ဆင်ဆာ ကို သူတောင် မလွတ်ဘူး , ဖြတ်ခံရဘီ

နွေဦးFebruary 29, 20121min20211

ပြည်သူ့လွှတ်တော်ဥက္ကဌ မိန့်ခွန်း ဆင်ဆာထိ
ပြည်သူ့လွှတ်တော် ဥက္ကဌ သူ့ရဦးရွှေမန်းရဲ့ မိန့်ခွန်းကိုပင် မူရင်းအတိုင်း လူထုကို တင်ပြခွင့်မရဘဲ ပြန်ကြားရေး ဝန်ကြီးဌာနက ဆင်ဆာဖြတ်တယ်လို့ ဦးရွှေမန်းက သတင်းထောက်တွေကို ပြောပါတယ်။

လွှတ်တော်မှာ မိန့်ခွန်းပြောတုန်းက ပြည်သူအတွက် ရဲရဲဝံ့ဝံ့သတ္တိရှိရှိလုပ်ကြဖို့ လွှတ်တော်အမတ်တွေကို ပြောပေမယ့် သတ္တိရှိရှိဆိုတာကို သတင်းစာနဲ့ ရုပ်မြင်သံကြားတို့မှာ ချန်ထားခံရတယ်လို့ ဥပမာပေးပြီး သတင်းထောက်တွေကို ဦးရွှေမန်းက ပြောသွားတာဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်လို့ အခြေခံဥပဒေနဲ့ရော လွတ်လပ်စွာပြောဆိုခွင့်နဲ့ပါ ဆန့်ကျင်ရာ မရောက်ဘူးလားလို့ အဲဒီအခမ်းအနားကိုတက်တဲ့ ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာခုျပ် ဦးဖေမြင့်ကမေးရာမှာ သူပြောတဲ့အတိုင်းဖြစ်လို့ သတင်းထောက်တွေ စဉ်းစားယူနိုင်မယ်လို့ထင်ကြောင်း သူရဦးရွှေမန်းကဖြေပါတယ်။
လက်ရှိစာနယ်ဇင်း လွတ်လပ်ခွင့်ပိုပေးဖို့ တောင်းဆိုမှုတွေအတွက်တော့ အခုလုပ်ရပ်ကြောင့် မျှော်လင့်ချက် အလှမ်းဝေး သွားနိုင်တယ်လို့ ဦးဖေမြင့်ကပြောပါတယ်။
ဒါ့အပြင် လက်ရှိအစိုးရက စာနယ်ဇင်းလွတ်လပ်ခွင့်ကို အတိုင်းအတာတခုအထိပေးပြီး အဲဒီဘောင်ထဲက ကျော်ရင် လူကြီးတွေတောင် ဆင်ဆာအဖြတ်ခံရနိုင်တယ်လို့ ထင်မြင်ယူဆကြောင်း ဦးဖေမြင့်က ဘီဘီစီကို ပြောသွားပါတယ်။

သူလဲ ဆင်ဆာ မိတာဘဲ.
သူလဲ ဆင်ဆာ မိတာဘဲ.

credit to      http://healburma.org/en/news-in-burmese/1692-burmese-news-february-28-2012.html

11 comments

  • ဟူး မလွယ်သေးဘူး။
    လွှတ်တော်ကလဲ ရပ်လိုက်၊ဆက်လုပ်လိုက်နဲ ့။
    ကမောက်ကမ တွေနဲ ့။
    စစ်အမွေဆိုးမပျောက်သေးတဲ့ အနေအထားတွေနဲ ့
    အုပ်စုတွေကွဲနေပုံထောက်ရင်
    နောက်ပြန်မလှည့်ပါဘူးလို ့ဘယ်လောက်ဘဲဆိုဆို
    အာဏာပြန်သိမ်းအုံးမယ်ထင်ပါကြောင်း

