မိန်းမနှင့် ယောင်္ကျားခွဲခြားဆက်ဆံတဲ့ အထဲမှာ ကျွန်တော်တို့မြန်မာနိုင်ငံလည်း နေရာတော်တော်များများ အမျိုးသမီးကို နေရာသိပ်မပေးတာ တွေ့နေရတယ်။ ဒါကြောင့်မြတ်တယ်ဆိုတာ ဘာကိုပြောတာလည်း .. .

ဥပမာ- ယောင်္ကျားတစ်ဦးမှာ – ချောမောလှပတဲ့ ရူပ ကာယရှိတယ်၊ ပစ္စည်းဥစ္စာဓန ပေါကြွယ်တယ် သို့သော် အကျင့်စာရိတ္တ မကောင်းဘူး။ အမျိုးသမီးမှာ ကျတော့ ချောမောလှပမှု၊ ပစ္စည်းဥစ္စာဓန ပေါကြွယ်မရှိဘူး ဆိုပါတော့။ သို့သော် အကျင့်စာရိတ္တ ကောင်းတယ်ဆိုရင် ဘယ်သူ ပိုမြတ်သလဲ . .

မြတ်တယ်ဆိုတာကို ကိုယ်ကျင့်တရား နဲ့ဘဲ တိုင်းထွာမလား။ မတူညီတဲ့ ရူပ ကာယရုပ် သဘောတရားနဲ့ တိုင်းထွာမလား? မြတ်တယ်ဆိုတာ ရုပ်ထဲမှာလား? နာမ်ထဲမှာလား? လူတွေရဲ့လုပ်ရပ်ထဲမှာလား? ယောင်္ကျားတွေမြတ်တယ်လို့ ပြောရလောက်အောင် ကျွန်တော်တို့ဟာ ဘယ်သူရဲ့ အကူအညီမပါဘဲ အလိုလို ဖြစ်လာတာလား?

မိခင် ဗိုက်ထဲမှာ ကိုးလ၊ ဆယ်လလွယ်.. ပြီးရင် မိခင်ရဲ့ ယောနိကနေ ဖွားမြင်ပေးမှရတာပါ။ နောက်တမျိုး မိန်းမဆိုတာ ဘုန်းကံနှိမ့်တယ် လို့ဆိုကြပြန်သေးတယ်။ ဘုန်းကံဆိုတာ မိန်းမမို့ ကိုယ်ဝန်ဆောင်ရ၊ တလတကြိမ် မသားဥကြွေ သူတို့က ဒုက္ခပိုကြီးတယ် ဒို့ယောင်္ကျားတွေက ဒီဒုက္ခ မရှိဘူး ဒါကြောင့် ဒို့ယောင်္ကျားတွေ ပိုမြတ်တယ် လို့သတ်မှတ်တာလား? မသားဥ မကြွေရင် လူယောင်္ကျား ဖြစ်လို့ရလား? မိန်းမမို့ ဘုန်းကံ နှိမ့်တယ် (…..)မှာနေ..ဟီးဟီး သူတို့ပျော်တဲ့ အခါကျတော့ ဘယ်လိုနေ စသည်ဖြင့်ပေါ့…မိန်းမထမီ ထိရင်ဘဲ ဘုန်းကံနှိမ့်တယ် ဒါဆို မိန်းမအကြောင်းတွေးရင် ခေါင်းထဲမှာ မိန်းမပုံမပေါ်ရတော့ ဘူးလား?…

ဘုန်းကံဆိုတာကိုက.. ကံပါမှတော့ ကံမှာ ကာယကံ၊၀စီကံ၊ မနောကံ သုံးပါးရှိတယ်။ အဲဒီကံ သုံးပါးကို ကောင်းအောင်မစောင့်ရှောက်ဘူးဆိုရင်တော့ ယောင်္ကျားဘဲဖြစ်ဖြစ် မိန်းမဘဲဖြစ်ဖြစ် ဘုန်းကံနှိမ့်မှာဘဲ လို့ပြောချင်တယ်…

