အဖြေ………..

Rose MinnFebruary 29, 20121min33339

ကျွန်မ ၏ အချစ်နန်းတော်

အသဲပုလ္လင်

ရင်ခွင်ညှာ နန်းရင်ပြင်မှာဖြင့်

မောင်သာ သခင်

မောင်သာ ဘုရင်

မောင်သာ အရှင်

မောင့်ကိုသာ ဦးထိပ်ပန်ဆင်

မောင်သာလျှင် အသည်းဦးမို့

မောင့်အတွက် ကျွန်မ ရဲ့ဝိဉာဉ်

ကျွန်မ ရဲ့ဘဝ

ကျွန်မ ရဲ့ နှလုံးသား

ကျွန်မ ရဲ့ အသက်

နှင်းအပ်လိုက်သည်

ယူလှည့်ပါတော့    သခင်……………….။

 

39 comments

  • Khaing Khaing

    February 29, 2012 at 11:22 am

    အလဲ့ တူများရဲ့မောင် သူလုသွားတယ်…
    မောင်ရေ… သူနှင်းအပ်တဲ့ အသဲနှလုံးလို ပုလဲလုံးလိုလုပ်ပြီး အခိုင့်ရင်မှာလာဆွဲပေးပါလား
    မောင်နဲ့အတူ သူရဲ့အသက်ကို ဂဟေဆက်လို့ ရွှေလက်တွဲလိုက်ကြရအောင်နော်
    မောင်သာ သူ့ဘဝဆို သူ့ကိုခုတုံးလုပ်ပြီး မောင်နဲ့ ပျော်ပွဲတွေ ဆက်တိုက်နွဲလိုက်ချင်တယ်…..

    • Rose Minn

      February 29, 2012 at 12:08 pm

      သူများရဲ့မောင်က အပြွတ်မောင်နဲ့ မတူပါဘူးနော်။ သူများမောင် က handson ဟိ။ တူရင်ဖြင့် သီရိဆွေ သီချင်းဆို ပြစ်လိုက်မယ်။ “သူငယ်ချင်း ရန်သူ” တဲ့ ……..နင်လိုက်ကပ်နေတာ ဘယ်သူရည်းစားလဲ………. မင်းသိဖို့ကောင်းတယ်။ …နင်ငါ့ကို best friend တဲ့ ………နင်ငါ့ကို best friend တဲ့။ ဟီးဟီးစတာနော်။ စိတ်ဆိုးလား……..

    • Rose Minn

      February 29, 2012 at 12:09 pm

      သူများရဲ့မောင်က အပြွတ်မောင်နဲ့ မတူပါဘူးနော်။ သူများမောင် က ယောကျင်္ားပြီသတဲ့ အဆင်လေး ဟိ :P။ တူရင်ဖြင့် သီရိဆွေ သီချင်းဆို ပြစ်လိုက်မယ်။ “သူငယ်ချင်း ရန်သူ” တဲ့ ……..နင်လိုက်ကပ်နေတာ ဘယ်သူရည်းစားလဲ………. မင်းသိဖို့ကောင်းတယ်။ …နင်ငါ့ကို best friend တဲ့ ………နင်ငါ့ကို best friend တဲ့။ ဟီးဟီးစတာနော်။ စိတ်ဆိုးလား……..

  • ဆူး

    February 29, 2012 at 12:22 pm

    ဒီတလော မောင် တွေ တော်တော် ခေတ်စားနေပါလား။
    မောင် ခေတ် ဖြစ်နေပါကောလား..
    ခိုင်ခိုင် ကလည်း မောင်
    ရိုစ်မင်း ကလည်း မောင်
    အီးတုံး ကလည်း မောင်
    လွှာ ကလည်း မောင်
    နောက်ထပ် ဘယ်သူတွေ ရှိသေးလဲ..
    ဒီတလော တွေ့မိတာလေး စုစည်းကြည့်တာ.. 😀

    • Moe Z

      February 29, 2012 at 12:27 pm

      မမဆူးရော ဘယ်လိုခေါ်လဲဟင် ?? 😀

      • ဆူး

        February 29, 2012 at 1:23 pm

        ဆူး က ချစ်စနိုးနဲ့.. နာမည်ပဲ ခေါ်တယ်။
        သူငယ်ချင်းတွေကတော့ တော်တော် ဩဘာပေးကြတယ် ကဗျာဆန်လိုက်တာနဲ့..
        စကားပြောရင် နင်နဲ့ ငါနဲ့..ပြောတယ်။

