ ယုံကြည်မျှော်လင့် စောင့်စားနေကြကြောင်းလည်း သိရှိရသည်။

သိုဖြစ်ပါ၍ အမှုဆောင်အရာရှိချုပ်အနေဖြင့် ဖြစ်ရပ်အားလုံးအပေါ်ကိုလည်း သိရှိပြီး ဝန်ထမ်းများနှင့်လည်း တွေ့ဆုံ ဆွေးနွေးပြီးဖြစ်သောကြောင့် ရတနာပုံ ဝဘ်ပေါ်တယ် ဝန်ထမ်းများအားလုံးရဲ့ ညီညွတ်သော ဆန္ဒနှင့် သဘောထားများကို သိရှိပြီး ညီညွှတ်မျှတသော မှန်ကန်သော ဘက်ညီသော တရားနည်းလမ်းကျ ဖြေရှင်းမှု့ကို ပြုလုပ်မည်ဟု ယုံကြည် မျှော်လင့်ထားကြကြောင်း ရတနာပုံ ဝဘ်ပေါ်တယ် ဝန်ထမ်းများက ပြောပြပါသည်။

8 comments

  • water-melon

    February 29, 2012 at 9:39 am

    ဒါပြောတာပေါ့
    ညီညွတ်ခြင်းသည် အင်အား
    ကိုယ်မှန်ရင် ဘာမှမကြောက်နဲ့ ပြန်သာချ
    ဒီမိုကရစီဆိုတာ ဒါမျိုးပြောတာ။
    ဟားဟား

  • TITAN

    February 29, 2012 at 10:52 am

    ကန်းဒယ်…. အဲ့လေ … ကောင်းတယ် ဒါမျိုးတွေကဖြစ်သင့်နေတာကြာပေါ့၊
    နည်းပညာ အကြောင်း နကန်းတစ်လုံးမှနားမလည်ပဲ ၊ လက်ညှိုးထိုး ခါးထောက် လောက်ပဲသိတဲ့သူတွေအတွက် နေရာမရှိစေနဲ့
    ကောင်းလေစွ ကောင်းလေစွ။

  • Thel Nu Aye

    February 29, 2012 at 11:56 am

    နေရာတိုင်းမှာဒီလိုမျိုးပဲဖြစ်ရမယ်။ ဖြစ်သင့်တယ်။ ကျွန်မတော့ကျေနပ်တယ်။

  • Rose Minn

    February 29, 2012 at 12:01 pm

    စည်းလုံးခြင်းသည် အင်အားတဲ့။ အင်အားတောင့်ရင် မိုးပြိုတောင်မကြောက်ဘူးနော်။

  • avocardo

    February 29, 2012 at 12:30 pm

    ကောင်းတယ်။အခုကျွန်မတို့လည်းအဲလိုမျိုးခံစားနေရတယ်။ဒါပင်မဲ့ရုံးကမစည်းလုံးတော့သူဌေးအကြိုက်
    ဖြစ်နေတာပေါ့။မလုပ်နိုင်ရင်ထွက်ဆိုတာဘဲရှိတော့တယ်။တရုတ်တွေလိုမိုးနတ်မင်းသာရှိလိုလိုရာဆု
    တစ်ခုတောင်းဆို။ဘာမှာမလိုချင်ပါဘူး။အဲဒီအထက်ဖာအောက်ဖိတဲ့လူကြီးတွေကိုမသေမချင်းဆွဲဆိတ်ချင်တယ်။

  • chityimhtoo

    February 29, 2012 at 4:12 pm

    မှတ်ပလားကွ မျိုးညွန့်အောင် မင်းလက်ဝါးကိုလည်းကြောက်စရာမလိုဘူး…မင်းလက်ညှိုးကိုလည်းကြောက်
    စရာမလိုဘူး မင်းကြောက်ရမှာ မီဒီယာကွ။တွေးကြည့်ရင် စောက်ရှက်ရှိဘို့လိုတယ် စစ်မတိုက်ဘူးဘဲ
    အာဏာရူးနေတဲ့ကောင်တွေ….

  • Kyi Lwin

    March 1, 2012 at 9:27 am

    အဲဒါပေါ့ ခုထိ အခြေအနေကိုနားမလည်သေးဘူး။ ငါ လူကြီးဆိုပြီးဘာမှနားမလည်ပဲ နေရာရတာနဲ့ အာဏာပါဝါ ပြတာက လူကြီးလူကောင်းတွေလုပ်တဲ့အလုပ်မဟုတ်ဘူး။ ကျီးကန်းသူကောင်းမြှောက်တော့ ချီးခြောက်ကောက်စားတတ်တာ အဲဒီလိုလူမျိုးတွေပေါ့။
    မခံနဲ့။ ဘာတလုံးမှ မသိ မတတ်ပဲ ။ မိုးကျရွှေကိုယ်လုပ်နေတဲ့ အကျင့်တွေကိုပျောက်သွားအောင် ညီညီညွတ်ညွတ်နဲ့ တိုက်ပစ် ။ကိုယ်လုပ်ရမယ့်အလုပ် က မတရားတာကို ငုံ့မခံနဲ့။ ဒီလိုအောက်တန်းကျတဲ့သူတွေ ကို နေရာမပေးနဲ့။
    လူကြီးလုပ်ချင်ရင် လူကြီးဆိုတဲ့ အကျင့်သီလ သိက္ခာနဲ့ ကိုယ့်လက်အောက်က ဝန်ထမ်းတွေအပေါ် နယက ဂုဏ် ၆ ပါးနဲ့ညီအောင်နေမှပေါ့။
    ဒီလိုကျင့်ဝတ်တွေရှိမှ လူကြီး။ အသက်သာကြီးတယ် ဘာကျင့်ဝတ်သိက္ခာမှမရှိတဲ့ သူတွေဆို လက်မခံနဲ့။

Leave a Reply