  • MTY

    February 29, 2012 at 11:49 am

    “အဲဒီဘောင်ထဲက ကျော်ရင် လူကြီးတွေတောင် ဆင်ဆာအဖြတ်ခံရနိုင်တယ်လို့ ထင်မြင်ယူဆကြောင်း ဦးဖေမြင့်က ဘီဘီစီကို ပြောသွားပါတယ်။”တဲ့ရှင်းနေတာဘဲ။
    အပြည့်အဝမရသေးဘူး။အခုနဲနဲဘဲနောက်ဆုတ်ပေးသေးတာ။ဆက်လုပ်ရန်လိုသည်။

  • ဆူး

    February 29, 2012 at 12:20 pm

    အပြိုင်အဆိုင်များမှ လောကကြီးက ပိုတိုးတက်မှာ..
    မျှတတဲ့ နည်းနဲ့ ပြိုင်ကြပါ.. သူထက် သူ သာအောင် လုပ်ပြပြီး တိုးတက်အောင် လုပ်နိုင်ကြစေဖို့ မျှော်လင့်ပါတယ်။
    နောက်ပိုင်းတော့ ဒီမိုကရေစီ အစစ်ဖြစ်လာလိမ့်မယ်လို့ ယုံကြည်တယ်။

  • TITAN

    February 29, 2012 at 12:25 pm

    ဖြတ်ပြစေ ဖြတ်ပြစေဟေ့၊ဖြတ်ပြစေ ဖြတ်ပြစေဟ။
    အူကြောင်ကြောင်မလုပ်နဲ့ ဖြတ်ပြိုက်မယ် ဘာမှတ်နေလဲ ဟွန့် 😎
    စကားမစပ် ။ ။ အဲ့ဒီအခန်းဖြတ် 😆

  • သူရဇော်

    February 29, 2012 at 12:59 pm

    အပြောင်းအလဲများတဲ့လောကမှာ ဘာတွေသေချာလဲ မင်းလေးအချစ်တော့ ကို့ဖို့ရာသေချာချင်တယ်…….. ဆောင်းဦးလှိုင် သီချင်းလေးနဲ့ မန့်သွားပါတယ်……………လေးဘလက်ကြီးကိုအားကျလို့

  • kyeemite

    February 29, 2012 at 1:12 pm

    ဝဋ်လည်တာလေ…ဘဝတောင်မကူးဘူးနော်…ကျောက်စရာဘဲ..

  • ba gyi

    February 29, 2012 at 1:31 pm

    ပြည်ဒူဒွေ နဲ့ တစ်သားတည်းကျလာလို့ စခံရဒါနေမယ်နော်။
    ပေါ်လစီ မိတ်ကာတွေ ကအမြဲဒေါက်ထောက်ကြည့်နေဒါနေမှာ။
    ဦုးရွှေမန်းကြီးဘာပြောပြောပြည်သူချစ်မှ နာမည်ကောင်းနဲ့ ကျော်ကြားမှာ၊ သေရင်ဂုဏ်ရှိပြီးကျန်ရစ်မှာမို့
    စားစရာမပူပင်ရတော့တဲ့ သည်ဘဝမှာ ပြည်သူကြည်ညိုအောင် ဆက်ကျိုးစားဘာလို့၊အားပေးပါဒယ်ဗျား။
    အားပေးကြဘာ အားပေးကြဘာဗျား။

  • jujuma

    February 29, 2012 at 2:52 pm

    အော် ဖြစ်ရလေခြင်းးးးးးလူကြီးရယ် …

  • siamonone

    March 1, 2012 at 7:35 pm

    ဒီအတိုင်းဆိုရင်တော့ .. သိပ်မလွယ်ပါလား .နော် ..

  • kotun winlatt

    March 1, 2012 at 7:57 pm

    ဟိုက်……………
    တေဘီဆြာ…
    ဦးးးရွှေမန်းးးတောင် ဆင်ဆာမလွှတ်ဘူးးးးးးဆိုတော့….

Leave a Reply