        • နွယ်ပင်

          February 29, 2012 at 2:48 pm

          ယုံဘူး ယုံဘူး နောက်တစ်ခါ တွေ့ဆုံပွဲကြရင် ခေါ်လာခဲ့မှ ယုံမယ် 😛

        • ဆူး

          February 29, 2012 at 2:54 pm

          ခေါ်ချင်ပါတယ်။ အခွင့်အခါ သင့်ရင် ကို မိတ်ဆက်ပေးပ့ါမယ်။

    • htoosan

      February 29, 2012 at 12:51 pm

      ကိုပေ .. ဒါကြောင့် ရွာထဲ လျှောက် မ ရှုပ်ပါနဲ့၊သူကြီးမျက်နှာ အိုးမဲ မသုတ်ပါနဲ့ ပြောထားတာ .. မရဘူး .. အခုတော့ .. အခုတော့ .. နောက်တစ်ယောက် ထပ်ပေါ်လာပြန်ပြီ …..

    • Shwe Tike Soe

      February 29, 2012 at 12:58 pm

      တားတားလဲ မောင် ဟောင်ဟောင်ဟောင် ပဲလေ……… 😀

    • etone

      February 29, 2012 at 4:26 pm

      ဟိတ် အစ်မဆူး … လျှောက်ပြောရဘူး … ဟိဟိ 😀

      etone က တစ်ခါ တစ်လေမှပါ ……… အမြဲလိုလိုခေါ်ဖြစ်တာ တခြား နာမ်စား … 😛

  • သူရဇော်

    February 29, 2012 at 12:55 pm

    ခုတလောခေတ်စား မောင်ဆိုတဲ့စကား
    ကြားယောင်ကာလွမ်းတမ်းတ
    ဟိုအရင်က မောင် ခေါ်တဲ့ နှမ
    ခုတော့ဖြင့် ဘယ်ရင်ခွင်ခိုးနား
    ဟိုကုလားနောက် ပါသွားသလား
    မင်းကိုတမ်းတ လွမ်းရပါလားနော်…………
    ဂေဇက်မှာ မောင် အတင်များတော့
    ရင်ထဲမှာ အလိုမကျ
    လွှာနဲ့အခိုင်၊ အိတုံ ရို့စ်မင်း
    သင်တို့ကို အကျွန်မေးမယ်
    တခေတ်တခါ ဟိုအရင်က
    ကျွန်ုပ်ကို မောင်ခေါ်ဘူးသလား
    မေးလိုက်ချင်ပါ့……….
    ဟီးဟီး အလကားစတာ………တားတား မန်းချင်လွန်းလို့ ကြိုးစားစပ်ထားတာပါ………ရေတွင်းပျက်ပါ…….

    • Shwe Tike Soe

      February 29, 2012 at 1:07 pm

      အလွှာအခိုင် ၊ အိတုံ နဲ. မမအုံ
      မောင်ခေါ်ပါများ ကြားပွဲစားက
      ဝင်ကာဆွဲ အထင်တော်လွဲကာ
      ကြိတ်ကြံနေရှာသော…
      အိုးးးးး ကိုရင်သူရ
      သူတို.မခေါ် စိတ်တော်မညှိုးနဲ.
      သင့်ကိုမောင် ခေါ် တောင်ပေါ်တက်မယ့်သူက ရှိပြီးသာပေမို.
      ရုံးဖယ်ရီသာ မှန်မှန်စီးပေတော့ …….
      မောင် ဟောင်ဟောင်ဟောင်……….. 😀

