လောင်းကြေးထပ် နှလုံးသား

manawphyulayFebruary 29, 20121min29318
သူ တစ်ယောက် သိပါစေလေ...

ချစ်သူ့လက်ဖဝါး
အနားနားရှိစဉ်တုန်းကများ
အရာရာဟာ တခမ်းတနားနဲ့
လှပခဲ့ဖူးတာပေါ့။
ခုတော့ ချစ်သူရဲ့အဝေးမှာ
အလွမ်းတွေ ရက်ဆက်ခဲ့ရပေါင်းများပေမယ့်
ရင်ထဲက တစ်စုံတစ်ရာကတော့
အတိုင်းအတာ တစ်ခုထိတောင်
လျော့မသွားခဲ့ပါဘူး။
ဆုံဆည်းခွင့်ဆိုတဲ့ ခေါင်းစဉ်ကို
စောင့်ခဲ့ရတာ ကြာလှပြီဆိုတာ
မောင်ကတော့ မသိ
ကျွန်မ ရင်ထဲမှာတော့ မချိခဲ့ပါဘူး။
မက်လိုက်ရတဲ့အိမ်မက်တွေ
ရေတွက်မရအောင် အသင်္ချေနှင့်
ကျွန်မ ချစ်ရတဲ့ မောင့်ကို
ပိုင်ဆိုင်ဖို့အရေး
နှလုံးသားနှင့် လောင်းကြေးထပ်ခဲ့ရတယ်ဆိုတာ
မောင် တစ်ယောက် သိပါစေလေ……။

အလွမ်းများနဲ့ စောင့်နေမယ်

18 comments

  • Moe Z

    February 29, 2012 at 2:52 pm

    မမမနောကလည်း မောင်တဲ့လား 😀 😀
    အားပေးသွားပါတယ် သက်ဆိုင်သူလည်းသိပါစေ
    ပုံလေးကလည်း မိုက်တယ်..

  • Rose Minn

    February 29, 2012 at 3:14 pm

    ဟိတ် မနော သူလဲမောင်တဲ့လား။ ပုံလေးလဲလှလိုက်တာ ဘယ်လိုများဖန်တီးလိုက်ပါလိမ့်။ တော်ချက်တော့။ လွမ်း လိုက်တာ ခံစားသွားတယ်နော်။

  • နွယ်ပင်

    February 29, 2012 at 3:28 pm

    ရွာထဲမှာ မောင် ခေါ်တဲ့တစ်ယောက်တိုးလာတာပေါ့
    အစ်မရေ ထပ်တူခံစားပေးသွားပါတယ်နော် ………..

  • TITAN

    February 29, 2012 at 3:28 pm

    ကန်ရေပြင်ဘေးက ခုံတန်းလျှားလေးမှာ
    ဆွေးမြေ့စွာထိုင်နေမိချိန်ပေါ့
    ဘေးနားကို သစ်ရွက်လေးတစ်ရွက်ကြွေကျလာတယ်
    စိုးထိတ်စွာပြောလိုက်မိတာက
    “ဒီနေရာမှာလူရှိတယ်” လို့

    • manawphyulay

      February 29, 2012 at 3:34 pm

      လူရှိတယ်ပြောထားတာတောင် သစ်ရွက်ကြွေက လွှင့်လာသေးတယ်နော်… 😛

      နွယ်ပင်ရေ… တို့ ညီအစ်မတွေပဲဟာနော် … 😛

  • bluerose

    February 29, 2012 at 3:37 pm

    မောင်တဲ့
    ခေါ်နေပြန်ပြီနော်
    မောင် ဆိုတဲ့နာမည်လေးကိုခေါ်နေတာချင်းတူပေမယ့်
    အဓိပ္ပာယ်ချင်းမတူဘူးနော် မောင်
    (မောင် = နှလုံးသားလေးတခု)
    😳