ဇာတက၀တ္ထုတွေမှာတော့.. မိန်းမဟာ ဘုရားဖြစ်ချင်ရင် ယောင်္ကျားဆု အရင်ပန်ရတယ်
ဒါမှ ဘုရားဖြစ်ခွင့်ရှိတယ် လို့ကြားဖူးတယ်.. ဒါဆို အခုယောင်္ကျားဖြစ်တဲ့လူတွေကို မေးကြည့်မယ်… ကျွန်တော်အရင်ဘ၀က မိန်းမပါ ဘုရားဖြစ်ချင်လို့ ယခုယောင်္ကျားဘ၀ရပြီ ငါကဘုရားလောင်းဆိုပြီး ပြောတဲ့လူ ဘယ်နှစ်ဦး များရှိပါသလဲ? ဟုတ်တယ်ဆိုပြီး ရှိခိုး ထောက်ခံတဲ့လူ ဘယ်နှစ်ဦးရှိလဲ? ဘာကိုကြည့်ပြီး သက်သေထူမှာလဲ? ဘယ်သူက မှန်တယ်လို့ အာမခံချက်ပေးနိုင်လဲ? ဒါတွေဟာ အမျိုးသမီးတွေကို နှိမ်တာဘဲ…

.နောက်တမျိုး ပြောတာနေကြတာကတော့… လက်တွေ့မကျတဲ့ မမြင်ရတဲ့ အရင်ဘ၀က ကံကြောင့် ယောင်္ကျားဖြစ်ရတာလို့ ပြောမယ်ဆိုရင် လူယောင်္ကျား ဖြစ်ဖို့ မသားဥ မပါဘဲ လူဖြစ်နိုင်လား? မိဘက မြေသြဇာသဖွယ်ဘဲ. ဒါဆို ယောင်္ကျားဖြစ်ဖို့မျိုးစေ့ ဆိုတာ မိဘမရှိရဘူးလား.. မိဘက မြေသြဇာသဖွယ်ဘဲဆိုရင် မိဘ မဖြစ်ခင် ကိုယ်က မိဘထက် ကြီးမနေဘူးလား? ခန္ဒာဗေဒ ဘာသာရပ်မှာ ယောင်္ကျားမှာ (- +) Spermသုတ်ပိုး နှင့် မိန်းမှာ(-) Oveamမသားဥ ပေါင်းဆုံတဲ့ အခါ… (- +)ဆိုရင် ယောင်္ကျား၊ (- -) ဆိုရင် မိန်းမ စသည်ဖြင့် ဓါတ်မှန်နဲ့ ကြည့်ပြီး အဖြေထုတ်နိုင်နေကြပြီ…

မွေးရာပါ ခြေလက်မစုံတာလည်း မမြင်ရတဲ့ ကံတွေကြောင့် မဟုတ်ဘဲ မိဘက ကျန်းမာရေး ဗဟုသုတအားနည်းလို့၊ ကျန်းမာရေးစောင့်ရှောက်မှုအားနည်းလို့ ဖြစ်ရတာကိုလည်း အဖြေရှာတွေ့နေကြပြီ။ အနာကြီးရောဂါလည်းကုသလို့ပျောက်နေပြီ၊ ဖန်ပြွန်သန္ဒေ၊ အဌားကိုယ်ဝန်တွေနဲ့လည်း မွေးလို့ရနေပြီ။ ရင်ချင်းဆက်၊ဦးခေါင်းချင်းဆက် အမွာဆိုတာ အရင်ဘ၀က အကုသိုလ်ဝဋ်ကြွေးလို့ပြောရင်… အပင်တွေ သစ်သီးတွေမှာလည်း.. ရှိနေတာဘဲ…ဒါကိုလည်း ကံလို့ပြောမလား? ပြောမယ်ဆိုရင် အများကြီးပါ..တော်ကြာနေ ဒီကောင်က ရုပ်ဝါဒီ သမားဆိုပြီး အပြစ်ရှာနေဦးမယ်…

ပြောချင်တာ စာတွေ့ဟာ လက်တွေနဲ့ တစ်ထပ်တည်းဖြစ်ဖို့လိုတယ်…

လက်ကောက်ဟာ လက်အတွက်လား? လက်ဟာ လက်ကောက် အတွက်လား?

လက်ကောက်ဟာ လက်အတွက်ဆိုရင် လက်ကောက်မမှန်ရင် လက်ကို ပြင်ရမှာ

မဟုတ်ဘူး…လက်ကောက်ကို ပြင်ရမှာ…

စာတွေ့ဟာ လက်တွေ့လောက ဘ၀မှာအသုံးချဖို့ပါ…

လက်တွေ့လောက ဘ၀မှာ အသုံးချလို့မရရင် လူ(လောက) ကိုပြင်ရမှာ မဟုတ်ဘူး..

စာကိုပြင်ရမှာ…

About Ko out of...

Ko out of... has written 91 post in this Website..