      • Khaing Khaing

        February 29, 2012 at 1:16 pm

        အော် လတ်စသတ်တော့ မိအုံ….ငါ့ရည်းစားဟာ သူ့ရည်းစားဖြစ်နေတယ်….
        မင်းရည်းစားတောင် သိရဲ့လား မင်းရည်းစားတောင်သိရဲ့လား… အချစ်ဆုံးနဲ့မတွေ့ခင်တုန်းက အချစ်ဆုံးတစ်ယောက်ရှိခဲ့ဖူးတယ် အချစ်ဆုံးတော့မဟုတ်ပေမယ့် အချစ်ဆုံးတစ်ယောက်ဖြစ်ခဲ့ဖူးတယ်…..
        မောင်ရေ မောင် ဆိုတဲ့ နံမည်လေးကို အပိုင်ဝယ်လို့ရမယ်ဆိုရင် မောင် ကိုကျွန်မတစ်ယောက် တည်းခေါ်ချင်တယ် ”မောင်“ မောင်သာကျွန်မအချစ်ဦး ဘယ်သူကိုမှမချစ်ဘူး ရှင်ယုံချင်လည်း ယုံတော့ မယုံချင်လည်းနေတော့ မောင်သာကျွန်မအချစ်ဦး…ကဲအားလုံးရှင်းတယ်နော် ……

        • Shwe Tike Soe

          February 29, 2012 at 1:25 pm

          မောင်ခေါ်ချင်တာများ အခိုင်ရယ် အဲလောက် မစိုးရိမ်ပါနဲ…….
          အခိုင်အိမ်ရောက်ရင်…….. ပြတင်းပေါက်ကို ဖွင့် မောင် မောင် နဲ. သာ အော်ခေါ်နေ…….
          လမ်းသွား ကိုကို မောင်မောင် တွေအားလုံး ထူးနေလိမ့်မယ်……. ကဲ ဒါဆို မောင် ဆိုတဲ့ စကားလုံးကို အပိုင်ရပြီးပေါ့……..
          ဘာလိုသေးလဲ အခိုင်ရယ်………. 😛

      • သူရဇော်

        February 29, 2012 at 1:17 pm

        မောင်ရွှေတိုက် လေတိုက်လို့ သစ်ရွက်ကြွေ
        ရယ်နေသူ ထင်နေရော့သလား
        ရွှေဖယ်ရီ ရယ်ဒီလေးပေါ်မှာ
        မေဘရဏီ တော်ကီလေးတွေက
        ဖုန်းကညာတစ်ပါး လုံးရာပြားတယ်
        ထိုမဒီတော်ဝင် နှစ်ပါးကို
        ငါမလိုပြီ နင်လိုသေးလျှင်ပ
        ရွှေဖယ်ရီအကြိုထောက်မယ်
        နင်နေတာ ဘယ်အရပ်ကို
        ညွှန်းတော့လေပ………

        • Shwe Tike Soe

          February 29, 2012 at 1:28 pm

          မေဘရဏီ တော်ကီလေးတွေက
          ငါကို မလို နင်ကိုလိုသောကြောင့်
          ကဲ မောင်သူရရေ…..
          ရှေ.မှာချောက်…..နောက်မှာ အခြောက်…..
          ဘယ်ပြေးမလဲ မောင်ဟောင်ဟောင် သူရ….
          ပြေးလို.မတော် ဘေးသို.ချော်ကာဖြင့်
          မေဘရဏီ ဂျော်ကီလေး နှစ်ပါဖြင့်သာ..
          နှစ်ပါးခွင်ကို အားရပါးက ခင်းပေတော့ဗျားးးးးးးးးးးးးးးးး 😀

      • etone

        February 29, 2012 at 4:49 pm

        ထူးလှ ၊ ဘူးထ
        မရိုးမရွ ၊ ပိုးကြွ
        ကြိတ်လည်းမရ
        ပြောင်လည်းမဆုံ
        လာလမ်းအဖုန်
        မျှော်မှန်းကုန်လည်း
        ဘယ်အပျိုမကြိုက်
        သင်လူမိုက်တို့
        သွက်သွက်ခါအောင် …. သွားလေပြီ 😛 😛

        (မှားတာရှိလျှင် ဝန္ဒာမိ …….. စိတ်ဆိုးလျှင် နှာခေါင်းချိုးခံရမယ် … စိတ်တိုလျှင် လိပ်လိုသွားရမယ် … ငှဲငှဲ 😆 )