    • TITAN

      February 29, 2012 at 3:43 pm

      ဟေ …. အေးပါကွာ။
      အမရေးးးး ခေါ်တဲ့လူဒွေများတော့ ထူးရတာမောလိုက်တာ 😆

  • myanmarcitizen

    February 29, 2012 at 5:15 pm

    “မောင်မလာတာသုံး လေး ငါးရက် ကြာပြီရှင့်” သီချင်းလေးပါ ဆိုရမှာ 🙂

  • koaung

    February 29, 2012 at 6:43 pm

    ဒီရွာထဲမှာကြောင်တွေများလို့ ကြောင်လို့ခေါ်တာဖြစ်နိုင်တယ် အသံထွက်မှားတာဖြစ်နိုင်တယ်

  • ကျွန်မ ချစ်ရတဲ့ မောင့်ကို
    ပိုင်ဆိုင်ဖို့အရေး
    နှလုံးသားနှင့် လောင်းကြေးထပ်ခဲ့ရတယ်ဆိုတာ
    မောင် တစ်ယောက် သိပါစေလေ……။

    မမမနောဖြူလေးရေ မောင်ဆိုတဲ့ တစ်ယောက်သိအောင်
    ရွာသူားအားလုံးကိုယ်စား ဆုတောင်းပေးလိုက်တယ်နော်။

  • unclegyi1974

    February 29, 2012 at 10:42 pm

    အခုတော့လည်းမောင်ပေါ့လေ
    နောက်များဆိုယောင်လို့တောင်
    မောင်လို့မခေါ်တော့ဖူး
    မဖြစ်ဖို့လိုတယ်နော်
    မနော်ပျိုရေ

  • အဲ မို

    February 29, 2012 at 11:49 pm

    လွမ်းရတဲ့ရက်တွေမှာ
    နွမ်းလျှက်ပါမောင်…
    အသည်းအသက်မကချစ်လို့
    အပြစ်ဆိုလို့ တစက်တောင်မမြင်။
    မောင်မမြင် မောင်မသိပေမယ့်
    မောင်ရှိရာ ရည်ရော်မှန်းဆ
    တမ်းတနေဆဲ…
    လွမ်းနေဆဲပါ…။

    အဟီး အဲမိုလည်း မနောနဲ့အတူရောပြီးလွမ်းသွားပါတယ်။

  • snow white

    March 1, 2012 at 12:34 pm

    လွမ်းဆွတ်ချင်းတွေကိုမုန်းတယ် မမမနော မလွမ်းနဲ့တော့နော် မောင် မရှိပေမယ့်လည်း ညီမလေးတို့ရှိပါတယ်

  • kyeemite

    March 1, 2012 at 1:45 pm

    myanmarcitizenရေ..မလာရင်ဂျင်းနဲ့ထန်းလျှက်နဲ့ပြုတ်သောက်ဟဲ့..
    ရွာထဲက ဖြဲသီးမတို့..အံဇာတုံးမတို့..မိစိန်ပေါက်တို့ ဆို အဲဒါဘဲသောက်တာ
    သောက်ပီးချက်ချင်းလာတာဘဲ…

  • Khaing Khaing

    March 1, 2012 at 4:02 pm

    အို လွမ်းနေပါတယ်ဆိုမှ အလွမ်းကဗျာ တွေပဲဖတ်နေရတယ်… လွမ်းလိုက်တာ ဘယ်သူ့ကိုလဲတော့မသိဘူး… တဒိုင်းလေးကတော့မိုက်တယ်….အားကျလိုက်တာ….

  • wine pyae

    March 6, 2012 at 1:55 pm

    ဘဝမှာ အလွမ်းတွေနဲ့ မဖြတ်သန်းချင်ဘူး မောင်ရယ်……….

  • နွေဦး

    March 6, 2012 at 2:24 pm

    ငယ်ရွယ်သူမို့ ခံစားပါစေ
    အသက်ကြီးလို့ အနေကြာလာရင်
    အနားမှာမရှိတာက နားအေးပါးအေး..
    ဝေးလေကောင်းလေ လို့တောင် ပြောအုံးမှာ……(မြင်ယောင်မိသေးရဲ့)

  • snow white

    March 13, 2012 at 8:10 pm

    မမမနောရေ ညီမတယောက်ချစ်သူနဲ့ အဆင်မပြေလို့ မမမနေကဗျာကိုထပ်ဖတ်မိနေပြန်ပြီ မမမနော

Leave a Reply