    • Rose Minn

      February 29, 2012 at 1:14 pm

      နှလုံးသားနောက်မှာ အမုန်းတရားပါပြီး
      အသဲတံခါး လိမ်ညာခေါက်ဖို့ မကြိုးစားပဲ
      လာရာလမ်းသာ လှည့်ပြန်သွားပါ။

      • သူရဇော်

        February 29, 2012 at 1:30 pm

        အမုန်းမပွားပဲ အပြုံးစကားလေးကို
        နှလုံးသားလေးနဲ့ပြောပါရစေ………….
        အသဲကိုနေလှန်း ရေဖြန်းလဲမမှု
        အသဲကိုအစိမ်းခွဲ ဆားပတ်လည်းမှု
        သားမှုတာ တစ်ခုတော့ရှိတယ်
        လာရာလမ်းပြန်သွားဖို့ရာ
        မှောင်ရီရီနေညိုလမ်းထက်
        သရဲသဘက်တွေဝင်ပူးမှာ
        စိုးရိမ်ကာကြောက်မိ
        လှည့်ပြန်ရာ ဖော်မပါလေတော့
        သတိရတယ်ဟိုသီချင်းကို
        ကိုခိုင်ထူး သီဆိုထားတဲ့
        “လိုက်ခဲ့တော့´´အခု……………..

  • Shwe Tike Soe

    February 29, 2012 at 1:00 pm

    အချစ်က ချီးတုံး…
    မောင် ကလှိုင်းလုံး…
    မြစ်နဒီကြော မျောမဆုံး………….

    မောင် သိပ်ချစ်တဲ့ အပျိုကြီး မမ များအတွက် ကဗျာလက်ဆောင်လေးပါ…….

    • ဆူး

      February 29, 2012 at 1:33 pm

      အုပ်ထိန်းသူ ကို အဲဒီ ကဗျာလေး ပေးလိုက်တာ တခါတည်း ခိုက်သွားတယ် ဆိုတာ သတင်းကြားပါတယ်။

      • Shwe Tike Soe

        February 29, 2012 at 1:42 pm

        ကျွန်ုပ်၏ အုပ်ထိန်းသူအား ချစ်သဝန်လွှာ ပေးသောအခါ လက်ခံရန်အတွက် မေတ္တာသုတ်အလွတ်ကျက်ကာ ပေးခဲ့ရပါကြောင်းးးးးး

        • ဆူး

          February 29, 2012 at 1:47 pm

          မေတ္တာသုတ် ရွတ်ပြီး အောင်ပွဲ ခံပြီးချိန်မှာတော့ လက်ရောက် အလစ်ပါသုတ် နည်းပညာကို အသုံးချ သွားတယ်မလား.. ဟိဟိ

  • kyeemite

    February 29, 2012 at 1:04 pm

    ရုံဆင်းရင်လာယူမယ်နော်..စောင့်နေ ကြားလား..

    • ဆူး

      February 29, 2012 at 1:27 pm

      အိမ်သာ မှာ ရုံးဆင်းချိန်ဆို ဘယ်သူမှ မရှိဘူး ဦးလေး.. သရဲမ တော့ ရှိတယ်။
      လူသိပ်ရှင်းသွားရင် စိတ်ထဲက ခြောက်ခြားပြီး စိတ်ထဲမှာ ကြားကလိုလို ဒီကြားကလိုလို ထွက်ပြီး လိုက်ပို့လိမ့်မယ် တိရား။

  • minnannawar

    February 29, 2012 at 1:23 pm

    မောင်… မောင်… မောင်… မောင် နဲ့ ကြားလိုက်လို့
    ဇီး သီးသယ် လက်တွန်းလှည်း လားသလား ထွက်ကြည့်မိတယ်…..
    ဟုတ်လဲ ဟုတ်ဖူး၊

  • သူရဇော်

    February 29, 2012 at 1:39 pm

    အောင်မာအောင်မာ ရွှေတိုက်က တယ်မိုက်ပါလား
    အခြော်တကောက်ကို လက်လွှဲ လက်ထဲလဲ ထည့်တတ်သကိုး
    ဒါပေတည့် ကိုရင်သူရ လည်လှတာသိကြမည်ထင်ပ
    အခြောက်တကောက်ကို မလိုချင်လို့
    ထွက်ပြေးသူ ကြောင်ဝတုတ်ထံ
    လက်လွှဲကာပြန်ပေးလိုက်ပီ
    မသိရော့လေလား…………..

  • အင်း … အခုတလော အမျိုးသမီးတွေ ရေးတဲ့ ကဗျာတွေကို ဖတ်ရတော့ ..
    ကျနော် ကြိုက်နှစ်သက်တဲ့ ကဗျာဆရာမကြီး မိကောက်ရဲ့ ကဗျာတွေကိုတောင် သွားပြီး သတိရမိသေးတယ် … ။
    ကြုံတုံး မိကောက်ရဲ့ ဖြောင့်ချက်ဆိုတဲ့ ကဗျာလေးကို ဝင်ပွားသွားပါတယ် ခင်ဗျာ …
    စင်စစ်တော့
    အချစ်ဆိုတာ မကောင်းဆိုးရွားသာ
    မကောင်းဆိုးရွားဆိုတာ
    ကံနိမ့်မှ တွေ့ရတာတဲ့
    တကယ်ပါဗျာ
    ကျနော် ကံနိမ့်ခဲ့ပါတယ် … ။

  • bluerose

    February 29, 2012 at 2:46 pm

    မောင် ဆိုလို့
    သများရဲ့မောင်များလားလို့
    မျက်စိလည်လမ်းမှားပြီးရွာထဲရောက်လေသလားလို့
    တော်သေးတယ်မောင်ကဒီရွာထဲတော့မျက်စိလည်ရောက်မှာမဟုတ်ဘူး
    KTV ပဲရောက်မှာ
    မောင်ဟုတ်တယ်နော်မောင်
    😆

  • မရခင်ဖျာလိုလိပ် ထိပ်ပေါ်တင်
    နောင်ကြာရင် မစိမ်းပါနဲ့
    ကြိုတင်ကာ မှာလို့ထားပါရဲ့
    အချစ်တွေပေးဝေသူလေးရေ

    မှတ်ချက်
    မောင့်ကိုယ်စားပြောပေးခြင်းဖြစ်ပါ၏

    • Rose Minn

      March 1, 2012 at 10:37 am

      အော်ကြောင်ဖက်တီးများ အရင်မှတ်ပုံတင်ထားတယ် သတင်းစာမှာ သူ့ “ညောင်”ကို အတုအပမလုပ်ရဆိုပဲ။

  • chityimhtoo

    February 29, 2012 at 7:06 pm

    အဟေးဟေးဟေး
    မောင်မလာမောင်သာငတ်
    မောင့်နေရာလူမပြတ်…..ခွိခွိ

    • Rose Minn

      March 1, 2012 at 9:36 am

      ချစ်ရင်ထူးရေ ဟုတ်တယ်။ ပြောတဲ့စကားကြိုက်သွားပြီ။ တခြားရွာသူတွေလဲပြောလိုက်ပါ။ စိမ်းကားပြီး ပစ်ထားခဲ့သူတွေကို အဲလိုစစ်ကြေညာသင့်တာလို့။ နည်းလမ်း ရသွားတယ်။ သယ်ရင်း တွေလဲ ကဗျာနဲ့အားပေးလိုက်မယ်။

  • Mလုလင်

    February 29, 2012 at 11:16 pm

    “မောင်” ဆိုလို့ .. အဲလို ခေါ်တတ်တဲ့ … အဋ္ဌမ မြောက် တစ်ယောက် ကိုသွားသတိရသွားပြီ …..
    ကျောက်သားအသည်းနှလုံး ပိုင်ရှင်ကြီး
    Mလုလင်

    • Rose Minn

      March 1, 2012 at 9:42 am

      Mလုလင် ရဲ့အသည်းလဲ ပြတိုက်ပို့သင့်ပြီ။ ကျောက်တောင်ဖြစ်နေပြီဆိုတော့။

  • FattyCat

    March 1, 2012 at 9:53 am

    အကုန်လုံး “မောင်” ဖြစ်ကုန်ပြီပဲ…..
    သူများတွေ ဘာပဲဖြစ်ဖြစ် တို့ကတော့်….”ညောင်”ပဲ
    အတုအပ ဆင်တူယိုးမှား သတိပြုကြပါ…

Leave a Reply